Thursday, January 29, 2009

လူကြီးလေး


သားက ခုတလော လူကြီး သိပ်လုပ်ချင်လာတယ်။ အရင်က ရင်ခွင်ထဲပွေ့ ပြီး အူဝဲလို့ အော်ပါဦးဆို ကလေးသေးသေးလေးလို အသံလေးညှစ်ပြီး အူဝဲလို့ အော်ပြတတ်တယ်။ ခုတော့ ကျွန်မရော၊ သူ့ အဖေပါ အဲဒီလို လုပ်ခိုင်းရင် သူက မျက်နှာလေးတည်တည်နဲ့  ပြန်ပြောတတ်တယ်။ “သားသားက ကလေးလေး မဟုတ်ဘူး” တဲ့။ ဟိုတနေ့ က သူ့ အကိုဝမ်းကွဲလေးက ကလေး တလပြည့်က ရတဲ့ ချောကလက်လေး လက်ဆောင်ပေးတယ်။ အပေါ်မှာ တလပြည့်တဲ့ ကလေးလေးရဲ့ ဓာတ်ပုံနဲ့ နာမည်လေးပါပါတယ်။ သားက အဲဒီချောကလက်လေးကို မစားဘူး။ သူ့ အဖေက အခွံဖြည်ပြီး သေချာကျွေးတော့ သူက အကြောက်အကန်ငြင်းတယ်။ “အဲဒါကလေးလေးတွေ စားတဲ့ဟာ” တဲ့။ ချောကလက်ပေါ်က ပုံလေးကြည့်ပြီး သူ့ ဘာသာ မှတ်ချက်ချတာကြောင့် ကျွန်မတို့ နှစ်ယောက် ရယ်မိကြပါတယ်။ အရင်က ပိတ်ရက် အိပ်ယာနိုးကာစ အချိန်ရရင် သူ့ ကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်း ခွခေါင်းအုံးလေးလို ခွ… ပြီးရင် ကလိထိုးဆို သူက သိပ်ပျော်။ ခုတော့… အဖေဖြစ်ဖြစ် အမေဖြစ်ဖြစ် အဲလို ခွရင် သူက “သားသားက ခွမဟုတ်ဘူး” တဲ့။ (သူက ခွခေါင်းအုံးကို ခွလို့ ပဲခေါ်တယ်)။ လူလေးက သေးသေးလေးနဲ့  လူကြီးမလုပ်တတ်လုပ်တတ် လူကြီးလုပ်ချင်နေတဲ့ သူ့ ပုံလေးက အတော်ကို ရယ်စရာကောင်းပါတယ်။

ကျွန်မက ခုထိ စကားမပီသေးတဲ့၊ ကလေးလေးလို စကားပြောနေတုန်းဖြစ်တဲ့ သူ့ ကို စကားပိုတတ်အောင်ဆို သူ့ ထက်ကြီးတဲ့ကလေးတွေနဲ့  ပိုပြီး အနေနီးစပ်အောင် ထားခဲ့ရာက သူရဲ့ လူကြီးဖြစ်ချင်တဲ့ ရောဂါစခဲ့တာပါ။ TVမှာ အရင်က Disney Channel ကိုကြိုက်ရာက အခု Cartoon Networkကို ပိုစိတ်ဝင်စားလာပါပြီ။ Cartoon Networkက Ben 10 ကို အသဲအသန်ကို စွဲလန်းလာပါတယ်။ သူ့ နာမည်ခေါ်ရင်တောင် နာမည်အစား Ben 10 လို့ ခေါ်ခိုင်းတဲ့အထိပါ။ အဲဒီ Ben 10 ဇာတ်ကောင်လေး ၀တ်တဲ့ T-Shirt မှ ၀တ်ချင်လာတယ်။ Ben 10 ဇာတ်ကောင်လေးက လတ်ပတ်ဝတ်ရင် အင်အားရှိတဲ့၊ ပါဝါရှိတဲ့ စက်ရုပ်လို အကောင်မျိုးစုံဖြစ်ဖြစ်သွားတာကို အားကျပြီး ဘယ်သွားသွား သူ့ အဖိုးဝယ်ပေးတဲ့ Ben 10 ကစားစရာ လက်ပတ်နဲ့ မှ။ ခုတော့ သူ့ ကို စည်းကမ်းလုပ်ချင်ရင် Ben 10 နည်းကို သုံးပြီး လုပ်ရပါတယ်။ ကျောင်းသွားပျင်းရင် “ကျောင်းမတက်ရင် Ben 10 မဟုတ်တော့ဘူး” လို့ သာ ပြောလိုက် ငေါက်ကနဲ ထ ကျောင်းသွားဖို့  ပြင်ရော။ ဆေးသောက်ခိုင်းလို့  မသောက်ရင် “ဆေးမသောက်ရင် Ben 10 လို Energy တွေရှိတော့မှာ မဟုတ်ဘူး ” လို့ သာ ပြောလိုက် ခါးတဲ့ဆေးတောင် ဇွတ်မှိတ်မြိုချတော့တာပဲ။ ကျွန်မဖြင့် Ben 10 ကို ကျေးဇူးတင်လိုက်တာ မပြောပါနဲ့ တော့။

ထူးဆန်းတာတွေကို ပိုစိတ်ဝင်စားလာတဲ့ သားက မြန်မာပြည် အလည်သွားတော့ တွေ့ ခဲ့တဲ့ ထူးဆန်းတဲ့အရာတွေကို ဒီပြန်ရောက်တဲ့အထိ ပြောလို့ မဆုံးတော့ပါဘူး။ မန္တလေးတောင်ပေါ်က ခေါင်းတလုံး ကိုယ်နှစ်ခုနဲ့  င်္ခြသေ့ရုပ်ကြီးကို သူ့ အဖေပြောပြထားတဲ့ အတိုင်း မနုသီဟ၊ မနုသီဟနဲ့  ထူးဆန်းအံ့သြနေတာ သူ့ ပန်းချီထဲအထိတောင် ပါလိုက်သေးတယ်။ ရန်ကုန်ရောက်တော့ ကျိုက္ကဆံဘုရားနားက လိပ်ကန်မှာ မင်းသားခေါင်းနဲ့  င်္ခြသေ့ကိုယ်နှစ်ခုလဲတွေ့ ရော ၀မ်းသာအားရ မနုသီဟ ဆိုထအော်ရော။ သူ့ အဒေါ်ကတော့ သားလေးဟိုပြန်ရောက်ရင် ဆရာမကို င်္ခြသေ့ကြီးက ကိုယ်နှစ်ခုရှိတယ်လို့  သွားမပြောနဲ့ နော်… သားကို ဂေါက်သွားပြီထင်လိမ့်မယ်တဲ့… စိုးရိမ်တကြီး မှာရှာတယ်။ မန္တလေး ဘုရားကြီးက ဈေးတန်းကို ပတ်တော့ ကျွန်မက ရုံးကလူတွေ လက်ဆောင်ပေးဖို့  ပစ္စည်းလေးတွေ ၀ယ်နေတုန်း သူတို့ သားအဖနှစ်ယောက်က ဘီလူးခေါင်းကြီးကိုင်ပြီး အနားရောက်လာရော။ နတ်ကနားတွေမှာ ခေါင်းမှာစွတ်ကရတဲ့ ပြောင်ပြောင်လက်လက် ဘီလူးခေါင်းကြီးကို သားက အထူးအဆန်းဖြစ်ပြီး လိုချင်တာကြောင့် သူ့ အဖေကလဲ ၀ယ်ပေးခဲ့တယ်တဲ့။ ကျွန်မကတော့ အ၀င်တော်မှန်းမသိ၊ မတော်မှန်းမသိ စိတ်တွေပူလို့ ။ ပိုက်ဆံပြန်မယူပဲ ရောင်းတဲ့ဆိုင်ကို အလကားပြန်ပေးခဲ့ဆိုတော့ သားက လက်ကမချ။ အစားတွေ ပေါက်ကရစားပြီး ညကျတော့ သားဝမ်းတွေသွားတော့ ကျွန်မမျက်စိထဲ ကားထဲမှာ ကျန်နေတဲ့ ဘီလူးခေါင်းကြီးပဲ ပြေးမြင်တယ်။ လင်မယား ၂ယောက် ရန်တွေဖြစ်ကြရော။ သူကတော့ ကျွန်မကို ခေတ်ပညာတတ်မဟုတ်တဲ့ အတိုင်း ဒီလို အတွေးအခေါ်တွေရှိရမလား ဆို ဆူ။ နောက်ဆုံး ဖေဖေက ကျွန်မစိတ်ရှင်းအောင် အဲဒီညပဲ ဘီလူးခေါင်းကြီးကို လွှင့်ပစ်ပေးပါတယ်။ ရွှေတိဂုံဘုရားပေါ်ရောက်တော့ ခေါင်း ၃လုံးနဲ့  ဆင်ဖြူကြီးကိုလဲ သူပဲ ပေါက်ပေါက်ရှာရှာတွေ့ ပြီး “မေမေ ဆင်ကြီးက ခေါင်း ၃ လုံးနဲ့ ” ဆိုပြီး အထူးအဆန်းပြပါတယ်။ သူ့ အဒေါ်ကလဲ “သားရေ… ဆင်တိုင်း ခေါင်း ၃ လုံး မရှိဘူးနော်… အဲဒါ ဟိုးရှေးရှေးတုန်းက ဒဏ္ဍာရီ ထဲက ဆင်” လို့  ရှင်းပြပေါ့။

ခုမှ မြို့ တွေကို နားလည်လာပြီး ဘယ်မြို့ မှာ ဘယ်အမျိုးရှိတယ်လို့  ကောင်းကောင်း မှတ်မိနေပါပြီ။ စိတ်ကူးပေါက်တိုင်း “မေမေရန်ကုန်သွားရအောင်” လို့ ထထပြောရင် ကျွန်မ အတော်ကို စိတ်မကောင်းဖြစ်ရပါတယ်။ များသောအားဖြင့် သူ့ အဖိုးကို လွမ်းနေတတ်လို့  သူ့ အဖိုး ဒီချိန်ဆိုဘာလုပ်နေမလဲလို့  အမြဲမေးတတ်ပါတယ်။ မနှစ်က ကျောင်းအဟောင်းမှာ ကျောင်းကပွဲကို အစမ်းလေ့ကျင့် ကတည်းက ဆရာမက ဒါလုပ်ဆို သူက ဟိုဟာလုပ်… မငြိမ်လွန်းလို့  ဆရာမကို အားနာပြီး ထုတ်လိုက်ပါတော့လို့  ကိုယ်က စပြောရတယ်။ ဒီကျောင်းမှာတော့ လူကြီးလုပ်ချင်တဲ့သူကလေးက အတော်ဟုတ်နေပါပြီ။ ဟိုတနေ့ က တရုတ်နှစ်ကူး သူတို့ အတန်း ဖျော်ဖြေမယ်ဆို သွားအားပေးတော့ ပရိသတ်ဘက်လှည့်ပြီး တရုတ်သီချင်းကို ပြုံးပြုံးလေးဆိုပြနေတဲ့ သူ့ ကို ကြည့်ပြီး ကျွန်မမျက်ရည်ဝိုင်းတဲ့ အထိ ကြည်နူးမိပါတယ်။ ကလေးဘ၀ရဲ့ လွတ်လပ်ပျော်ရွှင်ခြင်း ဖြူစင်ရိုးသားခြင်းတွေက ဘယ်တော့မှ ပြန်မရနိုင်တဲ့အတွက် သားရယ် လူကြီးလေး မဖြစ်ချင်သေးနဲ့ ဦးဆိုတဲ့ စကားကိုတော့ ရင်ထဲ ကြိတ်မြိုသိပ်မိပါတော့တယ်။

တန်ခူး
12:48pm 29-Jan-2009

24 comments:

  1. တနေ့ တခြား လူကြီးဖြစ်တာ မြန်လွန်းတဲ့ ခေတ်ကြီးထဲမှာမို့  လူကြီးလေး မဖြစ်ချင်ပါနဲ့ အုံး သားလေးရယ် လို့ ပြောလို့ မရတော့ဘူး တန်ခူးရေ...အချိန်က စကားပြောလာတာပါပဲ... သူတို့ ကြီးပြင်းလာကြတဲ့ အချိန်မှာ သူတို့ တွေနဲ့  ထပ်တူ နားလည်နိုင်ဖို့ ... သူတို့ တွေနဲ့  မတူညီတဲ့ အယူအဆလေးတွေကို ပြေပြေလည်လည်
    ညှိနှိုင်းလို့ ရဖို့ ကိုပဲ ကြိုးစားကြရတော့မယ် ထင်ပါရဲ့ ...

    *** ဟိုတနေ့ က မောင် နဲ့  တွေ့ တယ်.. ဟဲဟဲ..

    ReplyDelete
  2. သားသားအကြောင်းဖတ်၇င်းတစ်ယောက်တည်းပြုံး
    နေလို့ ဘေးနားက အစ်မက ဘာတွေပြုံးနေတာလဲတဲ့ ဟဟား သားသားလူကြီးလေးက တယ်ချစ်စရာကောင်းလာပါလား ဘယ်တစ်ယောက်လဲမသိ ။ ဘောင်ဘီရှည် အနက် ၊ တရုတ်အင်္ကျီအနီလေးနဲ့ အပေါ်က အပြာနုလက်ရှည်လေးနဲ့ တစ်ယောက်လား မှန်းကြည့်တာ အစ်မ ပြောပြနော့် သေချာတွေ့ဖူးချင်လို့ :)

    ReplyDelete
  3. ကလေးပုံလေးတွေ ချစ်စရာကောင်းလိုက်တာ။
    အမတန်ခူးက မိခင်ဆိုတော့ ပိုချစ်မှာပေါ့။ စာဖတ်ရသူတောင် လူကြီးလုပ်ချင်နေတဲ့ ကလေးလေးကို မှန်းချစ်နေတာ။ ဒီအရွယ်လေးတွေက ချစ်စရာအကောင်းဆုံး။ လူကြီးမလုပ်ချင်နဲ့ ကလေးလေးရေ။ အပူအပင်ကင်းကင်း နေဦး။ ကစားဦးနော်။

    ReplyDelete
  4. ကလေးလေးက လူကြီးဖြစ်ချင်....
ီဒီက လူကြီးက ကလေးပြန်ဖြစ်ချင်.....။
    သားလေးဆွဲတဲ့ မနုသီဟပုံတွေ ပြပါဦး.. မတန်ခူး....။

    ReplyDelete
  5. I love the stories about your son. They're beautify to read and remind me of my cousins when they were younger.

    ReplyDelete
  6. မတန်ခူးရေ..သားသားက အင်္ကျီအပြာအနွေးထည်လေး ၀တ်ထားတဲ့ကလေးလား.. အရွယ်တူ ချစ်စရာလေးတွေနော်.. :)

    အမရေ..သူ့အသက်အရွယ်အရ ပြောင်းလဲလာတာကြောင့်ဖြစ်မှာပါ.. အရမ်းအတတ်မလွန်ရင် ပြီးတာပါပဲ အမရယ်.. အတတ်လွန်တဲ့ကလေးတွေကို အိမ်နားမှာ မြင်ဖူးနေလို့.. မိဘတွေ အသင်မတတ်တာလည်း ပါမယ်တူပါရဲ့.. ကလေးက ဆဲရင် ၀မ်းသာပြီး တလွဲချစ်တဲ့မိဘနဲ့ ကလေးတွေကိုလည်း မြင်ဖူးတယ်...

    ReplyDelete
  7. ကလေးတွေက သူ့ဗီဇလေးနဲ့ သူ မတူကြတတ်ကြဘူး တန်ခူးရဲ့။ တချို့ကျတော့လည်း ငြိမ်နေလို့ မရသလို တချို့ကျတော့လည်း စာအုပ်လေးတွေနဲ့မှ ပျော်တာ။ ကလေးတွေ အတွေးတွေက သိပ်ရိုးသားဖြူစင်တယ်နော်..
    သားလေးကတော့ လူကြီးလေးဖြစ်ချင်နေပြီလား။ သူလေးလည်း လူရာဝင်ချင်လာပြီပေါ့လေ..။ တန်ခူးသာ နောက်ဘေဘီလေး သားလေးအတွက် ထပ်ယူလိုက်ရင် သူ ဆရာကြီး လုပ်တော့မယ်ထင်တယ်..။

    ReplyDelete
  8. သားလေးအကြောင်းတွေ ဖတ်သွား မှတ်သွားတယ်။

    ReplyDelete
  9. ဖတ်ရတာ စိတ်ကြည်နူးစရာ ဗျာ၊၊

    ReplyDelete
  10. ကြည်နှူးချင်သလား ကိုရီပက်ဘလစ်... ဟိ

    ReplyDelete
  11. လေသံကြည့်ရတာ သားလေးအတွက် ဆရာလုပ်ဖို့ဆိုပြီး အကြောင်းပြ နေတယ်။း)

    ReplyDelete
  12. သားလေးက ချစ်စရာကောင်းလိုက်တာ။ သူတို့လေးတွေက စွဲမိစွဲရာ နော်။ Ben 10 လိမ်မာနေပါစေလို့ ဆုတောင်းရမလိုလို။
    မတန်ခူးတို့ မိသားစုဘ၀လေးက ပျော်စရာပဲ၊ အားကျမိတယ်။ ဒီလို အရွယ်လေးတွေက ချစ်စရာ အကောင်းဆုံးပဲ။
    ချိုသင်းလဲ ကိုယ်သိပ်ချစ်ရတဲ့ တူ၊ တူမလေးတွေ ဒီလို အရွယ်မှာ ကိုယ် သူတို့နားမှာ မရှိဘဲ အဝေး ရောက်နေရလို့ နှမြောလိုက်တာ။ သူတို့လေးတွေရဲ့ အသေးစိတ် တိုးတက်မှုလေးတွေကို တသက်လုံး မှတ်ထား၊ သိမ်းထားပြီး သူတို့လေးတွေ ကြီးလာရင် ပြန်ပြောပြချင်တာ။ ကြည်နူးချင်တာ။

    ReplyDelete
  13. ငယ်ငယ်က လူကြီးတွေ ကလေးဖြစ်ချင်လိုက်တာလို့ ပြောရင် ပိုတယ်လို့ ထင်တာ... မျက်စိရှေ့မှာ ကလေးတွေ လူကြီး ဖြစ်ကုန်တာ တွေ့ပြီး စိတ်ထဲ တမျိုးပဲ ခံစားရတယ်။ ကိုယ်လည်း တချိန်က ကလေးပဲလေ ဆိုပြီး စိတ်ဖြေရတယ်။

    ReplyDelete
  14. ဟုတ်တယ်အမရယ်..

    သားလေးရေ.. လူလုပ်ဖို့အများကြီးမှာ အသက်ကြီးတော့မှ သားငယ် ဘဝရဲ့ လွပ်လပ်ခွင့်တွေ ပြန်လိုချင်မှာ အခုကလေးလုပ်ပါဦးသားငယ်ရေ

    ကျောင်းမှာ လူကြီးလုပ်ချင်လုပ်ပေါ့ သားလေးရ
    အိမ်မှာ မိဘရင်ခွင်ထဲမှာ ကလေးတဝလုပ်ပါဦး

    အန်တီတို့ငယ်ငယ်က မိဘရင်ခွင်ထဲမှာ နေချင်တာတောင် ကံကြမ္မာက မပေးဝင်လို့ မိဘရဲ့ရင်ငွေ့ အမေတယောက်ရဲ့ ရင်ငွေ့ဆိုတာ ၆ နှစ်အရွယ်ထဲက အန်တီ့အနေနဲ့ မခံစားခဲ့ရဘူး သားလေးရဲ့။

    သားလေးက အများကြီးငယ်ပါသေးတယ်သားလေးရေ ဖေဖေမေမေ ရင်ခွင်ထဲ ကလေးလုပ်ပါဦးသားငယ်ရဲ့

    မြတ်နိုး

    ReplyDelete
  15. သားရဲ့ ပရိတ်သတ် နောက်တစ်ယောက် လာဖတ်သွားပါတယ်။ ငယ်တုန်းက လူကြီး ဖြစ်ချင်တယ်။ ကြီးလာတော့ ကလေးပြန်ဖြစ်ချင်တယ်။ ဒီလိုပါပဲလေ။

    ReplyDelete
  16. ဒီပို့စ်ကိုဖတ်မိပြီး မေမေ့ကိုသတိရတယ် ။
    ငယ်ငယ်တုန်းကတော့ မြန်မြန်ကြီးချင်တယ် ။
    ၁၀ တန်းမအောင်ခင်ကလည်း ၁၀ တန်းမြန်မြန်အောင်ချင်တာ ၁ ပိုင်းကိုသေနေတာပဲ ။
    အခုတော့ ပြန်မငယနိုင်ရင်တောင် ၊ လက်ရှိအသက်အရွယ်ကထက် ထက်မကြီးချင်တော့ဘူး ။းP

    ReplyDelete
  17. tra& &Sif;&Sif;vJ Ben10 odwf Nudkufwm.../ &Sif;&Sif;uawmY Pretend aqmYwmeYJ yg0gawG xkwfoHk;awmYwmbJ...olYyg0gu Winx Club qDu&qdkbJ../ olu Winx Club &JY oli,fcsif;rdkY yg0gawG&aewmwJU..rm;rm;yg0gvdkcsif&if usifYzdkY tips udkolu ay;tkef;r,fqdkbJ..::)))

    ReplyDelete
  18. ကလေးရေ။ လူကြီးမဖြစ်ချင်နဲ့ နော်။ လူကြီးဖြစ်တာကောင်းဘူး။ ဦးတော့ ကလေးပဲ ဖြစ်ချင်တယ်။ :D

    ReplyDelete
  19. အဟီး.. ညီငယ်လေးက စကားတတ်ပြီး သိပ်စပ်စုပုံရတယ်.. ကလေးဆိုတာဒီလိုပါပဲ အဲ့လိုစူးစမ်းလေ တတ်သိနားလည်လေ..
    ဘီလူးနဲ့ပတ်သက်လို့တော့ ကြားဖူးတာတွေရှိတယ်..
    ယုံလို့တော့မဟုတ်ဘူး.. လေးစားရတဲ့ဆရာမတစ်ယောက်ပြောဖူးတာ..
    သိပ်မကောင်းဘူး ဟုတ်တယ်..
    အင်း.. မိခင်ဆိုတော့ တွေးပြီးစိတ်ပူမှာပါပဲ ဖြစ်တတ်ပါတယ်၊ စကားတော့မများကြပါနဲ့း)
    ဟိဟိ ညီငယ်လေးက ချစ်ဖို့ကောင်းမှာပဲ။

    ReplyDelete
  20. အဟီး.. ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ စိတ်ချမ်းသာအောင် သားကိုပြောသွားပေးလို့
    သတိတရမုန့်လာကျွေးတာ၊ ကြိုက်မယ်ထင်ပါတယ်.. လတ်လတ်ဆတ်ဆတ်ပဲ သွားစားလိုက်နော်အန်တီ
    http://static.howstuffworks.com/gif/fruit-questions-1.jpg

    ReplyDelete
  21. အမ
    မတွေ့တာကြာပြီ။ အမ tag ထားတာကို ရေးပြီးပေမယ့် လာမအော်မိဘူး။
    ဒါနဲ့ စကားမစပ် အမရေ
    ဒီဇင်ဘာ ၆ရက် မနက် silk air လေယာဉ်နဲ့များ
    အမတို့ သားအမိပြန်ခဲ့တာလား။
    လေယာဉ်ပေါ်မှာ တွေ့လိုက်သလိုပဲ။ :D

    ReplyDelete
  22. တန်ခူးသားကို ဒီနေ့တွေ့ခဲ့တယ်။ သူ့အဖေနဲ့ ပိုတူလာတယ်။ လက်မှာပတ်ထားတာကြီးကို လက်ညိုးထိုးပြပြီး “ဒါ..ဘာကြီးလဲ၊ သား” လို့ မေးတော့ “ယက်ပတ်” လို့ ဖြေတယ်။း-)

    ReplyDelete
  23. မတန်ခူးရေ...
    ကလေးကချစ်စရာကောင်းပါတယ်...
    တားလို့ တော့ရမှာ မဟုတ်ဘူး...
    ဒီမှာလဲ နော်နော် တစ်ယောက်နဲ့  ကျနော်လဲ ....။
    သူကတော့ ကြီးလာရင် spiderman လုပ်ပြီး
    မိဘတွေကိုရှာကျွေးမယ်
    ဘဲ ပြောပြီး ၀ယ်ပေးလိုက်ရတဲ့ ...ကစားစရာတွေ..။

    ReplyDelete
  24. ဟုတ်ပါတယ် သက်ဝေရေ… ဒီခေတ်ကြီးက လူဖြစ်မြန်ကြတယ်နော်… မောင်က ပြန်ပြောပါတယ်… သက်ဝေနဲ့ တွေ့ ခဲ့တယ်တဲ့…

    မောင်မျိုးရေ… ဘယ်လိုလုပ်မှန်းသလဲ… တော်လို့ ပါ…

    ဟုတ်တယ်နိနိရေ… လူကြီးဘ၀ရဲ့ အပူတွေ မသိသေးတော့လဲ လူကြီးလုပ်ချင်ကြတာ ဖြစ်မှာပေါ့…

    Sin dan lar ရေ… ဟုတ်ပါ့ညီမရေ… လူ့ အလို နတ်မလိုက်နိုင်ဆိုတာ ဒါမျိုးထင်ပါရဲ့…သားလေးဆွဲတဲ့ပုံလေးကို တင်ပေးမယ်နော်…

    ကျေးဇူးပါ Zatliteရေ… ခုလိုလာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်…နောင်လဲလာလည်ဖို့ ဖိတ်ခေါ်ပါတယ်…

    နုရေ… အင်း… မောင်မျိုးကို မေးသလိုပဲမေးတော့မယ်… ဘယ်လိုလုပ်မှန်းလဲ… ဟုတ်တယ်… အမမောင်ဝမ်းကွဲလေးဆို အတတ်လွန်နေလို့  မနဲထိန်းရတယ်… သားကတော့ နှေးတဲ့အထဲပါတယ်…

    မ ရေ… သားလေးအတွက် အဖော်လေးမွေးချင်သော်လည်း… မ တို့ ကို အားကျမိတယ်…

    ပန်ရေ… ဖတ်ထားမှတ်ထားနော်… ဒီမှာ တူလေးဖြစ်ဖြစ် တူမလေးဖြစ်ဖြစ် ချီချင်လှပြီ… ဘယ်တော့လဲ…

    ကျေးဇူးပါကိုRepublicရေ…

    မမရေ… ကိုRepublicကို ကြည်နူးရအောင် နည်းလမ်းလေးပေးမလို့ လား…

    ကေရေ… ကေပြောတာ သဘောမပေါက်ဘူး… ဘာလဲဟင်…

    ချိုသင်းရေ… ဟုတ်တယ်…ben 10က လူဆိုးတွေနဲ့ ဖိုက်ရင် အဲဒါလူဆိုးတွေမို့ ဖိုက်တာ… လူကောင်းတွေဆို ben 10က သိပ်ချစ်တာလို့ ပြောရတယ်… တော်ကြာ သတ်ချင်ပုတ်ချင်စိတ်တွေ ၀င်လာမှာ ကြောက်လို့ … ချိုသင်းရေ… ချစ်စရာလေးတွေ ရွေးရေးထားတာကို… ပင်ပန်းတာလဲ အရမ်းပဲညီမရေ…

    ဟုတ်တယ်မီယာရေ… အိမ်ပြန်သွားလို့  ကလေးလေးတွေ ကြီးကုန်တာတွေ့ ရင် စိတ်ထဲတမျိုးပဲ…

    မြတ်နိုးရေ… မြတ်နိုးရေးတာလေး ဖတ်ပြီး စိတ်မကောင်းဘူး… မြတ်နိုးအဖေရဲ့ ရင်ငွေ့ က နှစ်ဆနွေးထွေးပါတယ်ညီမရေ… take care(ဟုတ်ကဲ့… တီတီမြတ်နိုးရေ… သားသား ကရေးလုပ်ဦးမယ်နော်… တီတီစကားကို နားထောင်ပါ့မယ်… )

    သားပရိသတ်တွေကို သားကလဲ အရမ်းချစ်… ဟုတ်ပါ့ပုံရိပ်ရေ… ငယ်ငယ်က တဘက်ကြီးကို ဆံပင်လုပ် အမေ့ထမီကြီးမနိုင်မနင်း ၀တ်ခဲ့ပုံ ပြန်မြင်မိတယ်…

    မီးတောင်ရေ… အဲဒီလို ရပ်တန့် ထားလို့ ရရင် တက္ကသိုလ်နေ့ ရက်လေးတွေကို ရပ်တန့် ထားချင်တယ်… ပျော်ပြီးရင်းပျော်နေရတဲ့ဘ၀တွေလေ… ခုလို လာလည်တာ ကျေးဇူးပါ…နောင်လဲလာလည်ဖို့  ဖိတ်ခေါ်ပါတယ်…

    ဌေးရေ… ရှင်းရှင်းလေးကလဲ ben 10 ကြိုက်လား… အမက ယောင်္ကျားလေးတွေပဲ ကြိုက်တာထင်လို့ …

    ဦးဦးကောင်း… ကရေးဖြစ်ချင်ရင် သားနဲ့ လာဆော့… ကဗျာတွေ ချည်းရေးမနေနဲ့ …

    တူတော်မောင် cratonရေ… ဟုတ်လို့ ပြောတာပါ… ကောင်မလေးတွေက အဲဒီလို မပြောကြဘူးလား… ကျွေးတဲ့မုန့် တွေ အကုန်စားလိုက်ပြီ…

    ကိုတောင်ငူရေ… ဘလော့ဂ်နားမယ်ဆိုလို့  စိတ်မကောင်းဘူး… Dec 6 ဆို ကိုတောင်ငူ လူမှားတာ ဖြစ်လိမ့်မယ်… ကျွန်မက လကုန်ခါနီးမှ ပြန်တာ… နောက်ဆို ထင်နေရင် မတန်ခူးလို့  လှမ်းခေါ်ကြည့်လိုက်လေ… အားလုံးအဆင်ပြေပါစေ…

    အဖေနဲ့ ပိုတူလာတယ်လားကိုပေါရေ… ရန်ကုန်ပြန်တုန်းက လူတွေက ကျွန်မနဲ့ ပိုတူလာတယ်ဆိုလို့  ပျော်နေတာ…

    ဟိဟိ… နော်နော်က spiderman လား… ဘာပဲဖြစ်ဖြစ် မိဘကိုလုပ်ကျွေးမယ်ဆိုတဲ့ အသိလေးကပဲ ချစ်စရာ….

    ReplyDelete