
ဖယောင်းတိုင်တတိုင်
ရေပေါ်ဆီတို့ ရဲ့စားပွဲဝိုင်းပေါ်က
ရွှေရောင်ကလပ်တခုထက်
ဘ၀မေ့နေ့ လိုက်တာ
ခဏအနားရ ထားတဲ့
လျှပ်စစ်မီးချောင်းကိုတောင်
မခိုးမခန့် လှမ်းပြုံးလို့ 
ငါမှတော်ဝင်တယ်တဲ့
အဆီပြန်မျက်နှာနဲ့ 
သခင့်အလိုကျ
ကျွန်ပါးဝပြနေလိုက်ပုံက
သင်္ခါရတရားကိုလဲမေ့
မူးယစ်ရီဝေအရည်တွေကြား
ငါးပါးသီလဖောက်ပြားဖို့ 
အားပေးအားမြှောက်လင်းပေးရင်း
သူ့ အခိုးငွေ့ တွေထဲ
သူပါပျောက်ဆုံးသွားတယ်…။
ဖယောင်းတိုင်တတိုင်
မွဲခြောက်ခြောက်စားပွဲဝို်င်းလေးပေါ်က
နို့ ဆီဗူးခွံထက်
သူ့ ဘ၀ကိုကျေနပ်နေလိုက်တာ
ပျောက်ဆုံးနေတဲ့
လျှပ်စစ်မီးရောင်အတွက်
စွမ်းအင်ရှိသမျှသုံးလို့ 
ငါအလင်းပေးပါရစေတဲ့
အရိုးခံမျက်နှာနဲ့ 
သခင့်အလိုကျ
သစ္စာရှိလိုက်ပုံက
ကျေးဇူးတရားကိုလဲမမေ့
ရိုးသားမှုတွေသာချမ်းသာတဲ့
ဒီမိသားစုကြား
အေးအတူပူအမျှလင်းပေးရင်း
သူ့ အလင်းရောင်တွေထဲ
သူပါလင်းလက်သွားတယ်…။
တန်ခူး
10:00am 07-Oct-2008
ရေပေါ်ဆီတို့ ရဲ့စားပွဲဝိုင်းပေါ်က
ရွှေရောင်ကလပ်တခုထက်
ဘ၀မေ့နေ့ လိုက်တာ
ခဏအနားရ ထားတဲ့
လျှပ်စစ်မီးချောင်းကိုတောင်
မခိုးမခန့် လှမ်းပြုံးလို့ 
ငါမှတော်ဝင်တယ်တဲ့
အဆီပြန်မျက်နှာနဲ့ 
သခင့်အလိုကျ
ကျွန်ပါးဝပြနေလိုက်ပုံက
သင်္ခါရတရားကိုလဲမေ့
မူးယစ်ရီဝေအရည်တွေကြား
ငါးပါးသီလဖောက်ပြားဖို့ 
အားပေးအားမြှောက်လင်းပေးရင်း
သူ့ အခိုးငွေ့ တွေထဲ
သူပါပျောက်ဆုံးသွားတယ်…။
ဖယောင်းတိုင်တတိုင်
မွဲခြောက်ခြောက်စားပွဲဝို်င်းလေးပေါ်က
နို့ ဆီဗူးခွံထက်
သူ့ ဘ၀ကိုကျေနပ်နေလိုက်တာ
ပျောက်ဆုံးနေတဲ့
လျှပ်စစ်မီးရောင်အတွက်
စွမ်းအင်ရှိသမျှသုံးလို့ 
ငါအလင်းပေးပါရစေတဲ့
အရိုးခံမျက်နှာနဲ့ 
သခင့်အလိုကျ
သစ္စာရှိလိုက်ပုံက
ကျေးဇူးတရားကိုလဲမမေ့
ရိုးသားမှုတွေသာချမ်းသာတဲ့
ဒီမိသားစုကြား
အေးအတူပူအမျှလင်းပေးရင်း
သူ့ အလင်းရောင်တွေထဲ
သူပါလင်းလက်သွားတယ်…။
တန်ခူး
10:00am 07-Oct-2008
The main thing btween two candles, it should be in the right place. I pray everyday. It can go to the right place..
ReplyDeleteကျနော်က ဒုတိယ ဖယောင်းတိုင်းလေး ဖြစ်ချင်တယ်....ဖြစ်ခွင့်ရဖို့ အတွက်လည်း ကိုယ့်ကိုယ်ကို အမြဲကြိုးစားနေတယ် ..ကဗျာလေး ကောင်းတယ် အစ်မရေ့ အနှစ်သာရပြည့်ဝတယ်.......။
ReplyDeletenice comparison with good expression
ReplyDeletethanks a lot to read and feel it.
ကောင်းလိုက်တဲ့ ကဗျာလေး
ReplyDeleteအမကို အဲဒါလေးတွေ ကြိုက်တာ
အတွေးနဲ့အရေး ..ရေလည်မိုက်တယ်..။
အဓိပ္ပယ် ပြည့်ဝသော ကဗျာလေးပါဘဲ.....
ReplyDeleteမတန်ခူး ရေ.........
ရွှင်လန်းချမ်းမြေ့ပါစေ။
ကောင်းလိုက်တဲ့ ကဗျာလေး
အဲဒါလေးတွေ ကြိုက်တာ
အတွေးနဲ့အရေး ..ရေလည်မိုက်တယ်..။
( မြတ်နိုး ဆီကယူ သုံးတာ )
အမရေ အတွေးလေးက ကောင်းတယ်ဗျ...
ReplyDeleteကဗျာလေးကို ကြိုက်တယ်။
ReplyDeleteတန်ခူးရေ...
ReplyDeleteကဗျာလေး ကောင်းတယ်...။
ပထမ ဖယောင်းတိုင်လေးရဲ့  မခိုးမခန့် အပြုံးရယ် ဒုတိယ ဖယောင်းတိုင်လေးရဲ့  ရိုးသားတဲ့ အပြုံးရယ်ကို နှိုင်းယှဉ်တွေးတောရင်း...
very meaningful poem! so clever my dear....
ReplyDeleteအမ တန်ခူးက ကဗျာလဲ ရတာပဲကိုး။
ReplyDeleteချိုသင်းတို့အိမ်မှာတော့ ဒုတိယ ဖယောင်းတိုင်လေးပဲ လင်းပါတယ်။ အေးအတူ ပူအမျှ လင်းပေးတဲ့ ဖယောင်းတိုင်လေးရဲ့ ကျေးဇူးကို သတိတရ ဖော်ပြပေးလို့ ကျေးဇူး။
တကယ်တော့ ဖယောင်းတိုင်လေးတွေက အထွန်းခံသက်သက်ပါ။ လိုအပ်ချက်အတွက် ထွန်းတာလား၊ အဆောင်အယောင်အတွက် ထွန်းတာလား..။ ထွန်းတဲ့သူအလိုကျ အရည်ပျော် အငွေ့ပျံရ၊ လင်းလက်ရတာလေ။
ReplyDeleteဆက်တွေးမိတာလေး ရေးမိတာပါ။
လှပတဲ့ကဗျာလေးရဲ့နောက်က စေတနာကိုတော့ အပြည့်အ၀ နားလည်ခံစားသွားပါကြောင်း။
ဖယောင်းတိုင်လေး နှစ်တိုင် အပေါ် အစ်မမြင်တဲ့ အမြင်ကို သဘောကျတယ်။ လူနေမှု အခြေအနေကိုလည်း ထင်ဟပ်စေတယ်။
ReplyDeleteအဓိပ္ပါယ်ပြည့်ဝသော ကဗျာလေးတပုဒ် . . .
ReplyDeleteမိမိရဲ့ တန်ဖိုး/အရည်အချင်း ကို အကျိုးရှိ မှန်ကန်စွာ အသုံးချဖို့ လိုကြောင်း ခံစားမိပါတယ်၊
အားပေးသွားပါတယ်။
ReplyDeleteမတန်ခူးရေ..
ReplyDeleteကဗျာလေးကို ခံစားသွားတယ်နော့..
မတန်ခူးရေ................
ReplyDeleteနေမကောင်းဖြစ်မေလို့ များ ပျောက်နေတာလားလို့ ...စိတ်ထဲတွေးနေတာ....။
ခု...ကဗျာလေးကို တွေ့ လိုက် ဖတ်လိုက်ရတော့
စိတ်အေးသွားပါပြီ...။
ကဗျာလေးက...............
ဖယောင်းတိုင်နှစ်တိုင်ဆိုပေမယ့်
အရမ်းလေးနက်တယ်....
ကျနော်တော့ ဖယောင်းတိုင် တစ်တိုင်ခြင်းဆီရဲ့ 
နောက်ကွယ်က ပါတ်ဝန်းကျင်တွေ၊ မြင်ကွင်းတွေ
ခံစားမှုတွေကိုပါ တွေ့ လိုက် ခံစားလိုက်ရတယ် မတန်ခူးရေ....။
ဖယောင်းတိုင်လေး ၂တိုင်က ရိုက်ခတ်မှုတော့
ကျယ်ပြန့် တယ်.မတန်ခူးရေ...။
အနုပညာရသလဲ လေးနက်တယ်...။
အတွေးတွေလဲ ချီးကျူးတယ်
လက်ကိုလဲ ချီးမွမ်းမိတယ်....
မတန်ခူးက သိမ်သိမ်မွေ့ မွေ့ နဲ့ ထက်ရှတဲ့ 
ဒါးတစ်လက်ပါဘဲ...။
မတန်ခူးတို့ မိသားစုတွေ ကျမ္မာကြပါစေ...။
ဖယောင်းတိုင်နှစ်တိုင် အတွက်
ReplyDeleteComment ရေးဖို့ ၀င်လာလိုက်
ကဗျာလေးကို အထက်ကနေအောက်
အောက်ကနေအထက် ဖတ်လိုက်
အပေါ်အပိုဒ် စာကြောင်းနဲ့ အောက် အပိုဒ်က စာကြောင်းယှဉ်တွဲဖတ်လိုက်
...
ဘာတစ်လုံးမှ ချမရေးနိုင်ဘဲ
ပြန်ထွက်သွားလိုက်
သုံးလေးခါ ရှိပါပြီ
မတန်ခူးရေ
ကဗျာလေး ကောင်းလိုက်တာဗျာ။ ဖယောင်းတဲ့ ဆိုတဲ့ နိမိတ်ပုံကို ယူပြီး ယှဉ်ပြသွားတာ လှလိုက်တာ။
ReplyDeleteကျနော်တွေးမိတာနဲ့ အကိုဝေလင်း ရေးပြသွားတာနဲ့ ထပ်တူကျပါတယ်။ ကဗျာရှင်ရဲ့ စေတနာပါတဲ့ အတွေးလှလှကို နှစ်သက်မိပါတယ်။
ReplyDeleteအမရေ.. ကဗျာလေးလာဖတ်သွားတယ်။ ဒီတခေါက်ပါနဲ့ဆို ၂ ခေါက်ရှိပြီ။ မတန်ခူးရေ.. ခဏခဏ လာလာလည်တာ ကျေးဇူးပါ အမရယ်.. ပြန်လာချင်ပါတယ်.. ဒီတပတ်ပိတ်ရက်ရရင်တော့ အချိန်ရမယ် ထင်ပါရဲ့.. :)
ReplyDeleteလာဖတ်ဖြစ်တာကြာပါပြီ။ ရေးမလို့ စဉ်းစားနေတာ။ကိုဝေလင်းနဲ့ ကိုစေးထူးတွေးမိသလိုနဲ့ တူတယ်လို့ပဲ ပြောတော့မယ်နော်။
ReplyDeleteတန်ခူးရေ...
ReplyDeleteTag ထားပါတယ်...
အချိန်ရရင် ရေးပေးလေ... နော်..။
အမတန်ခူးရေ အမကဗျာလေးက ကောင်းလွန်းလို့ အရင်အခေါက်တွေက ကွန်းမန့်မရေးရဲဘူး။ အနှစ်သာရ ရှိလွန်းတဲ့ ဖော်ပြချက်လေးပါဗျာ။
ReplyDeleteအမက ကဗျာဥာဏ်လည်း လက်ဖျားခါရတာကိုးနော်။ အားကျတယ် အမ။
ရွာသားလေးရေ… တို့ လဲ အဲလို ဆုတောင်းချင်တယ်… နေရာမှန်မှာ ရှင်သန်ခွင့်ရပါစေလို့ ….
ReplyDeleteမောင်မျိုးရေ… ဒုတိယဖယောင်းတိုင်လေး ဖြစ်ချင်တယ်ဆိုတဲ့ စေတနာစိတ်လေးကြောင့် ဖြစ်ခွင့်ရမှာပါ…
ကျေးဇူးပါညီမလေးမယ်လိုဒီရေ… မတွေ့ တာကြာပြီနော်…
မြတ်နိုးရေ… အားပေးစကားအတွက် ကျေးဇူးပါနော်…
ခုလို အားပေးတာ ကျေးဇူပါ skyblueရေ…
ကိုဇနိရေ… ကျေးဇူးပါ…
ကိုဟန်လင်းထွန်းရေ… ခုလိုလာလည်ပြီး ကော်မန့် လေးပေးသွားတာ ကျေးဇူးပါ…. နောင်လဲ လာလည်ဖို့  ဖိတ်ခေါ်ပါတယ်…
သက်ဝေရေ…. ကျေးဇူးပါ…
ကျေးဇူးပါနှင်းပန်းရေ…
ချိုသင်းရေ… တို့ အိမ်လေးမှာလဲ ဒုတိယဖယောင်းတိုင်လေးပါပဲ ညီမရယ်…
ကိုဝေလင်းရေ… ကျေးဇူးပါ….ကျွန်မကဗျာထဲက ဖယောင်းတိုင်လေးတွေက ဖယောင်းတိုင်အစစ် မဟုတ်ပါဘူး….
ခုလို အားပေးတာ ကျေးဇူးပါ ပုံရိပ်ရေ….
ခိုင်ရေ… ဟုတ်ပါတယ်… ခိုင်ပြောတာနဲ့ ကွက်တိပဲ… ခုလို လာလည်တာ ကျေးဇူးပါနော်… နောင်လဲ လာလည်ဖို့  ဖိတ်ခေါ်ပါတယ်…
မမ အားပေးသွားတာ အားကိုရှိသွားတာပဲ….
ကျေးဇူးပါ ပေါက်ရေ….
ကိုသစ်နက်ဆူးရေ… ခုလို အားပေးစကားတွေက နောင်ပို့ စ်တွေအတွက် အင်အားပါ….
မ ရေ… ဘာဖြစ်လို့ လဲဟင်….
ကျေးဇူးပါကောင်းကင်ကိုရေ… ကျွန်မက ကောင်းကင်တို့ ဆီက သင်ယူနေတာပါ…
ကိုစေးထူးရေ… အထက်မှာ ကိုဝေလင်းကို ဖြေခဲ့သလိုပဲ ကျွန်မဖယောင်းတိုင်တွေက ဖယောင်းတိုင်အစစ်တွေ မဟုတ်ပါဘူး… ကျေးဇူးပါ…
နုရေ… ကျေးဇူးပါ… တို့ မှာ မျှော်လိုက်ရတာ မောလို့ ….
ပန်ရေ… ကျေးဇူးပါ…. ဖယောင်းတိုင်အစစ်တွေမဟုတ်ပါဘူး…
သက်ဝေရေ… အမှတ်တရ တက်ဂ် ပေးတာ ကျေးဇူးပါ…
ကျေးဇူးပါ နိနိရေ….
ကဗျာလေးက ကောင်းလိုက်တာ :)
ReplyDelete