Saturday, September 13, 2008
ပဲထောပတ်ထမင်းလေး လုပ်စားရအောင်
တခါလာလဲ ထမင်းဖြူ၊ တခါလာလဲ ထမင်းဖြူမို့  ငြီးငွေ့ လာရင် လွယ်လဲလွယ်ကူ အချိန်ကုန်လဲ သက်သာတဲ့ ပဲထောပတ်ထမင်းလေး လုပ်စားကြည့်ပါလား။ တပြောင်းတလဲမို့  စားလို့ မြိန်တာ အမှန်ပဲ။ ခုလို ပိတ်ရက်တင်မက ရုံးဖွင့်ရက်တောင် မြန်မြန်လေး ကဗျာကရာ ချက်လိုက်လို့ ရအောင်ကို လုပ်ရတာ အတော်လွယ်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းနဲ့ လုပ်နည်းလေးကတော့….
Rice Cookerနဲ့  ထမင်းလေးလုံးချက်အတွက်
၁) ကုလားပဲ လက်တဆုပ်
၂) GHEE ထောပတ်
၃) သစ်ဂျပိုး၊ ကုလားပွေးရွက်၊ နာနတ်ပွင့် အနည်းငယ်
၎) ကြက်သွန်နီဥကြီးတလုံး
၅) သီဟိုစေ့၊ နာနတ်သီးခြောက် …တို့ ပါပဲ… အားလုံးက အိမ်နားလေးက ဆိုင်လေးတွေမှာ အလွယ်တကူ ပြေးဝယ်လို့ ရပါတယ်…
ပထမဦးစွာ ကုလားပဲလေးကို ရေမြုပ်ရုံထည့်ပြီး Microwave ထဲ ထည့်ပြုတ်လိုက်ပါ။ Microwave ကျတော့ အနူးမြန်ပါတယ်။ သိပ်ကြီး မနူးအောင် ပြုတ်ပါ။ အရမ်းနူးသွားရင် ထမင်းထဲမှာ ပဲပုံပျက်သွားမှာပါ။
ထောပတ် ထမင်းစားဇွန်း ၃ ဇွန်းလောက်ကို ဒယ်အိုးထဲထည့်ပြီး ထောပတ်ဆီ ဖြစ်တဲ့ အထိ ပူအောင်တည်ပါ။ ဆီပူလာလျှင် ကြက်သွန်နီဥကြီးကို ၈ စိတ်ခွဲ အဖတ်ကြီးလေးတွေ ရအောင်ခွာထားတာရယ်၊ သစ်ဂျပိုး၊ ကုလားပွေးရွက်၊ နာနတ်ပွင့် ရောထားတာရယ် ပေါင်းပြီး ဆီသတ်ပါ။ ကြက်သွန်နီဖတ် အနည်းငယ်နွမ်းလာလျှင် ပြုတ်ထားသောပဲပါရော၍ ဆီသတ်ပါ။ သကြား ထမင်းစားဇွန်း ၂ ဇွန်း၊ ဆားသင့်ရုံထည့်ပါ။ ကြက်သွန်နီဖတ်လေးတွေ အနည်းငယ် ၀ါရောက်သမ်းလျှင် မီးပိတ်ပါ။ ကြက်သွန်နီက သာမာန်ဟင်းချက်သလောက် မနီရပါ။
ဆန်အဆင်သင့် ဆေးထားသည့်အိုးထဲသို့  ကြက်သွန်ပဲရောဆီသတ်ထားတာရယ်၊ သီဟိုစေ့၊ နာနတ်သီးခြောက်ရယ် ထည့်ပြီး သမအောင် ရောမွှေ၍ ရေကို ပုံမှန်ထမင်းချက်တာထက် မဆိုစလောက် လျော့ထည့်ပြီး သာမာန်ထမင်းချက်နည်းအတိုင်း Rice Cookerနဲ့ ထည့်ချက်ပါ။ ထမင်းပွက်လျှင် နှစ်ခါသုံးခါလောက် မွှေမွှေပေးပါ။ Rice Cooker မီးပိတ်သွားလျှင် ပဲထောပတ်ထမင်းမွှေးမွှေးလေး အသင့်သုံးဆောင်နိုင်ပြီပေါ့။
ကျွန်မက ကြက်သားအာလူးဆီပြန်၊ မကျီးသီးစိမ်းငါးပိချက်၊ ဒညင်းဝှက်ကြော်၊ ပြီးတော့ အရည်သောက်ချက်ရမှာပျင်းသွား၍ အလွယ်တကူ စွန်တန်ဟင်းချိုလေးနှင့် အတူစားလိုက်တော့ တပွဲမက နှစ်ပွဲလောက်ထိ စားဝင်သွားသည်။ ချဉ်ပေါင်ရွက်ဟင်းချို (မဇနိပြောတဲ့ ယောင်ရိပ်မြင် ဟင်းချိုလေး)နဲ့ လဲ အလွန်လိုက်ဖက်ပါသည်။
ပိတ်ရက်မှာ စားကောင်းသောက်ဖွယ်များမြိန်လျှက်စွာ စားသုံးနိုင်ကြပါစေ။
တန်ခူး
8:30am 13-Sep-2008
(သင်ပြပေးသော ချစ်ညီမလေးအား ကျေးဇူးတင်လျှက်)
24 comments:
  1. အမတန်ခူး မန်ကျည်းသီးစိမ်းချက်လည်း ကြိုက်တယ်။ ဒညင်းဝှက်ကြော်လည်း ကြိုက်တယ်။ ထောပတ်ထမင်းလည်း စားချင်တယ်။
    မန်ကျည်းသီး၊ ဒညင်းသီးမရှိဘူး အမရေ။
    ချက်နည်းမှတ်ထားလိုက်ပြီ...
    ReplyDelete
  2. မတန်ခူးရယ် ကြည့်ရတာ ဗိုက်ဆာလိုက်တာ။ ပုံရိပ်လည်း ပစ္စည်းတွေတွေ့ရင်တော့ လုပ်စားကြည့်ဦးမယ်။
    ReplyDelete
  3. လာစားမယ် သို့မဟုတ် စာတိုက်ကပို့လိုက်ပါ နော်
    ReplyDelete
  4. ဖိတ်တယ်ဆိုရင် လာပြီးသားနော်....ရွှေကြိုလုပ်ပရစေဗျာ
    ReplyDelete
  5. သူများချက်ကျွေးရင်တော့ စားတက်တယ် ကိုယ်တိုင်တော့ အဲ့လောက်မချက်တက်ဘူး နည်းနည်းပါးပါးတော့ အမေသင်ထားပေးလို့ တက်တယ် အုန်းထမင်းစားချင်လိုက်တာ ထောပတ်ထမင်းလည်း စားကောင်းမှာ.........။
    ReplyDelete
  6. မတန်ခူးရေ...
    စားချင်စရာလေး...
    ထောပတ်ထမင်းမချက်ဖူးသေးဘူး...
    ချက်စားကြည့်အုန်းမယ်...
    ReplyDelete
  7. မတန်ခူးရေ.. အိပ်ယာက နိုးနိုးချင်း မ ဆီရောက်လာတော့ ပဲထောပတ်ထမင်းဆိုတာနဲ့ ဗိုက်ထဲက တဂွီဂွီဖြစ်လာတယ်.. ဒီမှာက ကရဝေးရွက်တို့ သစ်ဂျပိုးခေါက်တွေ မတွေ့မိဘူး.. ထိုင်းဆိုင်မှာ ရှိတဲ့အရွက်ကလည်း မြန်မာပြည်က အရွက်တွေနဲ့ မတူဘူး.. အဲဒါနဲ့ ထောပတ်ထမင်းလိုမျိုး ချက်မစားဖြစ်ဘူး မ ရယ်.. စင်ကာပူကလူတွေကို အားကျတယ်.. အဟိ.. စင်ကာပူလူကြုံရှိတော့ ချက်ချင်းပဲ မေးလ်ပို့ပြီး အကိုနဲ့ ယောင်းမကို မှာလိုက်ပြီ။ နောက်တပတ်ဆို ချက်စားလို့ရပြီ.. ဝေး............
    မရေ.. ဒညင်းဝှက်လည်းစားချင်တယ်.. မန်ကျည်းသီးချက်လည်း စားချင်တယ်.. ရှလွတ်.. ဂလု.. :D
    ReplyDelete
  8. အစ်မ ရေ....
    စားချင်စရာပါဘဲ ဗျာ။ ဒါပေမယ့် စ လုံးမှာ
    တစ်ယောက် ထဲ သမားက တော့ လုပ်စား ဖို့
    အတော် ခက်တယ် ဗျာ။
    ကျွန်တော် ခုမှ Comment ရေးဘူးတာပါ။
    အမှားပါရင် ခွင့်လွှတ်ပါ။
    ReplyDelete
  9. ပဲထောပတ်ထမင်းလေးက ကောင်းလိုက်တာ။ အမပြောတာ ဖတ်ကြည့်တော့ ချက်ရတာ လွယ်မဲ့ပုံပဲ။ စမ်းကြည့်အုံးမယ်။
    ချက်တတ်လိုက်ကြတာနော်။ သွားရည်ကျပါဘိ။
    ReplyDelete
  10. လောလောဆယ်တော့ ပုံလေးကိုကြည့်ပြီး စိတ်ကူးနဲ့ပဲ စားသွားတယ်ဗျို့
    ReplyDelete
  11. အမ..စားချင်တယ်..စားချင်တယ်..
    ခုတော့ diet လုပ်နေတယ်..။ ဝလာလို့...။နောက်မှ ချက်စားမယ်..။
    အမက ပုံတွေ သေချာကို ရိုက်ပေးတာပဲနော်..။
    ဘလော့ဂါ ဟင်းများလို့ နာမည်တပ်လည်းရတယ်လေ..ဟီး
    ReplyDelete
  12. အစ်မဆီလာလည်တာလေ ပဲထောပတ်ထမင်းနဲ့တွေ့တော့ ထမင်းတောင်ဆာလာပြီ ကိုယ်တိုင်တော့ ချက်တတ်ဘူး သူများချက်ကျွေးတာဆိုရင်တော့ စားတတ်တယ်အစ်မရေ။
    ReplyDelete
  13. ဗိုက်ဆာသွားပီ-
း)
    ReplyDelete
  14. အမ အုံးထမင်းက စားချင်စရာကြီး
    ချက်စားရမှာပျင်းတယ် အမရာ
    နောက်တခါချက်ရင်ပြောနော် အကဲဖြတ်ပေးမယ် ...
    ဖရီး... ဖရီး... :P
    ReplyDelete
  15. အင်း.. တန်ခူးရဲ့  အိမ်လိပ်စာတော့ တိုးတိုးတိတ်တိတ် မေးထားအုံးမှပါဘဲ..။ ပိတ်ရက်တွေမှာ တန်ခူးလက်ရာ Special Dishes တွေ လာစားလို့ ရအောင်...။
    ဟီး.. တန်ခူးဖတ်ချင်တဲ့ မကြည်အေး ရဲ့  မောင်၊ကိုကို နှင့် မြနန္ဒာ စာအုပ်လဲ ငှားပါ့မယ်လေ...။ ကောင်းဘူးလား.. ဟင်...
    ReplyDelete
  16. လာပြီး သဘောတကျ ကြည်.သွားပါတယ်။
    ReplyDelete
  17. အို....
    အိမ်ရှင်တန်ခူးရို့ ....
    ပဲထောပတ်ထမင်းလေးချက်ရင် အိမ်လာလည်လို့ ရမလား......။
    ဆူးပုတ်ရွက်တွေ ၀ယ်လာပါ့မယ်.။
    ReplyDelete
  18. အဲသည်နေ့က တန်ခူးတို့ အိမ်နဲ့ မနီးမဝေးက ရထားနဲ့အဖြတ် ပဲထောပတ် ထမင်း ၀င်စားမလားလို့ စိတ်ကူးမိသေးတယ်။
    ReplyDelete
  19. မဇနိရေ… လူကြုံရှိရင် ပို့ ပေးလိုက်မယ်လေ… လိပ်စာလေးသာ ပြော….
    ပုံရိပ်ရေ… လုပ်စားရင် အသံပြုလိုက်ဦး… လာမြည်းချင်လို့ …
    လာစားချင်ရင် Blk-xxx, xx-xx, xxx xxxx Road ကိုလာခဲ့နော်… စာတိုက်ကလဲ ပို့ ချင်တယ်… ပန့် လိပ်စာပြောပြ….
    အပေါ်က လိပ်စာအတိုင်း လာခဲ့လိုက် ရွာသားလေးရေ…
    မမရေ… လာသာလာခဲ့နော်… အ၀ကျွေးမယ်လေ….
    မောင်မျိုးရေ… အုန်းထမင်းက လွယ်လွယ်လေး… အုန်းနို့အရည်ဗူးလေးဝယ်… သကြား ဆားလေးထည့်ပြီးကြိုလိုက်… ပြီးရင် ထမင်းပေါင်းအိုးထဲ ထည့် ကြက်သွန်နီလေး စိတ်ထည့် ရေက အုန်းနို့ စာနှုတ်ပြီး ထုံးစံအတိုင်းထည့်ရုံပဲ…
    ကိုပေါက်ရေ… ချက်စားကြည့်လိုက်နော်… သိပ်အလုပ်မရှုပ်ဘူး….
    နုရေ… စကာင်္ပူမှာ အကုန်ရတယ်… ဒညင်းဝှက်ရော မန်ကျည်းသီးစိမ်းရော… နုအကိုနဲ့ အမကို ပြောလိုက် ပင်နင်ဆိုးလားမှာရှိတယ်လို့ …
    ကိုskyblueရေ… ခုပင်နင်ဆိုးလားမြေအောက်ထပ်မှာ မြန်မာ စားသောက်ဆိုင်တွေ အများကြီးဖြစ်နေပြီ… တယောက်ထဲသမားတွေ အတွက် အတော်ပဲပေါ့… စားကြည့်ပြီးပြီလား… တခါတလေ ထမင်းဟင်းချက်စားတာလဲ အပျင်းပြေနည်းတမျိုးမို့  tryကြည့်ပါလား… ခုလို လာလည်တာ ကျေးဇူးနော်… နောင်လဲလာလည်ပါဦး….
    ချိုသင်းရေ… တို့ လဲ စမ်းစမ်း စမ်းစမ်းနဲ့ ဖြစ်သွားတာ… ဂရိတ်အကောင်းကြီးတော့ မဟုတ်ဘူး… ဒါကတော့ စမ်းကြည့်ဖို့ တိုက်တွန်းတယ်… လွယ်လဲလွယ် စားလို့ လဲကောင်းတယ်လေ….
    little moonရေ… တတ်နိုင်ရင် အိမ်ဖိတ်ကျွေးချင်ပါတယ်…တကယ်… ခုလို လာလည်တာ ကျေးဇူးနော်… နောင်လဲလာလည်ပါဦး….
    မြတ်နိုး… ကောင်းတယ်… တို့ ကတော့ အဲလိုတွေ စားရင်းစားရင်း ၀ ၀လာတာ… သိပ်မ၀ခင်ထိန်းထားညီမရေ….
    ကိုသစ်နက်ဆူး… အစာအိမ်ခေါင်းလောင်းသံပေးနေတော့… အင်း… နော်ဝေကလဲ သိပ်မနီးဘူးနော်… နို့ မို့ အိမ်တံခါးလာခေါက်ခိုင်းပါတယ်….
    ကိုတိုးလေးရေ… ဒါဆို အချက်အပြုတ်တော်တဲ့ မိန်းမသာ ရွေးပေတော့…
    ကေရေ… ပွဲပြင်ပြီး ပို့ လိုက်ပြီ… ရလား….
    ကိုသက်နိုင်ရေ… အုန်းထမင်းမဟုတ်ဘူး… ပဲထောပတ်ထမင်းပါ… စိတ်ချ… နောက်တခါဆို အကြောင်းကြားလိုက်မယ်… ခုလို လာလည်တာ ကျေးဇူးနော်… နောင်လဲလာလည်ပါဦး….
    ကောင်းတယ်…ကောင်းတယ်… တကယ်လာမှာလား… လိပ်စာက အပေါ်မှာ ပန့် ကို ပြောတဲ့ အတိုင်းလေ… လာတတ်တယ်မိုလား… မောင် စာအုပ်လေးတော့ အပါယူခဲ့နော်…
    ဟယ်… ဆူးပုတ်ရွက်ဆို ၀င်သာဝင်ခဲ့ပါ… အိမ်တံခါးဖွင့်ထားတယ်နော်…
    ကိုပေါရေ… တော်သေးတာပေါ့… မ၀င်ခဲ့လို့ … ချက်စားတာ ပြီးခဲ့တဲ့ အပတ်က… ပို့ စ်တင်တာ တပတ်နောက်ကျသွားတာ…ဟီဟိ…ခုတော့ အစားသောင်းကျန်းတာ အစာအိမ်ပြန်ဖြစ်လို့  ဆေးသောက်နေရတယ်…. နောက်တခါဆို ဖုန်းဆက်လိုက်မယ်…
    ReplyDelete
  20.ှဗိုက်ဆာနေတာနဲ့တော်ဘဲ့...ဝါးတီးဆွဲသွားတယ်ဗျို့...ရှဲရှဲ့
    ReplyDelete
  21. အမရေ...
    ဒီနေ့ အမ စာကို အသေအချာ လုပ်ပီး ချက်ဖြစ်တယ်။
    ဆားနဲ့ သကြားပါ ထပ်ထည့်ရမှာ အမရေ..။
    အမနည်းအတိုင်း ချက်တာ ။ မြည်းတော့ အရသာ လိုနေတယ်။ နောက်မှ သကြားနဲ့ဆား ထပ်ထည့်လိုက်ရတယ်။ ဟီး
    ဒီထဲမှာလဲ သကြား ဆား ထည့်ခိုင်းတယ်။
    အမှန်က မချက်ခင်မွှေနှောက်ရှာတာ။
    http://www.hsaba.com/PDF/butterlentilrice.pdf
    ReplyDelete
  22. ကျေးဇူး မတန်ခူးရေ.. ပဲထောပတ်ထမင်းစားချင်တာ၊ မချက်တတ်လို့။
    ကုလားပွေးရွက်ကို ကရဝေးရွက်လို့ တသက်လုံးမှားရေးလာခဲ့တာ..ဟီး... ။
    ReplyDelete