Tuesday, September 9, 2008

ကျွန်မအသက်

ဘလော့ဂ်ပေါ်က အသက်မှန်းရတဲ့ ပြဿနာကို အခု ကျွန်မကြုံတွေ့ ရပြီ။ ကိုယ့်ထက် ငယ်သည့် ညီမလေးမိုးချိုသင်းကို ကြီးမည် အထင်နှင့် မ တွေဘာတွေ သွားလုပ်ပြီး ကော်မန့် ပေးမိတာ သိတော့ အတော်ကို အားနာ သွားမိသည်။ ချိုသင်း ခမျာလဲ ကျွန်မက မ တော့ သူက ညီမလေး ရသည်။ အချင်းချင်း အပြန်အလှန် အားတွေ နာနေ ရတာ အဓိကက ကျွန်မ တရားခံ။ ခုတော့ အခေါ်အဝေါ်တွေ ပြောင်းပြန် ပြန်ဖြစ်သွားတာ တချို့ ကျွန်မတို့  ကော်မန့် တွေ သတိထားမိသူ မျက်စိလည်သွားနိုင်သည်။ ကိုကလိုစေးထူးကလဲ တန်ခူးလို့ ခေါ်မိတာ အားတွေ နာကြောင်း ကော်မန့် ပေးသွားတော့ ကျွန်မအသက်ကို ကြော်ငြာဖို့  လိုပြီဆိုတာ သဘောပေါက်သွားသည်။

ဟိုတလောကပဲ ကိုငြိမ်းဝေက ဒီအကြောင်းလေးကို ပို့ စ်တခုတင်တော့ ကျွန်မတောင် သွားနောက်လိုက်သေးသည်။ ကျွန်မတို့  မြန်မာလူမျိုးတွေ ကြီးသူကို ရိုသေ၊ ငယ်သူကို သနား၊ ရွယ်တူကို လေးစားဆိုတဲ့ ချစ်စရာ ယဉ်ကျေးမှုလေးနဲ့  ကြီးပြင်းရသူဆိုတော့ ဘလော့ဂ်လည်ပတ်ပြီး ကော်မန့် ပေးရမည့် အချိန်တိုင်း နဲနဲတော့ ဦးနှောက်စားရသည်။ တချို့ က profileထဲမှာ အသက်ကို ဖော်ပြထားတော့ ခေါ်ရလွယ်သည်။ တချို့ ကျ မွေးနေ့ ပို့ စ်တွေက တဆင့် သိနိုင်သည်။ တချို့ ကျတော့ ရေးသည့်အကြောင်းအရာ ပေါ်မူတည်ပြီး ခန့် မှန်းရသည်။ တချို့ ကျ ကိုယ့်ကို အမလို့ ခေါ်ရင် သူကိုယ့်ထက် ငယ်မှာပဲလို့  ယူဆကာ ညီမလိုက်ရသည်။ ယောင်္ကျားလေးအများစုကိုတော့ ကျွန်မက ကို တတ်ခေါ်လေ့ရှိသည်။ ဒါကြောင့်လဲ ကိုစေးထူးက တန်ခူးလို့  ခေါ်တာဖြစ်မည်။ မိန်းခလေးကျတော့ အချင်းချင်းဆိုတော့ ပိုရင်းနှီးတာကြောင့်ပါ။

တကယ်တော့ ကျွန်မက အပြင်မှာ အသက်လျို့ ဝှက်တတ်သူထဲ မပါပါ။ အသက်လာမေးလျှင် အမှန်အတိုင်း ပြောတတ်ပါသည်။ ဘလော့ဂ်ပေါ်မှာ အသက်အတိအကျ မပြောမိခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ကျွန်မဘယ်သူလဲ ဆိုတာ ရိပ်မိသိရှိသွားမှာ ကြောက်လို့ ပါ။ ကျွန်မ အခုနေတဲ့ နိုင်ငံက အရမ်းသေးတဲ့  အပြင် အင်ဂျင်နီယာ အသိုင်းအ၀ိုင်းကလဲ တဦးနဲ့ တဦး အရမ်းရင်းနှီးကြတော့ အလွယ်တကူ သိသွားနိုင်တာမို့ ပါ။ သိသွားတော့ ကျွန်မရေးရတာ ထိန်းချုပ်နေရတာပေါ့နော်။ ကျွန်မက ဘလော့ဂ်ရဲ့ လွတ်လပ်မှုကို အပြည့်အ၀ ခံစားချင်တာပါ။ ကျွန်မ ပတ်ဝန်းကျင်က အကြောင်းတွေလဲ ရေးရတာ အတော်ခက်သွားမယ် ထင်လို့ ပါ။ ဒါကြောင့် ကျွန်မ အရင်က စာရေးခဲ့တဲ့ ကလောင်နာမည်ကို တမင် မသုံးပဲ တန်ခူးဆိုတဲ့ အမည်လေးနဲ့ လွတ်လပ်စွာ လှုပ်ရှားကြည့်တာပါ။

ကျွန်မ နဂိုပုံစံက မလျို့ ဝှက်တတ်သူဆိုတော့ အတော်ဒုက္ခရောက်ပါတယ်။ RITကျောင်းသူဆိုတဲ့ ပို့ စ်လေးနောက်မှာ ကျွန်မဘယ်သူဆိုတာ လူတော်တော်များများ ရိပ်မိကုန်ပါတယ်။ ဘယ်လောက်ပဲ လျို့ ဝှက်ဝှက် ကျွန်မရေးဟန်ကို တချို့ က ရိပ်မိနေတော့ ဗူးပေါ်သလိုပေါ်ကုန်တာပါပဲ။ တန်ခူးက နင်မိုလားလို့  ပေါ်တင်ကြီးလာမေးရင် လိမ်ရတာ အောင့်သီးအောင့်သက်။ SONATA-CANTATA က မသီတာက xxxx က ဘလော့ဂ်ရေးလားလို့  မေးလာတော့ အမလိုလဲ ခင်ပြန် ကိုယ့်ဆရာကတော်လဲ ဖြစ်ပြန် သူကိုယ်တိုင်ကလဲ ဘလော့ဂါဖြစ်နေပြန် ဆိုတော့ နောက်ဆုံး အမှန်ပြောလိုက်ရပါတယ်။ ဒီဘလော့ဂ်ကြောင့်ပဲ ငါးပါးသီလတွေ ကျိုး။ ကြာလာတော့ အိမ်က အမျိုးသားက လိမ်တတ်တာလဲ မဟုတ်ပဲနဲ့  လိမ်မနေနဲ့  ပြောလိုက်တော့လို့  စိတ်မရှည်တဲ့ လေသံနဲ့ ပြောလာပါတယ်။

အကုန်လုံးတော့ မပြောပါရစေနဲ့ ဦးလေ။ ခု အသက်လေးက စပြောမယ်နော်။ ကျွန်မ အသက်က Hollywood Superstar Catherine Zeta Jon တို့  Jennifer Aniston တို့ ထက် ယောင်ယောင်လေးတောင် ငယ်သေးတယ်။ မြန်မာရုပ်ရှင်မင်းသမီး စိုးမြတ်သူဇာတို့  ထက်ထက်မိုးဦးတို့ က ကျွန်မထက် ယောင်ယောင်လေး ငယ်တဲ့  မတိမ်းမယိမ်းပေါ့။ ဟဲ..ဟဲ.. အဖွားကြီးလို့  အပြောခံရမှာ ကြောက်လို့  ဒီလို နိဒါန်းချီနေတာပါ။ ပြောရရင်တော့… ကျွန်မ အသက် ၃၈… ခစ်… ခစ်…ခစ်။ အင်း…. ၃၈နဲ့  ခစ်ခစ်ခစ် က မလိုက်ဘက်လိုက်ပုံများ။ ဒီလောက်ဆို ကျွန်မဘလော့ဂ် ရောင်းရင်းတို့  ခေါ်ရပြောရတာ အခက်အခဲ မရှိတော့ဘူးပေါ့နော်။ အရမ်းငယ်တဲ့ ကလေးတွေကို ကြိုပြောထားရဦးမယ်။ ဒီအမကြီး အသက်အရမ်းကြီးတော့ ဒိတ်အောက်နေပြီဆိုပြီး လာမလည်ပဲ မနေနဲ့ နော်။ တို့ နဲ့  စိုင်းစိုင်း အကြောင်းလဲ ဆွေးနွေးလို့ ရတယ်။ ရဲလေး ဆိုလဲ ပွင့်ပွင့်လင်းလင်း။ ဖြူဖြူကျော်သိန်းလဲဖြစ်တယ်။ မိုးဟေကိုလဲရတယ်နော်။

ကျွန်မ ဘလော့ဂ်ရောင်းရင်းတို့  ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ …။
(စာကြွင်း- ကျွန်မကို ဘယ်လို ခေါ်ခေါ် ရပါတယ်… လွတ်လွတ်လပ်လပ် ရင်းရင်းနှီးနှီးပေါ့)
တန်ခူး

09:30 am 9-Sep-2008

32 comments:

  1. မီးမီးအသက် ၁၆နှစ် ခစ်ခစ်...ခစ်

    အမရေ့ မြတ်နိုးဆရာက ပြောဖူးတယ်သိလား သူအသက် ၁၈နှစ်ထဲက ဘယ်တူကိုမှ အသက်မေးရင် ဖြေတော့ဘူးတဲ့..။ဟီးဟီး..
    အမက အမမို့ အမပဲ ခေါ်ပါတယ်..ဟီး

    ReplyDelete
  2. သားဘလော့ဂ်ကိုလည်း အားရင်လာလည်ပါဦး အန်တီတန်ခူး…..။

    ReplyDelete
  3. တီတီတန်ခူး ဒါဆို သားသား မှန်းတာ နည်းနည်းပဲ လွဲတာပေါ့ ၈ နှစ်ထဲ အများဆုံးရှိမှ ၃၀ ၀န်းကျင်းဆိုပြီး မှန်းချက်ကတော့ တော်လိုက်ပုံများ ဟီး။

    ReplyDelete
  4. ကျွန်တော်တို့လည်း ကိုယ်နဲ့ ဆက်ဆံ ပြောဆိုရမယ့် သူတွေ အသက်ကို ရိုသေတမှုနဲ့ ခန့်မှန်းတာပဲ။ တစ်ခါတစ်လေ ပေါ့ပေါ့ဆဆ ဖတ်ပြီး မှားခန့်မှန်းတာတွေလည်း ရှိတယ်။ မတန်ခူးက RIT လို့ သုံးကတည်းက ကျွန်တော်တို့ထက် ကြီးမယ်ဆိုတာ သိထားပြီး ကိုပေါတို့ မကေတို့ မမိုးချိုသင်းတို့နဲ့ တစ် Group ထည့်ထားတာလေ။ ဒါပေမယ့် မတန်ခူး စာတွေက နုရွပြီး ကြည်နူးဖို့ ကောင်းတော့ တစ်ခါတစ်လေ အသက်ကို နည်းနည်း လျှော့တွက်မိတယ်။

    ReplyDelete
  5. မရေ.. ဒါဆို မီးမီးဘလော့ခ်ကို ခဏခဏလာလည်တာကျေးဇူးနော်.. အဟိ.. နောက်တာ..... :P

    ရေးပါ့မယ် မရယ်.. ကျနော်အလုပ်များနေလို့ပါ။ စက်ကလည်း format ချထားတော့ အမတို့ဆီ လာလည်ချင်ရင် အတော်လေး ပြန်ခြေရာခံရတယ်.. ရုံးကစက်လည်း အသစ်ပြောင်းထားတော့ အရာရာ အားလုံးအသစ်က ပြန်စဆိုတဲ့ သီချင်းတောင် အော်ဆိုပစ်ချင်လာပြီ.. :D ဒီပိတ်ရက်မှာ ရေးပေးပါ့မယ် မ ရေ..promise :* :D

    ReplyDelete
  6. ချိုသင်းက တနှစ်ပဲ ငယ်ပါတယ် မ ရေ..။ (ဟိုက် ပေါ်ကုန်ပြီကွ၊ မတတ်နိုင်ဘူးလေ..)
    ချိုသင်းလဲ အသက်ကိုဖွက်တဲ့လူတွေထဲမှာ မပါပါဘူး။ ဒါပေမဲ့ မမြင်ရလဲ သူများတွေက မခန့်မှန်းတတ်လို့ဆိုပြီး အမ ခေါ်တာပဲ၊ မြင်ဖူးပြန်တော့လဲ အမ ပဲ ခေါ်တုန်းပဲ။ အဟီး..။ ဒီလောက်ဆို ဥပဓိကို သဘောပေါက်..။
    ချစ်ခင်စွာဖြင့်
    ညီမ
    ချိုသင်း

    ReplyDelete
  7. အမတန်ခူးရေ ကိုပေါတို့၊ မမမိုးချိုသင်း တို့နဲ့ အပြန်အလှန်ပြောနေကြတော့ ၃၀ ၀န်းကျင်နေမှာလို့ အမလို့ ခေါ်တာပေါ့။ မောင်မျိုးနဲ့ မှန်းချက်တူပေမယ့် လွဲချော်သွားပေါ့။ ဒါပေမယ့် အမ ခေါ်တာတော့ မှန်တယ်နော်။ မဇနိက ၁၀ နှစ်ပဲ ငယ်တာပါ အမတန်ခူးရေ။ (ဟိုက် ပေါ်ကုန်ပြီကွ..)
    (မမိုးချိုသင်းစကားကို ယူသုံးလိုက်ပြီ)
    ပွင့်ပွင့်လင်းပြောတတ်ပြီး စာရေးရင်၊ ကွန်းမန့်ရေးရင် မေတ္တာဓါတ်တွေပါပေးလို့ အမတန်ခူးကို ခင်မိပါတယ်

    ReplyDelete
  8. မမရေ
    အသက်ကြီးတာ ငယ်တာ အရေးမကြီး ပါဘူး
    ခံစားချက်တူရင် ပေါင်းလို.ရတာပေါ့

    ဝေ

    ReplyDelete
  9. အသက်ကို သိရတော့ ကောင်းတာပေါ့။ RIT ဆိုလို့ ကိုယ့်အမ အရွယ်လို့ အစကတည်းက တွေးထားပါတယ်။
    ခင်မင်မှုက အဓိကပါ။ ဒါပေမဲ့ အခေါ်အဝေါ်ဆိုတာလည်း လိုသေးတာကိုး။
    အခုလိုပြောပြတာ ကျေးဇူးပါ။

    ပျော်ရွှင် အဆင်ပြေပါစေ အမရေ။

    ReplyDelete
  10. မတန်ခူး
    တော်သေးတာပေါ့...ကါန်မန့် တခုမှာ...တန်ခူး လို့ ကျနော်ရေးခဲ့ ဘူးတာ တောင်းပန်ပါတယ်...
    ဒီပို စ့်ကို စဖတ်တော့....ဟာ...သွားပြီ..ငါမှားသွားပြီလို့ ....။ ၆၀လောက်ရှိတဲ့ ဆရာမကြီးထင်နေတာ.....
    ၃၈ ဆိုမှ...သက်ပြင်းချနိုင်တာ...။
    မတနခူး လို့ ခေါ်ရတာယဉ်ကျေးပါတယ်...။
    ကျနော့်ဆီမှာ ကိုပေါတို့ မတန်ခူးတို့ ကို လင့်ခ် ထားပါတယ်...
    လာလည်ကြပါဦး...။

    ReplyDelete
  11. ၃၈- ခစ်.ခစ်
    အမဂျီး- ဟီး-ဟီး..

    ReplyDelete
  12. မမဂျီး တန်ခူး... ကျွန်တော်က အမထက် ၅နှစ်ကျော်ကျော်၊၇နှစ်လျော့လျော့ ငယ်သေးတာပေါ့... ဟဲဟဲ မပေါ်အောင် ပြောကြည့်တာ... :P

    ReplyDelete
  13. အမကြီးတန်ခူးပါလေ။ ကျနော်လင့်ကတည်းက အမကြီးတန်ခူးပါ

    ReplyDelete
  14. အိုး.. အိုး.. အနော်တို့ထက် အများဂျီး ကြီးတာပဲ.. (ဟိဟိ)

    ReplyDelete
  15. အင်း ကလေးကစားကွင်းထဲ လူကြီးတွေဝင် ဘီယာသောက်သလိုတော့ ဖြစ်နေပြီ။
    တတ်နိုင်ဘူးလေ။ ဟီး

    ReplyDelete
  16. အမရေ ဆီဗောက်ကလည်း မရှိတော့ ဒီမှာပဲ ရေးသွားပါတယ်။ တစ်မျိုးလုံးအကြိုက်ကောင်းလုံးလို့လေ ကျနော့အဒေါ်အပျိုကြီး ယောင်္ကျားရသွားပါရောလား။ သူ့ကိုလာလာဆိုပြတဲ့သီချင်းက နှလုံးသားထဲကတေးသံနာခံစေရော့ဆိုတဲ့သီချင်း။ တစ်သက်လုံး မိဘကိုလုပ်ကျွေးမယ်ဆိုတာ ဒီသီချင်းကြိုက်တာနဲ့ဖျက်လိုက်တယ်တဲ့လေ...

    ReplyDelete
  17. အသက်၃၈ ဆိုပေမယ့် ချစ်စရာကောင်းဆဲ တက်ကြွဆဲ ရေးတဲ့စာလေးတွေက ခံစားချက်အပြည့်ရှိနေဆဲပါ တန်ခူးရေ

    ReplyDelete
  18. မတန်ခူး အစ်မကို ဘာကြောင့်ရယ် မသိဘူး အဲဒီထက် ငယ်မယ်လို့ ထင်ထားတာ။ စာတွေက နုပျိုလို့ ဖြစ်ရမယ် ဟဲဟဲ..။ဟုတ်တယ် ပုံရိပ်လည်း မ တို့၊ ကိုတို့ တပ်ခေါ်တာ များတယ်။

    ReplyDelete
  19. ohhh,, i was guess that,, may be u r early 30.. i m ur fun and i like all of ur post,,i did respect u already,, now coz of ur age,, i respect u more :)
    Please write more about tartar,,how is he now?
    (tar won kyay tae myanmar lay ko ma myin buu pay mae,,chit lo par.)

    ReplyDelete
  20. သူလုပ်တာနဲ့ သူများငယ်လို့ မရတော့ဘူး ပြန်လျော်ပေး...စာတွေအများကြီးရေး

    ReplyDelete
  21. တန်ခူးရေ...

    သိပ်မှန်တာပါဘဲ...
    ကိုယ့်အသက်ကို သူများသိမှာ နဲနဲမှမကြောက်ပါဘူး..။
    ဘယ်သူလာမေးမေး အမှန်အတိုင်းပြောနေကျ...။ ပြီးရင် ကိုယ့်အသက်ကို မေးတဲ့သူတွေဆီက ဟယ်... မထင်ရဘူးနော်.. တော်တော်နုတာဘဲ.. ဆိုတဲ့ (မဟုတ်မှန်းသိသိနဲ့ အားနာပါးနာ ပြောတဲ့) စကားကို ပီတိတွေဖြာပြီး နားထောင်...။ ဆိုးတယ်နော်...။

    အခုလဲ ဘလော့ဂ်ထဲမှာ ဘာကိုမှ မလျှို့ ဝှက်ချင်ပေမယ့် အသက်ကြေငြာလိုက်ရင် ကိုယ်ဘယ်သူလဲ ဆိုတာ သိကုန်မှာတော့ စိုးရိမ်သား...။ ဒါကြောင့် ဘလော့ဂ်တွေလည်ပြီး ရေးခါနီးတိုင်း အခြေအနေကို အသာ အကဲခတ်ပြီး အမ ခေါ်သင့်တဲ့သူကို အမခေါ်၊ ကိုယ့်ထက် ငယ်မှာ သိသာနေတဲ့သူတွေကို ညီမခေါ်၊ ယောင်္ကျားလေး ဘလော့ဂ်ဂါတွေကို တော့ ကို တပ်ခေါ်...။ အဆင်ပြေသလို ကြည့်ကျက် လှုပ်ရှား နေရတာပေါ့လေ...။
    အမှန်အတိုင်းကတော့ ကိုယ့် ဘလော့ဂ်လေးကို လွတ်လပ်မှုတွေကို အပြည့်အ၀ ရှိစေချင်တာပါ။
    လူသိသွားရင် ရေးလို့ မကောင်းတော့ဘူး...။

    အိုကေလေ... အခုအတိုင်းကတော့ ကိုယ်က တန်ခူးကို တန်ခူးလို့ ဘဲ ခေါ်လို့ ရနေပြီး တန်ခူးကလဲ သက်ဝေကို သက်ဝေ လို့ ဘဲ ဆက်ခေါ်လို့ ရပါတယ်...။ ရှေ့ က မ တပ်ပြီးခေါ်ရလောက်အောင်တော့ မကွာခြားလှတာ တွေ့ ရပါတယ်...။

    ReplyDelete
  22. ဟင် အမက ၃၈ လို့ လုံးဝ မထင်ရဘူး ။ ၃၅ လောက် ထင်နေတာ ။ တကယ်ပါး)

    ReplyDelete
  23. မြတ်နိုးရေ… မြတ်နိုးကလဲ ကိုယ့်ညီမမို့  ညီမလို့ ခေါ်တာပေါ့နော်…

    ကိုပေါရေ… အဲလိုထင်ရောင်ထင်မှားတွေ မလုပ်နဲ့ လေ… အချင်းချင်းတွေကို… ကိုပေါက ကျွန်မရဲ့ မောင်လေးပါ… တူလေးတော့ မဟုတ်ပါနော်…

    မောင်မျိုးရေ… စာတွေ Mature မဖြစ်လို့ နေပါလိမ့်မယ်… မောင်မျိုးက အများကြီးငယ်တယ်ဆိုတာ သိပါတယ်… တီတီတန်ခူးလဲရတယ်နော်…

    ကိုအန်ဒီရေ… ကျွန်မရေးတဲ့စာလေးတွေက ကလေးဆန်နေလို့  နေပါလိမ့်မယ်… ခက်တာက ကျွန်မက လူသာကြီးပေမယ့် အချစ်ကြောင်းနုနုလေးတွေ ရေးချင်နေတုန်း… အင်း… Matureမဖြစ်ပုံ ပြောပါတယ်…

    နုရေ… မီးမီး မအားဖူးဆိုတာ သိသိနဲ့  အပူကပ်ရတာ အားတော့နာသား… ဒါပေမယ့် ဖတ်ချင်တယ်လေ…

    ချိုသင်းက စာရေးကောင်းတဲ့  ကိုယ်လေးစားရတဲ့ ဆရာမ မို့ ပါ… မြင်ရင်တော့ အဲလို ခေါ်မိမှာ မဟုတ်ပါဘူး….

    မဇနိရေ… ဒါဆို ညီမက အမညီမအငယ်ဆုံးနဲ့ ရွယ်တူပဲ… အမလို့ ခေါ်လို့ ရသေးတယ်… ဟဲဟဲ… တို့ ကလဲ မဇနိကို တို့ ညီမအရင်းလေးလို ခင်မိပါတယ်… တကယ်…

    ဝေရေ… ကျေးဇူးပါညီမရယ်… ခံစားချက်တွေ မျှဝေခံစားပေးတဲ့ ညီမ တယောက်ကောက်ရတာပေါ့….

    ကိုတားမြစ်ရေ… ဟုတ်ပါတယ်… ခင်မင်မှုက အဓိကမို့  ဘယ်လိုခေါ်ခေါ်ရပါတယ်…

    ကိုသစ်နက်ဆူးရေ… တော်သေးတယ်… သက်ပြင်းချနိုင်တဲ့ အသက်မို့ နော်… အမြဲလာလည်မှာစိတ်ချနော်…

    မကေရေ… ညီမလေးရေ…

    အင်း… ကိုပီတိရေ… အဲလောက်ဆို သဘောပေါက်ပြီနော်…

    မောင်လေးက သိပ်တော်… ဟုတ်ပါ့… အမထဲမှာ အကြီးဆုံးလေ…

    ဟုတ်လို့ လား… ယုံပါဘူး… ဒါဆို ပန်က အသက်ဘယ်လောက်လဲ ပြောပြ(နောက်တာနော်… ငယ်တယ်ဆိုတာ သိပြီးသား)… အလွန်ဆုံးကွာလှ ပန်ဒိုရာနဲ့  ပန်ဒိုရီလောက်နေမှာပါ… ဟုတ်တယ်ဟုတ်…

    ကိုဝေလင်းရေ… ဟုတ်ပါရဲ့… ဒါပေမယ့် ကျွန်မက ဘီယာမကြိုက်တော့ ကလေးတွေနဲ့ ကစားနေမိတယ်…

    ဟိဟိ… အဲဒါလွှမ်းမိုးသီချင်းမိုလား… အင်း… ကြွေလဲကြွေစရာ…သီချင်းလေးက ကောင်းတာကို…

    နှင်းပန်းရေ… အချင်းချင်းဆိုတော့ မြှောက်လိုက်ဦး…

    ပုံရိပ်ရေ… လူက နုခွင့်မရတော့ စာတွေကို နုထားတာလေ… ကျေးဇူးပါညီမရေ…

    Ritaရေ… ကျေးဇူးပါ… ကျွန်မရဲ့စာတွေ ကြိုက်တယ်သိရလို့  အရမ်းဝမ်းသာမိပါတယ်…
    သားသားရဲ့ ပရိသတ်ပေါ့နော်… သားအကြောင်းတွေကတော့ ရေးမကုန်ပါပဲ… အခုသူအရမ်း လိမ္မာလာတယ်… အမြဲလာလည်ဖို့ ဖိတ်ခေါ်ပါတယ်… ဒါထက် Ritaရဲ့ ဘလော့ဂ်လိပ်စာက ဘာလဲဟင်…

    မ ရေ… ညီမလေးကို သနားပါဦးနော်… ဒီမှာ အမတွေ အဒေါ်တွေပဲ အခေါ်ခံနေရတာ… တခါတလေ မ လို့ ခေါ်ပါရစေနော်…

    သက်ဝေက တော်တယ်… နောက်ဆို သက်ဝေ ဘယ်လို ခေါ်လဲဆိုတာ အခြေအနေလာကြည့်မှ… တော်သေးရဲ့ သက်ဝေက အမလို့ မခေါ်ရလို့ …ဒီမှာအားငယ်နေတာ…

    ဂျစ်တူးရေ… ဒါတောင် အပြင်မှာ မမြင်ဖူးလို့ နော်(နောက်တာပါ)…ကျေးဇူးပါ… ငယ်ငယ်လေးထင်ခံရတာ စာတွေ မရင့်ကျက်လို့ ပဲ ဖြစ်မယ်ညီမရေ…

    ReplyDelete
  24. အခုမှပဲ အေးအေးဆေးဆေး စာလာဖတ်ရတော တန်ခူးရေ..။ အဲ... မတန်ခူး...။ :D
    ကျနော် တွေးတော့ တွေးမိပါသေးတယ်။ ကျနော့်ထက် အသက်များကြီးနေမလား မသိဘူးပေါ့။ ရေးနေတဲ့ စာတွေကလဲ ဆယ်ကျော်သက်တယောက် ရေးနေတဲ့ပုံစံမှ မပေါက်တာကိုး။ :P ဒါပေမယ့် တန်ခူးဆိုတဲ့ ကလောင်နာမည်ကို `မ´ တပ်ပြီး ခေါ်ရတာ အာသိပ်မတွေ့တာနဲ့ တန်ခူးနေလိုက်တာ။ အခုတော့ `မတန်ခူး´ မှ ဖြစ်တော့မယ်။ ကလောင်နာမည်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်၊ မတန်ခူးလိုက်တာပဲ ကောင်းပါတယ်လေ လို့ စိတ်ပိုင်းဖြတ်လိုက်တော့မယ်။ :D

    မတန်ခူးက `ကျွန်မအသက် ၃၈ ခစ်ခစ်ခစ်´ ဆိုတော့ ကျနော်လဲ ကျနော့်အသက်ကို ဘယ်လို ကာရန်ယူရင်ကောင်းပါ့မလဲ လို့ မဆီမဆိုင်တွေးလိုက်သေးတယ်...။ ခစ်ခစ်ခစ် လဲ မဟုတ်၊ ဟေးဟေးဟေးလဲ မဟုတ်၊ ဟားဟားဟားလဲ မဟုတ်၊ ဟိုးဟိုးဟိုးလဲ မဟုတ်...။ ခက်တော့နေပြီ။ ကျနော့်အသက်ကို မျိုးကျော့မြိုင် သီချင်းတပုဒ်ထဲမှာ ပါပါတယ်ဗျို့။ :)

    ခင်မင်လေးစားစွာ
    ကလိုစေးထူး

    ReplyDelete
  25. အင်း အဲဒါဆို အစ်မက RIT ကျောင်းမှာ ကျွန်တော်တို့ထက် အများကြီး စီနီယာ ကျတာပဲဗျ။ အစ်မ ဘွဲ့ယူတဲ့အချိန်မှာ ကျွန်တော် ကျောင်းတောင် မရောက်သေးဘူး။ အဲဒီလောက်ထိပဲ အသက်ကွာတာပါ။ အဟီး...

    ReplyDelete
  26. လာလည်ပါတယ် အန်တီရေ ဟီး ဟီး

    ReplyDelete
  27. ပေါ်ကုန်ပြီဗျို့
    အမကြီးပို့စ်ကျမှ တော်တော်များများအသက်တွေ ခန့်မှန်းနိုင်တော့တယ်။
    မတန်ခူး -၃၈
    မမိုးချိုသင်း -၃၇
    ကိုပီတိ -၃၂
    မဇနိ -၂၈

    မသီတာက မတန်ခူးထက်ကြီးတယ်။
    မသက်ဝေက မတန်ခူးနဲ့ မတိမ်းမယိမ်း။
    မနုစံ မကေ မပန် မဂျစ် နဲ့ ကိုအန်ဒီတို့က မတန်ခူးထက် ပိုငယ်မယ်။

    ဟုတ်ကဲ့ခင်ဗျာ
    အကိုတွေ အမတွေအားလုံးကို ဘလော့ဂါမော်ကွန်းမှာ ကဗျည်းထိုးလိုက်ပါပြီ
    ဘလော့သက်ကြီးပူဇော်ပွဲကြရင်......

    ReplyDelete
  28. အစုတ်ပလုတ် အရှုပ်ထုတ်ကလေး တောင်ငူ...
    သိရင် စိတ်ထဲမှာဘဲ မှတ်မထားဘူး...
    ဘလော့ဂ် သက်ကြီးပူဇော်ပွဲများ တောင်မှ ကျင်းပလိုက်ချင်သေးသတဲ့...။
    တန်ခူးရေ... မှားပြီဟ...။

    ReplyDelete
  29. မောင်လေးက မမ နဲ့ တော်တော် လေး ပိုငယ်ပါတယ် မမ :) he he he
    အနော်နည်း R.I.T (Y.T.U) ကဘာဘဲ မမ.
    မောင်လေး blog က http://mmgamedev.blogspot.com/

    ဟားဟား မောင်လေးမောင်လေး နဲ့ ပြောရတာ တော်တော်အရသာရှိတာပဲ

    ReplyDelete
  30. ကိုစေးထူးရေ… ဒီလောက်ဆို ကိုစေးထူး အသက်ကို သဘောပေါက်ပြီ… အဲဒီသီချင်းကို ကျွန်မသိတယ်… တန်ခူးလို့ ခေါ်ခေါ် မတန်ခူးလို့ ခေါ်ခေါ်ရပါတယ်…

    JulyDreamရှင်းပြတာ တကယ့်ကွက်ကွက်ကွင်းကွင်းပဲ… တို့ ညီမအငယ်ဆုံးနဲ့ တို့ က အဲလောက်ကွာတော့….အင်း… မောင်လေးပဲပေါ့…

    သားလေးစိုးမင်းထိုက်… အသက်မပြည့်ပဲ ဘလော့ဂ်နေတာလားကွယ်…(နောက်တာနော်)

    ဟေး… ဘာလို့ တို့ က ထိပ်ဆုံးမှာလဲ… တို့ ထက်ကြီးသူတွေ ရှိသေးတယ်လေ…

    သက်ဝေရေ… စိတ်မပူနဲ့ … တန်ခူးတို့ အရွယ်က ဟော်လီဝုဒ်က မင်းသမီးတွေ ၀င်ငွေ အကောင်းဆုံးအရွယ်….

    mmgamedevရေ… မောင်လေး စိတ်ချမ်းသာသလို ခေါ်ပါမောင်လေးရယ်… ခုလို လာလည်တာ ကျေးဇူးပါမောင်လေး… နောင်လဲ လာလည်ဖို့ ဖိတ်ခေါ်ပါတယ် မောင်လေး…ကဲ… မောင်လေးတွေ အများကြီးခေါ်လိုက်ပြီ….

    ReplyDelete
  31. ၃၈ နှစ်ရှိပြီဆိုတော့ 88 တုံးက အသက် ၁၈ နှစ်ပေါ့နော်။

    ReplyDelete