Friday, August 22, 2008

သဘာဝလွန်



ဖရဲသီးတွေလုံးနေသမျှ
မင်းကိုမမုန်းဘူးလို့  သွားပြီး ကတိ မပေးလိုက်နဲ့ နော်။
ဒီခေတ်ကြီးမှာ ဖရဲသီးလေးထောင့်ကြီးလဲ ရှိနေပြီ။ ရုံးက သူငယ်ချင်းတွေနဲ့  Thomson Plaza မှာ ထမင်းစားပြီး အဲဒီက NTUC ကို ပတ်တော့ ဖရဲသီးလေးထောင့်ကြီး အလှပြထားတာ သွားတွေ့ တာ။ အတုအောင်မေ့လို့  လက်သည်းလေးနဲ့  အသာဆိတ်ကြည့်သေးတယ်။ ကိုယ့်လို စမ်းထားတဲ့ သူတွေရဲ့ လက်ရာလေးတွေ တောင်တွေ့ သေး။ အင်း… သဘာဝတရားဆိုတာကလဲ….။


လှတာလေးမှ လိုချင်တယ်ဆိုလည်း နဲနဲတော့ သတိထားဦးနော်။ တော်ကြာ အတုဖြစ်နေမှ။ သူငယ်ချင်းတယောက်ပို့ တဲ့ အီးမေးလ်ထဲက ချောချောလေးတွေ။ ကောင်မလေးတော့ မဟုတ်ဘူုး။ အော်ရစ်ဂျင်ကောင်လေးမှ ကောင်မလေး တဖြစ်လဲ။ ဘယ်လိုလဲ။ ကိစ္စမရှိပါဘူး… လှရင်ပြီးတာပဲ ဆိုရင်တော့ သဘောပဲ။ အင်း… သဘာဝတရားဆိုတာကလဲ….။

တန်ခူး
5:30pm 22-Aug-2008

8 comments:

  1. အမပြောမှပဲ ဖရဲသီးလေးထောင့်ကြီးမြင်ဖူးတော့တယ်။ ထူးဆန်းလိုက်တာနော်.. :) တခါမှ မကြုံဖူးဘူးရယ်..

    အင်း တချို့အခြောက်တွေက မိန်းကလေးတွေထက်တောင် ပိုချောနေကြသေးတယ်။ အဲဒီလို လူမျိုးတွေလည်း စဉ်းစားရခက်ပါတယ် အမရယ်.. ဘာကြောင့်များ ပြောင်းလဲကုန်ကြတာလည်း မသိဘူး..

    ReplyDelete
  2. ဖရဲသီးကြီးတော့ စိတ်ဝင်စားတယ် ကိုင်ချင်ကြည့်လိုက်တာ အောက်ကဟာကြီးတွေကိုတော့ ဟီးဟီးး :)

    ReplyDelete
  3. အမ ဒီမှာလဲရှိပါတယ်။ ဟိုးနေ့က သူငယ်ချင်းနဲ့တောင် ပြောဖြစ်ကြသေးတယ်။
    ဘယ်သူမှ တော့ သိပ်စိတ်မဝင်စားကြဘူးလေ..
    ကိုယ်တွေကိုတောင် ခပ်တည်တည်ကြည့်နေကြလို့...
    အသာပြန်လစ်လာရတယ်


    မြတ်နိုး

    ReplyDelete
  4. သဘာဝလွန်ဆိုရင်တော့ မကောင်းတာများပါတယ်။ ဒါပေမဲ့ လူတွေကလည်း အဲဒါမျိုးတွေဆို စိတ်ဝင်စားကြတယ်ကိုး။

    ReplyDelete
  5. ခေတ်ကလဲ တိုးတက်လွန်းတော့ အကုန်လုပ်လို့ ရနေတာပဲနော်။
    ဖရဲသီးကိုတော့ လေးထောင့်ပဲဖြစ်ဖြစ်၊ ကြယ်ပုံပဲလာလာ သဘောကျပါတယ်။ စားလို့ရတာကိုး။

    ReplyDelete
  6. ဟား...ဟား... လှတာမက်တော့ ညစာခက်မယ်ဆိုတာ ဒါမျိုးကို ပြောတာနေမှာ။

    ReplyDelete
  7. သဘာဝလွန်ရင် ဘယ်အရာမှ ကောင်းသည်ဟု မထင်မိပါ။ ဟီဟိ...
    စိုင်းထီးဆိုင်ရဲ့  သီချင်းထဲကလို
    သဘာဝဟာ သဘာဝပါ... ဆိုတာမျိုးဘဲ ကောင်းပါတယ်နော်...။

    ReplyDelete
  8. ဟုတ်တယ်နုရေ… တို့ လဲ တွေ့ တွေ့ ချင်းမယုံဘူး… ထူးဆန်းလို့ …

    မောင်မျိုးရဲ့commentကိုဖတ်ပြီး တို့ အမျိုးသား ရ်ီနေတယ်…

    ဟိုတနေ့ က ရုံးကMeetingမှာပြောနေကြတယ်… တချို့ နိုင်ငံတွေမှာ Genderက Confidential တဲ့ မြတ်နိုးရေ… တမျိုးပဲနော်…

    ဟုတ်ပါရဲ့ကိုတားမြစ်ထားသောရေ… ခုပဲကြည့်လေ… ကိုယ်ကိုယ်တိုင် စိတ်ဝင်တစားနဲ့  ပို့ စ်တခုတင်ဖြစ်တာသာကြည့်…

    ဟီး..ဟီး… မ ကတော့ လုပ်ပြီ… ဟုတ်တယ်နော်… ကျွန်မတောင် စဉ်းစားနေတာ… လေးထောင့်ဆို ပိုခွဲရလွယ်မယ်လို့ …

    ညစာလဲ ခက်ချင်မှခက်မှာ ကိုပေါရေ… တချို့ က မိန်းမအစစ်ထက်တောင် ချက်တတ်သေး…

    ဟုတ်တယ်နော် သက်ဝေ… သဘာဝအတိုင်းက ပိုသဘာဝကျပါတယ်…

    ReplyDelete