Tuesday, July 29, 2008

မောင်နဲ့ ကျွန်မ

ဂျင်း၊ကြက်သွန်ဖြူနံ့လေးမွှေးနေတဲ့ ပုရစ်ကြော်ကြွပ်ရွရွလေးများ ကျွန်မအားရပါးရ တကြွပ်ကြွပ်ဝါးနေပြီဆိုရင် မောင်က ကြက်သီးတွေထပြီး မျက်နှာလွှဲတတ်တယ်။ ဂဏန်းလက်မထဲက အသားကို စိတ်ရှည်ရှည်ထုတ်စားပြီဆို မောင်က မျက်နှာတွေရှုံ့ မဲ့ပြီး သားစားကျူးတဲ့ ဘီလူးတယောက်လို ကျွန်မကို ကြည့်ရော။ ကြက်ခြေထောက်ဟင်းချိုချက်ရင် ဟင်းချိုခွက်ထဲက ခြေထောက်တွေ ကျွန်မပန်းကန်ထဲ ထည့်မှ မောင်က စိတ်ချလက်ချသောက်တယ်။ ကျွန်မမို့  မဆလာနံ့ မွှေးမွှေးလေးနဲ့  ဆိတ်ဦးနှောက်ဟင်းကို မြိန်ရေလျှက်ရေစားရင် မောင်က ရက်စက်လိုက်တာလို့  ပါးစပ်ကတောင် ထုတ်ပြောတတ်တယ်။ အစားအသောက်ဆို အဲဒီလို ပေါက်ကရတွေ စားရတာနှစ်သက်တဲ့ ကျွန်မနဲ့  အရိုးနူးအောင်ပေါင်းထားတဲ့ ငါးသလောက်ပေါင်းထဲက နူးနေတဲ့ အရိုးတွေကိုတောင် နွှင်စားတတ်တဲ့ မောင်နဲ့ က ဘယ်လောက်ထိ ရှေ့ သွားနောက်လိုက်ညီလိုက်ပါသလဲ။

မျောက်ရှူံးအောင်ဆော့သည့် သားကိုတွေ့ တော့ မောင်တို့ ဘက်က ဆွေမျိုးတွေက မောင်ငယ်ငယ်ကနဲ့  တခြားဆီပဲဆိုတဲ့ လေသံတသံထဲ ထွက်ကြတော့ ကျွန်မ
ခပ်တည်တည်နဲ့  ငြိမ်နေရတယ်။ မောင်ငယ်ငယ်က ကြမ်းပေါက်တောင် မကျော်ရဲလောက်အောင် အေးဆေးငြိမ်သက်တယ်လို့  မောင့်မေမေက ချီးကျူးရင် ငယ်ဘ၀ရဲ့ လွတ်လပ်ပေါ့ပါးတဲ့ အတွေ့ အကြုံတွေ ဆုံးရှုံးခဲ့တဲ့ မောင့်ကို သနားမိတယ်။ ကျွန်မ ငယ်ငယ်က အိမ်ဘေးအိမ်က အဆင်သင့် ခူးပြီးသား မာလကာသီးကို ဘယ်တော့မှဝယ်မစားပဲ အပင်ပေါ်ကိုယ်တိုင်တက်ခူးမှ ကျေနပ်တတ်တာကိုတော့ ထိပ်တန်းလျို့ ဝှက်ချက် အနေနှင့် မောင့်မေမေကို မပြောဖြစ်။ မောင့်မေမေက မောင့်ကို အိမ်ရှေ့ မှာ ကစားစရာ တခုပေးထားရင် ငြိမ်ငြိမ်လေးဆော့နေရောတဲ့။ မောင့်ငိုသံများကြားရင် ဧည့်သည်တယောက်ယောက်လာတာ သေချာတယ်တဲ့။ အဲဒီအခါတိုင်း ငယ်တုန်းက အညာမှာ အဖော်ကောင်းလို အိမ်ကမသိအောင် တမတ်တန်းက ရုပ်ရှင်ခိုးကြည့်တဲ့ ကိုယ့်အကြောင်းကိုယ်တွေးပြီး ကြိတ်ပြုံးမိတယ်။

ဒီလို ရာဇ၀င်တွေ ရှိတဲ့မောင်က ခုထိ ဧည့်သည်လာရင် သားကို အကြောင်းပြပြီး အခန်းထဲ ၀င်ရှောင်နေတတ်တယ်။ ကျွန်မသာ လာသမျှဧည့်သည်တွေကို ဒိုင်ခံဧည့်ခံရမြဲ။ နဂိုကလဲ စကားများတတ်သူဆိုတော့ ဧည့်သည်လာရင် ကျွန်မအသံနဲ့ ညံရော။ အလှူအတန်းများရှိရင် မောင်က မီးဖိုချောင်ထဲမှာ တကုတ်ကုတ်လုပ် ကျွန်မက ဧည့်ခံနဲ့  နောက်တနေ့ ကျတော့ အသံတွေဝင်တဲ့ အထိ။ ယုတ်စွအဆုံး ဖုန်းလာရင်တောင် ကျွန်မကို ထိုးပေးတတ်တဲ့အထိ မောင်က စကားပြောရမှာ အလွန်ကြောက်။ ကျွန်မကတော့ တခါတလေ မဆက်သွယ်တာကြာတဲ့ သူငယ်ချင်းတွေဆို နေမထိထိုင်မသာနဲ့  အဆက်အသွယ်လုပ်
သူ့ အကြောင်းကိုယ့်အကြောင်း ဝေမျှ။ ခုမှတွေ့ ဖူး၊ မြင်ဖူးသူတွေက ခဏကြာရင် ငယ်ပေါင်းတွေလို စကားတွေ ဖောင်ဖွဲ့ တတ်တဲ့ ကျွန်မကို မောင်က လက်ဖျားတခါခါ။

သဘာဝလွန် ရုပ်ရှင်ကားမှာများ မောင်နစ်မျောနေလျှင် အနားမှာဆင်အော်နေတောင် မကြားတော့။ ကာတွန်းကားတွေကိုတော့ သားထက်တောင် နှစ်ခြိုက်တတ်သေး။ အချစ်ကားနုနုလေးတွေ ကြည့်ပြီး စကားတခွန်း၊ မျက်တောင်တခတ်မှအစ အသေးစိတ် ခံစားတတ်သော ကျွန်မကို မောင်က ဟာသလုပ်တတ်တယ်။ ကျွန်မများ ရုပ်ရှင်ကြည့်ရင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာရင် သားကို အဖော်လုပ်ပြီး ရယ်မောလို့ မဆုံး။

အားလပ်ချိန်တွေဆို မောင်က တီဗွီရှေ့ မှာ အားကစားလိုင်းကို မလွတ်တမ်းကြည့်ပြီး အပန်းဖြေ။ ကျွန်မကတော့ စာအုပ်တအုပ်ကို အသဲအသန်ဖတ်၊ မဖတ်ရင် Blog ထဲ စုန်းစုန်းမြုပ်။ မောင်က ဘောလုံးသမား တယောက်ယောက်ရဲ့ ကစားပုံကို မချင့်မရဲ ပြောလိုက်ရင် ကျွန်မက ဝေေ၀၀ါးဝါးနဲ့ ထောက်ခံရသလို မောင်ရယ်ဒီcomment လေးက တော်တော်ရယ်ရတယ် ဖတ်ကြည့်ပါဦးဆိုရင် ကျွန်မစိတ်ကျေနပ်အောင် မောင်က ဖတ်ချင်ဟန်ဆောင်ပေးရတယ်။ အဲဒီလောက် ၀ါသနာတွေ ကာရံညီလွန်းတဲ့ မောင်နဲ့ ကျွန်မပါ။

မောင်နဲ့ ကျွန်မ ရှားရှားပါးပါး တူတာဆိုလို့  သီချင်းလေးတွေ ချစ်တတ်တာပဲ ရှိတယ်။ မောင်ကြိုက်တဲ့ အဆိုတော်တွေနဲ့  ကျွန်မကြိုက်တဲ့ အဆိုတော်တွေကတော့ ထူးထူးခြားခြား တထပ်ထဲ။ မောင်မြတ်မြတ်နိုးနိုးဆိုညည်းတတ်တဲ့ သီချင်းတွေက ကျွန်မရူးသွပ်သည့် သီချင်းတွေ။ မောင် ဂီတာတီးတဲ့ အချိန်တွေဆိုရင် ထူးပြီး အဖော်စပ်စရာမလို ကျွန်မက အနားရောက်ပြီးသား။

မောင်နဲ့ လက်မထပ်ခင်က သူများတွေ ပြောတဲ့ ရုပ်ချင်းတူရင် ဖူးစာဆုံတတ်တယ် ဆိုတာကြီးကို စိတ်ပူပြီး မောင်နဲ့ ဘယ်နေရာများ တူလဲဆိုတာ ညှိကြည့်ရတာအမော။ မောင်ကဖြူ၊ ကျွန်မကညို… မောင်က မျက်အိမ်ကျဉ်း၊ ကျွန်မက မျက်အိမ်ကျယ်…
မောင်က နှုတ်ခမ်းပါး၊ ကျွန်မက နှုတ်ခမ်းထူ… မောင်က နှာခေါင်းချွန်၊ ကျွန်မက နှာခေါင်းလုံး… ဘယ်နေရာမှ တူတာ ရှာမတွေ့ တဲ့အခါ ရုပ်ချင်းတခြားစီိနဲ့  ချစ်ခင်စွာ ပေါင်းသင်းနေကြသူတွေကို တွေ့ ရမှ စိတ်သက်သာရာ ရသည်လေ။

အဲဒီလို ရုပ်ချင်းရော အကြိုက်ချင်းပါ တွင်တွင်ကြီး ကွဲနေကြတဲ့ ကျွန်မနဲ့ မောင်ရဲ့ နှစ်ယောက်တဘ၀… ခု ဆို သားလေးနဲ့ သုံးယောက်တဘ၀လေး သာယာခိုင်မြဲနေခြင်းရဲ့
လျို့ ဝှက်ချက်မှာ နားလည်မှုနဲ့  ချစ်ခြင်းတရားကလွဲလို့  ဘာများဖြစ်နိုင်ဦးမှာလဲ။

တန်ခူး
9:10pm 29-Jul-2008

21 comments:

  1. အမရေ ... ဖတ်ရတာ ကြည်နူးစရာ ကောင်းလိုက်တာ ။ သားလေးတယောက်ရပြီးတဲ့ထိ ခုလို နူးညံ့တဲ့ romance မျိုး အားကျပး) အသွင်မတူ အိမ်သူမဖြစ်ဆိုတာ အမတို့အတွက်တော့ မှားတယ်ပေါ့နော် ။

    ဒါနဲ့ အမလို မာလကာသီးစားရင် သစ်ပင်ပေါ်တက် ခူးစားတာကိုလည်း ကျမက ကြိုက်တယ် ။ ဒါကြောင့် အင်ဂျင်နီယာဖြစ်လာကြတာလား မသိး)

    ReplyDelete
  2. မှန်လိုက်တာ...
ြဲကည်နူးစရာပဲ...
    အမရေ...
ိအဲဒါကို ကံကောင်းတယ်လို့ပြောရင် အမ သိပ်ကံကောင်းပါတယ်...။
    နားလည်မှူက အရေးကြီးဆုံးလို့ ထင်ပါတယ်...။
    ကိုယ်ကျင့်သိက္ခာကလဲ လိုပါသေးတယ်။
    သိပ်ကံကောင်းတဲ့ အမတို့ မိသားစုပဲ...။
    ရာသက်ပန် အိုအောင်မင်းအောင် ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်ပါစေလို့.....ဆုတောင်းပေးပါတယ်

    ReplyDelete
  3. မတူလေသူနှစ်ဦးရဲ့ ပေါင်းစည်းမှုပေါ့တန်ခူးရေ….“မောင့်”အကြောင်းကို ပိုသိလိုက်ရလို့ ပိုသဘောကျသွားပြီ။

    ReplyDelete
  4. အစ်ကို့  စရိုက် အေး၂ဆေး၂ လေးကိုလည်း သဘောကျတယ် အစ်မလို ပေါင်းသင်းဆက်ဆံရေးတော်တဲ့ သူကိုရထားတာ ကံကောင်းတာပေါ့ အသွင်မတူပေမယ့် ဒီအိမ်သူ အိမ်သားတွေရဲ့ ချစ်ခရီးလေးက နုညံ့နေတယ်း)

    ReplyDelete
  5. အကြိုက်ချင်းညီဖို့ ထက် အချစ်ချင်းညီဖို့ ...
    နားလည်မှုချင်းညီဖို့ က အရေးအကြီးဆုံးပါ တန်ခူးရေ...
    သာယာချမ်းမြေ့တဲ့ မိသားစုလေးတစ်ခု ချစ်ခြင်းတွေ နှစ်တစ်ရာတိုင် တည်တံ့ခိုင်ကြည်ပါစေ..။

    P.S. သက်ဝေတို့ လဲ ရုပ်ချင်း လားလားမှ မဆင်ပါလေ..။

    ReplyDelete
  6. ကြည်နူးစရာလေးဗျာ.. အားကျတယ်ဗျို့ :)

    ReplyDelete
  7. ကျွန်တော်တို့လည်း အဲဒီလိုပဲ … မတန်ခူးရေးထားတာ ကြည်နူးဖို့ ကောင်းတယ်။ Link ပေးချင်လို့ Name-URL နဲ့ Comment ပေးခဲ့တာပါ။ ခင်မင်လျက် - Andy

    ReplyDelete
  8. ဖတ်ရတာ တကယ် ကြည်နှုးစရာလေးပါ။ ကျန်တဲ့ အသွင်မတူပေမယ့် နှစ်ဦးသား ချစ်ခင်မြတ်နိုး နားလည်နေတာက တူနေတာကိုး…

    ရွှင်လန်းချမ်းမြေ့ပါစေ။

    ReplyDelete
  9. မတန်ခူးရေ.. ဖတ်ရတာရော ရေးထားတာပါ ကောင်းလွန်းလို့ ... စာဖတ်ရင်းကလည်း ကိုယ့်အဖြစ် ကိုယ်တွေးနေမိသေးတော့တယ်.. ကျနော်လည်း စကားများပြီး မာလကာပင်ပေါ်တက်ရတာ သဘောကျလို့.. :D

    အမပေါင်းသင်းဆက်ဆံရေးကောင်းတာတော့ လက်ခံတယ် သိလား။ လူချင်းမမြင်ဖူးပေမယ့် blog ပေါ်မှာတင် အမကို ခင်တယ်.. ပြီးတော့ မတန်ခူးတို့ရဲ့ မိသားစုဘ၀လေးကို အားကျတယ်.. :)

    ReplyDelete
  10. အမေက ချွေးတပြိုက်ပြိုက်ကျနေပြီး ယပ်တောင် တဖျတ်ဖျတ်ဖြစ်နေချိန်မှာ အဖေက စောင်ခြုံပြီး ဟပ်ချိုးတွေ ဆက်တိုက်ချေ နေတဲ့ မြင်ကွင်းလေးကို ပြန်မြင်ယောင်သွားတယ်…

    ReplyDelete
  11. Enjoy reading it. As a married couple, you complement each other.

    ReplyDelete
  12. အား... တယ်လည်းအားရစရာ ချစ်ခြင်းကမ္ဘာလေးပါပဲ။ နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ဖွယ် မိသားစုလေးအဖြစ် ဖြတ်သန်းနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

    ReplyDelete
  13. အမတန်ခူးရေ အားကျတယ်ဗျာ။ ရေးထားတာကလည်း ဖတ်လို့ကောင်းတယ်။ နောင်များမှ ကိုဇနိဆီက ဂစ်တာတီးသံ နားထောင်ကြည့်အုံးမယ်အမရေ။

    ReplyDelete
  14. အရမ်း ကြည်နူးစရာ ကောင်းမယ့် မေတ္တာရိပ်မြုံလေးပဲနော်း-)

    ReplyDelete
  15. အဲဒါ- opposite attraction ဆိုတာမျိုးလား မသိနော်။ တော်၂ များများ အတွဲ တွေ..ဒီလိုချည်းပါပဲ။ ကိုယ်တိုင် အပါအ၀င်ပေါ့ ။း)

    ReplyDelete
  16. I really appreciate your life..
    I hope to get a GF like this too.
    :D
    Pls pray fro me.

    ReplyDelete
  17. ဟုတ်ပါတယ်ဂျစ်ရယ်… အသွင်မတူအိမ်သူမဖြစ်ဆိုတာ တို့ နဲ့ ကျတော့ လုံးလုံးကြီး လွဲတော့တာပဲ… ဟိဟိ… ဒါကြောင့်အင်ဂျင်နီယာမတွေဆို လန့် ကြတာနဲ့ တူတယ်…

    ကျေးဇူးပါ မြတ်နိုးရေ… ပေးတဲ့ဆုနဲ့ ပြည့်ပါစေ…

    ကိုပေါရေ… သူကတော့သူ့ အကြောင်းတွေ ဖေါ်ကောင်လုပ်လို့ စိတ်တွေဆိုးနေလေရဲ့…

    မအေးတအေးပေါ့မောင်မျိုးရေ…

    ဆုတောင်းလေးအတွက် ကျေးဇူးပါ သက်ဝေရေ…. သက်ဝေတို့ လဲ ရုပ်ချင်းမဆင်ဘူးဆိုတော့ တို့ နဲ့ တူတာပေါ့နော်…

    ကျေးဇူးပါ mtjရေ… ခုလို လာလည်တာ ကျေးဇူးနော်… နောင်လဲ လာလည်ပါဦးနော်…

    အဲဒီပို့ စ်လေးကို ကြိုက်တယ်…ဒီကလည်းကိုအန်ဒီတို့  မိသားစုလေးကို ကြိတ်ပြီး အားကျနေတာ… ခုလို လာလည်တာ ကျေးဇူးနော်… နောင်လဲ လာလည်ပါဦးနော်…

    ဟုတ်ပါလိမ့်မယ် ကိုပီတိရေ… တခုခုကတော့ လျို့ ဝှက်စွာတူညီနေလို့ ပေါ့နော်… ခုလို လာလည်တာ ကျေးဇူးနော်… နောင်လဲ လာလည်ပါဦးနော်…

    နုရေ… ဒါကြောင့်လဲ မြန်မြန်ကြီး ခင်မင်သွားတာ ထင်တယ်… ပုံစံချင်းတူလို့ လေ… အားကျရင် လူဦးရေတိုးတော့လေ… နောက်တာနော်…

    အိမ့်ရေ… ဟိဟိ… အိမ့်ဖေနဲ့ မေလဲ အဲလိုလေးတွေ ရှိတယ်လား…

    ကျေးဇူးပါ Anonymous…

    ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ကိုတားမြစ်ထားသောရေ… ကျေးဇူးနော်…

    ကိုဇနိလဲ ဂီတာတီးတယ်လား… ဂီတာသံကလဲ မြန်မာပြည်ကို အလွမ်းပြေစေတယ်…

    အင်း… တခါတလေကျတော့လဲ တိုက်ပွဲတွေရှိတာပေါ့… လျှာနဲ့ သွားလေ ကောင်းကင်ကိုရေ….

    မကေပြောတာ ဖြစ်နိုင်တယ်နော်… မကေတို့ လဲ တူတူပဲလား… ရေးပါဦး… ဖတ်ချင်လို့ …
    ဆုတောင်းပေးပါမယ် ရိုးရာရေ…

    ReplyDelete
  18. ဟိဟိ မောင်နဲ့ ကျွန်မကို ခုမှ ပြန်ဖတ်ရတယ်။
    အဲဒီတုန်းက မဖတ်ခဲ့မိတာလား မေ့သွားတာလား မသိဘူး။
    မတူတာတွေရှိသလို တူတာတွေလဲ ရှိတာပေါ့နော်။
    ဒါဆို ဘဲစားဘဲချေပဲ။ :)
    မ-က ကံကောင်းတယ်နော်။ ဒီလို အိမ်ထောင်ဖက်မျိုးရတာ။
    မ-နဲ့ အတင်းလိုက်တူရရင် ပုရစ်ကြော် ကြိုက်တယ်။
    မရဲ့ မောင်-နဲ့ အတင်း လိုက်တူရရင်တော့ ဧည့်သည်တွေ ဧည့်မခံချင်တာ။ နောက်ဘက်မှာ ဘာလုပ်ရလုပ်ရ။ :P

    ReplyDelete
  19.း))
    ဒီမှာလည်း တပြုံးပြုံးနဲ့ ဖတ်သွားပါတယ်း))

    ReplyDelete
  20. Very touching story and a good miss-match to complete the harmony. Bigger heart, mutual understanding is the most and effective to bring this kind of life to love each other.

    Sorry for not typing in Myanmar since I don't know how to type in Myanmar.

    Hope every couple can live together in harmony.

    ReplyDelete
  21. Very touching story and a good miss-match to complete the harmony. Bigger heart, mutual understanding is the most and effective to bring this kind of life to love each other.

    Sorry for not typing in Myanmar since I don't know how to type in Myanmar.

    Hope every couple can live together in harmony.

    ReplyDelete