tag:blogger.com,1999:blog-59709619023016325902024-03-13T07:01:18.150+08:00လေနုအေးတန်ခူးhttp://www.blogger.com/profile/08326357917406062761noreply@blogger.comBlogger235125tag:blogger.com,1999:blog-5970961902301632590.post-72928633590053901152018-06-10T10:17:00.000+08:002018-06-10T10:17:07.371+08:00ဆယ်တန်းအောင်ရင် ဘာလုပ်ကြမယ်... ဘွဲ့ ရရင် ဘာလုပ်ကြမယ် (အပိုင်း -၂)ဘွဲ့ ရရင် ဘာလုပ်ကြမယ်
"ကျွန်တော်ဒီနှစ် နောက်ဆုံးနှစ်မို့  ကျောင်းပြီးတာနဲ့  နိုင်ငံခြားတန်းသွားချင်ပါတယ်၊ အကြံပေးပါဦးအန်တီ"
"ကျောင်းပြီးရင် ဂျပန်မှာ သွားအလုပ်လုပ် သင့်သလား၊ စင်္ကာပူလာသင့်သလားရှင့်"
"စလုံးကိုလာဖို့  အေဂျင်စီက သိန်း၄၀လောက်တောင်း နေလို့ လုပ်သင့်သလားအန်တီ"
"ကျောင်းပြီးရင် ဘယ်သင်တန်းတွေ တက်ရမလဲရှင့်"
ကျွန်မဆီ messenger ထဲကနေ မေးကြတဲ့ မေးခွန်းလေး တချို့ ပါ။ တယောက်ချင်းစီကို ဖြေထားတဲ့အဖြေလေးတွေကို စုစုစည်းစည်းဖြစ်အောင် ပြန်ရေးပြပါ့မယ်။
ကျွန်မ အာအိုင်တီနောက်ဆုံးနှစ်မှာ အတော်စဉ်းစားခဲ့တဲ့ အကြောင်းအရာတွေပါပဲ။ ကျောင်းဆက်တက်မလား၊အလုပ်ဝင်မလား၊ အစိုးရအလုပ်လား၊ အပြင်အလုပ်လား၊ ကျောင်းမှာ ဆရာမ ပြန်လုပ်မလား၊ နိုင်ငံခြားထွက်မလား၊ ဘယ်နိုင်ငံသွားမလဲ... စသဖြင့် မေးခွန်းပေါင်းများစွာ ကိုယ့်ကိုယ်ကို ပြန်မေးခဲ့ရတဲ့ အချိန်တွေ ဖြစ်သလို နီးစပ်ရာ ဆရာ၊ ဆရာမ၊ မိဘဆွေမျိုး၊ ကျောင်းမှ နှစ်ကြီးအကိုအမတွေဆီလဲ မေးခဲ့ပါတယ်။
ဘွဲ့ ရရင် ဘာလုပ်မယ်ဆိုတာ လူတဦးချင်းစီရဲ့ ရည်မှန်းချက်ပန်းတိုင်အပြင် မိသားစုအခြေအနေပေါ်လဲ မူတည်တာမို့  ဘွဲ့ အတူတူရကြဦးတောင် တယောက်နဲ့ တယောက် ဆုံးဖြတ်ချက်တွေဟာ ဘယ်လိုနည်းနဲ့ မှ တူဖို့မလွယ်ပါဘူး။ တခါတလေကျတော့ ဖြစ်ပေါ်လာတဲ့ အခြေအနေ၊ အကြောင်းအရာ၊ အခွင့်အရေးပေါ်မူတည်ပြီး ဆုံးဖြတ်လိုက်ရတာမျိုးလဲ ရှိပါတယ်။
အဲဒီအချိန်ဟာ ကိုယ့်ဘဝရပ်တည်မှုအတွက် အတော်လေးအရေးကြီးတဲ့အချိန်မို့  သေချာအချိန်ယူ စဉ်းစားသင့်ပါတယ်။ ဟိုစမ်းစမ်း၊ ဒီစမ်းစမ်း လုပ်ကြည့်ဦးမယ်ဆိုတာမျိုးကိုတော့ ကျွန်မ အားမပေးပါဘူး။ ဘဝထဲစဝင်ကြရတော့မယ့်အခါ အချိန်ဟာ သိပ်အရေးကြီးပါတယ်။ ဘာလုပ်ရမှန်းမသိသေးလို့  သင်တန်းတွေတက်ရင်း စောင့်ကြည့်နေတယ်ဆိုတဲ့ အချိန်ကာလဟာ ၃လထက် ပိုမကြာသင့်ပါဘူး။ လုပ်သက်နဲ့  လုပ်ငန်းအတွေ့ အကြုံဟာ ဘဝအတွက် အရမ်းအရေးပါတာမို့  လမ်းတခုရွေးခြယ်ပြီးမှ မကြိုက်ဖူး၊ နောက်တမျိုးပြောင်းမှဆိုရင် တခါ တစ်က ပြန်စရပါမယ်။ တကယ်လို့ သာ အစကတည်းက သေချာစဉ်းစား ဆုံးဖြတ်ခဲ့ရင် အတော်အသင့်ရှိတဲ့ လုပ်သက်အတွေ့ အကြုံတခု ရနေလောက်ပြီ။ ဒါကြောင့် မရွေးခြယ်ခင် သေချာစဉ်းစားသင့်ပါတယ်။
ဒီနေရာမှာအဖော်ကောင်းလို့  ဆိုတာမျိုး မဖြစ်သင့်ပါဘူး။ သူများတွေနဲ့ ကိုယ်နဲ့  ရည်ရွယ်ချက်၊ ဝါသနာ၊ မိသားစုအခြေအနေ၊ ကိုယ်ပိုင် အရည်အချင်း ထပ်တူမကျနိုင်ပါဘူး။ ကျွန်မပတ်ဝန်းကျင်မှာ မြင်တွေ့ နေကျ ကိစ္စမို့ သတိပေးတာပါ။ ဥပမာပေးရရင် သူများတွေ ရေထဲဆင်းလို့  လိုက်ဆင်းပြီး သင်္ဘောအရာရှိ၊ သင်္ဘောသား စသဖြင့် လုပ်လိုက်မိပြီးမှ အဲဒီဘဝကို လက်မခံနိုင်ပဲ မပျော်ရွှင်စွာ ဆက်လုပ်နေရတယ်ဆိုတဲ့ မိတ်ဆွေတွေ အများကြီးကြုံဖူးသလို၊ သူများတွေ တပ်ထဲဝင်လို့  လိုက်ဝင်လိုက်တာ ဘယ်လိုမှ မပျော်နိုင်လို့  အရပ်ဝတ်လဲချင်တာ ခုထိလဲလို့ မရလို့  စိတ်ညစ်နေတယ်ဆိုတဲ့ မိတ်ဆွေတွေလဲ အများကြီးကြုံခဲ့ဖူးပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်မချခင် အရင်သေချာ အပြန်ပြန်အလှန်လှန် စဉ်းစားသင့်ပါတယ်။
ဘွဲ့ ရပြီးတဲ့သူတွေ အများစု စဉ်းစားကြတဲ့၊ သိချင်ကြတဲ့ မေးခွန်းလေးတချို့ ကို ဖြေပေးပါရစေ။ ကျွန်မရဲ့ အတွေ့ အကြုံကို အခြေခံဖြေတာမို့  အမှားအယွင်းနဲ့  လိုအပ်ချက်များရှိရင် နားလည်ပေးပါနော်။
ဘယ်သင်တန်းတွေ တက်သင့်သလဲ
ဆယ်တန်းအောင်ပြီးကာစအချိန်နဲ့  ဘွဲ့ ရပြီးကာစအချိန်တွေမှာ အများစုတက်ကြတဲ့ သင်တန်းတွေက အင်္ဂလိပ်စကားပြောနဲ့  ကွန်ပြူတာသင်တန်းတွေပါ။ ဖော်မြူလာကြီးလိုကို ဖြစ်နေတာပါ။ ဒီနေရာမှာ ကျွန်မတို့ တိုင်းပြည်က ကလေးတွေကို ပြောပြချင်တာက အတတ်ပညာ၊ အသိပညာတခုဟာ စာသင်ခန်းထဲမှာမှ၊ သင်တန်းထဲမှာမှ သင်ယူတတ်မြောက်နိုင်တာ မဟုတ်ဖူးဆိုတာပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သတင်းအချက်အလက်၊ စာအုပ်စာတမ်းတွေကို အသုံးပြုပြီး ကိုယ်ကိုယ်တိုင်လေ့လာရင် ပိုထိရောက်တယ်ဆိုတာ သိစေချင်ပါတယ်။
အထူးသဖြင့် အင်္ဂလိပ်စကားပြောပါ။ ဘာသာစကားတခုဟာ စာသင်ခန်းထဲမှာ ၁လတန်သည်၊ ၃လတန်သည် လေ့လာလိုက်ရုံနဲ့  မတတ်မြောက်နိုင်ပါဘူး။ စဉ်ဆက်မပြတ် လေ့လာနေရမှာပါ။ အရမ်းကျယ်ပြန့် တဲ့အရာမို့  စုဗူးစုသလို နေ့စဉ်စုဆောင်းနေရမယ့်အရာပါ။
ဘာသာစကားတခုကို အမြန်ဆုံးနဲ့  အထိရောက်ဆုံး သင်ယူနိုင်တဲ့နေရာက media တွေက တဆင့်ပါ။ ရုပ်ရှင်ကြည့်ပါ၊ သီချင်းနားထောင်ပါ၊ သတင်းနားထောင်ပါ၊ စာအုပ်ဖတ်ပါ။ ရုပ်ရှင်ကြည့်တဲ့အခါ စာတမ်းထိုးပါခဲ့ရင်တောင် မဖတ်မိအောင် ကြိုးစားပြီး အားစိုက်နားထောင်ပါ။ တဖြေးဖြေးနားလည်လာ ပါလိမ့်မယ်။ သီချင်းနားထောင်တဲ့အခါလဲ စာသားကို အာရုံစိုက်ပါ။ လိုက်ဆိုကြည့်ပါ။ စာအုပ်ဖတ်တဲ့အခါ အဘိဓာန်ကို မဖြစ်မနေလှန်ရမယ့် အခါမျိုးမှ လှန်ပါ။ အဘိဓာန်ချည်းလှန်နေရင် ဖတ်ရှိန်ပျက်ပြီး အဆုံးထိမဖတ်ဖြစ်တော့ကြလို့ ပါ။ ရုပ်ရှင်၊ သီချင်း၊ သတင်း၊ စာအုပ် အားလုံးမှာ ကြည့်ဖြစ်ဖို့ ၊ ဖတ်ဖြစ်ဖို့ ၊ နားထောင်ဖြစ်ဖို့  အဓိကက နားယဉ်ဖို့ အဓိကမို့  မငြီးငွေ့ စေအောင် ကိုယ်စိတ်ဝင်စားမယ့် ဇာတ်လမ်းမျိုးကို ရွေးခြယ်လုပ်ပါ။ ဇွဲရှိရှိလုပ်ပါ။ စိတ်ပါဝင်စားရင် သူ့ အလိုလိုကို နှလုံးသားထဲ ဝင်သွားတာပါ။ အကောင်းဆုံး ဥပမာပေးရရင် ကျွန်မတို့ နိုင်ငံက ကိုရီးယားပရိသတ် ကိုရီးယားဘာသာစကားကို ရုပ်ရှင်တွေက တဆင့် အတော်ရနေကြတာပါ။ ထမင်းစားရေသောက်၊ နေ့ စဉ်အခေါ်အဝေါ်တွေ သိနေကြတာဟာ ကိုရီးယားကားတွေ အမြဲကြည့်နေကြလို့ ပါ။ အဲဒီလိုပဲ အင်္ဂလိပ်ကားလေးတွေ ကြည့်စေချင်တယ်။ ကြည့်ချင်စရာကောင်းတဲ့ အင်္ဂလိပ်ဇာတ်ကားလေးတွေ အများကြီးပါ။ ဒီလောက်ခက်ခဲတဲ့ ကိုရီးယား ဘာသာစကားတောင် နားဝင်လာရင် ကမ္ဘာပေါ်မှာ သင်ကြားရအလွယ်ဆုံး အင်္ဂလိပ်ဘာသာစကားဆို ပိုလို့ လွယ်မယ်ဆိုတာ ယုံကြည်ပေးပါ။
စကားပြောအတွက် အရေးကြီးဆုံးက ပြောရဲဖို့ ပါ။ ပထမဆုံးပြောရဲဖို့  လိုပါတယ်။ အမှားအယွင်းကြောက်နေရင် နှုတ်မရဲတာမို့  မှားမှာ မကြောက်ပါနဲ့ ။ နှုတ်ရဲမှ အမှားကို ဖြေးဖြေးချင်းပြင်ယူပါ။ နေ့ စဉ်ပြောနိုင်မယ့် သူတယောက်ရှာပါ။ နေ့ စဉ်ပြောဖြစ်ပါစေ။ ပြောမယ့်သူမရှိရင် အခန်းတံခါးပိတ်ပြီး ကိုယ်နဲ့ ကိုယ်ပြောပါ။ သင်တန်းတက်စရာမလိုပဲ တလအတွင်း သိသိသာသာ ပြောတတ်လာပါလိမ့်မယ်။
ကွန်ပြူတာသင်တန်းတွေ တက်ကြတာ အခြေခံတက်ကြတာများပါတယ်။ အခြေခံဆိုတာ သင်တန်းမလိုပဲ ကိုယ့်ဘာသာလေ့လာ တတ်မြောက်လို့ ရတဲ့အရာပါ။ ခုဆို ကျွန်မတို့ နိုင်ငံမှာ အင်တာနက်က နေရာအနှံ့ အပြားရနေပြီမို့  ကိုယ်လိုချင်တဲ့ သတင်းအချက်အလက်တွေက ဖုန်းလေးသုံးပြီးရှာလိုက်ရင်ကို အတော်အဆင်ပြေနေပါပြီ။ တချိန်လုံး Facebook ပေါ်မှာ အချိန်ကုန်နေမယ့်အစား google ပါ၊ YouTube ပါ။ bill အကုန်ခံပြီး သီချင်းဆိုပြိုင်ပွဲတွေတောင် ကြည့်ကြသေးတာပဲ။ သင်တန်းသွားတက်ရင် သင်တန်းစရိတ်အပြင် ခရီးသွားစရိတ်ကကုန်သေးတာ။ ကွန်ပြူတာအခြေခံကို အင်တာနက်က တဆင့် သင်ယူရင် ၃ရက်အတွင်း တတ်ပါတယ်။ Facebook ပေါ်မှာလဲ ပညာရေးဆိုင်ရာ page တွေအများကြီးမို့  ဆယ်လီတွေ page ကို နေ့ တိုင်းမရောက်မဖြစ်ရောက်သလို ကိုယ့်ပညာရေးဝမ်းစာဖြည့်ဖို့ က ပိုလိုလေ့လာသင့်တယ် မဟုတ်လား။
အဓိက ပြောပြချင်တာကတော့ သင်တန်းတက်ခြင်း၊ မတက်ခြင်းထက် ကိုယ်ကိုယ်တိုင် သင်ယူလေ့လာခြင်းက ပိုပြီး ထိရောက်တယ်ဆိုတာပါ။
နိုင်ငံခြားမှာ အလုပ်လုပ်သင့်သလား
တိုးတက်တဲ့ နိုင်ငံခြားတိုင်းပြည်တွေဟာ အဘက်ဘက်က နောက်ကျကျန်ခဲ့တဲ့ ကျွန်မတို့ နိုင်ငံထက် အလုပ်အခွင့်အရေး ပိုပေါများနိုင်တာရယ်၊ ပိုမို့ ခေတ်မှီတဲ့ နည်းပညာတွေ လေ့လာနိုင်တာရယ်၊ အတွေ့ အကြုံတွေ ရနိုင်တာရယ်ကြောင့် နိုင်ငံခြားမှာ အလုပ်လုပ်ခြင်းဟာ ထည့်သွင်းစဉ်းစားရမယ့် အချက်ပါ။ ဒါပေမယ့် နိုင်ငံခြားသွားမှလားဆိုတော့ မဟုတ်ပါဘူး။ နိုင်ငံခြားမသွားပဲနဲ့  ကျွန်မတို့ နိုင်ငံအတွင်းမှာကို အလုပ်အခွင့်အလမ်းတွေ အများကြီးပါ။ လုပ်ငန်းရှင်တွေ အရာရှိ၊ ဝန်ထမ်းရှားပါးမှု ပြဿနာနဲ့  ရင်ဆိုင်နေုကရပါတယ်။ ကျွန်မကိုယ်တိုင်အပါအဝင်ပါ။
အလုပ်လက်မဲ့တွေ ဒီလောက်ပေါနေပါလျက် ဘာလို့  ဝန်ထမ်းတွေ ရှားပါးနေရသလဲဆိုတော့ စိတ်ဓါတ်တွေကြောင့်ပါ။ အဓိကက သင်ယူတတ်မြောက်လိုတဲ့ လိုချင်စိတ် တကယ်မရှိကြဘူး၊ သစ္စာမရှိကြဘူး၊ အလေးအနက်မထားကြဘူး၊ ငွေအတွက်သက်သက် စဉ်းစားကြတယ်၊ အလုပ်ပေါ် စေတနာမထားကြဘူး။ အဲဒီစိတ်ဓာတ်လေးတွေသာ ပြင်လိုက်ကြရင် အလုပ်ရှားပါးမှုပြဿနာက ချက်ချင်းဖြေရှင်းနိုင်မှာပါ။
ပြည်တွင်းမှာ လုပ်လို့ ဘယ်လောက်ရမှာလဲဆိုသူတွေကို လက်တို့ ပြောပြချင်တာကတော့ တကယ်စေတနာကောင်းကောင်းနဲ့ လုပ်ရင် နိုင်ငံခြားမှာရတဲ့ ဝင်ငွေထက်ပိုရနိုင်တယ် ဆိုတာပါပဲ။
ဘွဲ့ရပြီးပြီးချင်း နိုင်ငံခြားထွက် အလုပ်လုပ်တာ ကျွန်မအားမပေးပါဘူး။ အလုပ်ဆိုတာ လုပ်ဖူးမှ တကယ်သိတာမို့  ဘွဲ့ ရပြီးပြီးချင်း အဆင်ပြေတဲ့အလုပ်တခုမှာ အနည်းဆုံး တနှစ်လောက်လုပ်ပြီးမှ ထွက်စေချင်ပါတယ်။ ကိုယ်သွားမယ့် နိုင်ငံပေါ်မူတည်ပြီး ဘာသာစကားကို ကျွမ်းကျင်အောင်လေ့လာစေချင်ပါတယ်။ မထွက်ခင် အဲဒီနိုင်ငံရဲ့  လက်ရှိအခြေအနေကို သေချာလေ့လာစုံစမ်းပါ။ အလုပ်အခွင့်အလမ်းတွေ လေ့လာပါ။ ကိုယ်ရေးရာဇဝင် သေချာပြင်ဆင်ပြီး တလလောက်ကြိုပြီး အလုပ်တွေ အင်တာနက်ကတဆင့် အရင်လှမ်းလျှောက်ထားပြီး အင်တာဗျူးတွေ ၃,၄ခုလောက် စုချိန်းပြီးမှ ထွက်သင့်ပါတယ်။ ကြိုတင်ပြင်ဆင်မှုက အသက်ပါပဲ။
Agent ပွဲစားနဲ့ လာသင့်သလားဆိုတဲ့ မေးခွန်းအတွက် အဖြေက သေချာလေ့လာပြီးမှ ငွေပေးစေချင်ပါတယ်။ ငွေအရင်မပေးမိပါစေနဲ့ ။ အဲဒီပွဲစားနဲ့  အလုပ်ရသွားတဲ့သူရှိလား ၊ သူတို့ ရောအဆင်ပြေကြသလား သေချာစုံစမ်းပြီးမှ လုပ်သင့်ပါတယ်။ တကယ်ရိုးသားတဲ့ပွဲစားက သိသင့်သိထိုက်တာ မှန်သမျှ မခြွင်းမချန် အကုန်ပြောမှာပါ။ မပြောဘူး၊ ဝေ့လယ်ချောင်ပတ်ဆိုရင်တော့ သတိသာထားပါတော့။ မြန်မာအချင်းချင်းကို လိမ်နေကြတာ ကျွန်မကိုယ်တွေ့ပါ။ နိုင်ငံခြားလာလိုဇောနဲ့  ကျွန်မကို အသိမပေးပဲ လုပ်လိုက်ကြတဲ့ ကျွန်မဆွေမျိုးတချို့  အလိမ်ခံကြရတာ မျက်မြင်ပါ။ Permit အတုပြတယ်။ ငွေတောင်းတယ်။ ဒီက immigration မှာ စုံစမ်းလိုက်တော့ အတုဖြစ်နေတယ်။ ငွေကကျွံပြီးနေပြီ။ ကျွန်မအသိကောင်မလေး တယောက်ဆို လေယဉ်လက်မှတ်အတုပါ အရောင်းခံလိုက်ရတယ်။ သတိထားကြပါနော်။
နောက်တခုက အလုပ်တော့ ရပါရဲ့ ပြောတုန်းကတခြား လုပ်ရတော့တခြား။ အီကိုနဲ့ ပြီးထားတဲ့ ကောင်မလေး စာရင်းကိုင် အလုပ်ရမယ်ဆိုလို့  ပွဲစားနဲ့ လာလိုက်တာ သူများအိမ်မှာ အိမ်အကူအလုပ်ဖြစ်နေပါတယ်။ သူ့ ခမျာ ပွဲစားခကျေအောင် မနဲလုပ်ပြီးမှ ပြန်ရရှာပါတယ်။ ကျွန်မအိမ်မှာ part time လာလုပ်ပေးတဲ့ ကောင်မလေးပါ။ တခါ အသိ အာအိုင်တီကျောင်းဆင်း ကောင်လေးတယောက် အင်ဂျင်နီယာအလုပ်ဆို ပွဲစားနဲ့ လာလိုက်တာ တကယ့်အလုပ်ကြမ်းအလုပ်ဖြစ်နေခဲ့ပါတယ်။ သူ့ ခမျာ အလေးအပင်တွေ နေ့ တိုင်း မ ရနဲ့  ကျန်းမာရေးပါ ထိခိုက်ရပါတယ်။
ဒီတော့ ခြုံငုံပြောရရင် နိုင်ငံခြားလာမယ်ဆိုရင် သေချာပြင်ဆင်လေ့လာစူးစမ်းပြီး အားလုံးအဆင်သင့်ဖြစ်မှလာကြပါ။ မလောပါနဲ့ လို့ အကြံပေး ပါရစေ။
ကျွန်မတို့ နိုင်ငံက မျိုးဆက်သစ်လေးတွေ ဘဝအတွက် အကောင်းမွန်ဆုံး၊ အသင့်တော်ဆုံး၊ ပျော်ရွင်စရာအကောင်းဆုံးလမ်းလေးတွေ မှန်ကန်စွာ ရွေးခြယ်နိုင်ကြပါစေ။
တန်ခူး
9:34am
10 Jun 2018
တန်ခူးhttp://www.blogger.com/profile/08326357917406062761noreply@blogger.com0tag:blogger.com,1999:blog-5970961902301632590.post-2813388940969808632018-06-08T08:37:00.000+08:002018-06-08T08:38:58.476+08:00ဆယ်တန်းအောင်ရင် ဘာလုပ်ကြမယ်... ဘွဲ့ ရရင် ဘာလုပ်ကြမယ်မနစ်ကတည်းက ရေးချင်နေခဲ့တာပါ... လာမေးကြတဲ့သူတွေကို တဦးချင်းဖြေဖြစ်ခဲ့တဲ့အခါ စာလေးတပုဒ်ရေးတင်ရင် အမြဲဖတ်လို့ ရနေမှာပေါ့လို့  တွေးမိလို့ ပါ...
စာတပုဒ်ထဲ အရမ်းရှည်သွားမစိုးလို့  ၂ပိုင်းခွဲတင်ပေးပါ့မယ်...
ကျွန်မဖြတ်သန်းလာတဲ့ အတွေ့ အကြုံ, ဗဟုသုတနဲ့  ကျွန်မပတ်ဝန်းကျင်က မြင်ရတွေ့ ရတဲ့ အတွေ့ အကြုံတွေပေါ်မူတည်ပြီး ရေးတာမို့  အမြင်တွေ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်...
ကျွန်မတို့  ဘဝမှာ လမ်းဆုံတွေ အများကြီးကြုံခဲ့ရတယ်... ကြုံခဲ့ရဦးမယ်... အဲဒီအခါ ကိုယ်ရွေးခြယ်လိုက်တဲ့ ရှေ့ ဆက်မယ့်လမ်းဟာ မှန်ကန်မှသာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုရောက်ကြမယ် မဟုတ်လား... ပန်းတိုင်လေးတွေ မှန်ကန်စွာ ရွေးခြယ်နိုင်ဖို့  စေတနာနဲ့ ကျွန်မရဲ့ မဖြစ်ညစ်ကျယ် အတွေးလေးနဲ့ ဒီစာရေးတာမို့  အမှားများပါရင် ခွင့်လွှတ်ပါနော်...
ဆယ်တန်းအောင်ရင် ဘာလုပ်ကြမယ်
ဘယ်တက္ကသိုလ်သွားမလဲ
ကာယကံရှင်ကိုယ်တိုင် သေချာစဉ်းစားသင့်ပါတယ်... ကိုယ့်အနာဂတ်ကို ကိုယ်ဘယ်လိုဖြစ်ချင်သလဲ... ကိုယ့်ဝါသနာနဲ့ စိတ်ဝင်စားမှုကဘာလဲ... ကိုယ့်အိပ်မက်တွေ, ရူးသွပ်မှုတွေကရော ဘာလဲ... ကိုယ်ကိုယ်တိုင်ဘာလုပ်ရမှန်းမသိမှ မိဘဆွေမျိုး, မိတ်ဆွေ အပေါင်းအသင်းတွေနဲ့  တိုင်ပင်ပါ... လမ်း၂ခု,၃ခု ဝေဝါးနေရင် ချရေးပါ... ချရေးတဲ့အခါ လမ်းတခုချင်းစီအတွက် အကောင်းတွေရော, အဆိုးတွေရောချရေးပါ... အဲဒါမှ နှိုင်းယှဉ်စဉ်းစားနိုင်မှာပါ... ဒီနေရာမှာ ကျွန်မအပွင့်လင်းဆုံးတခုပြောချင်တာကတော့ ကိုယ့်ဘဝအတွက် ရွေးခြယ်မှုမှာ ပတ်ဝန်းကျင်က ဒီလိုမြင်, ဒီလိုထင်မယ် ဆိုတဲ့ ပတ်ဝန်းကျင်လွှမ်းမိုးမှုကို တဆိတ်ဘေးဖယ်ထားစေချင်ပါတယ်... မိဘတွေကိုလဲ တိုက်တွန်းချင်တာက ပတ်ဝန်းကျင်မှာ ဂုဏ်ရှိစေချင်လို့ , တင့်တယ်စေချင်လို့  ဒါပဲရွေးရမယ်ဆိုတဲ့ အတင်းအကြပ်သဘောမျိုးတွေ မဖြစ်စေချင်ဘူး...
ကျွန်မတို့  ဆယ်တန်း တက္ကသိုလ်တွေ လျှောက်ကြတုန်းက ဆေးကျောင်းက အမှတ်အမြင့်ဆုံး... အာအိုင်တီက ဒုတိယပေါ့... ဆေးကျောင်းအမှတ်မှီပြီး အာအိုင်တီတက်ဖို့ ရူးသွပ်တဲ့ ကျွန်မသူငယ်ချင်းတယောက်ကို သူ့ မိဘတွေက ဆေးကျောင်းတက်ဖို့  အတင်းအကြပ်ဖိအားပေးခဲ့လို့ သူ့ ဝါသနာကို ကြောခိုင်းခဲ့ရတာ ကြားရတော့ အတော်စိတ်မကောင်းခဲ့ဘူး... ကိုယ်ဝါသနာပါရာ, ကိုယ်ရူးသွပ်ရာလမ်းကြောင်းကို လျှောက်လမ်းရတဲ့အခါ အဲဒီလူဟာ ပိုလို့ ထူးချွန်အောင်မြင်မှာ သေချာပါတယ်... ပြီးတော့ ဝါသနာနဲ့  ဘဝဖြတ်သန်းခွင့်ရတာ ဘယ်လောက်ကံကောင်းလိုက်သလဲနော်...
ဆေးရုံတရုံဟာ ဆရာဝန်နဲ့ ချည်း ဖွဲ့ စည်းထားတာ မဟုတ်သလို, စက်ရုံတရုံဟာလဲ အင်ဂျင်နီယာတွေနဲ့ ချည်း လည်ပတ်နေတာမဟုတ်ပါဘူး... သူနာပြုမရှိပဲ ဆေးရုံတရုံမဖြစ်သလို သန့် ရှင်းရေးဝန်ထမ်းမရှိပဲ ဆေးရုံတရုံအဂါင်္ရပ်နဲ့ မညီနိုင်ပါဘူး... ဆရာဝန်, သူနာပြု, အင်ဂျင်နီယာ, ရှေ့ နေ, တရားသူကြီး, ဆရာမ, စစ်ဗိုလ်,စစ်သား, စာရင်းစစ်, စာရင်းကိုင် စသဖြင့် လောကကြီးမှာ အလုပ်အကိုင်တွေတိုင်းက သူ့ နေရာနဲ့ သူ မျှတစွာလိုအပ်ပါတယ်... ဒါကြောင့် ကိုယ့်ဝါသနာ, ကိုယ့်ရူးသွပ်မှုနဲ့  ကိုယ်ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ရွေးခြယ်ကြပါလို့ တိုက်တွန်းချင်ပါတယ်...
ကျွန်မ မနှစ်က ဒါးက, ဝက်ထိုးမှာ Education event လေးသွားတော့ ကလေးတွေနဲ့  အမေးအဖြေလုပ်ခဲ့တုန်းက သိပ်ချစ်စရာကောင်းတဲ့အဖြေလေးတွေရခဲ့တာ မှတ်မိပါတယ်... ဆရာမလုပ်ချင်တယ်... သူနာပြုဖြစ်ချင်တယ်... ကလေးတယောက်ကဆို အားကြိုးမာန်တ ပြောတယ်... စစ်သားကြီးဖြစ်ချင်တယ်တဲ့... အဲဒါ သူတို့ လေးတွေရဲ့ဖြူစင်တဲ့ အနာဂတ်ရည်မှန်းချက်လေးတွေပါ... သွားကြပါစေ... အန္တရာယ်မရှိရင် ဘယ်လမ်းမဆိုရဲရဲဝံ့ဝံ့ လျှောက်ကြပါစေ... တခုပါပဲ... ကိုယ်လျှောက်တဲ့လမ်းမှာ အထူးချွန်ဆုံးဖြစ်အောင် ကြိုးစားကြဖို့ ပါပဲ... လမ်းပေါ်မှာ လမ်းမပျောက်သွားဖို့  အရေးကြီးပါတယ်...
နိုင်ငံခြားသွားရမလား
ဒီခေတ်ကြီးမှာ တော်တော်များများ စဉ်းစားကြတဲ့ လမ်းပေါ့နော်... မြန်မာနိုင်ငံပညာရေးစနစ်ကြီး ဆိုးဝါးနေလို့  သွားကိုသွားမှ ဖြစ်မယ်ဆိုတဲ့ အယူအဆကြီးတော့ ကျွန်မ အားမပေးချင်ပါဘူး...
ဒီနေရာမှာ ကျွန်မတိုက်တွန်းချင်တာကတော့ ဝါသနာရယ်, လက်ရှိရတဲ့အမှတ်, ဝင်ခွင့်စာမေးပွဲ စသဖြင့် ကိုက်ညီမှုရှိသလား... သေချာစဉ်းစားပါ... သူက အာအိုင်တီ အမှတ်တော့မှီတယ်... ဒါပေမယ့် ကျောင်းကြီးက အခွံပဲရှိတော့တာမို့ စင်္ကာပူက poly ပဲ လွှတ်တော့မယ်... US,UK, Ausi က ရရာ college လေး တက်ခိုင်းမယ်... အဲဒီလို အတွေးနဲ့ ဆုံးဖြတ်ချက်တွေကို ကျွန်မ နှမျောမိတယ်... မြန်မာနိုင်ငံမှာ Bachelor’s degree တခု ရဖို့ အခြေအနေပေးပါလျက် သူများနိုင်ငံမှာ တဆင့်ချပြီး diploma သွားယူတာက ပညာရေးစနစ် ဘယ်လောက်ကွာဟတယ်ပြောပြော အချိန်တွေက ပိုတန်ဖိုးရှိတာမို့  သေချာစဉ်းစားသင့်ပါတယ်... နိုင်ငံခြားက တက္ကသိုလ် တခုခု တက်ခွင့်ရ
တာမျိုးဆိုရင် ကျွန်မအားပေးပါတယ်... နိုင်ငံကြီးတွေမှာကိုပဲ ပညာရေးကို စီးပွားရေးအနေနဲ့  လုပ်နေကြတာမို့  နိုင်ငံခြားသွားတက်မယ်ဆို တဆင့်နိမ့်မတက်ဖို့ နဲ့  ကိုယ်တက်မယ့် တက္ကသိုလ်, ကောလိပ် ရဲ့ အခြေအနေကို သေချာ လေ့လာစုံစမ်းပြီးမှ တက်သင့်ပါတယ်...
ကျွန်မလက်လှမ်းမှီတဲ့ ယခုကျွန်မနေထိုင်နေတဲ့ စင်္ကာပူနိုင်ငံကိုပဲ ဥပမာပေးပါရစေ... Polytechnic မှာ diploma ရဖို့ ၃နစ်တက်ရပါတယ်.. university မှာ degree ရဖို့  နောက် ၃နှစ်ကြာပါတယ်..( full timeတက်ရင်ပါ, part timeဆို အလုပ်တဘက်နဲ့ မို့ ၅နှစ်လောက်အထိကြာနိုင်ပါတယ်) ... စုစုပေါင်း၆နှစ်တက်မလား... ဒါမှမဟုတ် မြန်မာနိုင်ငံမှာ degree တခုယူပြီးမှ master လာတက်မလား... ကျွန်မကတော့ ဒုတိယလမ်းကြောင်းကို ပိုစဉ်းစားစေချင်ပါတယ်... တကယ်လို့  မြန်မာနိုင်ငံမှာ degree ယူတုန်းက အမှတ်တွေသာကောင်းခဲ့ရင် စကောလာ့ရှစ်နဲ့ တက်ဖို့ အခွင့်တောင်ရှိပါတယ်... ကျွန်မကိုယ်တိုင်ရွေးခြယ်ခဲ့တဲ့လိုင်းပါ...
တကယ်လို့  ကိုယ့်ကလေးက မြန်မာနိုင်ငံမှာသာ ဆက်ထားရင် ဟိုမရောက်ဒီမရောက်နဲ့  အချိန်အားတွေများ လတ်လျားလတ်လျားဖြစ်ပြီး ပျက်ဆီးမှာစိုးရင်တော့ နိုင်ငံခြားပို့ သင့်ပါတယ်... အဲဒါမှ အချိန်တန်ဖိုးပိုသိလာသလို, ကိုယ့်ခြေထောက်ပေါ်လဲ ကိုယ်ရပ်တည်လာနိုင်မှာပါ...
တကယ်လို့  အဝေးသင်တက်ဖို့ စဉ်းစားခဲ့ရင် ပိုတဲ့အချိန်တွေကို အကျိုးရှိအောင် အလုပ်လုပ်သင့်ပါတယ်... ဘယ်အလုပ်မဆို လုပ်ရဲတဲ့သတ္တိကို မွေးကြပါ... ဒီနိုင်ငံမှာ ကလေးတွေကျောင်းပိတ်ရင် 7-Elevenတို့  McDonald’s ,KFC တို့ , ဟော်တယ်, စားသောက်ဆိုင်တခုခုတို့ မှာ part time ဝင်လုပ်ကြတယ်... ကျွန်မတို့ နိုင်ငံမှာလဲ အဲဒီလို အလုပ်မရွေးရင် လုပ်စရာတွေ အများကြီးပါ... အလုပ်ရတဲ့ အတွေ့ အကြုံကို ဘယ်သင်တန်းမှာမှ ပိုက်ဆံပေးတက်လို့ သင်ယူလို့ မရပါဘူး...
ဒီလောက်ဆို နိုင်ငံခြားသွားသင့်, မသွားသင့် စဉ်းစားလို့ ရလောက်ပြီထင်ပါတယ်...
ဆုံးဖြတ်ချက်တွေ မှန်ကန်စွာနဲ့ အနာဂတ်ကို အလှပဆုံးခြယ်မှုန်းနိုင်ကြပါစေ...
(ဘွဲ့ ရရင်ဘာလုပ်ကြမယ်ကို ဆက်ရေးပါမယ်)
တန်ခူး
7:52am
8-Jun-2018
တန်ခူးhttp://www.blogger.com/profile/08326357917406062761noreply@blogger.com0tag:blogger.com,1999:blog-5970961902301632590.post-12651309318700472312018-06-08T01:08:00.002+08:002018-06-08T01:08:21.107+08:00ဝါဆိုအလွမ်းဝါဆိုရေ...
မိုးစက်တွေဟာ အတိတ်ကလို သစ္စာရှိတုန်းပဲ...
တို့ ခြံထောင့်က စပယ်ရုံလေးကလဲ မွှေးပျံ့ နေတုန်းပဲ...
စာသင်ကျောင်းက ခေါင်းလောင်းသံတွေကလဲ အချိန်မှန်နေတုန်းပဲ...
အဖြူနဲ့ အစိမ်းရောင်လေးတွေ မျက်စိရှေ့ က ဖြတ်ပြေးတိုင်း ပန်းသီးတလုံးလို လတ်ဆတ်ခဲ့တဲ့
ရင်ခုန်သံတွေကို သတိရတယ်...
ဘဝဆိုတာ ကျောင်းသင်ခန်းစာဆိုတဲ့ ပုံစံခွက်တခုထဲကနေ ခုန်ထွက်ခဲ့ဖူးတဲ့အချိန်တွေဟာ ခုပြန်တွေးတော့ ဆွတ်ပျံ့ ဖွယ်...
သစ်ပင်တက်နေဆဲငါက သစ်ရွက်လှုပ်ရုံနဲ့ တော်ရုံရင်မခုန်တတ်တဲ့ ခပ်ရွတ်ရွတ်ဆယ်ကျော်သက်...
ဓာတုဗေဒစာအုပ်အောက်မှာ တက္ကသိုလ်ဘုန်းနိုင်ဝတ္ထုတွေဝှက်ပြီး အဖေမသိအောင် ခိုးဖတ်ရတာတော့ ရင်အခုန်မြန်တယ်...
ခုချိန်ပြန်တွေ့ ရင်မေးကြည့်ချင်တာက နင်နဲ့ ငါ အဲဒီတုန်းက ဆံပင်ပုံလေးတွေ ဘာလို့ တူနေခဲ့တာလဲ... ငါကြိုက်တဲ့ကောင်မလေးတွေနဲ့  နင်ကြိုက်တဲ့ကောင်မလေးတွေရော ဘာလို့ လာလာတူနေခဲ့တာလဲ... ရီချင်စရာနော်ဝါဆို...
သူများတွေစာအော်ကျက်တော့ ငါက ပျင်းစရာကောင်းလွန်းတဲ့သမိုင်းစာတွေကို တူးတူးသီချင်းတွေဖွင့်ရင်း မှတ်တယ်... ကက်ဆက်ခွေ အငှားဆိုင်က အင်ဂျင်နီယာဦးလေးကြီးက တူးတူးခွေဆို ငါ့အတွက် အမြဲချန်ထားပေးပြီး သမီးဆရာဝန်မလုပ်နဲ့  အင်ဂျင်နီယာပဲလုပ်လို့  အမြဲပြောတတ်တယ်... တကယ်က နင်ကငါ့ထက် အင်ဂျင်နီယာရူးသွပ်သူ...
အားမနာတမ်းပြောရရင် သင်္ချာတွေတွက်ရင်း နင်ဆိုညည်းတတ်တဲ့ အမုန်းမျက်လုံးသီချင်းကတော့ အတော်ချာတာပဲ...
နင်တော်တာဆိုလို့  ငါ့ဆီက ငှားသွားတဲစာအုပ်လေးတွေကို အဖုံးလှလှလေးတွေ ဖုံးပေးတာပဲရှိတယ်... အဲဒီတုန်းက ကျောင်းရှေ့ လာရောင်းတဲ့ Time Magazine ထဲက ဆုတ်ထားတဲ့ ကာလာနဲ့ စာမျက်နှာလေးတွေကို ၁ဝပြားပေးပြီး ဖုံးခဲ့ရတာ... ပါတိတ်လေးတွေဝတ်ထားတဲ့ စင်္ကာပူလေကြောင်းလိုင်းက လေယဉ်မယ်လေးတွေပုံများတွေ့ ရင် အလုအယက်ဝယ်ရတာ...
နင်ငါ့ကိုဖုံးပေးတဲ့စာအုပ်ဖုံးလေးတွေက ကျောက်မျက်ပြက္ခဒိန်ကကောင်မလေးချောချောလေးတွေ... လှမှလှ... အဲဒါငါစာရှင်းပြခပေါ့ဝါဆိုရေ...
တကယ်က နင်ကဉာဏ်ကောင်းသူ... ဒါပေမယ့်စာမကြိုးစားချင်တဲ့ငဆိုး... ကောင်မလေးတွေ ပိုးဖို့ ပဲစဉ်းစားနေတတ်သူ...
မှတ်မိနေသေးတယ်ဝါဆို... မနက်အစောကြီး ငါတက်တဲ့ အင်္ဂလိပ်စာကျူရှင်အခန်းထဲမှာ ပြုံးဖြီးဖြီးနဲ့ နင့်မျက်နှာကြီးကို... စာလိုချင်တဲ့မျက်နှာတစက်မှမပေါက်တဲ့ရုပ်ပေါ့...
သတိရစရာတွေဟာ ပြန်စဉ်းစားကြည့်ရင် တို့ ခေတ်က ကင်မရာတွေထဲ ထည့်ရတဲ့ဖလင်လိပ်တွေလို အစဆွဲလိုက်ရင် တခွေလုံးပါတတ်တာမျိုးနော်...
သော်ကပန်းနီနီလေးတွေရယ်, ဂျာကင်အနက်ရောင်နွေးနွေးလေးရယ်, writing pad လှလှလေးတွေရယ်, ဆီလွန်လွယ်အိတ်ကလေးပေါ်က စတီးကြယ်စိလေးတွေနဲ့ ထိုးခဲ့တဲ့နာမည်လေးတွေရယ်, သရဲကြောက်တဲ့ညတွေရယ်, ဖုန်းထဲက စကားသံတွေရယ်...
ငါလေစာတွေ အများကြီးရေးခဲ့တယ်...
ဘဝမှာ ကြံဖူးတွေ့ ဖူးခဲ့တဲ့သူတွေအကြောင်း...
အဖြစ်အပျက်တွေအကြောင်း...
နင့်အကြောင်းရေးမလို့ ကြံတိုင်းငါ့လက်တွေ တွန့် ဆုတ်နေခဲ့တယ်... ဘာလို့ လဲ ငါလဲမသိဘူး... ဒီနေ့ တော့ ချရေးဖြစ်တယ်... မရေးဖြစ်ခဲ့တဲ့နင့်အကြောင်းကို အရိုးသားဆုံး, အဖြူစင်ဆုံးသတိရခြင်းသက်သက်နဲ့ ပါ...
မိုးကအရင်တုန်းကအတိုင်းရွာနေပြီကွယ်
လွမ်းတယ်ဝါဆိုရယ်...
တန်ခူး
1:41pm
7 Jun 2018
တန်ခူးhttp://www.blogger.com/profile/08326357917406062761noreply@blogger.com0tag:blogger.com,1999:blog-5970961902301632590.post-48681904609792171662018-06-08T00:58:00.001+08:002018-06-08T00:58:24.355+08:00ပန်းသီးပုပ်တွေအကြောင်းတချို့ အရာတွေက
အချိန်ကာလတခုလိုတယ်
ရိုးသားမှုစစ်မှန်ရင်
ဘက်မလိုက်ဖူး
ဒိုင်လုပ်ချင်ရင်
အလင်းထဲကကြည့်
ရာဇဝင်ဆိုတာ
ပြန်ညှိလို့ ရတဲ့အရာမှမဟုတ်တာ
ရှူးးး တိုးတိုး
မင်းအော်ရောင်းနေတဲ့
ပန်းသီးပုပ်တွေအကြောင်း
လူတွေပြောကြပါလိမ့်မယ်
တန်ခူး
12:02am
8-Jun-2018
တန်ခူးhttp://www.blogger.com/profile/08326357917406062761noreply@blogger.com0tag:blogger.com,1999:blog-5970961902301632590.post-41293211959248216642018-06-08T00:50:00.000+08:002018-06-08T00:52:58.564+08:00ဆေးလား,ဘေးလား
"ဂီတာအိုတောင်<br/ >
ပျိုရွယ်နေဆဲတေးသံတွေ<br/ >
သီချင်းသစ်ဖြစ်သေးရင်<br/ >
အကြင်နာဆိုတာ <br/ >
ဒီတယောက်နဲ့ ပဲ<br/ >
ပြီးသင့်သလား"<br/ >
မေမြို့ မိုးသီချင်းစာသားတွေဟာ<br/ >
ဖောက်ပြန်တတ်တဲ့<br/ >
ယောင်္ကျားတွေအတွက်<br/ >
လက်နက်တွေဖြစ်<br/ >
ခေတ်ကြီးကိုက<br/ >
မီးဖိုချောင်ဝင်နေတဲ့<br/ >
မိန်းမအလစ်<br/ >
ကလစ်တချက်နဲ့ <br/ >
ချစ်လို့ ရတဲ့ခေတ်...<br/ ><br/ >
ဇရာကိုလှည့်စား<br/ >
Apps တွေများများလာတော့<br/ >
မှုန်နေအောင်လှသူတွေကလဲ<br/ >
အများသား<br/ >
အရေးအကြောင်းတွေဖျောက်<br/ >
ကောက်ကြောင်းတွေရောက်<br/ >
အသက်၂၀နဲ့ ၅၀<br/ >
ရွယ်တူလိုဖြစ်<br/ >
အမယ်...<br/ >
လူတွေအလစ်မှာ<br/ >
နှလုံးသားအသစ်တွေနဲ့ <br/ >
ချစ်နေကြတော့<br/ >
ဟိုအန်တီကြီးနဲ့ မော်ဒယ်သူငယ်ဇာတ်လမ်း<br/ >
ဆန်းတော့မဆန်းဘူးရယ်...<br/ ><br/ >
မိန်းမတယောက်<br/ >
ညရောက်မှ<br/ >
ပျော်သင့်သလား<br/ >
သောက်သင့်သလား<br/ >
DJသင့်သလား<br/ >
လွတ်လပ်မှုအဓိပ္ပါယ်<br/ >
လွဲမှားမှုတွေကြား<br/ >
ဖို ဝါဒီနဲ့ မ ဝါဒီမကွဲပြား<br/ >
ဘေဘီပျော်နေသလားတဲ့<br/ >
ဘယ်သူ့ ကဘယ်သူ့ ကိုညာ<br/ >
ဘယ်သူ့ ကဘယ်သူ့ ကိုနာစေတာ<br/ >
ကာယကံတွေသာအသိဆုံးဖြစ်မယ်...<br/ ><br/ >
ခက်တယ်<br/ >
၅၀ကျော်ရင်<br/ >
U turn တတ်သလား<br/ >
အဖီးတလိုင်း<br/ >
Status တွေကြားမှာ<br/ >
ကိုကိုလား, မောင်လား<br/ >
ဘေဘီလား, ချာတိတ်လား<br/ >
အိမ်ကယောင်္ကျားမှအားမနာ<br/ >
ကဗျာ, အက်ဆေး<br/ >
စာတွေရေး<br/ >
ကွေးပြနေတာ<br/ >
အနုပညာလား<br/ >
ဖောက်ပြန်မှုလား<br/ >
ရှင်းပြပါလားအန်တီ...<br/ ><br/ >
Messenger ဟာ<br/ >
ဈေးပေါပေါ<br/ >
အချိန်ပိုင်းဟိုတယ်တခုထက်တန်တယ်<br/ >
တချိန်တည်း<br/ >
၂ယောက်ထက်မနဲ<br/ >
တွဲလို့ ရတယ်...<br/ >
Viber ဆိုတာ<br/ >
ကာရာအိုကေလို<br/ >
လူမမြင်ဘူး<br/ >
ကျူချင်တိုင်း<br/ >
ကျူလို့ ရတယ်တဲ့<br/ >
စားနေကျကြောင်ဖားတွေစကား<br/ >
Desperate Housewives တွေ <br/ >
ကြားစေချင်လိုက်တာ...<br/ ><br/ >
ဝေးသွားတဲ့အခါ<br/ >
ချစ်သစ္စာစွဲမြဲထားဦးနော်<br/ >
အိုမေရယ်<br/ >
မမေ့နဲ့ ယုံကြည်ပါတဲ့<br/ >
ကိုငှက်ရယ်<br/ >
လာဆိုပြလှဲ့ ပါ<br/ >
ဝေးမသွားပါဘူး<br/ >
ဧည့်ခန်းတခုထဲမှာ<br/ >
အဆိပ်ဖုန်းတလုံးနဲ့ <br/ >
နည်းပညာရဲ့<br/ >
ဖျားယောင်းမှုအောက်မှာ<br/ >
သစ္စာတရားတွေ<br/ >
ပါးလျကြေမွ<br/ >
ရစရာမရှိတော့တာ...<br/ >
သီလတွေလွယ်လွယ်ကျိုး<br/ >
လင်းနေပါသော်လည်း<br/ >
အမှောင်တွေထဲတိုးတိုးနေကြတာ...<br/ ><br/ >
ဒီလိုနဲ့ ပဲ<br/ >
လက်မှိုင်ချလိုက်ရတော့မှာလား<br/ >
ဇူကာဘတ်ရယ်<br/ >
Facebook ဆိုတာ<br/ >
သုံးတတ်လျင်ဆေး<br/ >
မသုံးတတ်လျင်ဘေးဆိုတာ<br/ >
သူတို့ သိအောင်ပြောပြပေး<br/ >
တော်ကြာ<br/ >
ငရဲပြည်မလောက်လို့ <br/ >
ကျူးကျော်တွေရောက်မစိုးလို့ ပါ...။<br/ ><br/ >
တန်ခူး<br/ >
4:31pm<br/ >
5-Jun-2018<br/ >
တန်ခူးhttp://www.blogger.com/profile/08326357917406062761noreply@blogger.com0tag:blogger.com,1999:blog-5970961902301632590.post-81113887006565657262018-02-08T13:57:00.004+08:002018-02-08T13:57:56.061+08:00ဆယ်ကျော်သက်ဒီမနက် ဆယ်ကျော်သက်အရွယ်ကျောင်းသူလေးကို ဆရာမက သူ့ ဖုန်းခိုးတယ်ဆို စွတ်စွဲလို့  ကျောင်းသူလေး ကိုယ့်ကိုယ်ကို သတ်သေသွားတယ်ဆိုတဲ့သတင်းကို ဖတ်မိတော့ ရင်ထဲမှာ အတော့်ကို ဝမ်းနည်းကြေကွဲမိတယ်... ဖုန်းတလုံးနဲ့ ဘဝတခုလဲလိုက်ရတဲ့အဖြစ်... ဆရာမရဲ့လုပ်ရပ်တွေကလဲ ပြင်းထန်လွန်းလိုက်တာ... အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွေကို သင်တဲ့ဆရာမဟာ ဆယ်ကျော်သက်အရွယ်ရဲ့ စိတ်အခြေအနေတွေကို လေ့လာထားသင့်တယ်... လက်လွတ်စပယ် ပြောဆို, စွတ်စွဲအရှက်ရစေတာဟာ အတော့်ကို လက်ခံလို့ မရတဲ့အဖြစ်... ကျွန်မက ဆယ်ကျော်သက်အရွယ်သားတယောက်ရဲ့မိခင်ဖြစ်နေတော့ ဒီအဖြစ်အပျက်ကို မိဘနေရာက ပူးဝင်ခံစားရင်း ကြေကွဲမိတယ်... <br/ ><br/ >
သားသုတက နိုင်ငံရပ်ခြားမှာ ကြီးပြင်းရသူမို့  ကျွန်မရဲ့အကြီးမားဆုံးမျှော်လင့်ချက်(အစိုးရိမ်ဆုံးလို့ လဲပြောလို့ ရတာပေါ့လေ) က လိမ္မာယဉ်ကျေးတဲ့မြန်မာအမျိုးသားလေးဖြစ်ဖို့ ပါ... ကိုယ်ချင်းစာတရား, မေတ္တာတရားတွေထားတတ်ဖို့ ပါ... ဆရာဝန်ကြီး, အင်ဂျင်နီယာကြီးတွေဖြစ်ဖို့ ကျွန်မ အဲဒီလောက် မျှော်လင့်ချက်တွေမပြင်းပြပါဘူး... လူတန်းစေ့နေနိုင်မယ့် ပညာတခုတတ်ရင် ကျေနပ်ပါပြီ... ဒါပေမယ့် နှလုံးရည်ညံ့မှာတော့ ကျွန်မစိုးရိမ်ပူပန်မိတာအမှန်ပါပဲ...<br/ ><br/ >
ဒီနိုင်ငံမှာ Secondary 1 က စလို့  smart phone ပေးကိုင်ရပါပြီ... ကျောင်းက communications တွေက what’s app group တွေနဲ့ အသုံးများတာကြောင့် ပေးကိုပေးရပါတယ်... ပြဿနာက အဲဒီကစပါတယ်... ဖုန်းကိုစွဲတော့တာပဲ... စကားပြောနဲလာတယ်... မိဘနဲ့ ထိတွေ့ မှုနဲလာတယ်... စက်ရုပ်ဆန်လာတယ်... သားက ကျွန်မလို multitasking သမားမဟုတ်တော့ ပိုဆိုးတော့တာပေါ့... ဖုန်းကိုင်နေရင် ဘာမှမကြား, ပတ်ဝန်းကျင်ဘာဖြစ်လို့ ဖြစ်နေမှန်းမသိ... အဲဒီလိုအဖြစ်ကြီးကို ငယ်ငယ်ကလို ဖုန်းသိမ်းတဲ့နည်းနဲ့ Control လုပ်တယ်, အချိန်နဲ့ သုံးဖို့ စည်းကမ်းထားတယ်... အဲဒီမှာ သားနဲ့ ကျွန်မကြား ပြဿနာတွေ စတယ်... ဆယ်ကျော်သက်အရွယ်မှာ ထိန်းချူပ်ခံရတာကို မလိုလားတတ်ကြဘူးလေ... ခံစားချက်တွေက အဆုံးစွန်ရောက်တတ်တာ... သူ့ ဘဝကပဲ သူများတွေထက်ဆိုးနေသလိုမျိုးပေါ့... ထိန်းလေ ရုန်းလေ ဆိုတာ ကျွန်မသဘောပေါက်လာသလို ကျွန်မငယ်ဘဝကို ပြန်စဉ်းစားကြည့်မိတယ်... ဒီအခါ သားနေရာက ကျွန်မပြန်စဉ်းစားတာပါ...<br/ ><br/ >
ကျွန်မဟာ မိဘတွေရဲ့ပုံစံခွက်ထဲမှာ ကြီးပြင်းလာရသူပါ... အင်္ကျိအဝတ်အစားကအစ မိဘရွေးတာ ဝတ်ရတယ်... တက္ကသိုလ်ရောက်လို့ ဘာသာတွဲရွေးတာက အစမိဘစိတ်တိုင်းကျရွေးရတယ်... ကျွန်မမိဘတွေ ကျွန်မကို ဆုံးမရအခက်ဆုံးအချိန်က 2nd year အရေးအခင်းတွေ ဖြစ်တဲ့အချိန်... ကျွန်မ ၁၈နှစ်အရွယ်လောက်ကပေါ့... အာအိုင်တီသပိတ်မှာ မိဘတွေမသိအောင် အိမ်ကခိုးခိုးထွက်ပြီး သွားလှုပ်ရှားတယ်... အိမ်က သိသွားတော့ အိမ်တံခါးသော့ခပ်ပြီး ကျွန်မကို ထောင်ချသလို ထားခဲ့တယ်... အဲဒီမှာ ဆယ်ကျော်သက် ဇာတိပြတော့တာပဲ... ထိန်းလေ ရုန်းချင်လေ... အဲဒီတုန်းက ကျွန်မတို့ အိမ်က ခြေတံရှည်ပျဉ်ထောင်အိမ်လေးပါ... ပိတ်ထားတဲ့ ပြူတင်းတံခါးကနေ ကျွန်မ အောက်ကိုခုန်ချခဲ့တယ်... အတော်လေးမြင့်တာ အောက်ရောက်မှသိတယ်... ကြီးကြီးမသိအောင် ခြံတံခါးကို ကျော်တက်ပြီး အာအိုင်တီသွားဖို့  သူငယ်ချင်းအိမ်သွားခဲ့တယ်... အဲဒီမှာ စိတ်မချလို့ အိမ်ကိုလာချောင်းတဲ့အဖေနဲ့ တွေ့ တော့ ကျွန်မကို အဖေက ရိုက်နှက်အိမ်ကိုခေါ်သွားခဲ့တယ်... ကိုယ်လုပ်တာဘာမှားလို့ လဲဆိုတဲ့ ဆယ်ကျော်သက်အရွယ်ရဲ့ခေါင်းမာမှုမှာ မိဘနေရာက ကိုယ်ချင်းမစာနိုင်ခဲ့... ညဘက်တွေကျ လမ်းပေါ်မှာ စစ်ဖိနပ်သံတွေကြားရင် အိမ်တွေ အမှောင်ချလို့  တိတ်တိတ်လေးငြိမ်ကြရတဲ့အချိန်မှာ ကျွန်မက ကိုယ့်မျက်စိရှေ့ တင် အဖြူအစိမ်းဝတ်ကျောင်းသားလေးတွေ သေနတ်ဒဏ်ရာတွေရကုန်တဲ့မြင်ကွင်းပဲ ပြေးပြေးမြင်ပြီး နောက်ဖေးမီးဖိုချောင်က အမေအသားခုတ်တဲ့ဓားမပြေးဆွဲပြီး အိမ်ရှေ့ လမ်းပေါ်ထွက်ဖို့ လုပ်တာ... ဆယ်ကျော်သက်အရွယ်ရဲ့ တဖက်စွန်းကျတဲ့ခံစားမှု... ကျွန်မကို ဖေရယ်, မေရယ်, ကြီးကြီးရယ် ၃ယောက် ဝိုင်းချူပ်ကြရတယ်... ခုပြန်စဉ်းစားတော့ အဲဒီအချိန်က ကျွန်မမိဘတွေ ဘယ်လောက်များ စိုးရိမ်ပူပန်စိတ်ဆင်းရဲခဲ့ကြလေမလဲ... ဆယ်ကျော်သက်အရွယ်မှာ စိတ်ခံစားမှုပြင်းထန်တဲ့အခါ ဘာကိုမှမမြင်ရတဲ့ ကျွန်မအတိတ်ကို ကျွန်မပြန်ကြည့်ဖြစ်တယ်...<br/ ><br/ >
ကျွန်မဆယ်ကျော်သက်နဲ့ သားဆယ်ကျော်သက် ချိန်ထိုးစဉ်းစားမိတဲ့အခါ ကျွန်မက သားထက်ပိုခေါင်းမာတာတွေ့ ရတော့ သားနေရာက ကိုယ်ချင်းစာပြီး ကျွန်မစံတွေ လျော့ချပစ်ရတော့တယ်... သူဖုန်းသုံးနေတာ အန္တရာယ်ရှိတဲ့အလုပ်မှ မဟုတ်တာပဲလေလို့ ဖြေတွေးတယ်... ဖုန်းလျော့သုံးဖို့ အတင်းအကျပ်မဟုတ်တဲ့ တခြားနည်းတွေ စဉ်းစားတယ်... ဥပမာ- ကျွန်မအိမ်ရှင်းနေတုန်း သားကိုတခုခုကူခိုင်းတာမျိုး, ကျွန်မအပြင်သွားအဝတ်တွေမီးပူတိုက်နေတုန်း သားကို အိမ်နေရင်းအဝတ်တွေခေါက်ခိုင်းတာမျိုး, ကျွန်မတပတ်စာဈေးဝယ်ရင် မေမေတယောက်ထဲလေးလို့ လိုက်ခဲ့ပေးပါဆိုတာမျိုး... အဲဒီလိုတွေ ဉာဏ်သုံးပြီး ဖုန်းသုံးချိန်နဲအောင်, ကျွန်မနဲ့ စကားတွေပြောအောင် လုပ်ရပါတယ်... သားဟာ ဖုန်းနဲ့ ဝေးနေချိန်ဆို ငယ်ငယ်ကလို သိပ်ချစ်စရာကောင်းပါတယ်... အဲဒီအချိန်ဆို သူကစကားတွေ ဆက်တိုက်ပြောတတ်တယ်... သူနဲ့စကားတွေပြောမှ သူဖုန်းသုံးတဲ့အခါ စာတွေဖတ်နေတယ်ဆိုတာ သိရတယ်... ကျွန်မ မသိသေးတဲ့ trump အကြောင်းတွေကအစ AI( artificial intelligence) အကြောင်းအထိ သူနှံ့ စပ်အောင်လေ့လာထားတာ ကြားရတော့ ကျွန်မသက်ပြင်းခိုးချမိတယ်... သူစိတ်ဝင်စားတဲ့အကြောင်းအရာတွေမဆိုးသေးဘူးပေါ့...<br/ ><br/ >
ဆယ်ကျော်သက်အရွယ်မှာ တခါတလေ လက်ခံလို့ ကို မရတဲ့ခေါင်းမာမှုတွေကလဲ အများသား... မနှစ်က စာမေးပွဲတခုမှာ ကျွန်မကို timetable မပြ... သူမဖြေရသေးဘူးထင်လို့  ကျွန်မက သတိပေးတော့မှ ဒီနေ့ စာမေးပွဲနောက်ဆုံးနေ့ မေမေလို့ ပြောတော့ ကျွန်မအတော်လေးကို ဒေါသထွက်မိတယ်... စာတလုံးမှမဖတ်ပဲ သွားဖြေတဲ့စာမေးပွဲကျပြီ, သွားပြီလို့ ကျွန်မတွက်ခဲ့တာ... result ထွက်လာတော့ ပြုံးဖြီးဖြီးနဲ့ လာပြောတယ်... မေမေ သားအတန်းထဲမှာ Maths နဲ့  physics အများဆုံးတဲ့... ကျွန်မအတော်လေးအံ့သြသွားပြီး ကျက်စာတွေအောင်လားဆိုတော့ အကုန်အောင်တယ်တဲ့... တခါတလေ ကိုယ့်ရဲ့စိုးရိမ်ပူပန်မှုတွေကပဲများနေသလားတွေးမိပြီး သားကိုလေပြေလေးနဲ့ ပြောရတယ်... စာမကျက်ပဲနဲ့ တောင် ဒီလိုဆို စာလေးသာပုံမှန်လုပ်ရင် အမှတ်တွေဒီထက်ပိုကောင်းမှာပေါ့သားရယ်လို့ ...<br/ ><br/ >
ကျွန်မက နူးညံ့ပျော့ပြောင်းချိုချိုသာသာထဲက မဟုတ်ပါဘူး... ဒါပေမယ့် ဆယ်ကျော်သက်အရွယ်မှာ သတိထားရတဲ့အချက်တွေက စကားနားမထောင်တိုင်း စိတ်လက်မာန်ပါ မရိုက်မိဖို့ ရယ်, သူများနဲ့ နှိုင်းယှဉ်မပြောမိဖို့ ရယ်, လူ့ ရှေ့ သူ့ ရှေ့ မှာ သူအရှက်ရစေတဲ့အကြောင်းအရာတွေ မပြောမိဖို့ ရယ်, ပြီးတော့ သူ့ privacy မထိခိုက်မိဖို့ ရယ်ပါ... သူတို့ အရွယ်က ထိလွယ်ရှလွယ်ခံစားလွယ်မို့ အတော်လေးသတိထားရပါတယ်... ထိန်းတော့ထိန်း မသိမသာထိန်းဆိုပြီး ကျွန်မကိုယ်ကျွန်မပဲ ခဏခဏပြန်သတိပေးရပါတယ်...<br/ ><br/ >
မိဘတွေဆီက လွတ်မြောက်ပြီ, လူကြီးဖြစ်ပြီဆိုတာ ပြချင်တော့ ကျောင်းလိုက်ပို့ တာလဲမခံချင်သလို , လမ်းလျှောက်လို့ လက်လေးတွဲ, ပုခုံးလေးဖက်တာတောင် မခံချင်တော့ပါဘူး... ဒါက လူ့ ရှေ့ သူ့ ရှေ့ မို့ ပေမယ် မနက်ခင်း သူ့ အဖေကားမောင်းပြီး ကျောင်းပို့ တဲ့အခါ ကျွန်မက မေတ္တာသုတ်လေးရွတ်ပေးရင် ခေါင်းလေးထိုးခံပြီး ကားပေါ်ကဆင်းလို့ နဖူးလေးနမ်းရင် ကျေနပ်နေတတ်ပြန်ရော... ခုထိကျွန်မနဲ့ တခန်းထဲအိပ်တုန်းပါ... ပြောချင်တာက ဆယ်ကျော်သက်စိတ်လေးတွေဟာ ဟိုမရောက် ဒီမရောက်နဲ့ တခါတခါ သံပုရာသီးလေးဖြစ်လိုက် တခါတခါပန်းသီးလေးဖြစ်လိုက်နဲ့  ကိုင်တွယ်ရအတော်လက်ပေါက်ကပ်တဲ့အရွယ်ပါ...<br/ ><br/ >
ဒီအရွယ်မှာ မိဘတွေသတိထားရမယ့် အရေးကြီးဆုံးအချက်ကတော့ အရှက်ရစေမယ့်စကား, အပြုအမူမပြောမိအောင်, မလုပ်မိအောင်နဲ့  စိတ်ဖိစီးမှုသိပ်မပေးဖြစ်အောင်ပါ... သူတို့ ခံစားမှုအတိမ်အနက်ဟာ ခန့် မှန်းရအရမ်းခက်ပါတယ်... ကျောင်းကဆရာ,ဆရာမနဲ့ သူငယ်ချင်းတွေရဲ့ဆက်ဆံရေးတွေလဲ အမြဲမပြတ်သတိထားမိဖို့ လိုပါတယ်... ကျွန်မအစချီခဲ့တဲ့ ကြေကွဲစရာသတင်းထဲက ဆရာမနဲ့ ကျောင်းသူလေးရဲ့ဆက်ဆံရေးမှာ ဒီအဖြစ်ဆိုးကြီးမတိုင်မှီ မပြေလည်ခြင်းတွေ, နှိမ်ချဆက်ဆံခြင်းတွေရှိနေမယ်လို့  ကျွန်မသံသယဖြစ်မိတယ်... ကျွန်မတို့ ဆယ်ကျော်သက်ရင်သွေးလေးတွေရဲ့လုံခြုံရေးဟာ မိဘ, ဆရာတွေရဲ့ ကိုင်တွယ်တတ်မှုပေါ်မှာ အရမ်းမူတည်တာကြောင့် ဒီpost လေးနဲ့ ကိုယ့်ကိုယ်ကိုလဲ သတိပေးရင်း ကျွန်မနဲ့ ဘဝတူမိဘတွေကိုလဲ ချစ်ခြင်းအားဖြင့် သတိပေးပါရစေနော်...။<br/ ><br/ >
တန်ခူး<br/ >
9:51am<br/ >
<br/ >
<br/ >
<br/ >
Branded တွေရောင်းတဲ့ shopping center ကြီးတွေပတ်ရတာထက် ပွဲဈေးတန်းလေးတွေပတ်ရတာ ပိုလို့ ရင်ခုန်နွေးထွေးစေတယ်ဆိုရင် ကျွန်မကို ပိုတယ်ထင်ကြမလား။ ဟုတ်ကဲ့။ ကျွန်မက ရပ်ကွက်သဘာဝကို ချစ်တတ်တဲ့ ရပ်ကွက်သူစစ်စစ်ပါ။<br/ ><br/ >
တန်ခူး<br/ >
7:49pm<br/ >
3-Feb-2018<br/ >တန်ခူးhttp://www.blogger.com/profile/08326357917406062761noreply@blogger.com0tag:blogger.com,1999:blog-5970961902301632590.post-86903592233742283652018-01-20T04:26:00.000+08:002018-01-20T04:26:08.712+08:00ရထားစီးကြသူများ ၂"ဘောက်ထော်" ဘူတာ။<br/ ><br/ >
အမေပြောပြသည့် မိသားစုကျော်ဖြတ်ခဲ့ရတဲ့နေ့ ရက်တွေမှာ အလွန်အရေးပါသည့် ဘူတာလေးတခု။ အဖေနဲ့ အမေ အိမ်ထောင်ကျတော့ အဖေက ဆင်းရဲလို့  ချမ်းသာသည့်အမေ့ဘက်က သဘောမတူတာကြောင့် အိမ်ထောင်ဦးမှာ လှည့်မကြည့်ခဲ့။ သုညကစခဲ့ပေမယ့် မေတ္တာခင်းတဲ့လမ်းဆိုတော့ သူတို့ မောရမှန်းပင်မသိ။ သူများအိမ်မှာငှားနေရသည်။ အဲဒီအချိန်က အဖေရော၊ အမေပါ ကျောင်းဆရာ၊ဆရာမတွေ။ သူတို့ နေ့ တိုင်း မြို့ ပတ်ရထားစီးပြီး ကျောင်းသွားကျောင်းပြန်လုပ်သည်။ ဘောက်ထော်ဘူတာမှာတက်၊ ဘောက်ထော်ဘူတာမှာဆင်း။ ဘောက်ထော်ဘူတာက အဖေတို့ အမေတို့ နဲ့ အတော်သံယောဇဉ်ဖြစ်ခဲ့သည့် ဘူတာ။ ဘယ်လောက်တောင်ဖြစ်ခဲ့သလဲဆို အမေကျွန်မကိုယ်ဝန်လွယ်ထားရစဉ် နေ့စေ့လစေ့မွေးခါနီးအထိ ရထားစီးပြီးကျောင်းသွားတဲ့အခါ ရထားလွတ်မစိုးလို့  ပြေးရတဲ့အခါမျိုးမှာ ရထားမောင်းသည့်ဦးလေးကြီးက အမေ့ကို မှတ်မိနေပြီး နေ့တိုင်းစောင့်ခေါ်တတ်သည်တဲ့။ ဘာရယ်မဟုတ် အဲဒီနေ့ ရက်တွေ အမေပြန်ပြောတိုင်း မျက်ရည်ဝဲတတ်သည်။ <br/ ><br/ >
ငယ်ငယ်က ကြီးကြီးနဲ့ အတူ အဲဒီဘောက်ထော်ဘူတာမှ ရထားစီးပြီး ဟိုသွား၊ ဒီသွားလျှောက်လည်ခဲ့ဘူးသည်မို့  သည်ဘောက်ထော်ဘူတာလေးက ငယ်ချစ်လို့ ဆိုနိုင်သည်။ အကျွမ်းတဝင် ဘောက်ထော်ဘူတာလေးနဲ့ ဝေးခဲ့တာ နှစ်ပေါင်း၄၀နီးပါး။ ဒီက MRT နေ့ တိုင်းစီးပြီး ကျောင်းသွားတဲ့သားက မြန်မာပြည် transportation system ကိုအလွန်စပ်စပ်စုစု သိချင်လှသည်။ သူလူမှန်းသိကာစကနေ ဒီနေ့ အထိ သူ့ အဖိုးကား၊ သူ့အဒေါ်ကားနဲ့ သွားနေရတော့ တခါတလေ ဆိုက်ကားစီးဖို့  ပူဆာတတ်သည်။ သားနဲ့  တက်စီ စီးလျင် ဈေးဆစ်လို့ မရ။ စင်္ကာပူဒေါ်လာနဲ့ ပြန်တွက်ပြီး သူက တက်စီမောင်းသူကို ပြန်အားနာနေတတ်သူ။ သားစိတ်ဝင်တစားပူဆာသည့် မြို့ ပတ်ရထားကို ပြီးခဲ့တဲ့အခေါက်က ဆွေမျိုးတွေတလှေကြီးနဲ့ စီးခဲ့ကြသည်။<br/ ><br/ >
ဘောက်ထော်ဘူတာကိုရောက်တော့ ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတွေနှင့် အိုမင်းရင့်ရော်လာသည့် အဖိုးအိုကြီးတယောက်နှင့် ပြန်ဆုံသလိုခံစားရသည်။ ဒီအဆောက်အဦး၊ ဒီလှေခါး၊ ဒီသံလမ်းတွေက ကျွန်မငယ်ငယ်ကအတိုင်းပါပဲလား။ ဘာမှမပြုပြင်တော့ နေရာတကာမှာ ဟောင်းနွမ်းအိုမင်းယိုယွင်းခြင်းတွေနဲ့ ။ ရထားလမ်းပေါ်က ပေါင်းပင်တွေက နေ့ တိုင်းသွားလာနေသည့် ရထားလမ်းတခုမဟုတ်သလို။ ရင်ထဲဘာကိုဝမ်းနည်းမိမှန်းမသိ။<br/ ><br/ >
ရထားလက်မှတ်ဝယ်တော့ တစောင်၂၀၀။ အခြေခံလူတန်းစားတတ်နိုင်သည့် ပမာဏမို့  ကျေနပ်မိသည်။ ရန်ကုန်မှာမွေးသည့် တူတွေကလဲ ရထားတခါမှမစီးဘူးတော့ သားနဲ့ မထူး၊ သူတို့ အတွက် အကုန်အထူးအဆန်းချည်း။ လက်မှတ်ရောင်းတဲ့သူက နောက်၁၀မိနစ်ကြာရင် ရထားလာမည်လို့ ပြောလိုက်သည်။ ၅မိနစ်အတွင်း ရောက်လာတော့ မမေးမမြန်းနဲ့ ဝမ်းသာအားရတက်သွားသည်။ <br/ ><br/ >
ကလေးတွေအများကြီးနဲ့ တက်လာသည့် ကျွန်မတို့ ကို ရထားစီးနေကြသူတွေက အံ့သြတကြီးဝိုင်းကြည့်ကြသည်။ ဟိုစူးစမ်း၊ ဒီစူးစမ်းဆိုတော့ သူတို့ အမြင်ဆန်းနေတာဖြစ်မည်။ ရထားကို သားကဓာတ်ပုံရိုက်၊ ကျွန်မက ဓာတ်ပုံရိုက်၊ ရထားစီးနေတုန်း ကျွန်မဦးလေးအငယ်က Facebook ပေါ် Live လွှင့်ဆိုတော့ မြန်မာတွေဖြစ်ပြီး ရထားကိုဘာအထူးအဆန်းဖြစ်နေကြတာလဲ ထင်ကြမည်။<br/ ><br/ >
စိတ်ကျေနပ်စရာကောင်းတာက ရထားပေါ်မှာ ကြိတ်ကြိတ်တိုးလူမကျပ်။မတ်တပ်ရပ်သူတချို့ ရှိပေမယ့် အသက်ရှုချောင်လှသည်။ ပြီးတော့ သန့် သန့် ရှင်းရှင်းရှိလှသည်။ ကျွန်မထုံးစံ ရထားစီးသူတွေကို အနည်းငယ်လေ့လာ စကားစမြည်စပြောသည်။ ဒါကိုယ့်တိုင်းပြည်ဆိုတော့ သိသိမသိသိ၊ ဘယ်သူနဲ့ ဖြစ်ဖြစ် မိတ်ဆက်စကားဆို စကားပြောလို့ ရသည်မဟုတ်လား။ ကျွန်မ မတ်တပ်ရပ်သည့်နားမှာ ထိုင်နေသည့်ဦးလေးကြီးက အသက်၆၀နီးပါးရှိမည်။ဆံပင်တွေဖြူ၊ အဝတ်အစားနွမ်းပါးပြီး ဒီအသက်အရွယ်အထိ အလုပ်လုပ်နေပုံရသည်။ YBS နဲ့ ရထားဈေးချင်းတူတူပဲနော်လို့  ကျွန်မကမေးတော့ ဦးလေးကြီးက “မတူဘူးလေသမီးရဲ့၊ ရထားက ၁၀၀ ၊ YBS က ၂၀၀၊ တဝက်သက်သာတယ်၊ လမ်းမပိတ်ဘူး၊ ကားလောက် အန္တရာယ်မများဘူး၊ စီးရတာစိတ်ချမ်းသာတယ်" တဲ့။ မြို့ ပတ်ရထားရဲ့ ကောင်းတဲ့အချက်လေးတွေကို နေ့ တိုင်းစီးနေပုံရတဲ့ဦးလေးကြီးဆီက ကြားရတော့ စိတ်ထဲကျေနပ်ပျော်ရွင်မိသည်။ <br/ ><br/ >
ဒီမှာ အဒေါ်ကမေးတော့သည်။ အမတို့ ဝယ်လာတဲ့လက်မှတ်ဘာကြောင့် ၂၀၀ ဖြစ်နေပါလိမ့်တဲ့။ ညီမဝမ်းကွဲက အထက်တန်းတွဲသပ်သပ်ရှိနေလားမသိလို့ စဉ်းစားသည်။ အဲဒီမှာပဲ မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် ရုံးဝန်ထမ်းဖြစ်ပုံရတဲ့အမျိုးသမီးလေးက ခပ်သွက်သွက်ဝင်ပြောသည်။၂၀၀ ဆိုတာ Aircon ရထားတဲ့။ သူပြောမှ စောလာသည့်ရထားကို မှားစီးခဲ့ကြတာ သဘောပေါက်သည်။<br/ ><br/ >
မကြာခင် ရထားတစီးရဲ့ဆည်းလည်းတွေ ဟိုကဒီက ပေါ်လာသည်။ မြန်မာမုန့် မျိုးစုံအသည်၊ ပဲပြားသုပ်ရောင်းတဲ့အသည်၊ ဒဏ်ကြေဆေးရောင်းတဲ့အသည်၊ ပန်းသီးသည်၊ လိမ္မော်သီးသည်၊ သံပုရာသီးသည်၊ ကွမ်းယာသည်စုံလို့  ထုံးစံအတိုင်း ဝေဝေဆာဆာ၊ ကဗျာတပုဒ်လို ကာရံနဲ့ ရောင်းကြသည်။ သားကို ကြိုပြောပြမထားတော့ သားကတအံ့တသြနဲ့ အသည်တသည်ချင်းစီကို စိတ်ဝင်တစားကြည့်သည်။ ဘေးနားက ကောင်မလေးက အသုပ်ဝယ်စားတော့ စုံစီနဖာအကုန်ပါသည့်ဗန်းထဲမှ ပစ္စည်းတွေ တခုပြီးတခုထည့် ရထားပေါ်တင် အသုပ်အပြီးအစီးသုပ်ပေးနေတာ သူ့ အတွက်အတော်ထူးဆန်းနေသည်။<br/ ><br/ >
ခဏနေတော့ အကြောဆေးရောင်းတဲ့အသည်က ဒီတွဲမှာကျောက်ချနေလို့ ဆို သံပုရာသီးသည်အမျိုးသမီးက စောင်းပါးရိပ်ခြေပြောသည်။ တီဗွီမှာကြော်ငြာရင်တောင် အချိန်နဲ့ သူ့ အလှည့်ကိုယ့်အလှည့်ရှိသည်တဲ့။ ပညာသားပါပါပြောလိုက်တော့ ဆေးရောင်းတဲ့သူ တွဲကူးသွားသည်။ ခဏနေတော့ သူ့ သံပုရာသီးတွေကို ညှစ်ပြပြီး ဘယ်လောက်အရည်ရွှမ်းလဲဆို ဆင်ကြီးကြီးလဲရေချိုးပေးလို့  ရတယ်၊ ဆင်သေးသေးလဲရေချိုးပေးလို့ရတယ်ဆိုပဲ။ သားကကြော်ငြာတတ်ပုံကိုသဘောကျလို့ နေပြီး ကျွန်မကိုတိုးတိုးလာပြောသည်။ “very creative” တဲ့။<br/ ><br/ >
လမ်းဘေးမြင်ကွင်းတွေကတော့ မသာယာလှ။ တချို့ နေရာတွေ နောက်ဖေးလမ်းကြားနဲ့ တူသည်။ ကန်စွန်းခင်းကြီးတွေတွေ့ တော့ သားကသူကြိုက်တဲ့အရွက်တွေ အခင်းလိုက် အများကြီးတွေ့ 
ရလို့ ခူးလို့ ရလားမေမေလို့ မေးသေးသည်။ ဆင်းရမယ့်ဘူတာရောက်တော့ ကလေးတွေ မရပ်ခင်မဆင်းကြဖို့ လက်တွေတွဲ၊ သတိတွေပေးရင်း ရှူပ်ရှက်ခပ်နေတဲ့ ကျွန်မတို့ ဆွေမျိုးတသိုက်ကို ရထားပေါ်ကလူတွေက ပြုံးကြသည်။ ဘယ်လောက်ချစ်စရာကောင်းတဲ့၊ ဘယ်လောက်ဖော်ရွေတဲ့တိုင်းပြည်လဲနော်။ ဒီနိုင်ငံက MRTပေါ်မှာဆို နိုင်ငံကြီးသားတွေရဲ့ မျက်စောင်းဒဏ်နဲ့ တင် ကျွန်မတို့ လဲကျနိုင်သည်။<br/ ><br/ >
မယ်လမုဘုရားကို ဘူတာကနေခြေလျင်သွားတော့ ငယ်ငယ်မူလတန်းမတက်ခင် အရွယ်က ကြီးကြီးလက်လေးဆွဲပြီး ဒီခရီးကို အတူသွားခဲ့သည့် ကိုယ်ပုံရိပ်ကို မြင်ယောင်မိသည်။ ဆွေမျိုး ၉ယောက်၊ ကုန်ကျစရိတ် ၁၈၀၀ကျပ်နဲ့ မယ်လမုဘုရားဖူးသွားသည့် ဒီခရီးက ပျော်လဲပျော်၊ တန်လဲတန်၊ ကုသိုလ်လဲရမို့ အမှတ်တရပင်။ သားက ရထားစီးရတာ အရမ်းသဘောကျပြီး မှတ်ချက်ပေးသည်။
မေမေ ရထားစီးရင်း wet market သွားသလို၊ food court သွားသလိုပဲနော်တဲ့၊ သူတို့ က ကိုယ်ရှိရာလာရောင်းတော့ အချိန်ကုန်လဲသက်သာ၊ လူလဲသက်သာတယ်နော် ပြီးတော့ ဘယ်စီးစီး စင်္ကာပူဒေါ်လာ ၅ပြားနဲ့ညီတဲ့မြန်မာငွေပဲပေးရတာလို့  အင်္ဂလိပ်လိုမှတ်ချက်ချသည်။ ဟုတ်ပါရဲ့။ သားပြောမှ ကိုယ့်တိုင်းပြည်က မြို့ ပတ်ရထားရဲ့အားသာချက်ကို ကွင်းကွင်းကွက်ကွက်မြင်တော့သည်။<br/ ><br/ >
တကယ်တော့ အသစ်တွေဆီလှမ်းစရာမလိုသေးပါ။ လက်ရှိအဆင်ပြေနေတာလေးကို ပိုလို့ ကောင်းအောင် မွမ်းမံပြီး ရထားစီးရေ ခပ်စိပ်စိပ်လေးသာ စီစဉ်လိုက်ရင် ရထားစီးသူတွေ ဒီထက်ပိုများပြီး လမ်းပိတ်ဆို့ မှုပြဿနာလဲ အနည်းနဲ့ အများပြေလည်လာနိုင်လိမ့်မည်လို့ မျှော်လင့်မိသည်။ <br/ ><br/ >
တန်ခူး<br/ >
10:36am <br/ >
19 Jan 2018<br/ >
( ဒီ post ကို ဘာလို့ ရထားစီးကြသူများ၂ လို့ ပေးခဲ့လဲဆိုတော့ ဒီခေါင်းစဉ်နဲ့ ပဲ အရင်က ကျွန်မblog မှာစာတပုဒ်ရေးခဲ့ဖူးလို့ပါ) <br/ >တန်ခူးhttp://www.blogger.com/profile/08326357917406062761noreply@blogger.com0tag:blogger.com,1999:blog-5970961902301632590.post-21898818573901986992018-01-17T21:49:00.001+08:002018-01-17T21:49:39.592+08:00ဒိုင်ယာနာ, မြနန္ဒာနဲ့ ကျွန်မတို့ မိန်းခလေးများ
"လောကမှာ လူနည်းနည်းလေးနဲ့ ပန်းတွေအများကြီးရှိရင် သိပ်ကောင်းမှာပဲ၊သိပ်အေးချမ်းမှာပဲ_”<br/ ><br/ >
မြနန္ဒာ<br/ >
( မောင်၊ ကိုကိုနှင့်မြနန္ဒာ)<br/ ><br/ >
တကယ်တော့ ဒီနေ့ က အလုပ်အရမ်းများတဲ့နေ့ ... ဒါပေမယ့် ဖတ်လက်စ "မောင်၊ကိုကိုနှင့် မြနန္ဒာ" ကိုပဲ စိတ်ကရောက်နေတော့ အလုပ်တွေခဏပစ်ပြီး ပေပေတေတေ အကျင့်ဆိုးလေးကို မထိန်းပဲလွှတ်ပေးလိုက်တယ်... ၂ကြိမ်ဖတ်ဖူးပြီးသားပေမယ့် ဒီတခါပြန်ဖတ်တော့လဲ မရိုးနိုင်အောင် ခံစားချက်တွေ အသစ်ပြန်ဖြစ်တယ်... <br/ ><br/ >
ဇာတ်လမ်းကရိုးရိုးလေးပါ... မိဘတွေပုံစံခွက်ထဲမှာ မှန်ဘီရိုထဲက အလှပြအရုပ်ကလေးတရုပ်လို နေခဲ့ရတဲ့, ဘဝမှာ ကိုယ်ပိုင်ရွေးခြယ်ပိုင်ခွင့်ရှိတယ်ဆိုတာတောင် မသိရှာတဲ့မြနန္ဒာရယ်, သူနဲ့ အခြေအနေချင်းကွာဟတဲ့ကဗျာဆရာလေးလင်း ခေါ် မောင်ရယ်, ပြီးတော့ မိန်းမတွေကို တန်ဖိုးမထား, အလေးမထားပဲ, အိုင်တွေ့ တိုင်းခြေဆေးတတ်တဲ့ ဘွဲ့ ထူးဂုဏ်ထူးအကြီးကြီးနဲ့ ဆရာဝန်ကိုကိုတို့ ရဲ့၃ပွင့်ဆိုင်အချစ်ဇာတ်လမ်း... ဆရာမကြည်အေးရဲ့နာမည်ကြီးဝတ္ထုမို့  လူတော်တော်များများဖတ်ဖူးပြီးသားဖြစ်မှာပါ... ဒီpost လေးကို ရေးရတဲ့ရည်ရွယ်ချက်ကတော့ မိန်းခလေးတွေအတွက်ပါ... <br/ ><br/ >
ပထမဆုံးအကြိမ် ဖတ်ခဲ့တုန်းက မောင့်ကို သနားခဲ့တယ်...
ဒုတိယအကြိမ်ဖတ်တော့ မောင့်ကို အားမလိုအားမရဖြစ်ခဲ့တယ်...
ခုတတိယအကြိမ်ဖတ်တော့ မောင့်ရဲ့စည်းကမ်းရှိမှုနဲ့ ထိန်းချူပ်နိုင်မှုကို တန်ဖိုးထားမိတယ်... မောင်သာ ခံစားချက်အတိုင်းစီးမျောရင် မြနန္ဒာရဲ့ဘဝက တမျိုးတဖုံပြောင်းသွားနိုင်ပေမယ့် မောင်က စည်းကိုမကျော်ခဲ့... သူတို့ ၂ယောက်ရဲ့ relationship လေးက သမီးရီးစားမဟုတ်, အထိအတွေ့ မပါတဲ့ ဖြူဖြူစင်စင်အဖော်စစ်စစ်လေးမို့  ချစ်စရာ... ပြန်တွေ့ ကြတော့လဲ သံယောဇဉ်တွေအများကြီးရှိခဲ့ဖူးပေမယ့် ၂ယောက်လုံးအိမ်ထောင်ရှင်တွေ, ကိုယ်ပိုင်မိသားစုတွေနဲ့ ဆိုတဲ့အသိနဲ့  ကိုယ်ကျင့်သိက္ခာကို ရှေ့ ထားပြီး စည်းလေးထားဆက်ဆံကြတာ... မြနန္ဒာကို စွဲလန်းဖူးခဲ့သူ, သူ့ ကဗျာတွေမှာ အမြဲမြနန္ဒာအရိပ်တွေဖုန်းလွှမ်းနေခဲ့ဖူးပေမယ့် အိမ်ထောင်ကျတော့ သူ့ ဇနီးလေးအပေါ်သစ္စာရှိရှိချစ်ခင်စုံမက်စွာပေါင်းသင်းတာ... တကယ်တော့ မောင်က ကိုကို့ လောက်ပညာတွေမတတ်, နိုင်ငံခြားဘွဲ့ ကြီးတွေမရပေမယ့် ကိုယ်ကျင့်သိက္ခာမှာ ကိုကို့ ထက် အပုံသာသူပါ...<br/ ><br/ >
ပထမဆုံးအကြိမ်ဖတ်တုန်းကလဲ ကိုကို့ ကို အရမ်းမုန်းတယ်...
ဒုတိယအကြိမ်ဖတ်တော့ ပိုလို့ မုန်းတယ်...
ခုတတိယအကြိမ်ဖတ်တော့ ကိုကို့ ကိုခါးသက်တယ်... မိန်းမတယောက်ကိုတမျိုးချစ်လို့ ရတယ်ဆိုတဲ့ကိုကိုက မိန်းမတို့ သည်တံတားအောက်မှာဖြတ်စီးသွားသောရေပမာပင်တဲ့... မိန်းမတယောက်ရဲ့ဖြစ်တည်ခြင်းဟာ သူ့ အတွက်ဖျော်ဖြေရေးသက်သက်... ရုပ်ဝါဒီဆန်လွန်းတဲ့ယောင်္ကျားတယောက်, နှလုံးသားမဲ့လွန်းတဲ့ယောင်္ကျားတယောက်လို့ ခံစားမိတယ်... <br/ ><br/ >
အဲဒီယောင်္ကျားကိုမှ ခင်ပွန်းတော်ခဲ့ရတဲ့ ကံကြမ္မာနဲ့ မြနန္ဒာ... မြနန္ဒာ ကိုကို့ ကို စချစ်သွားခဲ့ပြီး ကိုကိုက တခြားနိုင်ငံမှာ နိုင်ငံခြားသူတယောက်နဲ့ ပျော်ပါးနေချိန်မှာ သားဦးလေးကိုတယောက်ထဲမွေးခဲ့ရတဲ့ဘဝ...သူ့ ဘဝမှာ ခါးသက်မှုတွေက အများသား... အခါခါသေပြီး အခါခါပြန်လည်ရှင်သန်တတ်တဲ့ မြနန္ဒာရဲ့စိတ်ဓါတ်လေးကို မဖတ်ဖူးသေးတဲ့မိန်းခလေးတွေကို ပြန်လည်ဝေမျှချင်လို့ ပါ...<br/ ><br/ >
မိန်းခလေးတယောက်အတွက် အိမ်ထောင်ရေးကံမကောင်းခြင်းဟာ အဆိုးဆုံးလို့ ပြောလို့ ရပါတယ်... အတိတ်ဘဝက ကုသိုလ်ကံတွေကြောင့် ဒီဘဝမှာ အိမ်ထောင်ရေးကံမကောင်းတဲ့အခါ ဘဝကို ဘယ်လိုရင်ဆိုင်ကြမလဲ... အမိုက်မဲဆုံးရင်ဆိုင်ကြတာက ကိုယ့်ကိုယ်ကို သတ်သေကြတယ်... အစွန်းရောက်ဖြေရှင်းတတ်သူတွေက ခင်ပန်းကိုသတ်တယ်... တင်္ဒဂ သတိလက်လွှတ်မှုက တဘဝစာအထိခံစားရတဲ့, ဖြေရှင်းနည်းလို့ ခေါ်လို့ မရတဲ့ မိုက်မဲမှုတွေပါ... အများစုကတော့ သိပ်လွန်လွန်းလာရင် ကွာရှင်းလိုက်ကြတယ်... ကိုရီးယားကားယဉ်ကျေးမှုတွေ စီးမျောလာတဲ့ ဒီခေတ်ကြီးရဲ့ ကြောက်စရာကောင်းတဲ့ ဖြေရှင်းနည်းကတော့ တရားဝင်မကွာရှင်းပဲ နောက်တယောက်နဲ့ တွဲကြတယ်... တချို့ ကျတော့ စိတ်ကျရောဂါဖြစ်ပြီး ဘဝကို အရှုံးပေးလို့ ဘိုသီပတ်သီနဲ့ နေချင်သလိုနေပစ်ကြတယ်... <br/ ><br/ >
မြနန္ဒာဘယ်လိုနေလဲကြည့်ပါဦး... ကိုကိုမိန်းမပွေတာက နည်းနည်းမှမဟုတ်တာ... တွေ့ ရာနေရာမှာ တွေ့ ရာမိန်းမနဲ့ တွဲပလိုက်တာမျိုး... ၂ယောက်လောက်က အတည်တကျယူလိုက်သေးတယ်... နိုင်ငံခြားသူနဲ့ ကလေးတယောက်က ရသေးတယ်... မြနန္ဒာကြေကွဲတာပေါ့... သူလဲလူပဲလေ... ငိုကြွေးတယ်... ခံပြင်းတယ်... ဒါပေမယ့် သူ့ သားသမီးလေးတွေအတွက် ကိုကိုနဲ့ မကွဲပါဘူး... ညပြန်မအိပ်တတ်တဲ့ကိုကိုမရှိတဲ့ညတွေ မြနန္ဒာအထီးကျန်တာပေါ့... အထီးကျန်တဲ့အခါ အလုပ်တွေ မရပ်မနားလုပ်တယ်... သူတတ်သိတဲ့အလုပ်တွေပါ... အလုပ်များနေတဲ့သူတယောက်အတွက် အထီးကျန်ဝေဒနာက သက်သာတာတော့အမှန်ပါ... သိပ်သည်းမခံနိုင်တဲ့အခါ သားလေးနဲ့ အဝေးမှာ အာရုံပြောင်းနေတယ်... ယောင်္ကျားပွေရှူပ်လို့  စိတ်ဒုံးဒုံးကျပြီး မပြင်မဆင်မနေဘူး... အများငေးယူရအောင် အမြဲကျော့ကျော့မော့မော့, လှလှပပလေးနေတယ်... သံယောဇဉ်ဟောင်းနဲ့ ပြန်တွေ့ လို အထီးကျန်နေတဲ့စိတ်ကို မလွှတ်ပစ်လိုက်ဘူး... စည်းကမ်းရှိရှိနေတယ်...သူ့ ဆီပြန်လာအောင် မဆွဲဆောင်ဘူး... အပူရုပ်မရှိဘူး... ငိုတာတောင်ကြိတ်ငိုတယ်... ဖြစ်လာတဲ့အခြေအနေကို လက်ခံတတ်အောင်ကြိုးစားပြီး အကောင်းဆုံးဖြစ်အောင် ကိုယ့်ကိုယ်ကို ကုစားနေတာ အတုယူစရာပါ...<br/ ><br/ >
မြနန္ဒာကို ဖတ်ရင်း သတိရမိတာက အိမ်ရှေ့ မင်းသမီးလေးဒိုင်ယာနာပါ... ချားလ်ရဲ့ရက်စက်မှုတွေခံရတဲ့အခါ စိတ်တွေ ဟိုးအောက်ခြေအထိ ကျခဲ့ပေမယ့် သူအလုပ်တွေလုပ်တယ်... သူ့ တိုင်းပြည်အတွက်, ကမ္ဘာကြီးအတွက် ပရဟိတတွေ မရပ်မနားလုပ်ရင်း အထီးကျန်မှုဝေဒနာကို သူကုစားခဲ့တယ်...<br/ ><br/ >
အိမ်ထောင်ရေးအဆင်မပြေလို့ အဖော်မဲ့ အထီးကျန်နေတဲ့မိန်းခလေးတွေ မြနန္ဒာလို, ဒိုင်ယာနာတို့ လို အလုပ်တွေပိုလုပ်ကြည့်ပါလား... ပတ်ဝန်းကျင်ကို အကိျုးပြုတဲ့အလုပ်တွေဆို ကုသိုလ်လဲရ, အထီးကျန်ဝေဒနာလဲ သူ့ အလိုလိုကုစားပြီးသားဖြစ်မှာပါ... <br/ ><br/ >
မြနန္ဒာ ဝိုင်သောက်တယ်, ပါတီတက်တယ်, ကတယ်, ဆေးလိပ်သောက်တယ်, ဖဲရိုက်တယ်... ဒီထွက်ပေါက်တွေ သူလုပ်ခဲ့သေးပါတယ်... အိမ်ထောင်ရေးဖောက်ပြန်တဲ့ထွက်ပေါက်လောက် မဆိုးဝါးပေမယ့် မယူသင့်တဲ့ထွက်ပေါက်တွေပါ... ယူသင့်တဲ့ထွက်ပေါက်ကို ကျွန်မအပေါ်မှာပြောပြခဲ့ပါပြီ... စာတပုဒ်ဖတ်တဲ့အခါ, ရုပ်ရှင်တကားကြည့်တဲ့အခါ စာထဲက ဇာတ်ကောင်စရိုက်အရ အဆိုးနဲ့ အကောင်းဒွန်တွဲနေတတ်ပါတယ်... ကိုယ်က အဆိုးကိုယူမလား, အကောင်းကိုယူမလား... ကိုယ့်အပေါ်ပဲမူတည်တာမို့  ကိုယ့်ဘဝကို အဆိပ်ဖြစ်စေမယ့် သို့ မဟုတ် ကိုယ့်ပတ်ဝန်းကျင်ကို အဆိပ်ဖြစ်စေမယ့် အဆိုးတွေမယူမိဖို့ စဉ်းစားတွေးခေါ်နိုင်ကြပါစေ...<br/ ><br/ >
တန်ခူး<br/ >
9:04pm<br/ >
17-Jan-2018<br/ >တန်ခူးhttp://www.blogger.com/profile/08326357917406062761noreply@blogger.com0tag:blogger.com,1999:blog-5970961902301632590.post-86670695090569653292018-01-16T08:58:00.000+08:002018-01-16T12:42:53.513+08:00ဖြောင့်ချက်ဟိုးမိုးကောင်းကင်မှာ<br/ >
၁၃တွေခြိမ်းတဲ့နေ့ က<br/ >
ကိုယ့္အက်ႋျဖဴျဖဴေလး<br/ >
မီးကျွမ်းသွားခဲ့တယ်...<br/ ><br/ >
ရောင်စုံဖန်ခွက်လေးတွေကို<br/ >
၁၃တွေလွှတ်လွတ်ချတော့<br/ >
ကိုယ့်ဖဝါးလေး<br/ >
သွေးတွေစွန်းခဲ့တယ်...<br/ ><br/ >
အဝါရောင်နှင်းဆီပန်းအိုးလေးကို<br/ >
ဝိညာဉ်မဲ့စေတဲ့၁၃ကြောင့်<br/ >
ပန်းခြောက်လေးပေါ်<br/ >
မျက်ရည်စီးခဲ့တယ်...<br/ ><br/ >
Chocolate Coated နှလုံးသားတခုကို<br/ >
တံခါးမခေါက်ပဲ<br/ >
ကိုယ့်အိမ်ထဲအရောက်<br/ >
ပို့ ခဲ့တဲ့၁၃...<br/ ><br/ >
အချစ်အချစ်လို့ <br/ >
အော်ရောင်းနေတဲ့၁၃ရေ<br/ >
ဘဝတခုလုံးပေးဝယ်လိုက်ရတာက<br/ >
ဗျူဟာမာယာ အပုပ်အသိုးတွေ...<br/ ><br/ >
ခဏခဏမက်တဲ့<br/ >
အိပ်မက်ဆိုးတွေထဲ<br/ >
ကောင်းကင်ကြီးက<br/ >
၁၃တွေရွာရွာချတိုင်း<br/ >
ကိုယ်ဟာအကွယ်အကာမဲ့<br/ >
ဒဏ်ရာတွေနဲ့ <br/ >
တဆိတ်... များလွန်းပြီ၁၃ရယ်...<br/ ><br/ >
ညကလကိုခဏဖွက်လို့ <br/ >
ပြက္ခဒိန်ထဲက၁၃တွေ<br/ >
အပြီးထုပ်ပိုးပြီး<br/ >
စကြာဝဌာအပြင်ဘက်<br/ >
လွှင့်ပစ်ခဲ့တယ်...။<br/ ><br/ >
တန်ခူး<br/ >
8:41am 16-Jan-2018<br/ >
တန်ခူးhttp://www.blogger.com/profile/08326357917406062761noreply@blogger.com0tag:blogger.com,1999:blog-5970961902301632590.post-58145150623318562472018-01-15T08:30:00.000+08:002018-01-15T08:30:10.932+08:00အချစ်ရှိသလားDo you have love?<br/ ><br/ >
ခုတလော သားက အချစ်အကြောင်း လာလာဆွေးနွေးတော့ သားကို ကြိတ်စူးစမ်းလေ့လာရင်း သားရဲ့ထူးဆန်းတဲ့အတွေးတွေကို မြင်ရတာက စပြီး ဒီစာလေးရေးဖို့ စဉ်းစားမိတာပါ... High School ကျောင်းသား သားပတ်ဝန်းကျင်မှာ အချစ်ဆိုတဲ့စကားလုံး ဟိုတစ ဒီတစ ကြားရပြီထင်ပါတယ်...<br/ ><br/ >
"မေမေ အချစ်ဆိုတာ တကယ်မရှိဘူး... တကယ်တော့ လူတွေက သူတို့ မျိုးဆက်သစ်တွေ ကျန်ရစ်ခဲ့စေချင်လို့  အိမ်ထောင်ပြုကြတာ... ချစ်လို့ မဟုတ်ဘူး" တဲ့...<br/ ><br/ >
သားပြောတာ တစိတ်တပိုင်းမှန်ပေမယ့် အကုန်မမှန်ဘူးသားရဲ့... မေမေ အချစ်အကြောင်းစာတပုဒ်ရေးမယ်... ဒါပေမယ့် မေမေရေးမယ့်အချစ်က love between every relationship လို့ သားကို အကြမ်းဖျင်းပြောခဲ့ပါတယ်... <br/ ><br/ >
အချစ်ဆိုတာ လူတယောက်ချင်းစီက သူ့ အတွေ့ အကြုံအရ အမျိုးမျိုး အဓိပ္ပါယ်ဖွဲ့ ဆိုကြတာမို့  ခုကျွန်မရေးမယ့် အချစ်ဆိုတာလဲ ကျွန်မအမြင်သက်သက်သာဖြစ်ကြောင်း အရင်ဆုံးအသိပေးပါရစေနော်...<br/ ><br/ >
အချစ်ဆိုတာ ၂မျိုးပဲရှိပါတယ်...
ကိုယ့်ကိုယ်ကိုချစ်တဲ့အချစ်နဲ့  သူတပါးကိုချစ်တဲ့အချစ်... relationship တိုင်းမှာ ကျွန်မပြောတဲ့၂မျိုးက ပြိုင်တူညီတူမျှတူ ရှိနေဖို့ ခဲယဉ်းလွန်းလှတယ်... တခုက အမြဲအလေးသာမြဲ...<br/ ><br/ >
မိဘနဲ့ သားသမီး, မောင်နှမသားချင်း, ဆရာနဲ့ တပည့်, လုပ်ဖော်ကိုင်ဖက်, သူငယ်ချင်း, ချစ်သူ, လင်မယား... စတဲ့စတဲ့ relationship တိုင်းမှာ တချို့ က ကိုယ်ကချစ်တတ်သူလို့ ထင်ပေမယ့် တကယ်က ကိုယ့်ကိုယ်ကို ချစ်နေကြတာပါ... ဥပမာပြောရရင် ကိုယ့်သားသမီးကို တသွေးတသံတမိန့် ကိုယ်ပြောတာ လုပ်ရမယ်ဆိုတဲ့မိဘတွေဟာ သားသမီးကို ကောင်းတာဖြစ်စေချင်လို့  ဘယ်လောက်ပဲပြောပြော တကယ်က သူတို့ ကိုယ်သူတို့ ချစ်နေကြတာပါ... သားသမီးတွေရဲ့ ကိုယ်ပိုင်ခံစားမှု, နှလုံးသားကို လျစ်လျူရှူထားလိုက်တာဟာ သားသမီးတွေကို ချစ်ပါတယ်ဆိုတာ စဉ်းစားစရာပါ...<br/ ><br/ >
ဒီလိုပါပဲ... မိတ်ဆွေအပေါင်းအသင်း, သူငယ်ချင်းတွေကြားထဲမှာလဲ တချို့ က ကိုယ့်ကိုယ်ကို ချစ်လွန်းလို့  သူများချစ်တာခံချင်ကြတယ်... လုပ်ပေးလိုက်တဲ့အလုပ်တိုင်းမှာ မျှော်လင့်ချက်တွေက နောက်က ကပ်ပါတယ်... ဟင်းလေးချက်ကျွေးမယ်, ပစ္စည်းလေးလက်ဆောင်ပေးမယ်, ယုတ်စွအဆုံး စကားချိုချိုလေးတွေ ကျအောင်ပြောမယ်... အဲဒီအပြုအမူတွေရဲ့နောက်မှာ မျှော်လင့်ချက်တွေပါနေတယ်... တဘက်လူက မျှော်လင့်တဲ့အတိုင်း မလုပ်ရင် သွားပြီ... တဘက်လူက သူ့ စိတ်ကြိုက်အတိုင်း မလိုက်ရင် အဲဒီလူအဆိုးဖြစ်ပြီ... တကယ်တော့ သူက သူ့ ကိုယ်ပိုင်ပေတံနဲ့  သူများကို တိုင်းပြီး ချစ်တယ်ချစ်တယ်လို့  ကြေငြာနေပေမယ့် သူတကယ်ချစ်တာ သူ့ ကိုယ်သူပါ...<br/ ><br/ >
လင်မယားတွေကြားမှာတော့ အသိသာဆုံးပေါ့... ချစ်လို့ လက်ထပ်ပေါင်းသင်းနေထိုင်ကြတယ် ဆိုတဲ့ လင်မယားတော်တော်များများဟာ သူကကိုယ့်ကိုချစ်တယ်ထင်လို့ , သူချစ်တာ ဂရုစိုက်တာခံချင်လို့ , သူ့ ဆီက အချစ်လိုချင်လို့ ဆိုတဲ့ မျှော်လင့်ချက်နဲ့  ကိုယ့်ကိုယ်ကိုချစ်လို့  လက်တွဲထားကြသူတွေ အများကြီးပါ... တချို့ ဆို ကိုယ့်ကို မချစ်တော့မှာစိုးလို့ , ကိုယ့်ကိုပစ်သွားမှာစိုးလို့ ဆိုတဲ့ အကြောက်နဲ့  ကိုယ့်ယောင်္ကျားအရက်သောက်နေလဲ ခပ်ပြုံးပြုံးလေး မတားပဲ သူ့ ကို ပိုချစ်အောင် နားလည်မှုရှိတယ်ဆိုတာ ပြချင်လို့ ဆို အမြည်းလေးလုပ်ပေး, အရက်လေးငှဲ့ ပေးပေါ့... ရောဂါရသွားမှဖြင့် သူ့ ခမျာရောဂါဝေဒနာ ဒဏ်ခံရရှာမယ်ဆိုတာတွေထိ မတွေး...အမုန်းခံမတားမြစ်... ကျွန်မမြင်ဖူးတာ ယောင်္ကျားက သေကောင်ပေါင်းလဲ ရောဂါကြီးတခုခံစားလို့  အရက်နဲ့ လုံးဝမတည့်တာတောင် မုန်းမှာကြောက်လို့ ဆို လက်ပိုက်ကြည့်နေနိုင်တဲ့ တချို့ အမျိုးသမီးတွေပါ... သူတို့  ကိုယ့်ကိုယ်ကို ပိုချစ်ကြသူတွေပေါ့... တကယ်တော့ အေးလဲအတူ အပူလဲမျှကြဖို့  ဘဝ၂ခုပေါင်းခဲ့ကြတာ မဟုတ်လား....<br/ ><br/ >
ချစ်သူတွေမှာတော့ ကိုယ့်ကိုယ်ကိုချစ်တာလား, သူ့ ကိုချစ်တာလားဆိုတာ ဝေခွဲရခက်တဲ့အချိန်ပေါ့... ကိုယ့်ကိုချစ်နေစေချင်တာနဲ့  အပြန်အလှန်ကောင်းတာလေးတွေ လုပ်ပေးနေတော့ တကယ်ချစ်သလား, အနစ်နာခံသလား ဝေခွဲရအတော်ခက်ပါတယ်...ဒါပေမယ့် တကယ်ကြည့်ရင် မြင်လို့ ရပါတယ်... ငါကတော့ သူ့ ကိုလွမ်းလိုက်ရတာ သူကတော့ ဘာသိဘာသာကြီးလား... ငါ့ကိုဒီလိုလုပ်လို့  ငါစိတ်ကြိုက်မဟုတ်လို ဖြတ်မယ်ကွာ ဆိုတာမျိုး... ကိုယ့်ချစ်သူမှာ love အချစ်ရှိလား သေချာကြည့်ရင် အမှားနဲနိုင်ပါတယ်...<br/ ><br/ >
ဘယ်relationship မျိုးမဆို give & take concept က လုံးဝမကောင်းပါဘူး... ကျွန်မ မကြိုက်ဆုံးဆောင်ပုဒ်တခုက "သင်ကောင်းလျင် ကျွန်ုပ်မဆိုးပါ" ဆိုတဲ့ ဆောင်ပုဒ်ပါပဲ... အဲဒီစာသားထဲမှာကို အပေးနဲ့ အယူကြီးက ပါနေပြီလေ... တဘက်လူဆီက ကြိုတင်မျှော်လင့်ချက်က ပါနေပြီ... ပေးဆပ်ခြင်းဟာ တဘက်လူကိစ္စ အရင်မစဉ်းစားခင် ပထမဆုံးငြိမ်းချမ်းတာ ကိုယ့်ကိုယ်ပါ... ကိုယ့်ရင်ထဲက နှစ်နှစ်ကာကာ ချစ်လို့ ကို ကိုယ်လုပ်ပေးတာ, စေတနာမှန်လို့ ကို ကိုယ်ပေးတာ ဘာပြန်ရစရာလိုသေးလို့ လဲနော်...<br/ ><br/ >
ခုနောက်ပိုင်း Facebook ယဉ်ကျေးမှုနဲ့ အတူ ပရဟိတဖက်ရှင်တွေပါ ခေတ်စားလာကြတယ်... ပရဟိတ အများအကျိုးအတွက် ကိုယ်ကျိုးစွန့် တကယ်လုပ်တဲ့သူတွေဟာ မျှော်လင့်ချက် အလွန်နည်းကြပါတယ်... မျှော်လင့်ချက်ကြီးနဲ့  ပရဟိတလုပ်နေတယ်ဆိုရင်တော့ တခုခုလွဲချော်နေပြီပေါ့နော်... တကယ်ပေးချင်သလား... ပြတ်အောင်ပေးပလိုက်ပါလို့  တိုက်တွန်းချင်ပါတယ်... ငါက ပရဟိတ လုပ်နေတာ... ငါလိုလူမျိုးကို ကျေးဇူးမတင်ဘူးဆို သွားပြီပေါ့နော်... ကိုယ်ပေးလိုက်တဲ့သူတွေကို တကယ်ချစ်တာလား... ကိုယ့်ကိုယ်ကိုချစ်လို့  သူများတွေကချစ်စေချင်လို့ အပြလုပ်တာလား အတော်ကိုကွာပါတယ်...<br/ ><br/ >
ဒီလိုပါပဲ Facebook ယဉ်ကျေးမှုထွန်းကားလာတဲ့အခါ ကော်မန့် ချိုချိုလေးတွေ လိုချင်ကြတော့ virtual world မှာ fake relationship တွေ များလာတယ်... ကိုယ့်နဂိုပုံစံ real image ပေါ်မှာ အရေခွံလှလှလေးတွေ ခြုံပြလာကြတယ်... စရိုက်ကြမ်းတဲ့သူကလဲ အပြယဉ်ကျေးလာတယ်... ရက်စက်တတ်တဲ့သူက ကြင်နာချင်ယောင်ဆောင်လာတယ်... အရမ်းအန္တရာယ်များပါတယ်... ကြောင်ကြာကြာရေမငုပ်နိုင်တဲ့အခါ relationship မှာ complications တွေဖြစ်လို့  ဇာတ်သိမ်းတွေက block တာနဲ့  unfriend လုပ်တာနဲ့  အကျည်းတွေတန်ကုန်ကြပါတယ်...<br/ ><br/ >
ကိုယ့်ကိုယ်ကို ချစ်တာအပြစ်လားလို့  ကျွန်မကိုများမေးလာခဲ့ရင် အပြစ်မဟုတ်ပါဘူးလို့  ကျွန်မဖြေမှာပါ... ကျွန်မလဲ ကျွန်မကိုယ်ကျွန်မချစ်ပါတယ်... ကျွန်မပြောချင်တာက relationship တိုင်းမှာ ကိုယ့်ကိုယ်ကို ချစ်စိတ်အားကြီးနေရင် တကယ်မချစ်တတ်တော့ ရေရှည်မှာ impact ဖြစ်နိုင်တာကို ပြောချင်တာပါ... အဆိုးဆုံးကတော့ အတ္တအရမ်းကြီးလာရင် အချစ်ပျောက်သလို, respect အပြန်အလှန်လေးစားမှုလဲ ပျောက်သွားတာပါ... ကျွန်မပြောချင်တာက ကိုယ့်ကိုယ်ကိုချစ်ပါ... ဒါပေမယ့် သူတပါးကို မထိခိုက်မနစ်နာစေပါနဲ့ လို့ ...<br/ ><br/ >
သင့်မှာအချစ်ရှိသလား Do you have love?<br/ ><br/ >
ရှိတယ်လို့ အလွယ်တကူဖြေကြမှာပါ... သင့်မှာ သူတပါးကို ကိုယ်ချင်းစာတတ်, စာနာသနားတတ်, မျှဝေခံစားတတ်တဲ့အချစ်ရှိပါသလား... အဲဒီလို အချစ်ရှိရင် every relationship becomes beautiful relationship ဖြစ်လာမှာပါ... လူနှစ်ယောက်ကြားမှာ တကယ်လိုအပ်တာဟာ စကားချိုချိုတွေပြောတတ်တဲ့နှုတ်ခမ်းဖျားတခုမဟုတ်ပါဘူး... တကယ်ချစ်တတ်တဲ့နှလုံးသားတခုပါ...<br/ ><br/ >
တန်ခူး<br/ >
6:00pm <br/ >
15 Jan 2017<br/ >တန်ခူးhttp://www.blogger.com/profile/08326357917406062761noreply@blogger.com0tag:blogger.com,1999:blog-5970961902301632590.post-48321053912648766422018-01-15T02:32:00.000+08:002018-01-15T02:32:21.065+08:00မှန်ကွဲကျသွားခဲ့လဲ <br/ >
အပိုင်းအစတွေထဲက <br/ >
မြဲနေတဲ့သစ္စာ။ <br/ ><br/ >
တန်ခူး<br/ >
2:15am<br/ >
15-Jan-2018<br/ >တန်ခူးhttp://www.blogger.com/profile/08326357917406062761noreply@blogger.com0tag:blogger.com,1999:blog-5970961902301632590.post-69438304751781995122018-01-08T00:01:00.000+08:002018-01-08T07:28:09.397+08:00ကိုယ်ကစလို့ ပြုပြင်ပါအမှောင်ကိုမကြိုက်ရင်
အလင်းပြသူကိုမစောင့်နဲ့ 
ကိုယ်ကအလင်းပြနိုင်အောင်ကြိုးစားပါ...
နေပူတာမနှစ်သက်ရင်
အရိပ်ပေးမယ့်သူကိုမမျှော်နဲ့ 
ကိုယ်ကအရိပ်ပေးသူဖြစ်အောင်အားထုတ်ပါ...
သီလပျက်သူကိုမနှစ်မြို့ ရင်
အပြစ်ဖို့ လို့ ကဲ့ရဲ့မဆိုနဲ့ 
ကိုယ်သာသီလလုံအောင်စောင့်ထိန်းပါ...
လဲပြိုတာကိုလက်မခံနိုင်ရင်
ဖေးကူသူကိုမငေးနဲ့ 
ကိုယ်ကကိုယ့်ကိုမလဲပြိုအောင်ရဲရင့်ပါ...
အလိမ်အညာကိုနာကျင်ရင်
မလိမ်ညာတတ်သူကိုမရှာနဲ့ 
ကိုယ်ကိုယ်တိုင်ကမလိမ်တတ်အောင်ကျင့်ကြံပါ...
သူ့ ကြောင့်ငါကြောင့်
မင်းကြောင့်ဒင်းကြောင့်လို့ 
ထိုးတဲ့လက်ညှိးတွေခဏသိမ်းလို့ 
ကိုယ်ကိုယ့်ကိုအသေအချာဆန်းစစ်
မေတ္တာအနှစ်တွေနဲ့ 
ကိုယ်ကစလို့ ပြုပြင်ပါ...။
တန်ခူး
11:33pm
7-Jan-2018
တန်ခူးhttp://www.blogger.com/profile/08326357917406062761noreply@blogger.com0tag:blogger.com,1999:blog-5970961902301632590.post-22539612914674424452015-02-08T22:58:00.000+08:002015-02-08T23:15:02.564+08:00ဆံပင်ရှည်များမှတဆင့်….
“ယောင်္ကျားတို့ ဘုန်းလက်ရုံး၊ မိန်းမတို့ ဘုန်းဆံထုံး” ဆိုတဲ့ ဆိုရိုးစကားကို မသိနားမလည်ခင် အရွယ်ကတည်းက ဆံပင်ရှည်ရှည်တွေကို ကျွန်မက နှစ်သက်တတ်ခဲ့တာ ခုထိမှတ်မိနေသေးတယ်…။ ကျွန်မ ၂တန်း၊ ၃တန်း အရွယ် “က” တမ်း၊ “ခုန်” တမ်း ကစားကြပြီဆို မျက်နှာသုတ်ပုဝါကြီးကို ခေါင်းမှာအုပ်ပြီး ဆံပင်အရှည်ကြီးလုပ်ခဲ့တာ…။ အဲဒီတုန်းက အမေ့ဆံပင်တွေက ခြေသလုံးထိရှည်သေးတယ်…။ အမေများ ခေါင်းဖြီးနေပြီဆို ကျွန်မက အမေ့နံဘေးနေရင်း အမေဆံပင်တွေကို ကိုင်ကိုင်ကြည့်လို့  အားကျနေခဲ့တာ…။ အမေတို့  တက္ကသိုလ်တက်တုန်းက အမေ့ဆံပင်တွေက ခြေမျက်စိထိရှည်တယ်လို့  အမေပြန်ပြောတော့ ကျွန်မတက္ကသိုလ်တက်ရင် အဲဒီလောက် ဆံပင်ရှည်ကြီးနဲ့  ဖြစ်ချင်မိခဲ့ပြန်တယ်…။ ရှစ်တန်းလောက် အပျိုပေါက်အရွယ်ရောက်တော့ ကျောင်းမှာ တချို့  သူငယ်ချင်းတွေ ဆံပင်အရှည်လေးတွေ ဖြစ်လာတော့ နဂိုကဆံပင်ရှည်ထားချင်တဲ့စိတ်တွေ ထိန်းမနိုင်ဖြစ်ပြီး အဖေ့ကို ပူဆာမိခဲ့တယ်…။ အဖေက အပျိုကြီးစိတ်ဖြစ်မှာစိုးလို့  အချိန်တန်ရင် ဆံပင်ညှပ်ဆိုင်ရောက်တော့ စန္ဒာပုံပါပဲ...။ တက္ကသိုလ် ပထမနှစ်ရောက်တဲ့အထိ အဖေခွင့်မပြုလို့  ယောင်္ကျားဆန်ဆန် ဆံပင်တိုတိုနဲ့ တက်ခဲ့ရတယ်…။
ကျွန်မတို့  တက္ကသိုလ်ရောက်တော့ ဆံပင်အရှည်တွေအရမ်းခေတ်စားတဲ့ခေတ်…။ မင်းသမီး ဇင်မာဦး… တင်နီလာဝင်း… လင်းဇာနည်ဇော်… စိုးမြတ်သူဇာ… သူတို့ အကုန်ဆံပင်ရှည်လေးတွေနဲ့  အလွန်လှကြတာ…။ တက္ကသိုလ်က သူငယ်ချင်းမိန်းကလေး တော်တော်များများကလဲ ဆံပင်ရှည်လေးတွေ တ၀ဲဝဲနဲ့ ….။ ခေတ်စားတဲ့ သီချင်းတွေကလဲ “ညနေခင်းရဲ့လေပြေထဲမှာ…. မင်းဆံနွယ်တွေ တောင်ပံခတ်လို့ နေ” တို့ …. “ဆံပင်ရှည်ရှည်အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး..” တို့ …. “ဆံပင်ရှည်ရှည် ကောင်မလေးများတွေ့ ရင် ယောင်ရမ်းပြီးရပ်ကြည့်နေမိတယ်”…. တို့ နဲ့  သီချင်းတော်တော်များများမှာ ဆံပင်ရှည်ရှည်ကောင်မလေးတွေက နေရာယူလို့ ထားပြန်တာ….။ ဒုတိယနှစ်ကျောင်းတွေပိတ်တော့ တက္ကသိုလ်ကျောင်းသူ ယောင်္ကျားဆံပင်နဲ့ ကျွန်မကို အဖေက သနားသွားပုံရတယ်…။ ဆံပင်ညှပ်ဆိုင် မခေါ်သွားတော့ ကျွန်မကလဲ တနေ့ ထက်တနေ့  ရှည်လာတဲ့ဆံပင်လေးတွေကို တကိုင်ကိုင်နဲ့  ပျော်လို့ လေ…။ ဆံပင်လေးတွေ ကုတ်ထောက်တဲ့ အရှည်ရောက်တော့ ကုတ်ထောက်ရင် အရှည်မမြန်တတ်ဘူးဆိုလို့  စည်းထားလိုက် ခေါက်တင်လိုက်နဲ့  အလုပ်တွေကို ရှုပ်လို့ ….။ ညအိပ်ရင် ကျစ်ဆံမြီးကျစ်အိပ်ရင် ဆံပင်အရှည်မြန်တယ်ဆိုလို့  ကျစ်ဆံမြီးကျစ်အိပ်လား အိပ်ရဲ့…။ ကျောင်း၃နှစ်ပိတ်ပြီး ပြန်ဖွင့်တော့ ကျွန်မဆံပင်လေးတွေ ကုတ်ကျော်ပြီး ဆံပင်အရှည် စာရင်းဝင်လာခဲ့ပြီလေ…။ အိမ်ကကြီးကြီးကလဲ ကျွန်မဆံပင်လေးတွေကို ဆံထုံးလေးထုံးပေးလိုက်… ကျစ်ဆံမြီးလေးကျစ်ပေးလိုက်…. တ၀က်ခွဲစည်းပေးလိုက်နဲ့  တနေ့ တမျိုး မရိုးရအောင် လုပ်ပေးတတ်ပါတယ်…။
အကြေကောက်တွေ… 3 steps 4 steps တွေ ခေတ်စားလာတဲ့အချိန်ကျ အဖေ့ဆီက အရင်ကလို စန္ဒာပုံအစား “ယောင်္ကျားတို့ ဘုန်းလက်ရုံး၊ မိန်းမတို့ ဘုန်း ဆံထုံး” ဆိုတဲ့ စကားတဖွဖွကြားရတတ်ပါတယ်…။ တနေ့ တခြားရှည်လာတဲ့ ကျွန်မဆံပင်ကို ဖြတ်ပစ်မှာ အဖေစိုးရိမ်လာပြီး စာမေးပွဲနားနီးလို့  ဆံပင်နဲနဲတိရင်တောင် အဖေမသိအောက် တိတ်တိတ်လေး တိရတဲ့အထိပါပဲ…။ ကျွန်မကိုယ်တိုင်ကလဲ ဆံပင်ရှည်တွေ မြတ်နိုးတာမို့  ကျွန်မဆံပင်ရှည်တွေကို ဖြတ်ပစ်ဖို့ ဆိုတာ နဲနဲလေးမှမစဉ်းစားခဲ့ပါဘူး…။ ထက်ထက်မိုးဦးဆံပင်ရှည်လေးနဲ့  ကြော်ငြာတွေ ရှမ်းရှမ်းတောက် အောက်မြင်နေတဲ့အချိန်ကျ ဆံပင်ရှည်တွေပြန်ခေတ်စားပြန်တယ်…။ ကျွန်မကတော့ တခြားဆံပင်ပုံဘယ်လိုမှ လုပ်မရတဲ့ ဖြောင့်လွန်းတဲ့ဆံပင်တွေကြောင့် ရှေ့ ကဆာမူရိုင်းနဲ့  နောက်အရှည်ကြီးကို မူပိုင်ထားခဲ့တာပါ…။ ကျွန်မနဲ့  အဲဒီဆံပင်ကို လူတွေတွဲမှတ်မိတဲ့အထိပါပဲ…။ ဆံပင်တွေကို ဘယ်လောက် ရူးသွပ်သလဲဆို ဆံပင်ပျက်စီးမှာစိုးလို့  မလျှော်ခင် အုန်းဆီမှန်မှန်လိမ်းပြီး သဘာဝတရော်၊ ကင်မွန်းခေါင်းလျှော်ရည်နဲ့ သာ လျှော်ခဲ့ပါတယ်…။ ဆံသားတွေ ပျက်စီးမှာစိုးလို့  သိပ်တောင် မစီးဖြစ်ပဲ ဘယ်လောက်အိုက်အိုက် ဒီတိုင်းချထားတတ်ပါတယ်…။ ကျွန်မကြီးကြီးကိုယ်တိုင် စိတ်ရှည်လက်ရှည် လုပ်ပေးတဲ့ လဘက်ပုပ်၊ ထောလပတ်ရွက် နဲ့ အုန်းဆီ ရောစပ်ထားတဲ့ ဆံပင်လိမ်းဆေးကိုလဲ ပုံမှန်လိမ်းရင်း ကျွန်မဆံပင်ရှည်တွေကို အတော်ဂရုစိုက်ခဲ့ပါတယ်…။ ဒီရောက်တော့ ဒီကရေကြောင့်ရယ် အချိန်မရသဘာဝခေါင်းလျှော်ရေမရတော့ chemicalခေါင်းလျှော်ရေတွေ လျှော်တာကြောင့်ရယ် ကျွန်မဆံပင်တွေ အရင်ကလိုမဟုတ်ပဲ အရမ်းကျွတ်ပြီး ပိုပိုပါးလာခဲ့ပါတယ်…။ ဒါပေမယ့်လဲ ဆံပင်ရှည်မြတ်နိုးတဲ့ကျွန်မ ဆံပင်ရှည်တွေကို ဆက်ထိန်းသိမ်းထားခဲ့ပါတယ်…။
ဆံပင်ရှည်တွေကို ကျန်းမာရေးမကောင်းလို့ ဖြတ်ရင်တောင် ကျော်လယ်လောက်ထိသာ ဖြတ်ပြီး အရှည်အတိုင်းထားခဲ့တာ ပြီးခဲ့တဲ့နှစ်ကုန်ထိပါပဲ…။ သွေးအရမ်းအလှူချင်တဲ့ ကျွန်မ သွေးနီဥအားနည်းတတ်တာမို့  ဆရာဝန်က သွေးမလှူခိုင်းပါဘူး...။ သွေးလှူဖို့  အခွင့်မရခဲ့တာမို့  ဆံပင်တွေကို ရွှေဆံပင်တံတားလမ်းအတွက် လှူလို့ ရတယ်ဆိုတာ သိရတော့ ကျွန်မတသက်လုံး မြတ်မြတ်နိုးနိုးထားတဲ့ ဆံပင်တွေကို လှူချင်တဲ့ သဒ္ဒါတရားပေါ်ခဲ့ပါတယ်…။ ဆံပင်ဖြတ်ဖို့ ဆို အမြဲတုန့် နှေးနေတတ်တဲ့ကျွန်မဆီမှာ ဖြစ်ပေါ်လာတဲ့လှူချင်တဲ့စိတ်ကို ကျွန်မကို ကျွန်မအံ့သြမိတဲ့အထိပါပဲ…။ ရွှေဆံပင်တံတားလမ်းဆိုတာကတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းလို့  (၁၀)မိုင်ဝေးတဲ့ အရပ်မှာရှိတဲ့ ဆေးရုံကို ၃နာရီလောက်ကြာအောင် သွားရလို့  အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှူံးသွားခဲ့ကြတဲ့ သူတွေကို မျက်မြင်တွေ့ ပြီး ဆရာတော်အရှင်ဝေပုလ္လက ဦးဆောင်ပြီး ပိုက်ဆံရှိသူရော မရှိသူပါလှူဒါန်းနိုင်တဲ့ ဆံပင်အလှူ( ဇိဝိတဒါနအလှူ) နဲ့  လမ်းတွေ တံတားတွေခင်းခဲ့တာ အခုဆို အလောင်းတော်ကဿပပင်မလမ်း နဲ့  တံတားပေါင်းများစွာ ခင်းနိုင်ခဲ့ပြီးဖြစ်ပါတယ်…။ ငွေလှူလိုက်လို့  ရတာများ ဆံပင်ဘာလို့ လှူသလဲလို့  ကျွန်မကို မေးခဲ့ရင်တော့ အထက်ကပြောသလို ကျွန်မမြတ်နိုးတဲ့ ကျွန်မခန္ဓာကိုယ်က အစိတ်အပိုင်းကို လှူရတာမိုလို့  ငွေထက်ပိုအဓိပ္ပါယ်ရှိတဲ့ အလှူလို့  ခံစားကြည်နူးမိလို့ လို့  ဖြေရမှာပါပဲ…။
အမြဲကြောလယ်လောက်ထက်တိုအောင် မညှပ်တဲ့ကျွန်မ ဒီတခါတော့ ဆံပင်တွေကို တပေကျော်လှူလို့  ရအောင် ကုတ်ကျော်ကျော်အထိ ညှပ်ပြီး လှူဒါန်းခဲ့ပါတယ်…။ ဆရာတော်ဆီမှာ ဆံပင်ကို လှူဒါန်းနေချိန်မှာ ဖြစ်တဲ့ပီတိက တခါမှမဖြစ်ဖူးတဲ့ တကယ့်ကြည်နူးစရာကောင်းတဲ့ပီတိပါ…။ မရှိလို့  မလှူရဘူးဆိုသူများ ကျွန်မရဲ့ဒီပို့ စ်လေးဖတ်မိရင် ကိုယ့်ဆံပင်တွေကလဲ မြတ်သောအလှူတခုဖြစ်နိုင်ကြောင်း သိသွားခဲ့ရင် ကျွန်မကျေနပ်မိမှာပါ…။ ဆံပင်လှူလိုသူများရှိရင် အောက်ပါ contact များမှတဆင့်လှူဒါန်းနိုင်ကြောင်း သတင်းကောင်းပါးပါရစေ…။
ဦးပညာဝံသလင်္ကာရ၊ ဦးသုဘောဂ
အရှေ့ ဝါယာလက် ၂ လမ်း၊ ကမ္ဘာအေး၊ မရမ်းကုန်းမြို့ နယ်၊ ရန်ကုန်မြို့ ။
ဖုန်း - ၀၉-၆၄၅၀၆၅၄၊ ၀၉-၂၅၆၁၉၈၀၉၁
ဆံပင်အလှူကတဆင့် လမ်းတံတားအလှူဖြစ်တာမို့  လမ်းတံတားလှူဒါန်းရခြင်းကရတဲ့ အကျိုး ၅မျိုးကို ဝေမျှပါရစေနော်…။
ကမ်းပါးသစ်ပင်၊
တောင်တွင်ထိပ်က၊
လိမ့်၍ကျလည်း၊
ဘေးမှလွတ်ဘိ၊
မှီခိုရှိ၏၊
မှတ်ဘိတစ်မျိုး၊
သူခိုးမင်းဘေး၊
နှိပ်စက်ဝေးပြီး၊
ရန်ဘေးတဖန်၊
အောင်နိုင်ပြန်၍၊
လျှင်မြန်ဆင်မြင်း၊
ယာဉ်ရခြင်းပ၊
ဤငါးဝသည်၊
မှတ်ကြလမ်းတံတား လှူကျိုးတည်း။
တန်ခူး
9:15pm 8-Feb-2015
တန်ခူးhttp://www.blogger.com/profile/08326357917406062761noreply@blogger.com3tag:blogger.com,1999:blog-5970961902301632590.post-39623974672608475162014-09-27T21:18:00.001+08:002014-09-27T21:18:42.402+08:00စာလေးတစောင်
ဟိုးအဝေးက ကိုယ်ချစ်တဲ့သူတယောက်ယောက်ဆီက တံဆိပ်ခေါင်းလေး ကပ်ထားတဲ့ စာအိတ်ကလေးနဲ့  စာလေးတစောင် ဖတ်ချင်တဲ့အာသီသတွေ ကိုယ့်မှာ ဖြစ်နေတာ မဆန်းဘူးလား…။ အဲဒီစာလေးထဲမှာ စာပို့ လိုက်သူက သူ့ ခံစားချက်တွေကို နှလုံးသားကတဆင့် လက်ချောင်းသွယ်သွယ်လေးတွေဆီ စီးမျောရင်း ကိုယ့်ဆီကို အရောက်ပို့ ထားတဲ့ စကားလုံးလေးတွေရှိနေရမယ်…။ ဖြစ်နိုင်ရင် အဲဒီစာလေးကို နက်ပြာရောင် ယူနီဖောင်းလေးဝတ်ထားတဲ့ မျက်နှာချိုချိုနဲ့  စာပို့ သမားလေးက အိမ်ရှေ့ ကနေ စက်ဘီးလေး ကလင်ကလင် အသံပြုပြီး ကိုယ်မျှော်လင့်မထားတဲ့ အချိန်မှာ လာပို့ တာမျိုးပေါ့…။ စာလေးကို လက်ခံလိုက်ပြီး စာအိတ်လေးပေါ်က လက်ရေးလေးတွေကို ကြည့်ရင်း စာအိတ်လေးထဲက စာတစောင်ကို ရင်ခုန်စွာ မှန်းဆပျော်ရွှင်ရတဲ့ ခံစားမှု…။ အဲဒီလို ခံစားမှုလေးမခံစားရတာများ ဆယ်စုနှစ်လောက်တောင် ကြာရောပေါ့…။ ဒီတော့လဲ… ဒီခံစားမှုလေးကို လွမ်းမိတာ ဆန်းသလားနော်…။
လက်ရှိအခြေအနေမှာ စာတွေနဲ့ များ ဝေးနေလို့ တော့ မဟုတ်ပါဘူး…။ စာတွေ စာတွေ တနေ့ တနေ့  ဖတ်လိုက်ရတာ မနဲ ပါဘူး…။ ပြန်လိုက်ရတဲ့စာတွေကလဲ မနဲပါဘူး…။ အဲဒီစာတွေက စာအိတ်မဲ့တဲ့စာတွေ… လက်ရေးမဲ့တဲ့စာတွေ… ထိတွေ့ ကိုင်တွယ်လို့ မရတဲ့စာတွေ…။ အဲဒီစာတွေထဲမှာ တောင်းဆိုမှုတွေ… တာဝန်တွေ… အလိုမကျမှုတွေ… မျှော်လင့်ချက်တွေ… မတော်လောဘတွေ… တိုက်ခိုက်မှုတွေနဲ့ … မွန်းကြပ်လို့ နေတယ်…။ အဲဒီစာတွေကို ကိုယ်မလိုချင် မဖတ်ချင် မပြန်ချင်ပေမယ့်လဲ… အဲဒီစာတွေက ကိုယ့်ဘ၀အတွက် ထမင်းတလုပ်ဖြစ်နေပြန်တော့…။ တနေ့ တနေ့ များပြားလှတဲ့ အဲဒီစာတွေကြားထဲမှာ ကိုယ်က စာရွက်ဖြူဖြူလေးပေါ်မှာ လက်ရေးလေးနဲ့ ရေးထားတဲ့ စာလေးတစောင်ကို အမောတကော ရှာဖွေနေတတ်တယ်…။ မေတ္တာတရားတွေ သံယောဇဉ်တွေနဲ့  ထုံမွှမ်းထားတဲ့စာတစောင်… ဘယ်များ ပျောက်ဆုံးနေပါလိမ့်နော်…။
တိုးတက်လာတဲ့ခေတ်ကြီးမှာ ခလုတ်လေးတချက်နှိပ်လိုက်ရုံနဲ့  ဟိုးကမ္ဘာတခြမ်းကသူကို ဒီဘက်ကနေ ဆက်သွယ်လို့ ရနေမှတော့ စာတတန် ပေတတန်တွေ အလုပ်ရှုပ် အချိန်ကုန်ပါတယ်လို့  ပြောရတဲ့ခေတ်ကြီးမို့  ကိုယ့်ကို လူတွေက ကြောင်တောင်တောင် လို့  ထင်ကြမလားပဲနော်…။ email… facebook… viber… skype… အဲဒီလောက် လူတယောက်နဲ့ တယောက် လွယ်ကူစွာ ဆက်သွယ်လို့ ရနေတဲ့ခေတ်မှာ စာလေးတစောင်ရဲ့ အရေးပါမှုက မှေးမှိန်လို့ များ သွားခဲ့သလား…။ ဘာပဲဖြစ်ဖြစ် ရေးသူရဲ့ ကိုယ်ပိုင်လက်ရေးလေးတွေကို ကိုယ့်လက်လေးနဲ့ ထိတွေ့  ဖတ်ခွင့်ရတဲ့ စာတစောင်မှာ စာပို့ သူနဲ့ စာလက်ခံရသူရဲ့ကြားက မမြင်နိုင်တဲ့ သံယောဇဉ်ကြိုးတွေက တိတ်တိတ်လေး အသက်ဝင်နေတယ်ဆိုတာ ငြင်းမရပါဘူး…။ ကိုယ့်ဘ၀မှာ စာအိတ်ပေါ်မှာ ကိုယ့်နာမည်လေးရေးပြီး တံဆိပ်ခေါင်းလေးကပ်လို့  ကိုယ့်ဆီ အရောက်ပို့ တဲ့ စာလေးပေါင်း များစွာ လက်ခံရခဲ့ဘူးတာမို့  ပြန်တွေးမိတိုင်း ကျေနပ်မိပါတယ်…။ ဒီခေတ်ကြီးမှာသာ မွေးခဲ့ရင် စာအိတ်ပေါ်ရော စာရွက်ပေါ်မှာပါ ကွန်ပြူတာပုံနှိပ်စာလုံးတွေနဲ့  ရေးထားတဲ့ စက်ရုပ်ဆန်တဲ့ ကွန်ပြူတာဆန်တဲ့စာတွေပဲ တွေ့ ဖူးမှာလို့  တွေးမိပါတယ်…။
စာလေးတစောင်ဟာ ရပ်ဝေးမြေခြားက ဘိုးဘွားဆွေမျိုးသားချင်းတွေရဲ့ ချစ်ခြင်းမေတ္တာတွေကို သယ်ဆောင်ယူနိုင်စွမ်းရှိတယ်ဆိုရင် ယုံမလား…။ အညာက အဖိုး၊အဖွား၊ဆွေမျိုးသားချင်းတွေ သတိတရတလတခါလောက် ပို့ လိုက်တဲ့စာလေးတွေကလဲ အညာနဲ့ အမြဲထိတွေ့ နီးစပ်နေရသလို… ဆွေမျိုးတွေ ကိုယ့်နံဘေးရောက်ပြီး ဟိုကအဖြစ်အပျက်တွေ ပြောပြနေသလို ရင်ထဲကို နွေးထွေးမှုတွေ အရောက်ပို့ ပေးတတ်တယ်…။ ဖောင်တိန်အမဲရောင်လေးနဲ့  စာရေးစက္ကူလေးပေါ်မှာ သပ်သပ်ရပ်ရပ်… အဖြစ်အပျက်တွေ စီစီရီရီ ရေးတတ်တဲ့ စာလေးတွေက ကိုယ့်အဖိုး ( မေမေ့အဖေဆီက) စာလေးတွေပါ…။ အဖိုးစာလေးတွေမှာ ဆုံးမစာလေးတွေအမြဲထည့်ရေးတတ်သလို မြင်းခြံတမြို့ လုံးက အဖြစ်အပျက်လေးတွေလဲ ဝေေ၀ဆာဆာ ထည့်ရေးတတ်တာမို့  ရသစုံတဲ့ စာလေးတွေ ဖြစ်နေတတ်ပါတယ်…။ အဖိုးစာများရောက်လာပြီဆို ကိုယ်တို့ တမိသားစုလုံး အတူစိတ်ဝင်တစား ဖတ်ကြမြဲပါ…။ ကိုယ်တို့ ခေတ်က အရေးတကြီး အကြောင်းကြားစရာရှိရင် သံကြိုးရိုက်လေ့ရှိပါတယ်…။ သံကြိုးဆိုတာ စာလို စာအိတ်လေးတွေနဲ့  ကဗျာမဆန်ပေမယ့် စာတကြောင်းနှစ်ကြောင်းမှာ ပြောချင်တာ လိုရင်းတိုရှင်းဖြစ်အောင် ရေးရတာမျိုးပါ…။ စာပို့ သမားကလဲ သံကြိုးပါတယ်ဗျို့ ဆို နိုးနိုးကြားကြားရှိအောင် အိမ်ရှေ့ ကနေ စက်ဘီးဘဲလ်သံလေးတင်မက လူကပါအော်ပြောတတ်ပါတယ်…။ သံကြိုးလို့ ဆိုတာနဲ့  ပူပင်မှုတွေ ရောက်လာတတ်ပါတယ်… ဘယ်သူများနေမကောင်းလို့ လဲဆိုတဲ့ ပူပင်မှုမျိုးပါ…။ ဒါပေမယ့်… သံကြိုးက တခါတလေ ၀မ်းသာစရာ သတင်းတွေ သယ်လာတတ်သေးတာ…။ ဆယ်တန်းကို တော်တော်နဲ့ မအောင်တဲ့ ကိုယ့်ဦးလေး ဆယ်တန်းအောင်တဲ့နှစ်က “ကျောက်ခဲရေပေါ်ပေါ်ပြီ” ဆိုတဲ့ ကိုယ့်ဘကြီးရဲ့ ၆လုံးထဲသော သံကြိုးတစောင်က ကိုယ်တို့ တမိသားစုလုံးအတွက် ပျော်ရွှင်မှုတွေ သယ်ဆောင်လာတာ ခုထိကိုယ်အမှတ်ရနေတုန်း…။
စာလေးတစောင်ဟာ အကွာအဝေးဆိုတာတွေကို မေ့ပျောက်နိုင်အောင် ချုံ့ ယူနိုင်စွမ်းရှိနေပြန်ရော…။ ကျောင်းတွေပိတ်တုန်း သူငယ်ချင်းတွေ အချင်းချင်းလွမ်းကြလို့  တမြို့ တရွာကနေ တကူးတက အချိန်ကုန်ခံပြီး အလွမ်းတွေစာအိတ်လေးထဲထည့် ပို့ လိုက်တဲ့ စာလေးတွေက သူငယ်ချင်းတွေကြားက သံယောဇဉ်ကို ပိုလို့ အမြစ်တွယ် ခိုင်မြဲစေအောင် အစွမ်းတွေထက်လွန်းလှတယ်…။ စာအိတ်ပေါ်က လက်ရေးလေးတွေကို ကြည့်ပြီး… ဘယ်သူငယ်ချင်းဆီက ဖြစ်မလဲဆိုတာ မှန်းဆကြည့်ရတာ ရင်ခုန်စရာပါ…။ ကိုယ်တို့ ခေတ်က အာအိုင်တီက တနိုင်ငံလုံး တကျောင်းထဲရှိတာမို့  … အနယ်နယ်အရပ်ရပ်က သူငယ်ချင်းတွေဆီက စာလေးတွေ လက်ခံရရှိတာ ပျော်စရာပါ…။ တချို့ အနုပညာ ၀ါသနာပါတဲ့ သူငယ်ချင်းတွေက ကဗျာတို ကဗျာစလေးတွေ ထည့်ရေးပေးတတ်တဲ့အခါ ကိုယ်ဖြင့်ပျော်လို့ မဆုံးပါဘူး…။ အဲဒီ သူငယ်ချင်းတွေဆီက တကူးတက ရေးပို့ တဲ့ စာလေးတွေကို တမြတ်တနိုး အမှတ်တရ သိမ်းထားပြီး လွမ်းတိုင်းဖွင့်ဖတ်တတ်ပါတယ်…။ အထူးသဖြင့်.. အရေးအခင်း ၃နှစ်ပိတ်တဲ့ အချိန်တွေက စာလေးတွေ ကိုယ့်သေတ္တာလေးထဲမှာ အများကြီးစုမိတဲ့အချိန်လေးပါပဲ…။
စာလေးတစောင်ဟာ ဘ၀နှစ်ခု အစပြုဖို့ လဲ ဖြစ်နေတတ်သေးတာ မဟုတ်လား…။ ပွင့်လင်းမြင်သာလာတဲ့ ဒီဘက်ခေတ်မှာ ကောင်လေးတယောက်က ကောင်မလေးတယောက်ကို ဖုန်းထဲကပဲဖြစ်ဖြစ်… chattingလုပ်ရင်း ဖြစ်ဖြစ်…ဒါမှမဟုတ်… ကဗျာဆန်တဲ့ကော်ဖီဆိုင်လေးတခုမှာဖြစ်ဖြစ်… သူ့ ရင်ထဲက ခံစားချက်ကို ရင်ဖွင့်ကြပါတယ်…။ ကိုယ်တို့ ခေတ်မှာတော့ တချို့ တွေက ရင်ထဲက ခံစားချက်တွေကို စာလေးတစောင်နဲ့  ရင်ဖွင့်တတ်ကြတယ်…။ ကိုယ်နဲ့  ကိုယ့်ချစ်သူ ( ခုတော့ ကိုယ့်ခင်ပွန်းပေါ့) ရဲ့ သူငယ်ချင်းဆိုတဲ့ နံရံလေးကို ဖြိုခွင်းလို့  ချစ်သူဘ၀အစပြုဖို့  စခဲ့တာလဲ ချစ်သူရဲ့ ရိုးသားလွန်းတဲ့… အဖွဲ့ အနွဲ့ မပါ.. လက်တွေ့ ဆန်ပေမယ့် ချစ်သူရင်ထဲက ခံစားချက်ကို ထိုးဖောက်မြင်နိုင်တဲ့ စာလေးတစောင်က စခဲ့တာပါ…။ အဲဒီစာလေးဟာ ကိုယ့်ဘ၀ရဲ့မှတ်တိုင်လေးတခုဆိုလဲ မမှားသလို ကိုယ်တို့ နှစ်ယောက်တဘ၀ထူထောင်ဖို့ အမှတ်တရ လှပတဲ့ နိဒါန်းလေးဆိုလဲ မမှားဘူးလေ…။
စာလေးတစောင်ဟာ မိုင်ပေါင်းများစွာ ဝေးနေတဲ့ ချစ်သူနှစ်ဦးရဲ့ အလွမ်းတွေဝေဒနာတွေကို ဖြေလျော့သက်သာသွားအောင်လဲ ကုစားတတ်သေးရဲ့လေ…။ တယောက်နဲ့ တယောက်ဝေးနေတဲ့ကြတဲ့ အချိန်မှာ သစ္စာတရားတွေ… ဂရုစိုက်မှုတွေ… နားလည်မှုတွေ… လွမ်းဆွတ်တမ်းတမှုတွေဟာ စာလေးကတဆင့် တယောက်နှလုံးသားကနေ တယောက်နှလုံးသားဆီ စီးဆင်းသွားတတ်တာ…။ ချစ်သူကိုယ်တိုင်ရေးတဲ့ ခပ်သော့သော့ ချစ်သူလက်ရေးလေးတွေက ချစ်သူကိုယ့်နံဘေးမှာ ရှိနေသလို နာကျင်ခါးသက်တဲ့ အလွမ်းဝေဒနာတွေက ခဏထွက်ပေါက်ရ သက်သာစေခဲ့တာ ကိုယ်တွေ့ ပါပဲ…။ ကိုယ့်အလွမ်းဝေဒနာတွေကို ကုစားသက်သာပေးခဲ့တဲ့ အဲဒီစာလေးတွေကို ကိုယ်မြတ်နိုးလွန်းလို့  ကိုယ့်ဘီရိုလေးထဲက ကတ်ထူပုံးလေးမှာ ယနေ့ ထက်ထိ မပျောက်မပျက်အောင် သိမ်းဆည်းထားဆဲပါ…။
စာလေးတစောင်ဟာ တခါတလေကျပြန်တော့ တီးတိုးတိုင်ပင် ရင်ဖွင့်စရာ နေရာလေးဖြစ်နေတတ်ပြန်ရော…။ ပို့ သူရဲ့ ဆုံးဖြတ်ရခက်နေတဲ့ အကြောင်းအရာတခုခု… ဒါမှမဟုတ် မွန်းကြပ်နေတဲ့ အခြေအနေတခုခု… ဒါမှမဟုတ် အားငယ်ခိုကိုးရာမဲ့နေတဲ့ ခံစားချက်တခုခုကို သိစေချင်သူ တယောက်အတွက် အလုံခြုံဆုံး ရင်ဖွင့်စရာနေရာက စာလေးတစောင်ဖြစ်လို့ …။ လက်ခံရရှိသူရဲ့ ကိုယ်ချင်းစာတရား… မေတ္တာတရားတွေ အခြေခံတဲ့ ရင်နဲ့ ရင်းတဲ့ အကြံဥာဏ်လေးတွေ အပြည့်ပါတဲ့ ပြန်စာလေးတစောင်ဟာ ပို့ သူရဲ့ လက်ရှိအခက်အခဲကနေ လွတ်မြောက်စရာ နေရာလေးတခုပါပဲ…။
အဲဒီလို မျှော်လင့်နေတဲ့ ကိုယ့်ဆီကို စာရေးသူရဲ့ လက်လေးနဲ့ ရေးထားတဲ့ လက်ရေးစာလေးတစောင် တကယ်ကို့  ရရှိလာခဲ့ပါတယ်…။ ကိုယ်တခါမှ မမြင်ဘူးတဲ့ ပို့ သူရဲ့စာလေးဟာ ကိုယ့်ရင်ထဲကို ကြည်နူးမှုတွေ ပေးစွမ်းနိုင်တာ မဆန်းဘူးလား…။ စာလေးထဲမှာ ကျေးဇူးတရားတွေပါတယ်… အားငယ်မှုတွေပါတယ်… အနာဂတ်အတွက် ရည်ရွယ်ချက်တွေပါတယ်… အင်အားတွေပါတယ်… ကြိုးစားမှုတွေပါတယ်… နွေးထွေးရင်းနှီးမှုတွေပါတယ်… ပြီးတော့ စာလေးထဲမှာ ဘ၀တခုပါတယ်…။ အဲဒီစာလေးဟာ ကိုယ်မျှော်လင့်တောင့်တနေတာထက် ပိုတဲ့ အဓိပ္ပါယ်တွေ လေးနက်မှုတွေ ပေးနိုင်လွန်းတာမို့  စာပို့ သူလေးကို ကျေးဇူးတင်နေမိတော့တယ်...။
(စာကြွင်း…။ BPP အတွက် ကျွန်မကို တခုတ်တရ စာရေးဖြစ်အောင် တက်ဂ်ပေးကြတဲ့ ချစ်သူငယ်ချင်းစုချစ်သူနဲ့  ချစ်ညီမလေး မေဓာဝီ တို့ ကို ချစ်လို့  ဒီပို့ စ်လေးကို ရေးပါတယ်…။ BPP ရည်ရွယ်ချက်မပျက်ရအောင်.. တက်ဂ်ဂိမ်းတို့ ထုံးစံမပျက်အောင် ဆက်တက်ဂ်ချင်သူများကတော့.
၁) စာမရေးတာ အတော်ကြာနေတဲ့ ချစ်သမီးလေးနှစ်ယောက်မေမေ ညီမလေးနုစံ
၂) ဖဘပေါ်မှာ note လေးတွေရေးပြီး ဘလော့ပေါ်ပျောက်နေတဲ့ ညီမလေးခွန်မြလှိုင်နဲ့ 
၃) ဖဘပေါ် status လေးတွေမကြာမကြာတင်ပြီး ဘလော့ပေါ်ပျောက်နေတဲ့ ညီမလေးပေါက်
၎) ပျောက်နေတာကြပြီဖြစ်တဲ့ ချစ်သော အာအိုင်တီ မမ မသိဂီင်္
၅) အမိမြန်မာပြည်ရောက် ချစ်သောမမ မခင်ဦးမေ
၆) စာရေးကောင်းတဲ့ ကျွန်မနှစ်သက်သော စာရေးဆရာမမ မမေငြိမ်း
ရ) ဖဘပေါ်မှာ နေ့ တိုင်းတွေ့ နေရပေမယ့် ဘလော့ပေါ်မှာ လွမ်းမိနေတဲ့ မမ မခင်မင်းဇော်
တပုံကြီးတက်ဂ်တာ စာတွေတပုံကြီးဖတ်ချင်လို့ ပါ… စိတ်မဆိုးနဲ့ နော်…)
တန်ခူး
27-Sep-2014 8:20PM
တန်ခူးhttp://www.blogger.com/profile/08326357917406062761noreply@blogger.com5tag:blogger.com,1999:blog-5970961902301632590.post-32032538533845938592014-09-05T00:22:00.000+08:002014-09-05T00:22:27.765+08:00ကင်းတဲလေးနဲ့ ဂီတသံ
ကျွန်မညဘက်တွေ ညည့်နက်တဲ့အထိ အလုပ်လုပ်ရတဲ့အခါမျိုးမှာ ကြောက်တတ်တဲ့ ကျွန်မကို အမျိုးသားက တီဗွီကြည့်ရင်း စိတ်ရှည်လက်ရှည်စောင့်ပေးတတ်ပါတယ်…။ ဒါပေမယ့် သူပင်ပန်းနွမ်းနယ်နေတဲ့အခါမျိုးဆို ကျွန်မသူ့ ကို အိပ်ခိုင်းပြီး တယောက်ထဲ သားနဲ့ အမျိုးသား အိပ်နေတဲ့ ကုတင်နံဘေးမှာ အလုပ်လုပ်တတ်ပါတယ်…။ အဲဒီအခါတိုင်း ပတ်ဝန်းကျင်က ဆိတ်ငြိမ် နေတတ်တာကြောင့် တခါတခါ ဟိုးအဝေးက ဂီတသံလေးကို လွမ်းမိတတ်တယ်…။ ကျွန်မလွမ်းပုံ ဆန်းချက်များ ဆိတ်ငြိမ်တတ်လွန်းမှုကို သည်းမခံနိုင်တဲ့အခါ ခွေးဟောင်သံတောင် တမ်းတမိတဲ့အထိပဲ…။
ကျွန်မက ငယ်ငယ်က သိပ်ကြောက်တတ်ခဲ့တာ…။ ညည့်နက်သန်းခေါင် စာကျက်တဲ့အခါ ကျွန်မကြီးကြီးက ကျွန်မနံဘေးမှာ အိပ်ရင်းစောင့်ပေးရတဲ့အထိ…။ ခုမှသာ အသံတွေကို မက်မက်မောမော တောင့်တတတ်နေပေမယ့် အဲဒီတုန်းက အသံလေး ချွတ်ချွတ်ကြားတာနဲ့  ကြီးကြီးကို နှိုးပါလေရော…။ ကြီးကြီးခမျာ ကျွန်မစာမေးပွဲနီးတဲ့အချိန်ဆို အိပ်ရေးဝတယ် မရှိပါဘူး…။ ကြီးကြီး အညာကို အပြီးပြန်သွားတော့ ကျွန်မကြောက်ကြောက်နဲ့  တယောက်ထဲစာကျက်ရတဲ့ညတွေမှာ ကျွန်မအဖော်က ဂီတသံလေးပါပဲ…။ အဲဒီတုန်းက လမ်းတိုင်းလမ်းတိုင်းမှာ ရပ်ကွက်လုံခြုံရေး၊ မီးရေး၊ ထင်းရေး အတွက် ကိုယ်ထူကိုယ်ထနဲ့  ကင်းစောင့်ဖို့  ကင်းတဲလေးတွေရှိတတ်ပါတယ်…။ ခုတော့ အဲဒီလိုရှိသေးလား မသိဘူးနော်…။ ကင်းတဲလေးတွေက များသောအားဖြင့် ခြေတံရှည် ၀ါးခင်း၊သက်ကယ် သို့  ဓနိမိုးလေးတွေပါ…။ ကင်းတဲထဲမှာ အရေးဆို အချက်ပေးလို့ ရအောင် သံပြားဝိုင်းကြီးတခုနဲ့ သံချောင်းတခုရှိပါတယ်…။ အဲဒီသံချောင်းသံကြားပြီဆို ရပ်ကွက်က မီးလား သူခိုးလားဆို နိုးနိုးကြားကြားရှိကြပါတယ်…။
ရပ်ကွက်ထဲက ယောင်္ကျားသားရှိတဲ့ အိမ်တိုင်း ညဖက် အလှည့်ကျ ကင်းစောင့်လေ့ရှိပါတယ်…။ ယောင်္ကျားသားမရှိတဲ့အိမ်တွေကို ရပ်ကွက်ထဲက အကိုကြီးတွေက စောင့်ပေးပါတယ်…။ ရပ်ကွက်လေး ငြိမ်းချမ်းနေပြီဆို ကင်းစောင့်တဲ့အကိုကြီးတွေက ဂီတာလေးကို တိုးတိုးလေးတီးပြီး သီချင်းလေးတွေ ဆိုတတ်ပါတယ်…။ ကျွန်မတို့ အိမ်က လမ်းထောင့်မှာမို့  ၀ရန်တာကကြည့်ရင် ကင်းတဲလေးကို လှမ်းမြင်ရပါတယ်…။ ညဖက်တွေမှာ လတ်ဆတ်တဲ့လေအေးအေးရတဲ့ ၀ရန်တာမှာ ကျွန်မစာကျက်လေ့ ရှိပါတယ်…။ ကြောက်တတ်တဲ့ ကျွန်မအတွက် ကင်းတဲက ဂီတာသံတိုးတိုးလေးနဲ့  သီချင်းသံတိုးတိုးလေးက ဒီညမှာ ငါတယောက်ထဲမဟုတ်ပါလားဆို ကြောက်စိတ်ပြေစေတာမို့  ကင်းတဲထဲက ကင်းစောင့်တဲ့ အကိုကြီးတွေကို ကြိတ်ကျေးဇူးတင်မိပါတယ်…။
လူခြေတိတ်ချိန်မို့  ဂီတာကို အကျယ်ကြီး မတီး… သီချင်းကို အကျယ်ကြီးမဆိုပေမယ့် ကျွန်မတို့ အိမ်က အနီးလေးမို့  သူတို့ ဆိုတဲ့ သီချင်းတိုင်းကို သေချာကြားရပါတယ်…။ ခဏခဏ ကြားရတတ်တဲ့သီချင်းလေးတွေက မွန်းအောင်ရဲ့ ရိုးရိုးလေး၊ ၀တ်မှုန်၊ ယု၊ လွမ်းရတဲ့ညတွေ လွန်ပါစေ၊ ၈/၈၂ အင်းလျား၊ စိုင်းထီးဆိုင်ရဲ့ မေမြို့ မိုး၊ မောင့်လပြည့်ဝန်း၊ လေညာအရပ်ကအချစ်၊ မောင့်အရိုင်းပန်း၊ ခိုင်ထူးရဲ့ သိလား၊ တချို့ တွေနေနိုင်လွန်းတယ်၊ စစ်ကိုင်းလမ်း၊ ထူးအိမ်သင်ရဲ့ ခေါင်းလောင်းလေးတွေ မြည်နေပြီ၊ ဝေးသွားတဲ့အခါ၊ ဂျေညီညီရဲ့ အရိပ်ကလေး… စတဲ့ သိပ်ဆူဆူညံညံကြီး မဟုတ်ပဲ ညရဲ့ ငြိမ်းချမ်းမှုထဲမှာ စီးဝင်မျောပါသွားနိုင်တဲ့ သီချင်းလေးတွေပါ…။ တချို့ ဆို တကယ့်ကို အဆိုတော်ကြီးတွေလို ဆိုနိုင်တာ အံ့သြစရာပါ…။ စာမေးပွဲနားနီးလို့  ပင်ပန်းနေတဲ့စိတ်တွေက အဲဒီကင်းတဲက ပျံ့ လွင့်လာတဲ့ ဂီတသံလေးကြောင့် ပြန်လည်ကြည်လင်တတ်လာလို့  ကင်းတဲလေးနဲ့  ဂီတသံဟာ ကျွန်မအဖော်ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်…။ တိတ်ဆိတ်တဲ့ညတွေမှာ ဂီတာသံလေးပျောက်နေရင် တခုခုလိုအပ်နေသလို ခံစားရတဲ့အထိပါ…။
ခေတ်တွေပြောင်းလာပြီး ကျွန်မမောင်လေးတို့ ခေတ်ရောက်လာတော့ မွန်းအောင်၊ ခိုင်ထူး၊ စိုင်းထီးဆိုင်ကနေ ဇော်ဝင်းထွတ်၊လေးဖြူ၊အငဲ၊မျိုးကြီး၊ မျိုးကျော့မြိုင်ဖြစ်လာခဲ့ပါတယ်…။ စာမကျက်ရတော့တဲ့ ကျွန်မက အိပ်ယာထဲကနေ အဲဒီသီချင်းလေးတွေလဲ နှစ်သက်စွာနားထောင်မြဲပါ…။ ညနဲ့ ဂီတ ဘယ်လောက် ပနံရလိုက်ဖက်လိုက်ပါသလဲနော်…။ ညရဲ့ ငြိမ်သက်ငြိမ်းချမ်းမှုကြောင့် သီချင်းသီဆိုသူတွေကလဲ ငြိမ်းချမ်းအေးဆေးတဲ့ သီချင်းလေးတွေ ရွေးဆိုတတ်ကြတယ်…။ ကျွန်မက အဆောင်မနေဘူးသူဆိုတော့ အဆောင်ရှေ့ ဂီတ၀ိုင်းလေးတွေဆို ပိုလို့ တောင် အသက်ဝင် နားထောင်ကောင်းလိမ့်မယ်ဆိုတာ မှန်းဆလို့ ရပါတယ်…။
ဒီရောက်ပြီးမှ အိမ်အလည်ပြန်တဲ့အခါ အိပ်မပျော်တဲ့ညတွေမှာ အိမ်ရှေ့ က ပျောက်ဆုံးသွားတဲ့ ကင်းတဲလေးနဲ့  ဂီတသံကို လွမ်းမိတတ်ပါတယ်…။ အမေ့စံပယ်ရုံလေးက ခုံတန်းရှည်လေးအောက်မှာ ထိုင်ရင်း ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကျော်လောက်က ၀ရန်တာမှာ စာအော်ကျက်တတ်တဲ့ ကောင်မလေးဖြစ်ခဲ့တဲ့ ကိုယ့်ပုံရိပ်လေးကို ကိုယ်မြင်ယောင်မိပါတယ်…။ အိမ်ဘေးလမ်းဈေးဆိုင်လေးမှာ လူငယ်လေးတွေ ဂီတာတီးသံကြားတော့ ကျွန်မနှစ်အတော်ကြာကြာ လွမ်းဆွတ်နေခဲ့တဲ့ ဂီတသံလေးမို့  နှစ်ခြိုက်စွာ နားစွင့်မိပါတယ်…။ စိုင်းစိုင်းခမ်းလှိုင်ည… ရဲလေးည… ဆိုတေးည… ဘန်နီဖြိုးည… ခေတ်တွေ အခါခါပြောင်းလာပေမယ့်… ပါးပေါ်မှာ သနပ်ခါးလေးနဲ့  ချစ်စရာကောင်းလိုက်တာကွယ်ဆိုတာလေးနဲ့  ခေတ်သစ်ညရဲ့ဂီတကိုလဲ ကျွန်မက နှစ်သက်မြတ်နိုးဆဲပါ…။ ကင်းတဲလေးက ဂီတသံအလွမ်းပြေပေါ့လေ…။
တန်ခူး
12:01 am 5 Sep 2014
တန်ခူးhttp://www.blogger.com/profile/08326357917406062761noreply@blogger.com3tag:blogger.com,1999:blog-5970961902301632590.post-67055931742674372842014-08-05T21:30:00.000+08:002014-08-05T21:49:38.608+08:00သစ္စာတရားတို့ ဖြင့်…
Groom: “ I, take you, to be my wife. I promise to be true to you in good times and in bad, in sickness and in health. I will love you and honour you all the days of my life. “
Bride:” I, take you, to be my husband. I promise to be true to you in good times and in bad, in sickness and in health. I will love you and honour you all the days of my life. “
“အဲဒီစကားလုံးတွေက လက်တွေ့ မဆန်လိုက်တာ… သတို့ သမီး မျက်ဝန်းထဲကို ခုကြင်ကြင်နာနာ စိုက်ကြည့်နေတဲ့ သတို့ သားအကြည့်တွေ တနှစ်တောင် ခံပါ့မလားမသိ…ဟိဟိ”
“အေးလေ… နာဖျားသည်ဖြစ်စေတဲ့… ဘယ်ယောင်္ကျားမှ နာဖျားနေတဲ့ နာတာရှည်မိန်းမကို စိတ်ရှည်လက်ရှည်ပြုစုမှာ မဟုတ်ဘူး… လူရှေ့ သူ့ ရှေ့  လူကြားကောင်းအောင်သာ လုပ်ပြမယ်… ကွယ်ရာကျတော့ ကျန်းမာနုပျိုတဲ့ကောင်မလေးနဲ့ နေမှာ”
သတို့ သမီးလေးနဲ့ သတို့ သားလေးတို့ ရဲ့ မင်္ဂလာအရှိဆိုး မင်္ဂလာကတိက၀တ်တွေ တယောက်နဲ့ တယောက်ပေးနေကြတဲ့ အချိန်မှာ ကျွန်မဘေးက ကောင်မလေးနှစ်ယောက်ရဲ့ တီးတိုးပြောဆိုသံတွေကြောင့် ကြည်နူးနေတဲ့ စိတ်ကလေးတွေ ပျောက်သွားတယ်…။ သူတို့ ရှိလှမှ အသက်၂၀ ၀န်းကျင်ပေါ့…။ နှစ်ယောက်လုံး ရင်ညွှတ်လေးတွေ မြင်ရအောင် လည်ဟိုက်နေတဲ့အကျီင်္လေးတွေနဲ့ … ပြီးတော့ပေါင်တံသွယ်သွယ်လေးတွေ မြင်နေရအောင် တိုတဲ့စကပ်လေးတွေနဲ့ …။ အဲဒီလောက် နုနယ်တဲ့နှလုံးသားလေးတွေမှာ ဘာကြောင့် ဒီအရုပ်ဆိုးတဲ့ အမြင်တွေ ရှိနေပါလိမ့်…။
“ဟယ်…. ခုမှရှင့်အိတ်လေးတွေ့ တယ်တော့… chanel လေး… အရင်က မတွေ့ ပါဘူး… မဟုတ်မှလွဲရော ဦးဝယ်ပေးထားတာပဲ ဖြစ်ရမယ်”
“အဟုတ်ပေါ့… သိတယ်မိုလား… chanel တအိတ်လောက်ကတော့ တခါချွဲပဲ… ဟိုတလောက စင်္ကာပူလိုက်သွားတုန်းက ၀ယ်ပေးတာလေ ”
“အေး…နင်လိုက်သွားတာ ပိုးပြောလို့ သိလိုက်တယ်… သူ့ မိန်းမကြီးက လေဆိပ်ထိလိုက်ပို့ တာဆို”
“အေးလေ… ပါတိတ်ဝမ်းဆက်ကြီးနဲ့ ရုပ်ကြမ်းကြီးနဲ့  သူ့ ယောင်္ကျားကို မှာနေလိုက်တာ မပြီးဘူး… အသွားလေယဉ်ပေါ်ကနေ… အပြန်လေယဉ်ပေါ်ထိ အရမ်းကဲတဲ့ သူ့ ယောင်္ကျားကို ဗွီဒီယိုရိုက်ပြီးသာ ပြလိုက်ချင်တယ်.. ”
“နင်… ဦးကို ယူမှာလား”
“ယူမှာပေါ့ဟ… ပင်ပင်ပန်းပန်းလုပ်စရာမလိုပဲ လှလှပပလေးပြင် ထိုင်ချွဲပေးနေရုံနဲ့  ချမ်းချမ်းသာသာ နေချင်သလိုနေရတာ… ၀တ်ချင်သလိုဝတ်ရတာ… ဒါမျိုးအလွတ်ခံရင် ငါမိုက်ရာကျမှာပေါ့”
“သူ့ သမီးလေးတောင် နင့်ထက်တနှစ်ပဲငယ်တာမိုလား… အငယ်ဆုံးသားလေးက နင့်မောင်လေးနဲ့ ရွယ်တူဆို… အဲဒီမိသားစုကို နင်ထည့်မစဉ်းစားဘူးပေါ့”
“None of my business ပါဟာ… သူတောင် သူ့ မိသားစုမစဉ်းစားတာ ငါက ဘာလို့ စဉ်းစားနေမှာလဲ… ယူကိုယူပြဦးမှာ… တကယ်လို့  ဦးက ငါ့ကို အတည်ယူပုံမရရင် ယူအောင် လုပ်ဖို့ လွယ်လွယ်လေး”
သတို့ သားနဲ့ သတို့ သမီး အနားရောက်လာမှ ကျွန်မနားထဲကို သံရည်ပူတွေလောင်းချသလို ပူပူလောင်လောင် ကြားနေရတဲ့ စကားလုံးတွေ ရပ်တန့် သွားတော့တယ်…။ သတို့ သမီးနဲ့ သတို့ သားကို ချိုမြနေတဲ့ စကားလုံးတွေနဲ့  နှုတ်ဆက်နေလိုက်ကြတာ…။ အော်… ဒီအသက်ဒီအရွယ်နဲ့  ဒီလိုအကောက်အကွေ့ တွေ ကျွမ်းကျင်နေလိုက်တာ…။
“စကားဆက်ပါဦး… ဟိုက လူကုံထံ လုပ်ငန်းရှင်ကြီး… မိန်းမက နာမည်ကြီးမီးယပ်သားဖွားဆရာဝန်မကြီး… ရှင့်လို စတိုးဆိုင်မှာ အရောင်းစာရေးလုပ်နေရတဲ့ တယောက်ကို အတည်ယူအောင် ရှင်ဘယ်လိုလုပ်မှာလဲ”
“ဒါတွေထည့်မပြောပါနဲ့ … ရှင်ပြောတဲ့အဲဒီဆရာဝန်မကြီးမှာ ဒီလိုနုဖတ်နေတဲ့အသားအရေတွေ ရှိသလား… ဒီလိုတောင့်တင်းနေတဲ့ bodyရှိသလား… ဒီလိုချိုမြနေတဲ့အသံရှိသလား… လွယ်လွယ်လေး… ဦးမသိအောင် ကလေးတိတ်တိတ်လေးယူလိုက်မှာပေါ့… ပြီးတော့ ကလေးထိုးပြ ငိုလိုက်… တချက်ပါပဲဟာ… သူ့ သွေးကို သူပြစ်နိုင်မလား…”
“ဘုရား… ဘုရား… ရှင်ကလေးတယောက်ယူဖို့ စဉ်းစားတာ တမျိုးကြီးပါလား… တို့ ပတ်ဝန်းကျင်မှာ သူငယ်ချင်းတော်တော်များများ စပွန်ဆာဖြစ်နေကြတော့ တို့ လေ အိမ်ထောင်ပြုဖို့ တောင် ကြောက်တယ်သိလား… ကိုက မချမ်းသာပါဘူး… ဒါပေမယ့် နာဖျားသည်ဖြစ်စေ… ကျန်းမာသည်ဖြစ်စေ တို့ နဲ့ အတူမရှိမှာစိုးတယ်… အမှန်ပြောရင် ငါက ကိုယ်ချစ်တဲ့သူနဲ့ ပဲ လက်ထပ်ချင်တာ… သစ္စာတရားဆိုတာ ဒီလောကကြီးမှာ တကယ်ရှိရင်ပေါ့… ”
“စိတ်ကူးတွေ မယဉ်စမ်းပါနဲ့ ဟာ… ရှင့်ကိုက ရှင့်ကို chanel အိတ်ဝယ်ပေးနိုင်ဖို့ နေနေသာသာ တယောက်လက် တယောက်တွဲပြီး ကားကျပ်ကျပ်အတူတိုးစီးရမယ့်ဘ၀… ဦးသူငယ်ချင်းအန်ကယ်ကျော်က ရှင့်ကို စည်းစိမ်ပုံပေးမယ်ပြောထားတာ… ဘာလို့ မိုက်မဲနေတာလဲ… တော်ကြာတခြားစပွန်ဆာနောက်ပါသွားမယ်”
“စဉ်းစားနေုတုန်းပဲ… ကို့ ကို သနားတယ်.. ချန်မထားရက်ဘူး”
“အေးစဉ်းစား…စဉ်းစား… နောက်မှ နောင်တမရနဲ့ … ဟယ်… message ရတယ်.. ဦးလာခေါ်မယ်တဲ့… တို့ သွားလိုက်တော့မယ်နော်… ရှင်တယောက်ထဲဖြစ်တယ်ဟုတ်”
“ရပါတယ်… သွားပါ… bye.. good night”
မင်္ဂလာပွဲက တည်ခင်းဧည့်ခံနေတဲ့ အစားအသောက်တွေက အရသာရှိမှာ သေချာပေမယ့် နဘေးက ကလေးမနှစ်ယောက်စကားတွေ နားထောင်ရင်း စားချင်သောက်ချင်စိတ်တွေ ပျောက်တဲ့အထိပါပဲ…။ ခေတ်ကြီးက အဲဒီလောက်ဆိုးဝါးနေပြီလား…။ ရင်ထဲမှာ တော်တော်လေးမကောင်း…။ ဒီလောကကြီးမှာ သစ္စာတရားဆိုတာ တကယ်ရှိမရှိမသေချာတဲ့ ကောင်မလေးပဲ ကျန်တော့တာမို့  ပြုံးပြလိုက်မိတယ်…။ တကယ်လို့ များ ဒီကောင်မလေးကို စကားပြောခွင့်ရခဲ့ရင် ရင်ထဲမှာ အတော်သက်တောင့်သက်သာ ဖြစ်သွားနိုင်တယ်…။
“သမီးလေးက ဘယ်ပြန်ရမှာလဲ… မမနဲ့ လိုက်ခဲ့လေ…”
“ရှင်… ရပါတယ် မမရယ်… အားနာစရာ”
“အားမနာပါနဲ့ … မမလဲ တယောက်ထဲလာတာပဲ… သမီးစိတ်ဝင်စားတယ်ဆိုရင် ခုနသမီးသိချင်တယ်ဆိုတဲ့ သစ္စာတရားနဲ့ ပတ်သက်တဲ့ တကယ့်အဖြစ်အပျက်လေး ၂ ခုပြောပြမယ်… ကဲလာ.. သတို့ သမီးနဲ့ သတို့ သားကို သွားနှုတ်ဆက်ရအောင်”
ကောင်မလေးက ကိုယ့်စကားနားထောင်ပြီး အံ့သြသွားတယ်…။ ပြီးတော့ သူ့ မျက်ဝန်းတွေထဲမှာ မျှော်လင့်ချက်တွေနဲ့ …။ အဲဒီမျှော်လင့်ချက်မျက်ဝန်းတွေကို ယုံကြည်မှုမျက်ဝန်းတွေ အဖြစ် ကိုယ်ပြောင်းနိုင်ခဲ့ရင်ဖြင့် ဒီနေ့ ညက ကိုယ့်အတွက် အောင်မြင်တဲ့ည မင်္ဂလာရှိတဲ့ညပါပဲ…။
နာဖျားသည်ဖြစ်စေ… ကျန်းမာသည်ဖြစ်စေ… အေးအတူပူအမျှ အိမ်ထောင်ဖက်အနားမှာ အတူရှိတတ်တဲ့ သစ္စာရှိတဲ့ယောင်္ကျားကောင်းတွေ လောကမှာ အများကြီးပါသမီးရယ်…။ ပုံပြင်မဟုတ်တဲ့ သစ္စာရှိလွန်းတဲ့ မမသူငယ်ချင်း ၂ယောက်အကြောင်းပြောပြမယ်နားထောင်နော်…။
သူ့ နာမည်က Kelvin တဲ့…။ သူက စင်္ကာပူတရုတ်လူမျိုးတယောက်ပါ…။ သူသိပ်ချစ်တဲ့ နောင်သူ့ ဘ၀လက်တွဲဖော်ဖြစ်လာမယ့် ကောင်မလေးက သူနဲ့ တရုံးထဲလုပ်ဖော်ကိုင်ဖက်ပေါ့…။ သူတို့ အချစ်ဇာတ်လမ်းလေးက ရိုးရှင်းတယ်…။ အကွေ့ အကောက်မများဘူး…။ အနေအထိုင်အေးတဲ့ စိတ်တူကိုယ်တူ နှစ်ယောက် လက်ထပ်ဖြစ်ကြတယ်…။ သားလေးတယောက်၊ သမီးလေးတယောက်နဲ့ ချစ်စရာအိမ်ထောင်လေးတခု ဖြစ်လာတယ်…။ သူတို့ အိမ်ထောင်လေးက ပြီးပြည့်စုံပြီးသာယာနေခဲ့တယ်…။
မောင်တထမ်း မယ်တရွက် အတူ ရုန်းကန်းရင်း သားလေးသမီးလေးတွေကိုလဲ ပဲ့ပြင်ထိန်းကျောင်းရင်းပေါ့။ ဗြုန်းဆို မမျှော်လင့်ပဲ ကံကြမ္မာဆိုးက သူတို့ ရဲ့ ငြိမ်းချမ်းတဲ့မိသားစုလေးထဲကို ရောက်လာခဲ့တယ်…။ သူ့ အမျိုးသမီးလေး လေဖြတ်ပြီး အောက်ပိုင်းသေသွားခဲ့တယ်…။ ပထမဖြစ်ဖြစ်ချင်းမှာ ကိုမာဝင်ပြီး သတိတရားတွေပါ ချို့ ယွင်းခဲ့တယ်…။ နာမကျန်းတဲ့ ဒီလက်တွဲဖော်ကို Kelvin က ချန်ထားရစ်ပြီး ကျန်းမာတဲ့ ကောင်မလေးဆီသွားတယ်လို့ သမီးထင်သလားဟင်…။ Kelvinက နာမကျန်းတဲ့ သူ့ မိန်းမကို စိတ်ရှည်လက်ရှည် စနစ်တကျ ပြုစုလာတာ ခုဆိုသူ့ မိန်းမက အတော်တိုးတက်လာပြီ…။ သားသမီးလေးတွေအတွက် မိန်းမကိုယ်စား အဖေတခါ အမေတလှည့်စောင့်ရှောက် စီးပွားရှာ… သူကိုယ်တိုင်ချက်ပြုတ်ကျွေးတဲ့ ဖခင်ကောင်း တယောက်ပါ…။ နာမကျန်းဖြစ်နေတဲ့ သူ့ မိန်းမစိုးရိမ်စိတ်ပူမှာစိုးလို့  မိန်းခလေးသူငယ်ချင်းတောင် သိပ်မထားပဲ သူ့ အချိန်တွေကို သူ့ မိန်းမနဲ့ သူ့ ကလေးတွေအတွက်ပုံအပ်ပေးထားတဲ့ သစ္စာတရားနဲ့ ပြည့်စုံသူပါ…။ ကိုယ်ကျင့်သိက္ခာနဲ့ ပြည့်စုံတဲ့ ဖခင်ကောင်းတယောက် အိမ်ထောင်ဦးစီးတယောက်ရဲ့ ထိန်းသိမ်းမှုအောက်မှာ မိသားစုလေးဟာ အရင်ကလို သာသာယာယာ ပြန်ဖြစ်လာခဲ့တယ်…။ သမီးရေ… အဲဒါဟာ ပုံပြင်မဟုတ်တဲ့ မမလုပ်ဖော်ကိုင်ဖက်ရဲ့ တကယ့်အဖြစ်အပျက်လေးပါ…။
နောက်တယောက်ကတော့ မမတို့ အာအိုင်တီက မမထက် နှစ်တန်းငယ်တဲ့ ကျော်ဇေယျဆိုတဲ့ မောင်လေးတယောက်ပါ…။ သူ့ ထက်ငယ်တဲ့ ညီမလေးလိုတမျိုး ချစ်သူလိုတသွယ် ချစ်ရတဲ့ ကောင်မလေးကို ဒီမှာတက္ကသိုလ်တက်ရင်း ဆုံခဲ့ကြတာပေါ့…။ သူ့ ထက်ငယ်ပေမယ့်လဲ တည်ငြိမ်အေးဆေးတဲ့ သူ့ ချစ်သူလေးကို သူအမြတ်တနိုးလက်ထပ်ခဲ့ပါတယ်…။ တယောက်နဲ့ တယောက် နားလည်မှုအပြည့်အ၀ရှိတဲ့ ချစ်စရာ စုံတွဲလေးအဖြစ် သူငယ်ချင်းတွေ ကြားမှာ နာမည်ကြီးတဲ့ စုံတွဲလေးပါ…။ အလုပ်အကိုင်လဲတော်… အိမ်ထောင်မှုအထိန်းအသိမ်းလဲကျွမ်းကျင်တဲ့ ဇနီးချောလေးကို ကျော်ဇေယျက တမြတ်တနိုးတန်ဖိုးထားချစ်ပါတယ်…။ သူတို့ မိသားစုလေး ပိုပြည့်စုံအောင် ကလေးလေးယူဖို့  ဆုံးဖြတ်ပြီး သားလေးကို ကိုယ်ဝန်လွယ်ထားစဉ်က သူတို့ မိသားစုရဲ့ အနာဂတ်ပန်းချီလေးကို မှန်းဆပုံဖော် ဆေးရောင်တွေ အတူခြယ်လို့ ပေါ့…။ သားလေးအတွက် အလှဆုံးနာမည်လေးကို အတူရွေးကြ… သားလေးအတွက် အကျီင်္သေးသေးလေးတွေ အတူဝယ်ကြ… မိသားစုလေးထဲကို ရောက်လာမယ့် သားလေးအတွက် ကြိုတင်ပြင်ဆင်ရင်း ဘ၀အမောတွေတောင်မေ့လို့ …။
အဲဒီလောက် ပျော်ရွှင်စိတ်ချမ်းမြေ့စရာကောင်းတဲ့ မိသားစုလေးကိုလဲ ကြမ္မာအညှိးကြီးပုံများ… ကြားရသူတိုင်းကြေကွဲစရာပေါ့ သမီးရယ်…။ သားလေးမွေးပြီးပြီးချင်းပဲ ဇနီးလေးမှာ သွေးတွေသွန်ရင်း ဘာမှ သတိမရပဲ ကိုမာရသွားခဲ့ပါတယ်…။ ကျော်ဇေယျမှာ ဇနီးသည်လေးကိုပြုစုရတာက တဘက် သားငယ်ငယ်လေးကို မိခင်နေရာက အစားထိုး စောင့်ရှောက်ရတာတဘက်နဲ့  အပူများဗျာများရတဲ့ အချိန်ပေါ့…။ နောက်ပိုင်းမှာ ကိုမာက သက်သာခဲ့ပေမယ့်လဲ ပုံမှန်လို လှုပ်ရှားသွားလာလို့ မရတော့ပါဘူး…။ စိတ်တွေလေလွင့်ပြီး ရုပ်ရှင်ထဲကလို အရက်သောက် အပေါင်းအသင်းတွေနဲ့  အချိန်ဖြုန်းနေမယ်လို့  သမီးထင်လားဟင်…။ ဇနီးသည်လေးကျန်းမာဖို့ အတွက် အဘက်ဘက်က ကြိုးစား ပြုစုတတ်လွန်းတဲ့ သစ္စာတရားကြီးမားသူတယောက်ပါ…။ နာတာရှည်ရောဂါမို့  အသေအချာနှစ်ရှည်လများ စိတ်ရှည်လက်ရှည်ကုပေး စိတ်ဓါတ်အင်အားဖြည့်ဆည်းပေးတတ်သူမို့  လေးစားစရာပါ…။ တချိန်ထဲမှာပဲ သားလေးကို မကျန်းမာတဲ့မိခင်ရဲ့ ကွက်လပ်တွေဖြည့်ပေးရင်း မိခင်ဖခင်၂ယောက်စာ ပြုစုထိန်းကျောင်းလာခဲ့တာ ခုဆိုသားလေးတောင် မူကြိုတက်နေပေါ့…။
မကျန်းမာတဲ့ ဇနီးသည်ကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ပေးပြီး စနေ၊တနင်္ဂနွေပိတ်ရက်တွေမှာ wheel chairလေးပေါ်တင် စိတ်အပန်းပြေမယ့်နေရာလေးတွေ လိုက်ပို့ ရင်း မိသားစု ဘ၀လေးကို ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် ဖန်တီးပေးတာများ ကျန်းကျန်းမာမာမိန်းမတွေဘေးထား ဖောက်ပြန်တတ်တဲ့ ယောင်္ကျားတွေကို နားရွက်ဆွဲပြီး ပြချင်တဲ့အထိပါပဲ…။ သားလေးကိုလဲ ဘာသာတရားဘက်ပါ မလစ်ဟင်းရအောင် ဆုံးမသွန်သင်… ဘုန်းကြီးကျောင်း Sunday School ပို့ အပင်ပန်းခံ ပဲ့ပြင်ခဲ့တာကြောင့် သားလေးက ညအိပ်ရာဝင်ရင် မကျန်းမာတဲ့မေမေ့ကိုပါ ကန်တော့အိပ်တတ်တဲ့အထိ အရွယ်နဲ့ မလိုက်အောင် လိမ္မာလွန်းတဲ့ကလေးပါ…။ အဲဒီလောက်သဘောထားပြည့်ဝ ကြင်နာစောင့်ရှောက်တတ်တဲ့ ခင်ပွန်းသည်ရဲ့ မေတ္တာတရားအောက်မှာ ဇနီးလေးက မကျန်းမာပေမယ့်လဲ အမြဲပျော်ရွှင်လန်းဆန်းနေတာတွေ့ ရတယ်…။ လူတိုင်းလက်ဖျားခါအောင် ဂရုစိုက်သိတတ်လွန်းတဲ့ သစ္စာရှိလွန်းတဲ့ ကျော်ဇေယျရဲ့ သူ့ ဇနီးပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့ ဇနီးသည်လေး အမြန်ကျန်းမာပါစေလို့  အပေါင်းအသင်းတွေ သူငယ်ချင်းတွေအားလုံးက ၀ိုင်းမေတ္တာပို့ ပေးကြတယ်သမီးရဲ့…။
ကဲ… ဒီသစ္စာရှိလွန်းတဲ့ Kelvin နဲ့ ကျော်ဇေယျတို့ ဇာတ်လမ်းနားထောင်ရင်း သမီးချစ်သူကို လက်ထပ်ရဲတဲ့ သတ္တိတွေရှိလာပါစေလို့  မမဆုတောင်းပေးပါတယ်…။ ကိုယ်ကျင့်တရားပျက်ယွင်းလာတဲ့ ပတ်ဝန်းကျင်မှာ သူများတရားပျက်တိုင်း ကိုယ်မပျက်စေနဲ့ သမီးရေ…။ အပင်ပန်းခံမရုန်းကန်ချင်လို့  ဆင်းရဲဘေးက လွတ်အောင် ဖြတ်လမ်းလိုက်မယ်ဆိုတဲ့ အယူမှားတွေရဲ့ အလွှမ်းမိုးမခံပါနဲ့ သမီးရယ်…။ တကယ်တော့ သူများမျက်ရည်ပေါက် ကြီးငယ်ကျမှ ကိုယ်ချမ်းသာရတဲ့အပြင် ဘာသာတရားအရလဲ ငါးပါးသီလမလုံတဲ့အလုပ်မို့  ငရဲကျမှာ အမှန်ပါ…။
“ကျေးဇူးတင်လိုက်တာ မမရယ်… ခုမှ သမီးရင်ထဲက အလုံးကြီးကျသွားတော့တယ်… သမီးလေ ကို့ ကိုပဲ လက်ထပ်မှာပါ… ပတ်ဝန်းကျင်မှာ တနေ့ တနေ့ စပွန်ဆာဆိုတာတွေပဲ ကြားကြားနေရတော့ သမီးစိတ်ညစ်တယ်… လူငယ်ပီပီ သူများလှတာပတာတွေ့ ရင်လဲ ၀တ်ချင်ပြန်ရော… ဒါပေမယ့် သမီးကိုယ်ကျင့်သိက္ခာကို ငွေနဲ့ မရောင်းစားပါဘူး မမရယ်… ကို ကလဲ အဲဒါကို တန်ဖိုးထားပါတယ်… နောက်ပြီး ယောင်္ကျားတယောက်ကို သူများလက်ထဲက လုယူဖို့  အပြစ်မဲ့တဲ့ ကလေးတယောက်ကို မိုက်မိုက်မဲမဲ ဒီလောကထဲခေါ်လာမယ်ဆိုတဲ့ အတွေးမျိုး သမီးဘယ်တော့မှ မတွေးရဲပါဘူး… ခုလို သမီးရဲ့ မှုန်ဝါးနေတဲ့ အမြင်တွေကို ကြည်လင်အောင် လုပ်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်”
“ရပါတယ် သမီးရယ်… ဒီမှာ မမဖုန်းနံပါတ်… သမီးတိုင်ပင်စရာရှိရင် အချိန်မရွေးခေါ်လိုက်နော်”
“ဟုတ်ကဲ့မမ… ဘိုင်…ကောင်းသောညပါ”
တကယ့်ကောင်းသောညပါ သမီးရယ်…။ အခွင့်အရေးများရခဲ့ရင် သမီးလို ကောင်မလေးတွေနဲ့ မမစကားတွေ အများကြီးပြောချင်ပါသေးတယ်…။ ဒီညဟာ တခြားညတွေထက် ကြယ်တွေစုံလို့ … ပြီးတော့ လမင်းကြီးလဲသာလို့ … အောင်မြင်တဲ့ညတညပါပဲ…။
တန်ခူး
5-Aug-2014 5:50pm
(ဒီပို့ စ်မှ အကြောင်းအရာများကို သုံးခွင့်ပေးသော မောင်လေးကျော်ဇေယျကို ကျေးဇူးအထူးတင်ပါတယ်..)
တန်ခူးhttp://www.blogger.com/profile/08326357917406062761noreply@blogger.com2tag:blogger.com,1999:blog-5970961902301632590.post-45632043055540195852014-07-21T15:25:00.000+08:002014-07-21T15:25:17.720+08:00ကိုယ့်အတွက်အလှ သူတို့ အတွက်ဘဝ
“ကိုယ့်အတွက် အလှအပတစ်ခုဟာ သူတို့အတွက် ဘ၀တစ်ခု ဖြစ်သွားနိုင်မယ်
ဆိုရင် ဘာဖြစ်လို့များ မစွန့်လွှတ်နိုင်ရမှာလဲ ။ “(ဓမ္မဘေရီဆရာတော် )
တချို့ မိန်းခလေးတွေဟာ အလှအပကို သာမာန်လောက် စိတ်ဝင်စားတတ်ပြီး တချို့ ကတော့ သာမာန်ထက်ပို စိတ်ဝင်စားတတ်ကြပါတယ်…။ အဲဒီထဲမှာ ကျွန်မက အလှအပကို သာမာန်ထက်ပို စိတ်ဝင်စားတတ်တဲ့အထဲမှာ ပါပါတယ်…။ ဘယ်လောက်စိတ်ဝင်စားသလဲဆို ကျွန်မကိုယ်ကျွန်မ တောင်မကတော့ပဲ ကျွန်မသူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေထိ ဘယ်လိုလှအောင်နေ ဘယ်လိုလှအောင်ဝတ်ဆို ၀ါသနာအရတိုက်တွန်းရွေးခြယ်ပေးတတ်သူပါ…။ ငယ်ငယ်က စုံလင်များပြားတဲ့ ရည်ရွယ်ချက်တွေထဲမှာ ဒီဇိုင်နာဆိုတာတောင်ပါလိုက်သေးတာပါ…။ အဲဒီလို အလှအပစိတ်ဝင်စားတဲ့ ကျွန်မ ဒီနိုင်ငံရောက်လာတော့ shopping တွေ sales တွေကြားမှာ ဟိုနားစွင့်ဒီနားစွင့်နဲ့  မအားရအောင်ပါပဲ…။ ဘယ်လောက်ထိ ရူးသွပ်ခဲ့သလဲဆို ၃နာရီလောက် အချိန်ကုန်ခံတန်းစီရတဲ့ sales ကို ကျွန်မက မပျင်းမရိ ဇွဲဇွဲကောင်းကောင်းနဲ့ တန်းစီခဲ့တဲ့အထိပါပဲ…။ online shopping တွေ ခေတ်စားလာတော့လဲ လိုလိုမလိုလို တန်တာလေးတွေ့ လှမ်းမှာမိတာပါပဲ…။ အထူးသဖြင့် branded ပိုက်ဆံအိတ်ရောဂါက ပတ်ဝန်းကျင်ကတဆင့် ကျွန်မဆီကူးဆက်ခဲ့တာ အဆိုးဆုံးပါပဲ…။ မတရား ဈေးကြီတဲ့အိတ်လောက်အထိမလှမ်းပေမယ့် အရင်က အဲဒီလောက်တန်ဖိုးဆို လက်နှေးခဲ့တဲ့ ကျွန်မက နှစ်ခါပြန်မတွေး လက်မနှေးတော့တာပါပဲ…။
အဲဒီလို sales ပင်လယ်ထဲမှာ လက်ပစ်ကူးနေခဲ့တဲ့ ကျွန်မကို လှုပ်နှိုးခဲ့တာတော့ ကျွန်မအရမ်းလေးစား အားကျမိတဲ့ အမကြီးတယောက်ပါပဲ…။ သူ့ နာမည်က ဒေါ်မေအေးဦးလို့ ခေါ်ပြီး ပစ္စည်းဥစ္စာမချမ်းသာပေမယ့် စေတနာတွေ အရမ်းချမ်းသာတဲ့၊ သူ့ ကိုယ်ပိုင်အချိန်တွေ ငွေတွေ လုပ်အားတွေကို ပရဟိတလုပ်ငန်းတွေ အတွက် ရက်ရက်ရောရော ပျော်ပျော်ကြီး ပေးဆပ်နေတဲ့ အမတယောက်ပါ…။ တကယ် ဒုက္ခရောက်နေသူတွေ ဆီကို လူကိုယ်တိုင်သွားပြီး ဖေးမကူညီဖြည့်ဆည်းပေးတဲ့ ဂရုဏာလက်အစုံ ပိုင်ရှင်ပါ…။ ကျွန်မက အမရဲ့ ပရဟိတလုပ်ငန်းတွေကို တတ်နိုင်သလောက် အဝေးက လှူဒါန်းနေတဲ့ အလှူရှင်ထဲက တယောက်ပါ…။ အမရေးတဲ့စာလေးတွေထဲက ကျွန်မကို လွှမ်းမိုးပြုပြင်နိုင်တဲ့ စာလေးကို ကျွန်မမနှစ်က ဖတ်မိခဲ့တာပါ…။
“ကိုယ့်အတွက် အလှအပတစ်ခုဟာ သူတို့အတွက် ဘ၀တစ်ခု ဖြစ်သွားနိုင်မယ်
ဆိုရင် ဘာဖြစ်လို့များ မစွန့်လွှတ်နိုင်ရမှာလဲ ။ “(ဓမ္မဘေရီဆရာတော် )
အထက်ပါ တန်ဖိုးရှိလွန်းတဲ့ ဆရာတော်ကြီးရဲ့ တရားလေးကို အမစာထဲကတဆင့် ကျွန်မသိခဲ့ရတာပါ…။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်တုန်းက ငါရှာတဲ့ငွေ ငါဒီလောက်တော့ သုံးမှာပေါ့ဆို ကျွန်မရဲ့ သတ်မှတ်ထားတဲ့ limit ထက်ကျော်တဲ့ ပိုက်င်္ဆအိတ်တလုံး ပူပူနွေးနွေး ၀ယ်ပြီးကာစပေါ့…။ အမရေးတဲ့ အဲဒီစာထဲက သူနှစ်သက်တဲ့ မြန်မာချိတ်ထမီတထည်ကို စွန့် လွှတ်ပြီး တကယ်လိုအပ်နေတဲ့ ကလေးတွေ ပညာရေးအတွက် သုံးလိုက်တဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ သူ့ ပီတိက စာထဲက တဆင့် ကျွန်မဆီ ကူးစက်လာခဲ့ပါတယ်…။ ပြီးတော့ လောလောလတ်လတ် ၀ယ်ထားတဲ့ အိတ်တလုံးတန်ဖိုးက ကုလို့ ရရက်နဲ့  ဆင်းရဲလို့  လက်လျော့ပြီး သေဖို့  အသင့်ထိုင်စောင့်နေတဲ့ လူနာတယောက်ကို အသက်ကယ်လိုက်နိုင်သလို၊ ချို့ တဲ့လို့  အနာဂတ်ပျောက်နေတဲ့ လူငယ်လေးတယောက်ရဲ့ အနာဂတ်တခုဖြစ်နိုင်တယ်လို့  သဘောပေါက်လာမိပြီး တယောက်ထဲ ကြိတ်ရှက်မိတဲ့ နေ့ ပါပဲ…။ အမ ကလေးတွေဆီက အပြန် အမကို အရမ်းကျေးဇူးတင်တဲ့ ကလေးလေးတွေက Coffee Mix အထုတ်အခွံလေးတွေနဲ့  လုပ်ထားတဲ့ ယပ်တောင်လေးတခု လက်ဆောင်ပေးကြတာ ဖတ်ရတော့ ကျွန်မမျက်ရည်ဝိုင်းတဲ့ အထိ ကြည်နူးမိပါတယ်…။ အဲဒီကစလို့  တန်ဖိုးကြီးပစ္စည်းတခု ၀ယ်မယ်ကြံတိုင်း ကိုယ့်တိုင်းပြည်က လိုအပ်နေတဲ့သူတွေကို မျက်စိထဲပြေးပြေးမြင်ပြီး ချီတုန်ချတုန်ဖြစ်လို့  လက်ထဲက ပြန်ပြန်ချမိခဲ့ပါတယ်…။ တခါတရံ စိတ်မထိန်းနိုင်ပဲ ၀ယ်မိခဲ့တာ တချို့ လဲရှိတာပေါ့လေ…။
ဒေါ်မေအေးဦး ဦးဆောင်တဲ့2000 group အဖွဲ့ လေးကို ကျွန်မသဘောကျမိတာက စိတ်တူကိုယ်တူနဲ့  ဒုက္ခရောက်နေသူတို့ ဆီ ကိုယ်တိုင်အမြန်ဆုံး လှူဒါန်းပေးနိုင်အောင် အပင်ပန်းခံဆောင်ရွက်ကြခြင်းပါပဲ…။ အမရေ ရေတွင်းလေးလှူချင်ပါတယ်ဆို တကယ့်ရေဘေးဒုက္ခရောက်နေသူတွေ လက်ထဲ ရေတွင်းတတွင်း အမြန်ဆုံးရောက်အောင် ဆောင်ရွက်ပေးနိုင်သူပါ…။ အမက ပညာရေးအလှူရှင်လိုတယ်လို့  ပြောလို့  ကိုယ်လှူလိုက်ရင် အဲဒီကလေးနဲ့ ပတ်သက်တဲ့ ပညာရေးတိုးတက်မှုမှတ်တမ်းကအစ ကိုယ်ဘာမှ မမေးရခင် အမက အလှူရှင်တွေဆီ သတင်းပုံမှန်ပို့ နိုင်အောင် အရမ်းအလုပ်လုပ်သူပါ…။ အမရဲ့ ယဉ်ကျေးလိမ္မာသင်တန်းလေးတွေ အကြောင်းကြားရမြင်ရတော့ ဝေးလံခေါင်ဖျား နွမ်းပါးတဲ့ အရပ်ဒေသက ကလေးတွေလိုပဲ… ဒီနိုင်ငံက ပြည့်စုံတဲ့ကလေးတွေမှာလဲ ဘာသာတရား၊ ယဉ်ကျေးမှုနဲ့  တချို့ အလှမ်းကွာဝေးနေတာ… တချို့ ဆို မြန်မာဘာသာစကားနဲ့ တောင် အလှမ်းကွာဝေးနေတာမို့  ဘာသာတရား၊ ဘာသာစကား၊ ယဉ်ကျေးမှု… အားလုံးသာ သင်ပြခွင့်ရရင် သိပ်ကို အကျိုးရှိမှာပဲလို့  တွေးမိပါတယ်…။ နောက်တခုက ဒေါ်မေအေးဦးရဲ့ 2000 အဖွဲ့ ရဲ့ ပရဟိတလုပ်ငန်းတွေသာ ဒီနိုင်ငံကသူတွေ ထဲထဲဝင်ဝင် သိခွင့်ရရင် အလှူတွေပိုခရီးပေါက်လို့  ဒုက္ခရောက်နေတဲ့သူတွေကို ပိုလို့ ကယ်တင်နိုင်မယ်လို့  တွေးမိခဲ့ပါတယ်…။
အိတ်ဝါသနာပါတဲ့ ကျွန်မ တနှစ်ကို အနည်းဆုံးတလုံးလောက် အိတ်လှလှလေးတွေ စုမယ်လို့  ဟိုးအရင်က ကြံစည်ထားတဲ့ အကြံအစည်ကို ဖျက်လိုက်ပါတယ်…။ ဒေါ်မေအေးဦးနဲ့ အဖွဲ့ ကို ဒီနိုင်ငံဖိတ်ကြားပြီး ကလေးတွေ ယဉ်ကျေးလိမ္မာသင်တန်းလေး လုပ်ဖြစ်အောင် ကျွန်မနဲ့  ညီမအရင်းလို ချစ်တဲ့ စိတ်တူကိုယ်တူ ညီမလေးတွေနဲ့  ကျွန်မတို့ တိုင်ပင်နှီးနှော မ တည် အတူလုပ်ခဲ့ကြတယ်…။ ပထမအကြိမ် ယဉ်ကျေးလိမ္မာသင်တန်းလေးဟာ ထင်တာထက် ပိုအောင်မြင်တော့ ကျွန်မတို့  အားလုံး ကြည်နူးပီတိ ဖြစ်ခဲ့ကြတယ်…။ ကလေးလေးတွေရဲ့ နုနယ်တဲ့နှလုံးသားထဲမှာ ဘာသာတရားနဲ့  ယဉ်ကျေးမှုလေး နဲနဲအမြစ်တွယ်သွားရင် တော်ပြီလို့  ကျွန်မတို့ မျှော်လင့်လုပ်ခဲ့ကြတာ…။ တချို့ မိဘတွေဆီက ကလေးတွေရဲ့ တိုးတက်မှုကို ပြန်ကြားရတော့ ကျွန်မတို့ အားလုံး ရှေ့ ဆက်ဖို့  အင်အားတွေ ပိုပြည့်ခဲ့ကြတယ်…။ သိသာထင်ရှားလွန်းတဲ့ တိုးတက်မှုကတော့ 2000 Group ရဲ့ ပရဟိတ လုပ်ငန်းတွေမှာ စင်္ကာပူက အလှူရှင်တွေ ပိုတိုးပြီး အလှူတွေ ပိုအထမြောက်လာတာပါပဲ…။ အဲဒီက ရတဲ့ပီတိက ကျွန်မပိုက်ဆံအိတ်အသစ်တလုံး ၀ယ်လို့ ရတဲ့ပျော်ရွှင်မှုနဲ့  နှိုင်းယှဉ်လို့ မရအောင် ကွာခြားလှပါတယ်…။
“Give the world the best you have” တဲ့…။ ကျွန်မအရမ်းလေးစားရတဲ့ ဒေါ်မေအေးဦးရဲ့ gTalk မှာ အမြဲတွေ့ ရတဲ့ statusလေးပါ…။ ဒီလောကမှာ ဆင်းရဲဘေးဒုက္ခတွင်းထဲက လွတ်မြောက်ဖို့  ကူကယ်ရာမရှိဘူးလို့  မျှော်လင့်ချက်မဲ့နေတဲ့ဘ၀တွေအားလုံးကို မကယ်နိုင်ပေမယ့် ဘ၀တခုကို ကယ်ဖို့  ကျွန်မတို့ မှာ အင်အားတွေ ရှိတယ်ဆိုတာ မမေ့မလျော့ရင် ဆင်းရဲဒုက္ခရောက်သူဦးရေ နဲသထက်နဲလာမှာ အမှန်ပါပဲ…။ အလားတူပဲ နိုင်ငံရပ်ခြားရောက်မှတော့ ဘာသာတရား ယဉ်ကျေးမှုတွေနဲ့ လဲ ဝေးပြီလို့  စိတ်လျော့အားငယ်နေမယ့် မိဘတွေအတွက် မြန်မာနိုင်ငံမှာလို သင်တန်းမျိုးလေးဖွင့်နိုင်ရင် ကိုယ့်သားသမီးလေးတွေ ကိုယ်ပြန်သင်ကြားပြီး ဘာသာတရား၊ ယဉ်ကျေးမှုနဲ့  အမြဲထိတွေ့ နေနိုင်မှာ အမှန်ပါပဲ…။ ဒီလို စိတ်ဓါတ်အင်အားတွေနဲ့  ကျွန်မတို့  ဒုတိယအကြိမ် ယဉ်ကျေးလိမ္မာသင်တန်းလေး ဖွင့်ခဲ့ကြပြန်တယ်…။ လူတွေအများကြီးအကူအညီနဲ့  စုပေါင်းလုပ်ရတဲ့ ဒီသင်တန်းလေးဟာ နှလုံးသားဖြူစင်သူလေးတွေ အချိန်အလှူပေးဖို့ ရက်ရောသူလေးတွေ ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လောက်ရှိသလဲဆိုတာ မီးမှောင်းထိုးပြလိုက်သလိုပါပဲ…။ စုပေါင်းအလှူကြီးတခုကို ကျွန်မတို့ အတူလုပ်ခဲ့ကြတယ်…။ အားလပ်ရက်ရှားပါးတဲ့ စင်္ကာပူလို နေရာမျိုးမှာ အားလပ်ရက်ကို မနားပဲ ပြုံးပြုံးရွှင်ရွှင်စိတ်အား ထက်သန်စွာ ပေးဆပ်ခဲ့ကြတယ်…။ ဒေါ်မေအေးဦးဦးဆောင်တဲ့ ဆရာ၊ ဆရာမအဖွဲ့ ကလဲ ကလေးတွေကို ပညာသာမက မေတ္တာတွေ တပုံကြီး အလှူပေးခဲ့ကြလို့  မပျော်တဲ့ကလေးဆိုတာ အတော်ရှားပါတယ်…။ ကလေးငယ်ငယ်လေးတွေ ကံ၊ ကံ၏အကျိုးကို ယုံကြည်လာကြတယ်…။ ငရဲကျနိုင်တဲ့ အကုသိုလ်အလုပ်ကို ကြောက်လာကြတယ်…။ ကျွန်မတို့ အဲဒီလိုသာ မှန်မှန်ရင်းနှီးမြှပ်နှံကြမယ်ဆိုရင် ဘာသာတရားဆုံးမမှုအောက်က ဒီကလေးတွေရဲ့ အနာဂတ် လှပလာမှာ အမှန်ပါပဲ…။ ကိုယ်ချင်းစာတရား၊ ဂရုဏာတရား၊ မေတ္တာတရားတွေနဲ့  ပြည့်စုံတဲ့ အနာဂတ်ရဲ့ မျိုးဆက်သစ်လေးတွေ များလာလေ ငြိမ်းချမ်းမှုတွေ များလာလေ မဟုတ်လား…။
ကုသိုလ်ပေါ် ကုသိုလ်ဆင့် မိဘများရဲ့ စေတနာတရားထက်သန်စွာ လှူဒါန်းမှုကြောင့် ပထမအကြိမ်သင်တန်းက ပိုငွေတွေ အကုန်ကို ဆရာမဒေါ်မေအေးဦးရဲ့ ပရဟိတလုပ်ငန်းတွေထဲက တခုဖြစ်တဲ့ ရိုးမရွာတွေက ဆင်းရဲနွမ်းပါးပြီး စာလဲ အသင့်အတင့်တော်တဲ့ ကျောင်းနေချင်တဲ့ ကလေးတွေကို ပြည်မှာ ကျောင်းအိပ်ကျောင်းစားထားပြီး အစိုးရကျောင်းကို ပို့ ပြီး ကလေးတွေရဲ့ စား၊၀တ်၊နေ၊ ပညာရေး၊ ကျန်းမာရေးအားလုံး တာဝန်ယူရတဲ့ ကျောက်ကွင်း၊ ပရဟိတကျောင်း(၀ိနယ လင်္ကာရ) ဂန္ဓမာစက်မှုရပ်ကွက်၊ ပြည်မြို့ မှာရှိတဲ့ ကလေးတွေနေဖို့ အဆောင်အတွက် ခေါင်မိုးအလှူကို လှူဖြစ်ခဲ့ပါတယ်… ဒုတိယအကြိမ် ပိုငွေတွေအားလုံးကို အဲဒီကျောင်းအတွက် မျက်နှာကျက်နဲ့  ရေတွင်းတတွင်းလှူဖြစ်ခဲ့ပါတယ်…။ ဘယ်လောက်များကြည်နူးစရာကောင်းလိုက်ပါလဲနော်…။
ဒီကနေ့  ကျွန်မတို့ နိုင်ငံ ဆယ်ကျော်သက် နှစ်ဆယ်ကျော်သက် တချို့ မိန်းမပျိုလေးတွေ ငရဲကို မေ့လျော့နေကြပြီ…။ သူများ မိသားစုဖြိုခွဲဖို့  ၀န်မလေးကြတော့ဘူး…။ အိမ်ထောင်ရှင်တွေကလဲ ကြွယ်ဝချမ်းသာမှုနဲ့  ဂုဏ်သိက္ခာကို မှားယွင်းလို့  တလွဲဆံပင်ကောင်းလာကြလိုက်တာများ…။ ဘီယာဆိုင် အရက်ဆိုင် စပွန်ဆာ နိုက်ကလပ် ယဉ်ကျေးမှုနဲ့  ငါးပါးသီလဆိုတာ ဘာကြီးလဲလို့  မေးရမလို ဘာသာတရားနဲ့  ကင်းဝေးသထက် ကင်းဝေးလို့  ငရဲပြည်ကြီးဆီ ပျော်ပျော်ကြီး သွားနေလိုက်ကြတာ…။ ဘယ်တတ်နိုင်မလဲလို့  ကျွန်မတို့  လက်မှိုင်ချမယ့်အစား နောက်မျိုးဆက်သစ်လေးတွေကို အခုကတည်းက စလို့  အပင်သန်အောင် မျိုးစေ့မှန်မှန်လေးတွေ ချပေးသင့်ပါတယ်…။ ကျွန်မတို့  မြန်မာနိုင်ငံမှာ နေတဲ့သူတွေက ပိုလို့ တောင် အလှမ်းနီးလို့  ယဉ်ကျေးလိမ္မာသင်တန်းလေးတွေ နယ်တိုင်းမြို့ တိုင်းမှာ ဖွင့်လှစ်သင့်ပါတယ်…။ ကျွန်မတို့  တကိုယ်စာလှဖို့ ပဖို့  အတွက် အသုံးချနေတဲ့ ကုန်ကျစရိတ်တွေကို အကျိုးရှိတဲ့နေရာတွေမှာများ သုံးလိုက်ရင် အကျည်းတန်တဲ့ဘ၀ပေါင်းများစွာ လှပသွားမှာ အသေအချာပါ…။ ဒီလို ကောင်းတဲ့ အသုံးချမှုလေးကို ကိုယ်က စလို့  လက်တွေ့ ကျင့်သုံးရင်း ကိုယ့်ပတ်ဝန်းကျင်ကို ကျယ်ပြန့် … ကိုယ့်ပတ်ဝန်းကျင်တဆင့်  တခြားပတ်ဝန်းကျင်တွေ ပိုကျယ်ပြန့် လာပြီး… နောက်ဆုံး ဘ၀တွေ အားလုံးမလှလာနိုင်ဘူးလို့  ဘယ်သူပြောနိုင်မလဲနော်…။
ပေးဆပ်တတ်သူတယောက်ရဲ့ နှလုံးသားကို လှစ်ဟပြနေတဲ့ ကျွန်မရဲ့မောင်အရင်းလို ရင်းနှီးရတဲ့ ယဉ်ကျေးလိမ္မာသင်တန်းက ကလေးတို့ ဆရာ ဆရာသော်( ကိုသော်ဇင်မြင့်) ရဲ့ကဗျာလေးနဲ့  ဒီပို့ စ်လေးကို အဆုံးသတ်ပါရစေ…။
ပေးဆပ်ခြင်း
မြင့်မြတ်လို့ လား…
ကုသိုလ်ရလို့ လား…
ထင်ပေါ်အောင်လား…
ကြည်နူးချင်လို့ လား…
တစ်စုံတစ်ခု ပြန်ရအောင်လား…
ဒါတွေ တစ်ခုမှ မဟုတ်။
ငါ့အင် ငါ့အား
နှလုံးသားနဲ့ 
ပေးဆပ်ခဲ့သမျှ
သူတို့ ရလို့ 
သူ့ ဘ၀မှာ
သူ့ လိုရာသုံး
ဒီမှာဆုံးပြီ…
ငါကတဲ့ဇာတ်
တစ်ခန်းရပ်။ ။
သော်ဇင်မြင့်
ဘ၀တိုင်း ဘ၀တိုင်း လှပကြပါစေ...။
( ဒုတိယအကြိမ်မြောက် စင်္ကာပူနိုင်ငံ ဗုဒ္ဓဘာသာယဉ်ကျေးမှု နှင့် လိမ္မာစာကဗျာ ရက်တိုသင်တန်း အမှတ်တရ)
စာကြွင်း။ ။ ဒေါ်မေအေးဦး နဲ့  2000 group ရဲ့ ပရဟိတ လုပ်ငန်းတွေအကြောင်း စိတ်ဝင်စားလှူဒါန်းလို သူများရှိရင် (website - http://www.twothousandgroup.org/ ,email- 2000.donation.group@gmail.com , facebook – May Aye Oo – 2000 GROUP) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်…။ ကဗျာလေးသုံးခွင့်ပေးသော ကိုသော်ဇင်မြင့်ကို အရမ်းကျေးဇူးတင်ပါတယ်…။
တန်ခူး
21-Jul-2014 12:57pm
တန်ခူးhttp://www.blogger.com/profile/08326357917406062761noreply@blogger.com7tag:blogger.com,1999:blog-5970961902301632590.post-32833493163756254732014-07-11T16:20:00.000+08:002014-07-11T16:21:38.459+08:00ကျွန်မနဲ့ မော်တော်ကား
ရောင်စုံကားလှလှ မော်ဒယ်လှလှတွေ များပြားလာတဲ့ ဒီခေတ်ကြီးထဲမှာ အဲဒီကားတွေနဲ့  ပတ်သက်ရင် ကျွန်မသိပ်ရင်မခုန်တတ်တာ အတော်တော့ ထူးဆန်းတာ အမှန်ပါပဲ…။ လက်ရှိကျွန်မအလုပ်က ကားပြခန်းတွေ ကားအရောင်းခန်းမတွေနဲ့  နီးတဲ့နေရာမို့  ကားလှလှလေးများ… အထူးသဖြင့် ပြိုင်ကားလှလှလေးများတွေ့ ရင် ကောင်မလေးချောချောလေးတွေ့ လိုက်သလို ကျွန်မလုပ်ဖော်ကိုင်ဖက်တွေက လေကလေးတောင်ချွန်မိတဲ့ အထိ သဘောကျကြတာ တွေ့ တော့ ငါ့မယ် ဘာကြောင့်များ ဒီလိုစိတ်မရှိရတာလဲလို့  တွေးမိတဲ့အထိပါပဲ…။
ကျွန်မအမျိုးသားနဲ့  အတူသွားနေတဲ့အချိန် သူက ကားလှလှကောင်းကောင်းလေးများ လှမ်းပြရင် ကျွန်မရဲ့ မထူးခြားတဲ့ရုပ်ကို ကြည့်ပြီး အဲဒီ sensor တခုပျက်နေတယ်လို့  ကျွန်မကို အမြဲ နောက်တတ်ပါတယ်…။ ကျွန်မကလဲ ကျွန်မပါပဲလေ…။ ကျွန်မအရင် အလုပ်က လုပ်ဖော်ကိုင်ဖက်တယောက်က ဘယ်လောက်များ ပိုက်ဆံချမ်းသာ သလဲဆို ကားအကောင်း နာမည်တခုသာ ပြောလိုက် သူ့ မှာ ရှိပြီးသားပါပဲ…။ ကားပေါင်းမြောက်မြားစွာ ပိုင်တဲ့ သူနဲ့  အရမ်းရင်းနှီးတာမို့  တခါတလေ အပြင်မှာ နေ့ လည်စာထွက်စားတဲ့အခါ သူ့ ကားနဲ့ ကားကြုံလိုက်စီးပါတယ်…။ Audi, BMW, Lexus ကားတွေသာ ပြောင်းသွားတယ် ကျွန်မအတွက်က ဘာမှ မထူးသလိုပါပဲ…။ ဟိုနေ့ ကကားနဲ့  ဒီနေ့ ကား စီးရတာ ဘာကွာသလဲမေးရင် ကျွန်မက တို့ အတွက်တော့ comfort taxi စီးရတာနဲ့  ဖီလင်ချင်းတူတူပါပဲ… မခွဲခြားတတ်ဘူးလို့  အမှန်အတိုင်းပြောတော့ သူ့ ခမျာ ငိုမလိုရယ်မလို မျက်နှာနဲ့  ခံရခက်တာတွေ့ တော့ အားနာမိသလိုလိုတော့ ဖြစ်မိသား…။
ကျွန်မငယ်ငယ် သူငယ်တန်းအရွယ်က အဖေက ဂေါက်လှည့်လှည့်ပြီး နှိုးရတဲ့ မောဒစ်အိတ် ကားစုတ်စုတ်လေး ၀ယ်လာတော့ ကျွန်မအရမ်းပျော်ပါတယ်…။ ဘတ်စ်ကားစီးရတဲ့ ဒုက္ခ၊ မြို့ ပတ်ရထားစီးရတဲ့ ဒုက္ခကို ကျွန်မက ငယ်ငယ်လေးနဲ့ ခံစားခဲ့ရသူမိုလား…။ ကျွန်မကို ထားတဲ့ မူကြိုက မြို့ လယ်ခေါင်မှာ မို့ လေ…။ မောဒစ်အိတ်၊ မော်စကိုဗစ်၊ အိုပယ်၊ ဗောက်စဂွန်၊ ဒတ်ဆန်း၊ ပတ်ပလစ်ကာ… စူပါရုပ်ဖ်… အဲဒီလို ကျွန်မတို့  အိမ်မှာ ကားအမျိုးမျိုးသာ ပြောင်းသွားတယ်… ကျွန်မစိတ်ထဲကတော့ အတူတူပါပဲ…။ လိုရာခရီးကို သက်တောင့်သက်သာ သွားနိုင်ရင် ပြီးတာပဲလေ…။ ကားတစီးပြောင်းခါနီးတိုင်း ဘယ်ကားလဲရမလဲဆို ရင်ခုန်နေတတ်တဲ့ ကျွန်မတို့  တအိမ်လုံးနဲ့  ဆန့် ကျင်ဘက်ပါ…။ ကားနဲ့ ပတ်သက်လို့  အဖေ့ကို ကျွန်မပူဆာမိတာဆိုလို့  နှစ်ခါလားပါပဲ…။ ကျွန်မဆယ်တန်းတုန်းက အိုပယ်ကားနဲ့ လာတိုင်း ကားနာမည်ကြောင့် ကောင်လေးတွေ နောက်ကြတာကို ရှက်လို့  အဖေ့ကားလဲခိုင်းတဲ့အခါရယ်… ဗောက်စဂွန်ကားလုံးလုံးနဲ့ တုန်းက သင်္ကြန်ရေပက်ခံထွက်လို့  မရတာကြောင့် အမိုးဖွင့်လို့ ရတဲ့ကားလေး ပူဆာတာရယ်ပါပဲ…။ သိပ်ဆန္ဒလဲ ပြင်းပြင်းပြပြမဟုတ်တော့ အဖေ၀ယ်တဲ့ကားနဲ့  အဖေလိုက်ပို့ တာ ငြိမ်ငြိမ်လေး လိုက်တတ်တဲ့ ကျွန်မပါ…။
ဒီနိုင်ငံရောက်တော့ public transport တွေ အဆင်ပြေတာမို့  သားလေးမမွေးခင်အထိ ကျွန်မအတွက် ကားဆိုတာ မေ့မေ့လျော့လျော့ပါပဲ…။ သားလေးမွေးလာတော့ သားလေးသက်တောင့်သက်သာ သွားလာလို့ ရအောင် ကားလေးတစီးလိုချင်မိပါတယ်…။ အဲဒီအခါ ကျွန်မနဲ့  ကျွန်မခင်ပွန်း ဈေးလဲသက်သာ ဆီစားလဲနဲမယ့်ကားကို စဉ်းစားရပါတယ်…။ ပြီးတော့ တချက်ခုတ်နှစ်ချက်ပြတ် ကျွန်မတို့ အဲဒီအချိန်က လုပ်နေတဲ့ အလုပ်ကလေးအတွက်လဲ အသုံးဝင်မယ့်ကားမျိုးပေါ့…။ ခဏခဏလဲ မပျက်တဲ့ ခိုင်ခန့် မယ့် ပြင်သစ်ထုတ် ရိန်းနော့ကားလေးကို ကျွန်မတို့  ၀ယ်ဖြစ်ခဲ့ကြတယ်…။ ကျွန်မခင်ပွန်းမောင်းမှာဆိုတော့ သူနှစ်သက်တဲ့ အ၀ါရောင်လေးရွေးဖြစ်ခဲ့တယ်…။ ကားလေးနာမည်က Kangoo တဲ့…။ ဘယ်လောက်ချစ်စရာကောင်းလိုက်တဲ့ နာမည်လေးလဲနော်..။ ဒီနိုင်ငံမှာ ကားလှလှတွေ အရမ်းပေါတာ သိပ်စိတ်မ၀င်စားမိပေမယ့် ကားနာမည်လေးတွေတော့ ကျွန်မက စိတ်ဝင်တစား မှတ်တတ်ပါတယ်…။ ပြီးရင် ကားအထီးလေးလား အမလေးလားဆို ကားရဲ့ရုပ်ရည်ကြည့်ပြီး ကျွန်မဘာသာ ပေါက်ပေါက်ရှာရှာ ခွဲမှတ်ထားတတ်ပါတယ်…။ ကျွန်မတို့ ကားလေးကတော့ boy လေးနဲ့ တူတဲ့ ကားအထီးလေးပေါ့…။ Transformer ကြိုက်တဲ့ ကျွန်မသားကတော့ အ၀ါရောင် ကျွန်မတို့ ကားလေးကို bumblebee လို့  သူ့ ဘာသာ နာမည်ပေးထားလေရဲ့…။
ကျွန်မတို့ ကားလေးက ဈေးသက်သာ… ဆီစားသက်သာတဲ့အပြင်… ပျက်ခဲပါတယ်…။ တနေ့ တနေ့ ကျွန်မနေတဲ့ အနောက်ဘက်ကနေ ကျွန်မအလုပ်ရှိတဲ့ အရှေ့ ဘက်သွား… တခါ ကျွန်မအမျိုးသား အလုပ်နေရာတွေသွားနဲ့  သူ့ ခမျာ နားရတယ်လို့ မရှိပါဘူး…။ ကျွန်မတို့  မိသားစုဝင်တယောက်လို ကားလေးနဲ့ ကျွန်မတို့  တသားထဲကျနေပါတယ်…။ ဇိမ်ခံကားပြောင်းစီးရင်ကောင်းမလား… ဒီထက်ကောင်းတဲ့ကား ပြောင်းစီးရင်ကောင်းမလားဆိုတဲ့ အတွေးတွေ မရှိလောက်အောင် ကားလေးနဲ့ ကျွန်မတို့ ကြား သစ္စာတရားက ကြီးလှပါတယ်…။ ကားလေး တခါတလေ စက်ချို့ ယွင်းလို့  ပျက်တာများရှိရင် မိသားစုဝင်တဦးနေမကောင်းသလို ကျွန်မစိတ်အတော်မကောင်းပါဘူး…။ သူ့ ခမျာ ပစ္စည်းတွေလဲ အများကြီးသယ်ရ… လူတွေကိုလဲ မရပ်မနားပို့ ရရှာတာဆို စက်ပစ္စည်းဆိုတာ မေ့လျော့စွာ သနားမိတဲ့အထိပါပဲ…။
ဒီနိုင်ငံမှာ ကားတွေကို ၁၀နှစ်အထိပဲ ထားပါတယ်…။ ဆယ်နှစ်ပြည့်လို့  ကားက ကောင်းနေသေးတယ်ဆို ထပ်ထပ် တိုးခွင့်ပေးပါတယ်…။ ကားက အခြေအနေမကောင်းဘူးဆို တိုးခွင့်မပေးပဲ ဖျက်ပြစ်ပါတယ်…။ မနက်က ရုံးသွားတဲ့လမ်းမှာ ကားနဲ့ ပတ်သက်လို့  ပြောဖို့ အကြောင်းဖန်လာတာကြောင့် ကားလေးသက်တမ်းကို အမျိုးသားနဲ့ ပြောဖြစ်ပါတယ်…။ ကျွန်မတို့ ကားလေး ရနှစ်ရှိပြီတဲ့…။ ဒါဆို နောက်၃နှစ်ကြာရင် ကားလေး သက်တမ်းကုန်တော့မှာပေါ့နော်…။ ကားလေးဖျက်ပစ်ခံရမှာတွေးမိတော့ ကျွန်မနှလုံးသားတခုလုံး နာကျင်လာမိပါတယ်…။ သက်တမ်းကုန်ရင် မြန်မာပြည်ပို့ လို့  မရဘူးလားလို့  အမျိုးသားကို မေးတော့ သူက ကုန်ကျစရိတ်နဲ့  လက်တွေ့ မကျဘူးတဲ့…။ ကျွန်မမျက်ရည်တွေဝဲလာတာ ကျွန်မအမျိုးသားက သတိထားမိမယ်မထင်ပါဘူး…။ ပစ္စည်းသင်္ခါရ… လူသင်္ခါရဆိုတဲ့ တရားသဘောကို နှလုံးသွင်းဖို့  မေ့လျော့တဲ့အထိ ကျွန်မကားလေးကို သံယောဇဉ်တွယ်မိတာ မကောင်းဘူးဆိုတာ သိပေမယ့်လဲ သံယောဇဉ်ဆိုတာ အလွယ်တကူဖြတ်တောက်လို့  ရတဲ့ အရာမှမဟုတ်တာပဲလေ…။ ခုချိန်မှာ အဖိုးတန်ကားကြီးတစီးနဲ့  လဲခွင့်ရမယ်ဆိုတောင် ကျွန်မလဲဖို့  မစဉ်းစားမိပါဘူး…။ အကြောင်းကြောင်းကြောင့် ကားလေးနဲ့ ခွဲရမယ်ဆိုရင်ဖြင့်….။
တန်ခူး
2:35pm 11-Jul-2014
တန်ခူးhttp://www.blogger.com/profile/08326357917406062761noreply@blogger.com2tag:blogger.com,1999:blog-5970961902301632590.post-61284495569407521372014-05-10T23:05:00.000+08:002014-05-10T23:05:07.722+08:00မောင်ထမ်းပါလို့  မယ်ရွက်ကွယ်...
ပုံကို အင်တာနက်မှ ယူပါသည်...
ကျွန်မတို့ မြန်မာဆိုရိုးစကားလေးတခုကို ကျွန်မသိပ်သဘောကျမိပါတယ်…။ အဲဒါကတော့ မောင်တထမ်း မယ်တရွက် ဆိုတဲ့ဆိုရိုးစကားလေးပါ…။ ဘာကြောင့် သဘောကျမိသလဲဆိုတော့ အရမ်းကိုမျှတလို့ ပါ…။ အိမ်ထောင်တခုမှာ မိန်းမနဲ့ ယောင်္ကျား ညီတူမျှတူ ကိုယ်နိုင်သလောက် တာဝန်ယူသင့်တယ်ဆိုတဲ့ တရားမျှတတဲ့ အယူအဆလေးတခုပါဝင်နေလို့ ပါ…။ ကိုယ်နှစ်သက်မြတ်နိုးလို့ ပဲဖြစ်ဖြစ်… မိဘသဘောတူ ကြည်ဖြူလို့ ပဲဖြစ်ဖြစ် ဘ၀တခုကို အတူတည်ဆောက်ကြပြီဆိုရင် အဲဒီဘ၀အတွက် နှစ်ယောက်လုံးမှာ တာဝန်ရှိပါတယ်…။ အဲဒီဘ၀လေး တည်တဲ့ခိုင်မြဲဖို့  နှစ်ယောက်လုံးက ကိုယ်နိုင်သလောက် ကြိုးစားရမှာပါ…။ ယောင်္ကျားက အိမ်ထောင်ဦးစီးမို့  သူနဲ့ ပဲဆိုင်တယ်လို့  ရှိသမျှတာဝန်ကို ယောင်္ကျားကိုချည်းပုံချလို့  မသင့်သလို မိန်းမက အိမ်အလုပ်လုပ်ရမယ့်တာဝန်မို့  ရှိသမျှအိမ်အလုပ် သူနဲ့ ပဲဆိုင်တယ်ဆို မိန်းမကိုချည်း ပုံချလို့  မသင့်ပါဘူး…။ အိမ်ထောင်တခုရဲ့ တာဝန်ပမာဏပေါ် မူတည်ပြီး မောင်ထမ်းသင့်တာမောင်ထမ်းလို့  မယ်ရွက်သင့်တာရွက်မှ နှစ်ယောက်လုံး တာဝန်တွေ မပိပဲ မျှမျှတတရှိမှာ အမှန်ပါပဲ…။
ကျွန်မဘာလို့  အဲဒီအကြောင်းလေး စဉ်းစားမိနေလဲဆိုတော့ ကျွန်မပတ်ဝန်းကျင်က မြင်တွေ့ နေရတဲ့ ဘ၀တွေကြောင့်ပါ…။ တချို့ မိသားစုလေးတွေ မြင်ရတွေ့ ရတာ သိပ်ချစ်စရာကြည်နူးစရာ ကောင်းပါတယ်…။ ယောင်္ကျားနဲ့ မိန်းမ သူ့ အလုပ်ကိုယ့်အလုပ်တွေ တွက်ကပ်မနေပဲ တယောက်ပေါ် တယောက်ဖေးမ ကူညီကြတာ…။ ယောင်္ကျားက အိမ်သန့် ရှင်းရင် မိန်းမက မီးဖိုချောင်ဝင်… ယောင်္ကျားက ကလေးတွေ စာပြရင် မိန်းမက အ၀တ်လျှော်၊ မီးပူတိုက်…။ ရလာဒ်ကတော့ သန့် ရှင်းသပ်ရပ်တဲ့ အိမ်ကလေးနဲ့  အရသာရှိတဲ့ ထမင်းဝိုင်းလေးပေါ့…။ ဒီခေတ်ကြီးမှာ ယောင်္ကျားက စီးပွားရှာ မိန်းမက အိမ်အလုပ်လုပ်ဆိုတာမျိုး ရှိနေသေးပေမယ့် အတော်နည်းသွားပါပြီ…။ မိန်းမတွေပါ စီးပွားရှာတဲ့ခေတ်မို့  ဟိုးအရင်ကလို စီးပွားလဲရှာရ အိမ်မှုကိစ္စမှန်သမျှ လုပ်ရဆိုရင် ကြာလာရင် အဲဒီအမျိုးသမီး ကျန်းမာရေးထိခိုက်လာမှာပါ…။ ထိုနည်းတူပဲ ယောင်္ကျားမို့  အားကြီးသူ အားလုံးလုပ်ရမယ်ဆိုရင်လဲ အဲဒီယောင်္ကျား ကျန်းမာရေးထိခိုက်လာမှာပါ…။ အိမ်ထောင့်တာဝန် သားသမီးတာဝန်ကို အတူမျှဝေယူခြင်းဟာ ကိုယ်ကျန်းမာ စိတ်ချမ်းသာခြင်းရဲ့ လျို့ ဝှက်ချက်တခုမဟုတ်လား…။
တချို့ တဘက်စောင်းနင်းကျလွန်းတဲ့ မိသားစုတွေ တွေ့ ရရင် ကျွန်မဖြင့် အတော် စိတ်မချမ်းသာ ဖြစ်မိပါတယ်…။ အိမ်မှာ အိမ်ရှင်မလို့ နာမည်ခံပြီး စီးပွားလဲ ထွက်မရှာ မီးဖိုချောင်လဲ မနိုင်နင်း အိမ်သန့် ရှင်းလဲ ဝေလာဝေး… သားသမီးပညာရေးလဲမပါချင်ပဲ… ကိုယ်လွတ်ရုန်း ကိုယ်လှဖို့ ပဖို့  သုံးဖို့ ဖြုန်းဖို့  ပျော်ဖို့ ပါးဖို့ ပဲ စဉ်းစားနေတတ်တဲ့ အိမ်ရှင်မတွေဆို ကျွန်မအတော်ကို အားမလို အားမရဖြစ်မိပါတယ်…။ စီးပွားသွားရှာတဲ့ယောင်္ကျားက ပြန်လာမှ မီးဖိုချောင်ဝင် ချက်ရပြုတ်ရ… အိမ်သန့် ရှင်းရ… ကလေးလဲ ပြေးစာပြရနဲ့  ညကြီးမိုးချူပ်မှ အိပ်ရရှာတာ ဘယ်လောက်များ ပင်ပန်းလိုက်ပါမလဲ…။ ကိုယ်ချင်းစာတရားမရှိတဲ့ အိမ်ထောင်ဖက် အတ္တကြီးတဲ့ အိမ်ထောင်ဖက်ကို အတော်ကို သဘောထားကြီးလွန်းလို့ သာ သည်းခံနေရပေမယ့် သူတို့ နေရာက ၀င်ကြည့်စေချင်ပါတယ်…။ တကယ်လို့ သာ သူတို့ သည်းခံနိုင်မှုဟာ အတိုင်းအတာ တခုထိသာ ဆိုရင် အိမ်ထောင်ရေးပြိုကွဲမှုတွေထိ ဦးဆောင်သွားနိုင်တယ်ဆိုတာ ပတ်ဝန်းကျင်မှာ ဥပမာတွေ အများကြီးပါ…။
အလားတူပဲ ငါက စီးပွားရှာနေရတာ ကျန်တဲ့ ကိစ္စငါနဲ့ မဆိုင်ဆို စီးပွားရှာရုံသက်သက်ကိုသာ ကိုယ့်တာဝန်ထား ကန့် သတ်ထားတဲ့ အိမ်ထောင်ဦးစီးတွေရဲ့ အိမ်ရှင်မဘ၀ကလဲ သနားစရာ ကောင်းလှပါတယ်…။ အိမ်ရှင်မ သာ နေထိုင်မကောင်းဖြစ်ရင် အိမ်ထောင်တခုလုံးရဲ့ လည်ပတ်မှုတွေ ရပ်တန့် သွားတာဟာ အိမ်ထောင်တခုမှာ ငွေထက်လိုအပ်တာတွေလဲ ရှိနေသေးတယ်ဆိုတာ ဖော်ပြတာပါ…။ မနက်မိုးလင်းကနေ ညနေမိုးချူပ် မနားရတဲ့ အိမ်ရှင်မအလုပ်တွေကို စာရင်းသာ ချပြရရင် တမျက်နှာမကပါဘူး…။ အချိန်တန် ထမင်းပွဲလေးအဆင်သင့်… ၀တ်စရာအ၀တ်လေးအဆင်သင့်.. နေရာထိုင်ခင်းလေးသန့် သန့် ရှင်းရှင်း အဆင်သင့်… ဖြစ်အောင် အားထုတ်ရတဲ့ လုပ်ငန်းစဉ်တွေက အများသားဆိုတာ အိမ်ဦးနတ်တွေလဲ သိထားသင့်တာမို့  အိမ်သူသက်ထား မနားရတာများတွေ့ ရင် ကိုယ်ချင်းစာတရားလေးနဲ့  ကူလုပ်ပေးသင့်ပါတယ်…။ ငါက ယောင်္ကျား ငါနဲ့ မဆိုင်ဆိုတဲ့ မဟာဝါဒတွေဟာ တကယ်တော့ အတ္တကြီးသူ ကိုယ်ချင်းစာတရားမဲ့သူတွေရဲ့ ၀ါဒတွေပါ…။
ကျွန်မနဲ့ ညီမအရင်းလို ရင်းနှီးတဲ့၊ သားငယ်ငယ်က ကျွန်မအလုပ်သွားနေချိန် သားကို ကူညီပြုစုပေးတဲ့ သားမွေးစားအမေတို့  မိသားစုလေးက တကယ့် အတုယူစရာ ငြိမ်းချမ်းတဲ့ မိသားစုလေးပါ…။ လောဘ ဒေါသနဲတဲ့ ရိုးရှင်းတဲ့ မိသားစုလေးမှာ သားငယ်ဘ၀လေးနေခွင့်ရတာကို တွေးမိတိုင်း အဲဒီမိသားစုလေးကို ကျေးဇူးရှင်စာရင်းမှာထည့် အမြဲကျေးဇူးတင်မိပါတယ်…။ ယောင်္ကျားက စီးပွားရှာ မိန်းမက အိမ်ရှင်မ… ငြိမ်းချမ်းအေးဆေးတဲ့ သမီးလေးတယောက်နဲ့ …။ မနက်မိုးလင်း ယောင်္ကျားရုံးမသွားခင် မိန်းမက စောစောထ နံနက်စာ အသင့်ပြင်ပေး… သမီးလေးကျောင်းသွားဖို့ ပြင်ပေး… ပြီးတော့ ကျန်းမာရေးအတွက် လမ်းလျှောက်ထွက်…။ လမ်းလျှောက်က ပြန်လာရင် တအိမ်လုံးအတွက် အရသာရှိတဲ့ ဟင်းလျာလေးတွေ ချက်ပြုတ်… ပြီးတော့ လျှော်ဖွတ်၊မီးပူတိုက်.. အိမ်သန့် ရှင်း… ချူပ်စရာလုပ်စရာလေးတွေလုပ်… သမီးလေးကျောင်းကြို…။ သမီးလေးကို နေ့ လည်စာကျွေးမွေး… အိမ်စာတွေ အတူလုပ်… အိမ်ရှေ့ က ပန်းပင်လေးတွေ ပြုစု….ရေမိုးချိုး။ ညနေ ယောင်္ကျားပြန်လာချိန် ဖွယ်ဖွယ်ရာရာ ညစာလေး အဆင်သင့်ပြင်… မိသားစုထမင်းဝိုင်းလေး ပျော်ပျော်ရွှင်ရွှင်… ညကျတော့ မိသားစုပြောဆို ရယ်မော တီဗွီကြည့် အပန်းဖြေကြ… ယောင်္ကျားက သမီးလေးကို စာပြချိန်… မိန်းမက မီးဖိုချောင်သိမ်းဆည်း…။ စနေ တနင်္ဂနွေဆို ယောင်္ကျားက တအိမ်လုံး အိမ်သန့် ရှင်းရေးလုပ်ပေး… မိန်းမကို အနားပေးပြီး သူကိုယ်တိုင် ချက်ပြုတ်မီးဖိုချောင်ဝင်… သမီးလေးကို စာပြ… တခါတလေ မိသားစုshopping အတူထွက် အနားယူ။ ဘယ်လောက်များ တရားမျှတတဲ့ တာဝန်ခွဲဝေယူတတ်တဲ့ မိသားစုလေးလဲနော်…။ မိန်းမကလဲ အိမ်ရှင်မပီပီ အိမ်တွင်းမှုလုပ် သိမ်းထုတ်သေချာသလို ယောင်္ကျားကလဲ အိမ်ထောင်ဦးစီးပီပီ သဘောထားပြည့်ဝ မိန်းမတာဝန်တွေကို မျှဝေယူတတ်လိုက်တာ… ကျွန်မဖြင့် သူတို့ မိသားစုလေးတွေ့ တိုင်း ငြိမ်းချမ်းလွန်းလို့  သူတို့ အငြိမ်းက ကိုယ့်ဆီ အမြဲကူးစက်ပါတယ်…။
တကယ်တော့ အိမ်ထောင်ရေးမှာ တဦးနဲ့ တဦးစေတနာလေးတွေနဲ့  အပြန်အလှန်နားလည်ဖို့ က အရမ်းအရေးကြီးပါတယ်…။ ကျွန်မတွေ့ ဖူးတဲ့ တချို့ အိမ်ရှင်မတွေဆို အချိန်တန် ယောင်္ကျားကို လစာအပ်ခိုင်း… ပြီးတော့ ကိုယ်ကတော့ စားလိုက်တာ အစားအသောက်ကောင်း… ယောင်္ကျားကိုကျ ဘဲဥဟင်းနဲ့ ကြွေးပြီး လုပ်တာကနဲနဲ ပြောတာကများများ သကြားလူးထားတဲ့ စကားတွေနဲ့ …။ ယောင်္ကျားတွေ ခမျာ မသိတာလား မသိချင်ယောင်ဆောင်တာလား ချစ်တာလား… ဘာလဲတော့ မသိ… ဒါပေမယ့် နားထဲဝင်သွားတဲ့ သကြားခဲလေးတွေနဲ့  ကိုယ့်လုပ်စာတောင် ကိုယ်ကောင်းကောင်း မစားရတဲ့ဘ၀…။ ကျွန်မကတော့ အဲဒီလို အိမ်ရှင်မတွေကို စေတနာမွဲသူတွေလို့  သတ်မှတ်မိတယ်…။ ကိုယ့်နဲ ဘ၀တခုကို အတူလက်တွဲတဲ့ သူပေါ်မှာတောင် မရိုးမသား ဖုန်းကွယ်ဆက်ဆံတတ်ကြတာ…။ တချို့ ယောင်္ကျားတွေကျပြန်တော့လဲ မိန်းမနိုင်တယ်လို့ ပတ်ဝန်းကျင်က အားနေတိုင်းပြောတတ်ကြတဲ့ လက်သုံးစကားကို ခံရမှာကြောက်လို့  လခအမှန်တောင် မပြောပဲ ပုန်းထားဖွက်ထားဝှက်ထား… မိန်းမဆိုတာ အကုန်သိစရာ အကုန်ပြောပြစရာမလိုဘူးလို့  ကိုယ့်အိမ်ထောင်ဖက်ကို လေးစားမှုမှရှိပဲ တဖက်စောင်းနင်း မသိမသာ အနိုင်ယူတတ်ကြတာလဲ စေတနာမွဲသူတွေပါပဲ…။
ကိုယ့်မိသားစုလေးပေါ်မှာ တရားမျှတမှ …ကိုယ့်မိသားစုလေးပေါ်မှာ ကိုယ်ချင်းစာတရား ထားတတ်မှ ကိုယ့်မိသားစုလေးပေါ်မှာ စေတနာထားတတ်မှ… ကိုယ့်ပတ်ဝန်းကျင်အပေါ်မှာလဲ ကိုယ်ချင်းစာစေတနာတရားထား အကျိုးပြုနိုင်မှာပါ…။ တကယ်လို့ သာ ဇနီးမောင်နှံတိုင်း မောင်ကထမ်းလို့ မယ်ကရွက်ပြီး တရားမျှတစွာ တာဝန်ယူတတ်ကြရင်… မိသားစုတိုင်း ကိုယ့်မိသားစုလေးအပေါ် ကိုယ်ချင်းစာ စေတနာထားတတ်ကြရင် ကျွန်မတို့  နေထိုင်တဲ့ ကမ္ဘာကြီးကလဲ မေတ္တာတရားတွေအောက်မှာ ငြိမ်းအေးချမ်းသာ ပိုလို့ ကျန်းမာလာမှာ အမှန်ပါပဲ…။
တန်ခူး
10:30pm 10-May-2014
တန်ခူးhttp://www.blogger.com/profile/08326357917406062761noreply@blogger.com2tag:blogger.com,1999:blog-5970961902301632590.post-65346379882346269222014-04-26T22:41:00.000+08:002014-04-27T08:44:36.646+08:00သေနိုင်ပါရိုးလား မြန်မာပြည်သူတွေရယ်
ကျွန်မက ဆေးပညာအကြောင်းဆို ဘာမှ သိပ်နားမလည်သလို သိပ်လဲ လေ့လာလိုက်စားသူ မဟုတ်ပါ…။ ကိုယ့်မှာ တခုခုဖြစ်လာမှ ကိုယ့်မိသားစုဝင်တယောက် တခုခုဖြစ်လာမှ ဟိုဆရာဝန်ပြေးမေး… ဒီဆရာဝန်ပြေးမေး… အင်တာနက်ပေါ် သွားဖတ်နဲ့ တယောက်ထဲ အပူလုံးတွေနဲ့  အလုပ်ရှုပ်တတ်သူပါ…။ ဗဟုသုတကလဲနဲ ကျန်းမာရေးစာတွေ လေ့လာမှုကလဲနဲ ဆိုတော့ အထင်တွေနဲ့ လုပ် အထင်တွေနဲ့ ပူပေါ့…။ နောက်ပိုင်းမှာ ဖြစ်မှပြူးပြူးပြဲပြဲ ထကုတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်တာက ပိုကောင်းတာ လေ့လာရင်း လေ့လာရင်းနဲ့ ပိုသိလာပါတယ်…။ အထူးသဖြင့် နေ့ စဉ်အနေအထိုင် အစားအသောက်ကို ပြုပြင်ဖို့ က အရေးကြီးတယ်ဆိုတာ ပိုပိုသိလာပါတယ်…။ အမှန်ပြောရရင် သားလေးမွေးပြီးမှ သားကို ကျန်းမာစေချင်တဲ့ မိခင်တယောက်ရဲ့ အတ္တနဲ့  အစားအသောက် အနေအထိုင် စံနစ်တွေ ပိုပြောင်းမိပါတယ်…။
လေ့လာလိုက်စားမှုနဲ ပေမယ့် အပေါ်မှာပြောသလို တကယ်ဖြစ်လာတဲ့အခါကျတော့ ကျွန်မပဲ အသေးစိတ်ခွဲခြမ်း စိတ်ဖြာလေ့လာချင်တတ်ပြန်ရော…။ အဲဒီအခါ ကျွန်မမှာ အခက်အခဲတွေ တွေ့ ရပါတယ်…။ ဖြစ်မှသိချင်လာတော့ အချိန်နဲနဲအတွင်း ဟိုဟာဖတ် ဒီဟာဖတ်နဲ့  တခါတလေ ကိုယ်လိုချင်တဲ့ information မရပဲ ဟိုတမျိုး ဒီတမျိုးနဲ့  ရှုပ်ကုန်ပါတော့တယ်…။ အရေးအကြောင်းဆိုရင်တော့ ကျွန်မညီမအရင်းက ဆရာဝန်မို့  သူ့ ပဲ အမြဲတိုင်ပင်ရပါတယ်…။ ဒါပေမယ့် အင်ဂျင်နီယာပီပီ ပြဿနာတခုကို ခွဲခြမ်းစိတ်ဖြာ အသေးစိတ်သိချင်နေတဲ့ ကျွန်မမေးခွန်းတွေကို ကျွန်မညီမက အစိုးရိမ်လွန်မှုလို့  အမြဲအမည်တပ်ပါတယ်…။ အဲဒီအခါ ကျွန်မလိုချင်တဲ့ အဖြေဆီ မရောက်တတ်ပါဘူး…။ ကျွန်မကလဲ ဒါဖြစ် ဒီဆေးသောက်ဆိုတာနဲ့ တင် ကျေနပ်တတ်တဲ့သူ မဟုတ်လေတော့ မြန်မာပြည်ပြန်ရောက်လို့  သားနေမကောင်းများဖြစ်ရင် သားရဲ့ နေမကောင်းဖြစ်စဉ်ကို အသေးစိတ်ပြောချင် မေးခွန်းတွေက မေးချင်နဲ့ … နောက်ဆုံး ဆရာဝန်ရဲ့ မျက်နှာထားတင်းတင်းနဲ့  သွယ်ဝိုက်သောနည်းအားဖြင့် ပါးစပ်ပိတ်ထားဖို့  ပြောတာကို ခံရပါတယ်…။ ကျွန်မအတွေ့ အကြူံနဲ့  ပြောခြင်းဖြစ်ပါတယ်…။ ဆရာဝန်တိုင်းကို မဆိုလိုပါ…။ မြန်မာပြည်မှာ လူနာတွေရဲ့ right က အတော်နဲပါးနေတာ သတိထားမိလာပါတယ်…။ ပြောသလိုသောက်ဆိုတာမျိုး... ဆေးခန်းပြရင် ဆေးလေးယူ ပါးစပ်လေးပိတ်ပြီး ပြန်လာရှာရပါတယ်…။ ကြာလာတော့ အဲဒီအခြေအနေတခုနဲ့  နေသားကျပြီး မေးခွန်းမေးရမယ်ဆိုတဲ့ အသိတောင် မရှိကြတော့ပါဘူး….။ ဘယ်လောက်များ သနားစရာကောင်းလိုက်သလဲနော်…။
တနေ့ တခြား ရောဂါတွေများလာ… ကင်ဆာဖြစ်မှုကလဲ ကမ္ဘာမှာ အများဆုံးဖြစ်လာတဲ့အခါ တိုင်းသူပြည်သားတွေကို ကျန်းမာရေး အသိပေးမယ့် ဆရာဝန်တွေအများကြီး ပေါ်လာရင်ကောင်းမှာပဲလို့  တောင့်တမိပါတယ်…။ ကျွန်မမိဘအရင်းတွေတောင်မှ ကျွန်မက နေ့ စဉ်နေထိုင်စားသောက်တာ ကျန်းမာရေးနဲ့ ညီအောင် နေထိုင်စားသောက်ဖို့  အကြံပေးပေမယ့် သိပ်လက်မခံကြပါဘူး…။ စီးပွားရေးအရ တွက်ခြေကိုက်အောင် ချက်ပြုတ်ရောင်းချနေတဲ့ အပြင်စာတွေကို မက်မက်စက်စက် စားနေကြတုန်းပါ…။ အဲဒီအခါ ကျွန်မမှာ အားမလို အားမရနဲ့  အမြဲလက်လျော့ အရှုံးပေးရမြဲပါ…။ လူတွေရဲ့ နားထဲကို ၀င်အောင် လိုက်လာလက်ခံနီုင်အောင် ပြောပြနိုင်တဲ့ ကျန်းမာရေးပညာပေးကျွမ်းကျင်တဲ့ ဆရာဝန်တွေများရှိရင် Media တွေများရှိရင် သိပ်ကောင်းမှာပဲလို့  တောင့်တမိပါတယ်…။ ဒါမစားနဲ့  ဒါနဲ့ မတည့်ဘူးလို့  အခြေအမြစ်မရှိပြောတာထက် အကျိုးနဲ့ အကြောင်းနဲ့  သေချာလေ့လာလိုက်စားပြီး ပြောတာကိုမှ လူတွေနားထဲ ပိုရောက်နိုင်ပါတယ်…။
ဟိုတနေ့ က ညီမအရင်းလို ချစ်တဲ့ ညီမလေးက ဆရာမကြီးဒေါက်တာဒေါ်ခင်နွယ်ဝင်းရဲ့ you tube file လေးကို မျှဝေလို့ နားထောင်မိတဲ့အခါ ကျွန်မမျှော်လင့်ချက်တွေ အတော်ကို ပြည့်ဝသွားပါတယ်…။ မြန်မာပြည်က ကျန်းမာရေးဗဟုသုတနဲတဲ့ ပြည်သူတွေအတွက် အရမ်းတန်ဖိုးရှိလွန်းပါတယ်…။ ဆရာမကြီး ဟောပြောတာကို နားထောင်ပြီးမှ ကျွန်မရဲ့ နေ့ စဉ်စားသောက်မှု တချို့ က အတော်မှားယွင်းနေတာ သိသွားရပါတယ်…။ Non-stick အိုးကို ဒယ်အိုးပူမှ ဆီထည့်ခြင်းဟာ ကိုယ့်ရောဂါကို ဖန်တီးနေတာဖြစ်ကြောင်း သိရတဲ့ အခါ ကျွန်မအတော်လေး လန့် သွားပါတယ်…။ တခါတလေ Happy Call နဲ့  သားကို ငါးတွေ ဘာတွေ ကင်လိုက်သေးတာ…။ မွှေလို့ နောက်လို့  ကျော်လို့ လှော်လို့ ကောင်းလို့  ကျွန်မ နေ့ တဓူဝသုံးနေတဲ့ ဒန်ဒယ်အိုးလေးက ကျွန်မကို အဆိပ်အတောက်တွေ ပေးနေတာ ကျွန်မမသိခဲ့ဘူးလေ…။ Canola oil တော့ သုံးပါရဲ့… အချိုမှုန့် လဲရှောင်ပါရဲ့… cooking ware တွေလဲ ဂရုတစိုက်သုံးပါရဲ့… ဒါပေမယ့် အိမ်ရှင်မ တယောက်အနေနဲ့  ကျွန်မမီးဖိုးချောင်မှာ အဆိပ်အတောက်ကင်းအောင် ကျွန်မလုပ်ရမှာတွေ အများကြီးလိုနေသေးတယ်ဆိုတာ သိလိုက်ရပါတယ်…။ တမိသားစုလုံးရဲ့ ကျန်းမာရေးဟာ အိမ်ရှင်မရဲ့ လက်ထဲမှာ ရှိနေတယ်ဆိုတာ ဆရာမကြီးက မီးမှောင်းထိုးပြသွားပါတယ်…။
ရောဂါတွေ မဖြစ်အောင် ဘာတွေရှောင်ရမလဲ…သဘာဝတရားနဲ့  ဘယ်လို ကာကွယ်မလဲ… နေ့ စဉ်နေထိုင်စားသောက်ပုံ ဘယ်လိုပြောင်းမလဲ… ကျန်းမာဖို့  ခုခံအားက ဘယ်လောက် အရေးကြီးလဲ… ဘယ်လိုဓါတ်တွေကို ဖြည့်ဆီးပေးဖို့ လိုလဲ… အဲဒါတွေကို လူတန်းစားပေါင်းစုံ နားလည်နိုင်အောင် medical term တွေ အများကြီးနဲ့  မဟုတ်ပဲ ရိုးရိုးလေးရှင်းပြထားပါတယ်…။ ရောဂါတခုဖြစ်လာရင် အကျိုးကို သာ သတ်ပြီး အကြောင်းကို သတ်ဖို့  မေ့ နေကြလို့  မခံသင့်ပဲ ရောဂါဒဏ်ခံကြရတာကိုလဲ ခွဲခြမ်းစိတ်ဖြာထောက်ပြသွားတာ ကျွန်မ မျှော်လင့်ထားခဲ့တာနဲ့  တထပ်ထဲပါပဲ….။ ကျွန်မတို့  ပတ်ဝန်းကျင်မှာ လွယ်လွယ်ကူကူ ရနိုင်တဲ့ နနွင်းနဲ့  ဟင်းသီးဟင်းရွက်တွေဟာ ပိုက်ဆံတွေ အဆမတန် ဈေးကြီးပေးနေရတဲ့ ဆေးတွေထက် အစွမ်းထက်နေတာ အံ့သြစွာ သိလိုက်ရတယ်…။ အချိန်ရရင် သွားကြည့်စေချင်ပါတယ်…။ နားထောင်ကျင့်သုံးရတာ လွယ်ကူတာမို့  ကျွန်မဆို နားထောင်ပြီးတာနဲ့  စလုပ်နေပါပြီ…။ နေ့ စဉ် နနွင်း လဘက်ရည်ဇွန်းနဲ့  ၃ပုံတပုံလောက် သံလွင်ဆီလေးနဲ့  ဖျော်သောက်တာရယ်… ကိုက်လန်၊ မြင်းခွာ၊ ပန်းပွင့်၊ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ တရုတ်နံနံ၊ သဘောင်္ရွက်၊ ရဲရိုရွက်၊ ဟင်းနုနွယ်ရွက်တွေ ရောထားတဲ့ အရွယ်ရည်ကို နေ့ စဉ်သောက်သုံးခြင်းအားဖြင့် ရောဂါကြီးတော်တော်များများကိုတောင် ကာကွယ်ခုခံနိုင်တာတွေရယ်ဟာ… ကျွန်မတို့  တိုင်းသူပြည်သားတွေ ပိုက်ဆံမကုန်ပဲ ကျန်းမာစေမယ့် ဆေးကောင်းတွေပါ…။ ရိုးရှင်းတဲ့ အဲဒီနည်းတွေကို တနိုင်ငံလုံးများ လိုက်နာကျင့်သုံးလိုက်ရင်ဖြင့်… လေဘာတီမမြရင် ရဲ့ တုံးကျော်မသီချင်းထဲကလို သေနိုင်ပါရိုးလား…မြန်မာပြည်သူတွေရယ်… လို့ သာ လက်ခမောင်းခတ်လို့ ရမှာ အမှန်ပါပဲ…။
နားထောင်ကြည့်ကြပါဦး…။
http://www.youtube.com/watch?v=y4Dzys8a_GM
http://www.youtube.com/watch?v=1vB393YDQ4I
http://www.youtube.com/watch?v=RixRwaU9Kxk
ချစ်သော မြန်မာပြည်သူပြည်သားတွေ နှစ်သစ်မှာ သက်ရှည်ကျန်းမာ ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ…
တန်ခူး
26-Apr-2014 10:15pm
တန်ခူးhttp://www.blogger.com/profile/08326357917406062761noreply@blogger.com10tag:blogger.com,1999:blog-5970961902301632590.post-42490975231902596792014-04-10T20:43:00.000+08:002014-04-10T20:43:40.068+08:00မြူမှောင်ဝေကင်း သင်္ကြန်တွင်းဝယ်…
(ဓာတ်ပုံလေးက သားနဲ့ သူ့ မြန်မာသူငယ်ချင်းလေးတွေ ဒီနိုင်ငံက culture event မှာ မြန်မာသင်္ကြန်ကို သရုပ်ဖော်ကပြတုန်းက အမှတ်တရရိုက်ထားတာလေးပါ... အဲဒီအကြောင်းပို့ စ်တခု သတ်သတ်ရေးပါ့မယ်)
အသက်ဘယ်လောက်ပဲကြီးကြီး သင်္ကြန်နားရောက်တိုင်း သင်္ကြန်ပိုးတွေက ဘယ်ကနေဘယ်လို ရောက်လာသလဲမသိ…။ အလုပ်လုပ်တာတောင် သင်္ကြန်သီချင်းလေးနားထောင်… အားရက်တွေ မုန့် လုပ်စားဖို့ စဉ်းစားရင်တောင် မုန့် လုံးရေပေါ်လေးပဲ လုပ်ချင်… အိမ်မှာလဲ သင်္ကြန်သီချင်းတွေ အကျယ်ကြီးဖွင့်… သိပ်မထိန်းနိုင်ရင် အခန်းတံခါးပိတ် တယောက်ထဲက… on line ပေါ်က သင်္ကြန်နောက်ခံ ရုပ်ရှင်ကားလေးတွေ ရှာဖွေကြည့်… ဒီနိုင်ငံမယ် ဘယ်နေရာ သင်္ကြန်ပွဲဆင်ရှိမလဲနားစွင့်ပြီး သွားဖို့ ပြင်ဆင်နဲ့ … အလုပ်တွေ ရှုပ်နေတတ်တာ အဲဒီပိုးကြောင့်ထင်ပါရဲ့….။ ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်နှစ်ကူးနဲ့ ဝေးခဲ့ရတဲ့နှစ်တွေများ လက်ဆယ်ချောင်းပြည့်ခဲ့ပါပြီကော...။
ကိုယ့်တိုင်းကိုယ့်ပြည်မှာ သင်္ကြန်အတွက် ဘာတွေများ ပြင်ဆင်နေလဲဆိုတာ သတင်းတွေ ဖတ် ဓာတ်ပုံတွေကြည့်ရတာလဲ အမောပါ…။ မမျှော်လင့်ပဲ သတင်းတခု ဖတ်မိတဲ့အခါ ရင်ထဲမှာ အရမ်းဝမ်းနည်းသွားမိတယ်…။ သင်္ကြန်ဆိုတာ လူငယ်တွေ လွတ်လပ်စွာ ပျော်ကြတဲ့ပွဲလို့  နားလည်ပေးနိုင်ပေမယ့် အဲဒီသတင်းကြီးကတော့ တဆိတ်ဆိုးဝါး လွန်းလို့ ပါ…။ သင်္ကြန်မဏ္ဍပ်တွေမှာ နားနေခန်းတွေ ထည့်ဆောက်မယ်ဆိုတဲ့ သတင်းပေါ့...။ နားနေခန်းဆိုတဲ့ နောက်က နောက်ဆက်တွဲ ဆိုးကျိုးတွေကို တွေးရင်း ရင်ပူမိတယ်...။ အထူးသဖြင့် ခေတ်ရဲ့ သမီးပျိုလေးတွေ အတွက်ပါ...။ ပွင့်လင်းရဲတင်းလွန်းလာတဲ့ မနှစ်ကသင်္ကြန်ပုံရိပ်တွေကြောင့် ရင်ထဲမှာ ရှိနေဆဲဝမ်းနည်းမှုတွေက အရှိန်မသေသေးခင် သူ့ ထက်ဆိုးတာတွေ ထပ်မြင်ရကြားရတာ အတော်ကို စိတ်မကောင်း ဖြစ်မိပါတယ်...။
သင်္ကြန်ရဲ့ အနှစ်သာရ ပျောက်အောင်လောက်တောင် မလွန်သင့်ဘူးလားလို့ လေ...။ ကြားရတဲ့ သတင်းတွေက သင်္ကြန်ခုတုံးလုပ်ပြီး ကိုယ်ကျင့်တရားတွေ ပျက်ပြားဖို့  အခွင့်အလန်းတွေ ရှာနေကြသလားလို့ ... ။ ကျွန်မတို့ ငယ်ငယ်ကလဲ သင်္ကြန်တွင်း ရေပက်ခံခဲ့ဖူးတယ်... သင်္ကြန်တွင်းရေပက်ဖူးတယ်... သင်္ကြန်အက ကခဲ့ဖူးတယ်... သံချပ်တွေ မိုးလင်းကြည့်ခဲ့ဖူးတယ်... လူငယ်ပီပီ သင်္ကြန်အနှစ်သာရမပျက်အောင် ပျော်ခဲ့ဖူးပါတယ်...။ ခေတ်နဲ့  အညီ လွတ်လွတ်လပ်လပ် ပျော်ရွင်လို့ ရတဲ့ နည်းတွေ ပျော်စရာတွေ အများကြီး ရှိပါလျက်နဲ့  ဘာလို့ များ ဖြူစင်လွန်းတဲ့ သင်္ကြန်ကို အရောင်တွေ ဆိုးချင်ကြတာလဲ...။ ဟိုးအရင်က သင်္ကြန်တွေမှာ မလုံမခြုံအ၀တ်တွေ မပါဘူး... စိတ်ကြွဆေးတွေမပါဘူး... ရိုင်းစိုင်းတဲ့ အနောက်တိုင်းအကတွေ မပါဘူး... အဲဒါတွေ မပါပဲ ပျော်စရာကောင်းခဲ့ကြတယ်...။
အဲဒီခံစားချက်တွေရဲ့ တွန်းအားပေးမှုကြောင့် ကျွန်မအရမ်းနှစ်သက်မိတဲ့ မြူမှောင်ဝေကင်းဆိုတဲ့ သီချင်းလေးနားထောင်ပြီး သီချင်းခံစားမှုလေး ရေးဖို့ စိတ်ကူးမိပါတယ်...။ တကယ်လို့  သင်္ကြန်ဆိုတာ မိုက်ခဲဖို့ သက်သက်လို့  ထင်နေကြတဲ့ လူငယ်လေးတွေများ ဖတ်မိရင် ချစ်စရာကောင်းတဲ့ သင်္ကြန်အလှနဲ့  အနှစ်သာရကို ပိုနားလည်ပျော်ရွင်နိုင်ကြဖို့  ရည်ရွယ်တာပါ...။
မြူမှောင်ဝေကင်းတဲ့…။ သီချင်းလေး နာမည်မှာကိုက အဓိပ္ပါယ်တွေ ပြည့်ဝနေတာပါ...။ ကျွန်မတို့  နိုင်ငံရဲ့ နိင်ငံကျော် သင်္ကြန်မိုးဇာတ်ကား အဖွင့်သီချင်းလေးမို့  လူတော်တော်များများနဲ့  ရင်းနှီးပြီးသား ဖြစ်မှာပါ…။
မြူမှောင်ဝေကင်း ငွေအဆင်းဆန္ဒ… ပြည်ထောင်.. တိုင်းမြန်ပြည်
ငြိမ်းချမ်းအောင်ဆုသွန်းအတာရေ....
တို့ တိုင်းပြည်ကြီး အမှောင်ကင်း ငွေရောင်အဆင်းဖြစ်စေချင်တဲ့ ဆန္ဒနဲ့  တိုင်းသူပြည်သားတွေ ငြိမ်းချမ်းအေးမြစေဖို့  ဆုတောင်းဖို့  အတာရေလောင်းကြတာပါ…။ စိုဖို့  ရွှဲဖို့  ရွဲဖို့  ကဲဖို့ သက်သက် မဟုတ်ပါနော်…။
အေးစေကြောင်းလောင်းတဲ့လုံမေ...
ထူးထူးကဲကဲလှကြပါစေ...
အဆင်ပြေ မြင်ရသူ ကြည်နူးလောက်ပေ...
သံသာချိုမြမြ ဆိုတေးလေးတွေ
မန်းမြို့ သူရဲ့ ဂုဏ်နဲ့ ညီပေ...
ယဉ်ကျေးသူတွေ...
အေးချမ်းပါစေ ရည်ရွယ်ပြီး သင်္ကြန်ရေလောင်းသူလေးတွေကို လုံမေလို့  တင်စားထားတယ်…။ လုံလုံခြုံခြုံ ၀တ်စားဆင်ရင်ပြီး ကျက်သရေရှိတဲ့ ပျိုမေလေးတွေပေါ့…။ သင်္ကြန်လည်ဖို့  ရေပက်ဖို့  အလှဆုံးဖက်ရှင်ဖြစ်ဖို့  စဉ်းစားကြတဲ့အခါ ခေတ်မှီမှီနဲ့  လှအောင် စဉ်းစားလို့ ရပါတယ်…။ အသားတွေ အများကြီးပေါ်မှ လှတာမဟုတ်ပါဘူး… အသားတွေ အများကြီးပေါ်မှ လူအများကြီး စိတ်ဝင်စားမှာ မဟုတ်ပါဘူး… တကယ်လို့  စိတ်ဝင်စားခဲ့ရင်တောင် ကိုယ့်ကို စိတ်ဝင်စားမယ့် သူက ဘယ်လို လူမျိုးဖြစ်မလဲ… တွေးကြည့်ရင် အတော်ရှက်စရာပါ…။ မြင်ရသူစိတ်ကို နှိုးဆွစေဖို့ ထက် ကြည်နူးစေခြင်းက ပိုမကောင်းဘူးလား…။ သူများအတိုဝတ်လို့  ကိုယ်မ၀တ်ရင် ခေတ်မမှီဘူး ထင်မှာစိုးတဲ့ သူတွေများ ရှိရင်တိုက်တွန်းချင်ပါတယ်…။ အတိုတွေကြားတဲ့ မြန်မာလို ယဉ်ယဉ်ကျေးကျေးလေး ၀တ်ကြည့်လိုက်စမ်းပါလို့ …။ ဘယ်လောက်များ ထူးထူးကဲကဲ လှနေမလဲဆိုတာ…။ မန်းမြို့ သူရဲ့ ဂုဏ်နဲ့ ညီပေ… ယဉ်ကျေးသူလေးတွေတဲ့…။ ပိုက်ဆံချမ်းသာတာ… ခေတ်ပေါ်အသုံးအဆောင်တွေ ၀တ်နိုင်တာ... ကို ဂုဏ်လို့ များ သတ်မှတ်ခဲ့သူတွေကို ပြောပြချင်လိုက်တာ…။ ယဉ်ကျေးသိမ်မွေ့ ခြင်းဆိုတာ မိန်းခလေးတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ဂုဏ်တခုပါလို့ …။
မနှစ်ကပဲလောင်းခဲ့တာတွေ...
အေးအေးမြမြ မမေ့တဲ့နိုင်ပေ...
သင်းပျံ့ နေ...
ရွှေပန်းပိတောက်တွေတွဲရွဲနဲ့ ...
ဆင်မြဲမြန်းကာလှတဲ့မေ...
ငွေငန်းမောင့်ကို လောင်းတဲ့ရေ...
ဘေးဘယာဝေးကွာ ကင်းစင်ပမယ်
ဒီရေပွဲ သင်္ကြန်ရေ...
အသိစိတ်ဓါတ်တွေနဲ့  ကင်းကွာ မူးမိုက်ရီဝေပြီး ပျော်ကြတဲ့အပျော်က တဒင်္ဂပါ…။ ဒီကြားထဲမှာ အရုပ်ဆိုး အကျည်းတန်တဲ့ အမှားတွေဆီ ရောက်သွားဖို့  အရမ်းလွယ်ပါတယ်…။ အသိစိတ်တွေနဲ့  ဝေးနေချိန်လေ…။ မနှစ်ကလောင်းခဲ့တဲ့အေးမြမြရေအေးလေးကို ဒီနှစ်ထိ မေ့မရနိုင်ဘူးဆိုတဲ့ ခံစားချက်လေးက ဘယ်လောက် လေးနက်လိုက်ပါသလဲနော်…။ တနှစ်မှ တခါ သစ္စာရှိစွာပွင့်တတ်တဲ့ ပိတောက်ပန်းလေးတွေကို ဆင်မြန်းထားတဲ့ သင်္ကြန်မေလေးရဲ့မေတ္တာတရားတွေ ထည့်လောင်းတဲ့ ဘေးဘယာတွေ ဝေးကွာသွားအောင် အစွမ်းထက်တဲ့ သင်္ကြန်ရေစင်အေးအေးလေးတဲ့…။ ဘယ်လောက်များ လှလိုက်သလဲနော်…။ ဒီမြေ ဒီရေမှာ အတူနေကြတဲ့ သင်္ကြန်မောင်နှမတွေရဲ့ မေတ္တာတရား… နှစ်သစ်အကူးမှာ ပူလောင်ခြင်းတွေကင်းပြီး ကျက်သရေအတိတ် ငြိမ်းချမ်းတဲ့အတိတ်ကို ဆောင်တဲ့ ကျွန်မတို့ ရဲ့ ရည်ရွယ်ချက်လှပလွန်းတဲ့ ဒီနှစ်ကူးပွဲလေးကို မြူမှောင်ဝေကင်း သီချင်းလေးက ဖော်ဆောင်သွားတာ…။ ငြိမ့်ညောင်းတဲ့ တီးလုံးလေးနဲ့ အတူ နားဆင်သူကို ညှို့ ယူလွှမ်းမိုးနိုင်စွမ်းလိုက်တာ…။ အရောင်ဆိုးခံထားရတဲ့ သင်္ကြန်ကို ဒီသီချင်းလေးနဲ့  အရောင်တွေ ချွတ် သန့် စင်ကြည့်စမ်းပါ…။ ကျွန်မတို့ ရဲ့ ရိုးရာ သင်္ကြန်ဆိုတာ ခပ်မှောင်မှောင် ညရောင်ထဲက လူလုံးမသဲကွဲ ကဲချင်တိုင်းကဲ ရဲချင်တိုင်းရဲနေကြတဲ့ ပွတ်သဘင် နိုက်ကလပ်တွေနဲ့  နံ့ သာဆီ နဲ့  ဟိုဟာလို အပုံကွာပါတယ် ဆိုတာ လက်တွေ့ ခံစားသိနိုင်မှာပါ…။
သင်္ကြန်မှာ အမျိုးကောင်းသားသမီးပီသစွာ စစ်မှန်သော ပျော်ရွှင်ခြင်းနဲ့  ပျော်ရွှင်နိုင်ကြပါစေ…။
ဘေးဘယာဝေးကွာပြီး ငြိမ်းချမ်းအေးမြကြပါစေ…။
တန်ခူး
4:38pm 10-Apr-2014
တန်ခူးhttp://www.blogger.com/profile/08326357917406062761noreply@blogger.com4tag:blogger.com,1999:blog-5970961902301632590.post-3925582512159722002014-03-31T22:26:00.001+08:002014-03-31T22:26:21.581+08:00ထွက်ပေါက်မှန်
ပုံကို အင်တာနက်မှ ရယူပါသည်၊
အသက် ၂၄နှစ်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံသား အိမ်အကူကောင်မလေးကို အသက် ၈၅နှစ် စင်္ကာပူနိုင်ငံသား အဖွားအိုကို သတ်တဲ့အမှုနဲ့  တရားစွဲခံထားရတဲ့ အဖြစ်အပျက်ဟာ ခုတလော ကျွန်မရဲ့စိတ်တွေကို အလုပ်များစေတဲ့ အဖြစ်အပျက်တခုဖြစ်နေပါတယ်…။ လူတယောက်ရဲ့ အသက်… အထူးသဖြင့် အမယ်အို တယောက်ရဲ့ အသက်ကို သူမို့  ရက်ရက်စက်စက် သတ်ရက်တယ်… ဆိုတဲ့ အတွေးမျိုးထက် အဲဒီအဖြစ်အပျက်ကို တွန်းပို့ ပေးဖို့  ဘယ်လို အကြောင်းအရာတွေကများ နောက်ကြောင်းခံနေသလဲဆိုတာ အပြန်ပြန်အလှန်လှန် စဉ်းစားကြည့်နေမိတယ်…။ အခြေခံအားဖြင့် ဘယ်သူတဦးတယောက်ကမှ (အကြမ်းဖက်သမားတွေကလွဲလို )့ ဘယ်လို အကြောင်းကြောင့်ဖြစ်ဖြစ် သူများအသက်ကို သတ်ဖို့  ကြံစည်တွေးတော စဉ်းစားပြီး… နောက်ဆုံးသတ်ဖြစ်တဲ့အခြေအနေရောက်အောင် ရက်စက်ကြမှာမဟုတ်ပါဘူး။ တွန်းအားအပေးဆုံးအရာဟာ ဒေါသလို့  အကြမ်းဖျင်းတွက်လို့ ရပေမယ့်… အဲဒီလောက်ကြီးမားတဲ့ ဒေါသကို ရောက်စေတဲ့ စေ့စော်ပေးမှု…. အဲဒီအကြောင်းကို ကျွန်မဘာသာ ဆက်စပ်တွေးနေမိတာ…။
ခုတလော ကျွန်မကြည့်ဖြစ်နေတဲ့ ဒီနိုင်ငံရုပ်သံက Code & Law ဇာတ်လမ်းတွဲတွေရဲ့ လွှမ်းမိုးမှုကြောင့်လဲ ပါမယ်ထင်ပါတယ်…။ နဂိုကအပြစ်မရှိပဲ စိတ်ထားကောင်းကြတဲ့ သူတချို့  အခြေအနေအကြောင်းအရာတခုခု သို့အကြောင်းအရာတွေ အဖန်တလဲလဲဖြစ်ပေါ်မှုကြောင့် နောက်ဆုံး မဖြစ်သင့်ပဲ ရာဇ၀တ်မှုတရားခံတွေ ဖြစ်သွားကြတာကို အဓိက ထားရိုက်ထားတဲ့ ဇာတ်လမ်းတွဲတွေပါ…။ ဖောက်ပြန်တဲ့ ယောင်္ကျားက မျက်နှာပြောင်တိုက်ပြီး အငယ်အနှောင်းကို မယားကြီးရှေ့ တင် ပါတီကို ခေါ်လာတာကို မခံမရပ်နိုင်လို့  ပါတီအပြီးမှာ ယောင်္ကျားနဲ့ စာရင်းရှင်းရင်း ဒေါသနောက်လိုက်သွားတဲ့ အသက်၆၀ကျော် အဖွားအိုက ယောင်္ကျားသတ်တဲ့ တရားခံဖြစ်… နိဂုံးမှာ သူက လူသတ်တရားခံဖြစ်ပေမယ့်… နိဒါန်းမှာ သူမှားခဲ့သလား…။ အရက်အမူးတိုက်ပြီး မဖွယ်မရာပုံတွေကို ရယူလို့  အင်တာနက်ပေါ်မှာ တင်မယ်လို့  ငွေညှစ်ခံရတဲ့ ကောင်မလေးက အဖန်အခါခါ ငွေညှစ်ခံရတဲ့အခါ အဆုံးမှာ ဒေါသမထိန်းနိုင် လက်လွန်သွားပြီး လူသတ်တရားခံဖြစ်သွားတဲ့ အဖြစ်…။ တအိမ်ထဲနေ ပထွေးရဲ့ အရွယ်မရောက်ခင် ကတည်းက မတရားကျင့်တာ ခံလာရတဲ့ ကောင်မလေးမှာ မမျှော်လင့်ပဲ ကိုယ်ဝန်ရှိလာတဲ့အခါ မိခင်ရင်းဖြစ်သူ ကိုယ်တိုင်က သူ့ မြေးကို ကြွတ်ကြွတ်အိတ်နဲ့ ထုတ် အမှိုက်ပုံးထဲ လွင့်ပစ်ခဲ့တဲ့အမှု… အဆုံးမှာ သူ့ သမီးက သူ့ အမေထောင်ကျမှာစိုးလို့  သူ့ ရင်သွေးကို သူစွန့် ပစ်တဲ့အမှုနဲ့  တရားခံသက်သက်အဖြစ်ခံခဲ့တာ… အဲဒီကောင်မလေးဘ၀ ကံဆိုးလိုက်ပုံများ ဘာအမှားတခုမှ မကျူးလွန်ပါပဲ ရာဇ၀တ်မှုတရားခံအဖြစ်ရောက်သွားခဲ့တာ… ။ အဲဒီအဖြစ်အပျက်တော်တော်များများဟာ အပြင်က တကယ့်အဖြစ်အပျက်ကို အခြေခံရိုက်တာမို့  ကြည့်ပြီးတဲ့အခါတိုင်း ကျွန်မမှာ အတွေးတွေနဲ့  ကျန်ခဲ့တာ…။
အဲဒီဇာတ်လမ်းတွဲတွေကို ကျွန်မစိတ်ဝင်စားမိတဲ့ နောက်တချက်က ငယ်ငယ်ကတည်းက code & law နဲ့ လက်ပွန်းတတီးဖြစ်ခဲ့တဲ့ အချက်ကြောင့်လဲ ပါပါတယ်…။ ကျွန်မအဖေက ရှေ့ နေတယောက်ဖြစ်တာမို့  အဖေရဲ့ အမှုတွေနဲ့ အတူ အဖေရဲ့ အမှုသည်တွေရဲ့ ဘ၀အမျိုးမိျုး အဖုံဖုံက ကျွန်မအဖို့  အတော်စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေ ဖြစ်နေခဲ့ပါတယ်…။ ကျွန်မအဖေရဲ့ ပထမဆုံးအမှုဟာ ဆင်းရဲသားဆိုက်ကားသမားလေး သူမသတ်ပဲ လူသတ်တရားခံအဖြစ် တရားစွဲခံရတဲ့အမှုပါ…။ အဲဒီအမှုမှာ အဖေက လူသတ်မှုကနေ အပြစ်မရှိတဲ့ တရားခံကို လွတ်မြောက်အောင် လုပ်နိုင်ခဲ့တာ ခုထိ ကျွန်မသတိရနေပါသေးတယ်…။ ကိုယ့်အိမ်မှာ အိမ်ငှားတင်ပြီး အိမ်ငှားက သူအိမ်ရှင်ပါလို့ လိမ်လည်ပြီး ကိုယ့်အိမ်ပိုင်နဲ့  အမှုတွေများရတဲ့ အရမ်းရိုးသားတဲ့ ဖေဖေ့အမှုသည်ကိုစံသိန်းကလဲ ကျွန်မတို့ အမြဲသတိရနေမိတဲ့ အမှုသည်ထဲမှာ ပါပါတယ်…။ တရားလိုက တရားခံဖြစ် တရားရုံးရောက်ရင် ကြောက်ပြီး ကိုယ်မှန်ပါလျက် တလွဲတွေလျှောက်ပြောတတ်လို့  ရုံးချိန်းတခုပြီးတိုင်း အဖေနဲ့ ကိုစံသိန်းတို့ အသံကို ကြားရပါတယ်…။ ခင်များ.. ကိုယ်ပိုင်တဲ့အိမ်သူများ ထိုးပေးချင်လို့ လားလို့  အဖေက မချင့်မရဲဆို ကိုစံသိန်းက ပြုံးပြုံး ပြုံးပြုံးနဲ့ .. ကျွန်မတို့ မှာ ငိုအားထက်ရယ်အားသန်ရပါတယ်…။ အဆုံးမှာ သူ့ အိမ်လေးသူပြန်ရသွားတော့ မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့  အဖေ့ကို လာကန်တော့တာ ခုထိမြင်ယောင်နေမိပါသေးတယ်…။
တရားခံမဖြစ်သင့်ပဲ တရားခံဖြစ်သွားရတဲ့ အဖြစ်ဆိုးတွေရဲ့ နောက်ကွယ်မှာ နှစ်မျိုးနှစ်စားရှိတာကို တွေ့ ရပါတယ်…။ တမျိုးက ရိုးအလွန်းလို့  သူများချထားတဲ့အကွက်ထဲမှာ ကိုယ်က ၀င်မိရဲ့သားဖြစ်တာနဲ့ … နောက်တမျိုးက အခါခါခံလာရတဲ့အခါ ခံနိုင်ရည်အတိုင်းအတာကို ကျော်လွန်ပြိး ဒေါသကို မထိန်းနိုင်တဲ့သူက နောက်ဆုံး အကြီးမားဆုံးအမှား သံသရာထိပါ ပါမယ့်အမှားကို ကျူးလွန်တဲ့ အဆင့်ရောက်သွားတာပါ…။ ပထမအမျိုးအစားကတော့ နဂိုနေရိုးအတဲ့ လူတွေမှာ ခံရလေ့ရှိပါတယ်…။ ကျွန်မ အဓိကထားပြောချင်တာက ဒေါသမထိန်းနိုင်တဲ့အမျိုးအစားပါ…။ လူတချို့ ဟာ များသောအားဖြင့် ကိုယ့်ခံနိုင်ရည်အင်အား ဘယ်အဆင့်ထိရှိတယ်ဆိုတာ မသိကြပါဘူး…။ နဖူးတွေ့ ဒူးတွေ့ ဖြစ်တော့မှ သိကြတာများပါတယ်…။ တဦးနဲ့ တဦးဆက်ဆံရေးမှာ တကယ်လို့ များ အဆင်မပြေမှုတွေ များသထက်များလာရင် သတိထားဆက်ဆံသင့်ပါတယ်…။ ပေါက်ကွဲကြမယ့်တနေ့ ကို ရောက်အောင် စောင့်ကြည့်တာထက် ဆက်ဆံရေးဟာပြုပြင်ပြောင်းလဲ ညှိနှိုင်းလို့ ရလားဆိုတာ စဉ်းစားစမ်းသပ်ကြည့်သင့်ပါတယ်…။ တကယ်လို့ ကိုယ်က ဥပေက္ခာတရားကို လက်ကိုင်ထားနိုင်တယ် ခန္ဒီပါရမီနဲ့ ပြည့်တယ်ဆိုရင်တော့ တမျိုးပေါ့လေ…။ ဆက်ဆံရေးဆိုရာမှာ မိဘနဲ့ သားသမီး… သူငယ်ချင်းမိတ်ဆွေဆက်ဆံရေး… ညီအကိုမောင်နှမဆက်ဆံရေး… လင်မယားဆက်ဆံရေး… အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေး.. ဆရာတပည့်ဆက်ဆံရေး… အားလုံးအကျုံးဝင်ပါတယ်…။ ညှိုနှိုင်းယူလို့ မရနိုင်တော့ဘူးလို့  ယူဆရင်တော့ ဒီအတိုင်း ခံနိုင်ရည်အားလွန်လာမယ့် နေ့ ကို စောင့်နေတာထက် ဆက်ဆံရေးရပ်တန့် ပစ်လိုက်တာ အကောင်းဆုံးလို့  ကျွန်မထင်မိပါတယ်…။
ပထမအပိုဒ် ကျွန်မအဓိကထားပြောချင်တဲ့ အပိုဒ်ကို ပြန်ကောက်ရရင် မြန်မာအိမ်အကူမလေးမှာ ငွေကြေးမပြည့်စုံလို့  ဒီအလုပ်ကို လုပ်ရတာပါ… ဒီအပြင့် သူဆက်ဆံရတဲ့ ပတ်ဝန်းကျင်က ဘယ်လောက်ဆိုးဝါးသလဲ ကျွန်မတို့  ခန့် မှန်းရခက်ပါတယ်…။ MRT ပေါ်မှာ မတော်တဆ ထိမိရင်တောင် ဆောရီးလို့ ပြောတာကို ဂရုမစိုက်ပဲ မီးပွင့်အောင် ကြည့်တတ်တဲ့သူတွေပေါတဲ့ ဒီလိုနိုင်ငံ… ကြင်နာတတ်ဖို့ ကူညီတတ်ဖို့  အဖွဲ့ အစည်းတွေနဲ့  တွန်းအားပေးယူရတာတောင် အနိုင်နိုင်ဖြစ်တဲ့ ဒီလိုနိုင်ငံမျိုးဆိုတော့ ပိုလို့ တောင် ခန့် မှန်းရခက်ပါတယ်…။ သူ့ ခမျာ ဒီလို အဖြစ်အပျက်မျိုးတွေကို မလွှဲသာမရှောင်သာ ရင်ဆိုင်ခဲ့ရမှာပါ…။ အဲဒီလို မလွှဲမရှောင်သာ ရင်ဆိုင်ရင်း မြိုသိပ်ရင်းနဲ့  နောက်ဆုံးကိုယ့်ခံနိုင်ရည်အဆင့်ကို အတော်လေးကို ကျော်လွန်သွားပြီး အဖြစ်ဆိုးတွေနဲ့  နိဂုံးချူပ်ရတဲ့ အဖြစ်ဟာ အတော်ကို ရင်နာစရာကောင်းလှပါတယ်…။ တကယ်လို့ များ အိမ်ရှင်က တရားလက်လွတ်ဖြစ်လို့  ဒီအဖြစ်မျိုးနဲ့  အဆုံးသတ်ရတာဆိုရင်တော့ အဲဒီအဆုံးသတ်နည်းလမ်းထက် ကောင်းတဲ့နည်းလမ်းတွေ ရှိတယ်ဆိုတာ ကျွန်မ ပြောပြပါရစေ…။ တရားလက်လွတ့် နှိပ်စက်တတ်တဲ့ အိမ်ရှင်နဲ့ လုပ်ရရှာတဲ့ အိမ်အကူညီမငယ်များ ဒီလိုအမှားမျိုး ထပ်မဖြစ်အောင် စေတနာနဲ့  ဒီပို့ စ်ကို ရေးခြင်းဖြစ်ပါတယ်…။ ကိုယ့်အဖြစ်တွေကို မြိုသိပ်မထားပါနဲ့ …။ နီးစပ်ရာ သူငယ်ချင်းတယောက်ယောက်ကို အမြဲရင်ဖွင့် တိုင်ပင်ပါ…။ အိမ်ရှင်နဲ့ ဆက်ဆံရေးဟာ အတိုင်းအတာတခုအထိ ဆိုးဝါးလာပြီဆို ရဲစခန်း သို့  counselling firm တခုခုနဲ့ ဆက်သွယ်ပါ..။ အဖြစ်အပျက်အသေးစိတ်ကို ပြောပြပြီး သူတို့ ဆီက အကြံဥာဏ်တောင်းခံပါ…။ ကိုယ့် agency ကို ပွင့်ပွင့်လင်းလင်းပြောပြပါ…။ အဆိုးဝါးဆုံး အခြေအနေထိ မရောက်မှီ အလုပ်ကို ရပ်တန့် ဖို့  နည်းလမ်းရှာပါ…။ နိုင်ငံခြားတိုင်းပြည်မှာလဲ မြန်မာ community အဖွဲ့ အစည်းတွေ ရှိတာမို့  အဲဒီလို အဖြစ်ဆိုးမျိုးနဲ့  ကြုံကြရရင် အားလုံးဝိုင်းတာဝန်ယူ ကူညီပေးကြမှာ သေချာပါတယ်…။ လောကကြီးမှာ ကိုယ်တယောက်ထဲလို့ မအောင့်မေ့ပါနဲ့ …။ ငါ့ဒုက္ခ ငါလည်စင်းခံမယ်ဆိုပေမယ့်လဲ ဘယ်လောက်ထိ ခံနိုင်ရည်ရှိမလဲနော်…။ ဒါကြောင့် အဲဒီလို အဖြစ်ဆိုးမျိုးနဲ့  မကြုံအောင် ထွက်ပေါက်အမှန်ဖြစ်ရအောင် အဲဒီအခြေအနေထိ မစောင့်ပဲ နီးစပ်ရာ အသိုင်းအ၀ိုင်းကို တိုင်ပင်အကူအညီတောင်းခံဖို့  ဒီပို့ စ်လေးနဲ့ တိုက်တွန်းပါရစေ….။
(စာကြွင်း… ကျွန်မဒီပို့ စ်ကို ဖတ်မိသူထဲမှာ any communication နဲ့ ပတ်သက်ပြီး အကြတ်ရိုက် ထွက်ပေါက်မရှိဘူးလို့  ခံစားရနေသူများရှိရင် cmyayt@gmail.com ကို ဆက်သွယ်ပါလို့ .. အတတ်နိုင်ဆုံး ကူညီပေးဖို့ ပါ)
တန်ခူး
31-Mar-2014 10:05pm
တန်ခူးhttp://www.blogger.com/profile/08326357917406062761noreply@blogger.com2