Monday, August 19, 2013

သားလေးမွေးနေ့ ကုသိုလ်



ဒီနှစ်သားမွေးနေ့  အလှူကို ပိတ်ရက်၎ရက် ဆက်တိုက်ရတုန်း ကြိုလုပ်ဖြစ်လိုက်ပါတယ်။ သားမွေးနေ့ အတွက် ဘုန်းဘုန်းတွေ ပရိတ်ရွတ်တော့ သူရတဲ့ မေတ္တာသုတ်ကို အကျယ်ကြီး လိုက်ရွတ်နေလို့  ဘုန်းဘုန်းတွေ အတော်ကို သဘောကျသွားခဲ့ပါတယ်။ သားက despicable me 2 ရုပ်ရှင်ကြည့်ပြီး ကတည်းက minionလေးတွေ တချိန်လုံး စွဲလန်းနေတာမို့  ဒီနှစ်သားရဲ့ birthday themeကို minionလို့  သားကို ပြောပြတော့ အလိုက်သိလွန်းတဲ့ မေမေ့ကို သားက ကျေနပ်လို့ လေ။ minion လို အ၀ါရောင် အကျီင်္လေးနဲ့  အပြာရောင်ဘောင်းဘီလေး ရှာရ… birthday cakeကို minion ပုံလေး မှာရနဲ့ မေမေဖြင့် ပိတ်ရက်၎ရက် ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဘူးနော်။ ဒါပေမယ့် သားပျော်နေတာတွေ့ တော့လဲ မေမေလဲ အပျော်တွေကူးပေါ့။



သားတကယ့်မွေးနေ့ က တင်္နလာနေ့ ကျတာမို့  ခါတိုင်းလို ကျောင်းမှာ မွေးနေ့ လုပ်ဦးမလား ဆိုတော့ မေမေပိုက်ဆံကုန်မှာစိုးလို့  မလုပ်တော့ဘူးတဲ့။ သိတတ်လာတဲ့စိတ်လေးကို တွေ့ ရတော့ ၀မ်းသာကြည်နူးမိပါတယ်။ သားတကယ့်မွေးနေ့ မှာ သားလဲ စိတ်အရမ်းထက်သန် အမြတ်ဆုံးဒါန ကုသိုလ်လဲ ဖြစ်တဲ့ ဇီဝိတဒါန ကုသိုလ်လုပ်ဖြစ်ပါတယ်။ ဒီနိုင်ငံမှာက မြန်မာနိုင်ငံလို ဘုရားသွား ငှက်ငါးလွှတ်ရတာ သိပ်တော့ မလွယ်ကူလှပါဘူး။ ဒါပေမယ့် အရှင်လတ်လတ်တွေကို လတ်လတ်ဆတ်ဆတ် စားချင်တဲ့ ငါးအရှင်တွေ ရောင်းတဲ့ ဆိုင်မှာ အသတ်ခံရတော့မယ့် ငါးလေးတွေ ၀ယ်လွှတ်ရတာ တကယ့်သေမယ့်ဘေးက ကယ်တင်ရတာမို့  ပြုရတဲ့ကုသိုလ်အတွက် အတော် ပီတိဖြစ်စရာပါ။ ဒီအကြံလေးကို စပေးခဲ့တာ သူငယ်ချင်းတယောက်ပါ။ သားငယ်ငယ်က ခဏခဏ နေမကောင်းဖြစ်တော့ ဇီဝိတဒါန အလှူလုပ်လို့  အကြံပေးခဲ့တာပါ။ မြန်မာပြည်က မိဘတွေဆီ လွှတ်ခိုင်းလို့ ရပေမယ့် သားလက်လေးနဲ့ လွှတ်စေချင်တာမို့  ငါးအရှင်ရောင်းတဲ့ဆိုင်မှာ အသားစားဖို့ အတွက် သေဖို့ လက်မှတ်ရပြီးသား ငါးလေးတွေကို ကယ်တင်ခဲ့ရတာ… အဲဒီတုန်းက သားဖြင့် ပထမဆုံး အတွေ့ အကြုံမို့  စိတ်တွေလှုပ်ရှား ကြည်နူးခဲ့တာလေ။ အဲဒီနောက်ပိုင်း အဲဒီလို ခဏခဏ ကုသိုလ်လုပ်ဖြစ်ပါတယ်။



ရုံးကပြန်လာတော့ ညစာစားပြီးတာနဲ့  သားလေးကို ခေါ်ပြီး အိမ်နားက SHENG SIONGဆိုင်ကို သားအမိသားအဖ သုံးယောက်ထွက်ခဲ့ပါတယ်။ ဒီတခါတော့ သတ္တ၀ါလေးတွေနဲ့  ပတ်သက်ရင် အစိုးရိမ်လွန်တတ်လွန်းတဲ့ သားဖေဖေက အဖုံးပါတဲ့ ပလပ်စတစ်ဗုံးကို အရင်ဝယ်ပါတယ်။ ခါတိုင်းလို အဖုံးမပါရင် ဘယ်အချိန်များ ခုန်ထွက်မလဲလို့  သဲထိတ်ရင်ဖို ဖြစ်ရလွန်းလို့ ပါ။ ဒီနေ့ ငါးတွေက အကောင်အကြီးကြီးတွေ ဖြစ်နေတာမို့  ပလပ်စတစ်ဗုံးနဲ့  ဆန့် မယ့် ငါး၂ကောင် ၀ယ်ဖြစ်ပါတယ်။ ငါးရောင်းတဲ့ ကောင်လေးတွေ ၀ုန်းကနဲ ဒိုင်းကနဲ သတ်လိုက်မှာကြောက်လို့  အသေအချာ ရှင်းပြပြီးမှ ရေထည့်ခိုင်းပြီး ၀ယ်ရတာပါ။



ပန်းရောင်ရေဗုံးထဲက ငါးနှစ်ကောင်ကို ကြည့်ပြီး သားပျော်နေလိုက်ပုံများ။ စကားတွေလဲ ပြောနေလိုက်သေးတာ။ ဘာမှမကြောက်နဲ့ နော်… ငါးလေးတွေ ဟင်းချက်မခံရဘူး… BBQလဲ အလုပ်မခံရဘူး… သတ်လဲအသတ် မခံရဘူး… ရေကန်အကျယ်ကြီးထဲမှာ ပျော်ရတော့မှာတဲ့။ သားမေမေ ကိုယ့်မှာတော့ ငါးတွေ ခုန်ထွက်သွားမှာလဲကြောက် အသက်ရှူမွန်းမှာလဲကြောက်နဲ့  တလမ်းလုံး အလုပ်တွေများနေတာ။ နဲနဲမှောင်သွားလို့  သားဖေဖေက Chinese gardenထဲထိ ကားမောင်းပို့ ပေးတယ်။ ပြီးတော့ သားအမိသားအဖ သုံးယောက် တံတားလေးဖြတ်ပြီး ရေအစပ်မှာ ငါးလေးတွေ လွတ်ခဲ့တာ။ ရေပြင်အကျယ်ကြီးထဲမှာ လွတ်လွတ်လပ်လပ် ကူးခတ်သွားတဲ့ ငါးလေးတွေကို ကြည့်ပြီး ပြုတဲ့ကုသိုလ်အတွက် ကြည်နူးမှုကို ဘယ်လို ပြောရမှန်းတောင် မသိပါဘူး။



ချစ်တဲ့သားလေးရဲ့ ဒီမြတ်သော ကောင်းမှုကုသိုလ်ကြောင့် ၉နှစ်မြောက်မွေးနေ့ မှသည် နောင်နှစ်ပေါင်း ရာကျော်ထိ ဒီချစ်ဖေဖေ ချစ်မေမေတို့ နဲ့ အတူ ကျန်းမာချမ်းသာ ပျော်ရွှင်စွာ ဘာသာ သာသနာအကျိုးတွေ လုပ်ဆောင်နိုင်ပါစေလို့ ။

(ချစ်သားလေး ၉နှစ်ပြည့်အမှတ်တရ)

တန်ခူး

19-Aug-2013 10:30pm

14 comments:

  1. စသိကတည်းက transformer ကားပုံကိတ်..ဒီနှစ်တော့ နောက်တမျိုး...ပျော်ရွှင်ကျန်းမာလိုရာပြည့်ပါစေ ...

    ReplyDelete
  2. သားငယ်လေးရဲ့ ပျော်စရာမွေးနေ့ဟာ မင်္ဂလာရှိသောမွေးနေ့လည်း ဖြစ်ခဲ့ပါပြီ.... သာဓုသုံးကြိမ်ခေါ်ပါသည်ခင်ဗျာ... သာဓု...သာဓု...သာဓု....

    Mg Zanaka

    ReplyDelete
  3. မတန်ခူးရယ်..အဲဒီလိုကုသိုလ်ယူရမှန်းမသိဘူးတော့...။ ဆုမြတ်လည်းနောက်ကျရင်အဲလိုမျိုးလေးကုသိုလ်ယူပါဦးမယ်..။ သုတလေးအတွက် belated birthday wish လေးပါ ။ မွေးနေ့တိုင်းမွေးနေ့တိုင်းကိုပျော်ပျော်ရွှင်ရွှင်ကျန်းကျန်းမာမာဖြတ်သန်းနိုင်ပြီး မိဘပတ်ဝန်းကျင်ကိုစောင့်ရှောက်နိုင်တဲ့သားကောင်းရတနာလေးဖြစ်ပါစေး) ။

    ReplyDelete
  4. ပျော်ရွှင်ကြည်နူးဖွယ် မွေးနေ့ပါ

    ReplyDelete
  5. သားလေးအတွက် အစစ ပြည့်စုံပြီး ပျော်ရွှင်ဖွယ်ရာ မွေးနေ့ ဖြစ်ပါစေလို့ အန်တီသက်ဝေကလည်း ဆုတောင်းတယ်လို့ ပြောပေးပါနော်... သားက ကြီးလာလေ တန်ခူးနဲ့ တူလာလေပဲ... <3

    ReplyDelete
  6. ကျန်းမာရွှင်လန်းပါစေ သားသားရေ

    ReplyDelete
  7. အမ တန်ခူးရေ၊ တခြား ဘယ်နေရာတွေမှာ ငါးလွှတ်လို့ရသေးလဲဟင် ? မဆုမြတ်လိုပဲ ဒီလို သတ်ခံရခါနီး ငါးလေးတွေ ဝယ်ပြီး ကုသိုလ်ယူလို့ရမှန်း ခုမှသိတယ်။

    ReplyDelete
  8. Where did you order the cake? I want to order for my son's bd.

    ReplyDelete
  9. May I know where can I order Minion cake?

    ReplyDelete
  10. Hi Sis,

    Please Pass my belated birthday wish to Thuta.

    Are they freshwater fish or saltwater fish?

    ReplyDelete
  11. Hi Sis,

    Please pass my belated birthday wishes to Thuta.

    Are they saltwater fishes or freshwater fishes?

    ReplyDelete
  12. ကွန်နက်ရှင်မကောင်းလို့ ဘလော့တွေဘက် ခြေဦးမလှည့်ဖြစ်တာ ကြာသွားတာနဲ့ သားသားမွေးနေ့တောင် မသိလိုက်ဘူး။
    သားသားက minions လေးနဲ့ ခပ်ဆင်ဆင်နော်။ :)
    သားသားလေး လိမ်မာရေးခြားရှိပြီး အမျိုး ဘာသာ သာသနာအကျိုး သယ်ပိုးနိုင်တဲ့ သားကလေး ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

    ReplyDelete
  13. မျက်မှန်ကလေးနဲ့ ခလေးလူကြီးလေးလိုပဲး)))

    ဟိုအကျီ င်္လေးတောင်ဝတ်လို့ရတော့မှာမဟုတ်ဘူး ဘန်ကောက်လူကြုံရှိပြောအုံးးး အစ်မ ။

    ReplyDelete
  14. မအားလို့ ဘယ်မှမရောက်ဖြစ်တာကြာပေါ့။ ဒီနေ့ မှ ညီမလေး ဘလော့ဆီ ရောက်လာမှ သားလေးမွေးနေ့ ပိုစ်လေးဖတ်လိုက်ရတယ်။ မွေးနေ့ မှာ လူဒါန်းတဲ့ ကုသိုလ်လေး ကို ဖတ်လိုက်ရတာ အရမ်းကို စိတ်ချမ်းမြေ့ ရပါတယ်။
    သားလေး အတွက် ပျော်ရွှင်ဖွယ်မွေးနေ့ ပေါင်းများစွာကို စိတ်ချမ်းသာစွာ ဖြတ်သန်းနိုင်ပါစေလို့ ..
    အမ
    MTH

    ReplyDelete