Tuesday, August 25, 2009

သားနဲ့ Birthday Theme


သား ဦးလေး ကျွန်မမောင်လေး ငယ်ငယ်က သင်္ကြန်ဖြစ်ဖြစ်၊ သီတင်းကျွတ်ဖြစ်ဖြစ် ထူးထူးဆန်းဆန်း ရေကစားစရာ၊ မီးထွန်းစရာ တနှစ်နဲ့ တနှစ်မတူအောင် ပူဆာတတ်ပါတယ်။ ငယ်ငယ်လေးနဲ့  ဒီနှစ်တော့ သင်္ဘောပုံ မီးပုံးတွန်းချင်တယ်၊ ဒီနှစ်တော့ သေနတ်ပုံရေပြွတ်အကြီးကြီးဆော့ချင်တယ် ဒါမျိုးပူဆာတိုင်း အဖေနဲ့ အမေက ၀ယ်ပေးနေကြပါ။ သူ့ ကစားစရာဆို အားလုံးက ငေးရရင် သူက မြောက်ကြွမြောက်ကြွနဲ့  ပျော်နေတတ်တာမျိုး။ ဒီနေရာမှာ သားက သူ့ ဦးလေးနဲ့ တူတယ်ဆိုရပါမယ်။ သူ့ မွေးနေ့ အတွက် ကိတ်မုန့် ကို သူကိုယ်တိုင် စဉ်းစားတတ်ပါတယ်။ တနှစ်နဲ့ တနှစ် မတူတဲ့ ကိတ်မုန့် ဖြစ်မှပါ။ ကျွန်မတို့ က သူ့ ကို စမ်းချင်တာနဲ့  အရင်နှစ်ကနဲ့  ဆင်တူပြရင် သူက မှတ်မိပါတယ်။

သားစကားစပြောတတ်ခါစက စပြောတဲ့စကားက အဖေလဲမဟုတ်၊ အမေလဲ မဟုတ်ပါဘူး။ train train တဲ့။ ဟိုးငယ်ငယ်လေး ကတည်းက ရထားလေးတွေ ချစ်တတ်သူပါ။ သူ့ မွေးနေ့ ကိတ်၊ သူ့ မွေးနေ့ အကျီင်္ကလဲ ရထားပါမှ။ Thomas က သူရဲ့ အသည်းစွဲပေါ့။ Thomas ကိတ်ကို တနှစ်နဲ့ တနှစ် ဒီဇိုင်းမတူမှ ကြိုက်ပါတယ်။ အိမ်မှာလဲ ရထားကစားစရာတွေက တခြားကစားစရာထက် ပိုများပါတယ်။ မနှစ်ကအထိ သူ့  birthday themeက ရထားပါပဲ။

ဒီနှစ် နှစ်စပိုင်း ကတည်းက သူ့ မွေးနေ့ ကိတ်မုန့် ကို စဉ်းစားရတာ အမောပါ။ ရထားလိုချင်လား မေးရင် မလိုချင်တော့ပါဘူး။ Ben 10 ရောဂါထတုန်းက Ben 10 cake။ ကျွန်မမယ် အတော် ဦးနှောက်စားရပါတယ်။ ဘယ်ကိတ်မုန့် ဆိုင်မှာမှ Ben 10 မရှိတော့ ဒီမှာရှိတဲ့ ကိုယ့်ဘာသာ ပုံဖော်လို့ ရတဲ့ ကိတ်မုန့် ဆိုင်မှာ Ben 10 ဆိုတဲ့ စကားလုံးလေး ရေးပေးမယ်လို့  စိတ်ကူးထားရပါတယ်။ နှစ်လလောက်ကြာတော့ အချွှန်အတက်တွေနဲ့  ပုံဆိုးပန်းဆိုး Bionical Robot အရုပ်တွေကို အသဲအသန်ကြိုက်ပြန်တော့ ကိတ်မုန့် အတွက် အကြံအိုက်ရပြန်ပါတယ်။

မွေးနေ့ ရောက်ဖို့  ၃လလောက် အလိုမှ ဒီနှစ် birthday themeက ဆုံးဖြတ်ချက် ကျပါတော့တယ်။ Transformer ပါတဲ့။ Transformer မှာတောင် သူအကြိုက်ဆုံး Optimus Prime မှ။ မွေးနေ့ မရောက်ခင် ကိတ်မုန့် ဆိုင်မှာ Transformer ကိတ်မုန့် မှာလို့ ရတယ်ဆိုမှ တော်သေးရဲ့ပေါ့။ အကျီ်င်္လဲ Optimus Primeဆိုတော့ အတော်ရှာယူရပါတယ်။ နောက်ဆုံး ပြည့်စုံသွားမှ သူ့ ဆန္ဒအတိုင်း လုပ်ပေးလို့ ရပြီဆို ၀မ်းသာမိပါတယ်။ Optimus Prime သားသားကို သူ့ အဖေက ပေးတဲ့ မွေးနေ့ လက်ဆောင်ကလဲ Optimus Prime အရုပ်ပါပဲ။ သူ့ birthday themeအတိုင်း အိမ်မှာရော၊ ကျောင်းမှာပါ မွေးနေ့ ပွဲဆင်နွှဲရတော့ ပျော်နေတဲ့ သူ့ အပျော်တွေက ကိုယ့်ဆီပါကူးစက်ပါတယ်။

နောင်နှစ်ကျတော့ ဘာ birthday theme ဖြစ်မယ်မသိပါဘူး။ အရင်အလုပ်က ကျွန်မဘော့စ်ပြောတဲ့ စကားလေးကို ပြန်ကြားယောင်မိပါတယ်။ primary 3 ရောက်တဲ့အထိ ကျောင်းကပြန်လာရင် ချိုဘူးကြီးနဲ့ နို့ စို့ နေတဲ့ သူ့ သားလေးကို ချစ်လို့ မ၀လို့  ချိုဘူးကြီး မဖြတ်ပါဘူးတဲ့။ ကျွန်မကလဲ ခု Optimus Prime နဲ့  မွေးနေ့ ပွဲဆင်နွှဲနေတဲ့ သားကို ကြည့်ပြီး ရထားလေးတွေချစ်တတ်တဲ့ ၄နှစ်သား သားပုံရိပ်လေးကို လွမ်းမိပြန်တယ်။ အမြန်လူလားမြောက်ချင်ပေမယ့်လဲ ရင်ခွင်ထဲ ထွေးပွေ့ ချစ်လို့ ရသေးတဲ့ ကလေးလေးဘ၀ကိုလဲ တွယ်တာမိပြန်တယ်လေ။ အိမ်ပြန်တိုင်း ကျွန်မသွားချင်တဲ့နေရာကို စိတ်ရှည်လက်ရှည် လိုက်ပို့ တတ်တဲ့၊ ကျွန်မစားချင်တဲ့ အစားကို မညီးမညူ ၀ယ်ကျွေးတတ်တဲ့၊ ကျွန်မအတွက် ခုထိ အကျီင်္လေးတွေ လိုက်ရွေးပေး၊ အုန်းဆီလိမ်းပေး ကလေးလို ပြုစုတတ်တဲ့ အဖေ့ကိုလဲ လွမ်းမိပါတယ်။

(19-Aug-2009 က ၅နှစ်ပြည့်သွားတဲ့ သားလေးမွေးနေ့ အမှတ်တရ)
တန်ခူး
9:25pm 25-Aug-2009

22 comments:

  1. Happy Birthday ပါ သားသားရေ။
    ထူးချွန်ထက်မြက်တဲ့ လိမ္မာတဲ့ သားကလေး ဖြစ်ပါစေ။

    ReplyDelete
  2. Happy Birthday !!!
    သားလေးကိုအားကျလိုက်တာ..
    မိဘတွေက အကုန်ဖြည့်ဆည်းပေးလို့..

    ချန်းဆို ဘယ်တော့ မှ ကိတ်မရွေးရဘူး
    ကျနော်ရွေးတာပဲ ယူရတယ်..
    ဟားဟာ

    ReplyDelete
  3. သားသားရေ သားသားတော့ မသိဘူး ဦးဦးတော့ ပျော်သွားတယ်။ တကယ်
    မနက်ဖြန် အိမ်ပြောင်းလာမယ် နော်
    အခန်းလွတ်သေးတယ်ဟုတ်။

    လက်မခံရင် I kill u လူမိုက်တစ်ယောက်ငှားထားသေးဗျ

    :P

    ReplyDelete
  4. Happy Birthday သားရေ.. ၁၈ နှစ်ပြည့် မွေးနေ့ကျမှ.. ဘာကိတ်မုန့် တောင်းဆိုမလဲ.. စောင့်ကြည့်နေပေတော့..မတန်ခူးရေ..း))

    ReplyDelete
  5. သားလေးး happy birthday!
    မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာအထိ ချစ်သော ဖေဖေ မေမေနှင့်အတူ.ပျော်ရွှင်ချမ်းမြေ့သော ဘဝခရီးကို လျှောက်လှမ်းနိုင်ပါစေ..။

    ReplyDelete
  6. သားသားက ၅ နှစ်ပြည့်သွားတာကိုး..
    Happy Birthday သားသားရေ..

    သူလိုချင်တာကို ပူဆာတတ်တယ်နော်.. သားသားနဲ့ မွေးရက်တော့ မတူဘူး.. မွေးလ တူတယ်.. သားသားက ၅ နှစ် အန်တီကတော့.. ၃- နှစ်ပေါ့.. :D

    ReplyDelete
  7. ချစ်စရာ သားသားလေး ၅ နှစ်မြောက်မွေးနေ့မှသည် ဘ၀တလျှောက်လုံး အေးချမ်းပျော်ရွှင်ပါစေ။

    အော်.. အချိန်တွေများမြန်လိုက်တာနော်။

    ReplyDelete
  8. သားသားက ကုသိုလ်ကောင်းလိုက်တာ။
    ဖေဖေ မေမေက လိုချင်တာတွေ အကုန်ဖြည့်ဆည်းပေးတာပဲ။

    ချစ်စရာ သားသားလေး မွေးနေ့တိုင်းမှာ ခုလိုပဲ လိုအင်ဆန္ဒတွေ ပြည့်ဝပြီး မိသားစုနဲ့ အတူတကွ ပျော်ရွှင်နိုင်ပါစေ ... ။

    ReplyDelete
  9. သားလေးရေ...
    Happy Birthday ပါ...
    ပြည့်စုံ ပျော်ရွှင်ဖွယ်ရာကောင်းလှတဲ့ မွေးနေ့လေး တခု ပိုင်ဆိုင်ခဲ့တယ်ပေါ့နော်...
    သားသားလိုချင်သမျှ ဖြည့်ဆည်းပေးနိုင်တဲ့ ဖေဖေ မေမေတို့နဲ့ အတူ မွေးနေ့ပေါင်း များစွာ ဆင်နွဲနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်...။

    ** တန်ခူးရေ... သူကများ ကိုယ့်ကို လူမိုက်လေး ဘာလေးနဲ့.. (နဲနဲလောက် ပညာပေးလိုက်ပါအုံး... )

    ReplyDelete
  10. Happy Birthday ပါသားလေးရေ...
    ပျော်ရွှင်စရာ မွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေနော်...

    ReplyDelete
  11. သားလေးရော..သားလေးရဲ့ မေမေပါ..ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀လေး အမြဲပိုင်ဆိုင် နိုင်ပါစေ...
    ကြီးလာတဲ့ကလေးတွေက သူတို့စိတ်ကြိုက်ကိတ်မုန့် လေးနဲ့ မွေးနေ့ကို ဘယ်တော့မှမမေ့ဘူးလို့ အန်တီ တစ်ယောက်ပြောဖူးတယ်..
    ကူးငယ်ငယ်က ကိတ်မုန့် မာမီမှာပေးတာ ယုန် ပုံလေး...ခုထိမှတ်မိတယ်..း)

    ReplyDelete
  12. ပျော်ရွှင်ဖွယ်မွေးနေ့ပါ….။

    ReplyDelete
  13. Happy Birthday သားသားရေ

    အပေါ်ကပုံက မေမေနဲ့တူတယ်။
    ဘတ်ဒေးကိတ်နဲ့ ပုံကကျတော့ ဖေဖေနဲ့ တူတယ်။
    မေမေရော ဖေဖေရော နှစ်ယောက်စလုံးရဲ့
    အချစ်တွေက တောင်ပုံရာပုံ

    ReplyDelete
  14. Happy Birthday ပါသားလေးရေ.. ငါးနှစ်တောင်ပြည့်သွားပကောလား.. ချစ်တဲ့ မေမေ၊ ဖေဖေနဲ့အတူတူ ပျော်ရွှင်ချမ်းမြေ့ပါစေကွယ်..။

    အိမ်က ကလေးတွေကတော့ ကိတ်မုန့်ကို ကြိုမစဉ်းစားပါဘူး.. ဆိုင်ရောက်မှ သူတို့ စိတ်တိုင်းကျ မှာတယ်.. တစ်နှစ်နဲ့ တစ်နှစ် ဘယ်သူ့မွေးနေ့မှာ ဘာကိတ်မုန့်ဆိုတာတော့ မှတ်မိပါ့..ဒါမျိုး ဘယ်လိုမှတ်ထားမှန်းမသိပါဘူး တန်ခူးရယ်..။ Birthday Cake ကို သီချင်းဆိုပြီး မီးမှုတ်တာ ကြိုက်လွန်းလို့ ဘယ်သူ့မွေးနေ့မဆို ညဘက်ဆို ကိတ် အစီအစဉ်ထည့်ရတာနဲ့ပဲ တို့ကတော့ တကယ့်ကို ... စိတ်မပါချင်တော့ပါဘူး..:(

    ReplyDelete
  15. Wishing you good health and happiness in life.
    Happy Birthday !!!

    ReplyDelete
  16. သားကလေး ကျန်းမာ ချမ်းသာ ဘေးကင်းကွာလို့ ချစ်သောသူများနဲ့ အတူတကွ အသက်ရာကျော်ရှည် ပါစေ...

    ReplyDelete
  17. သားလေးရေ..Happy Birthday!!

    ReplyDelete
  18. နောက်ကျမွေးနေ့ဆုတောင်းဖြစ်ပါ့ပေါ့လားးး သားသားရေ..
    တန်ခူးရေ အမ ခရီးထွက်နေရလို့ ခုပြန်ရောက်မှ ဘလော့လည်နိုင်လို့ပါ...
    သားသားလေး ပျော်ရွှင်သော မွေးနေ့ များစွာ ပိုင်ဆိုင်ရရှိနိုင်ပါစေ လို့ အန်တီခင်မင်းဇော်မှ ဆုတောင်းပေးလိုက်ပါတယ်။

    ReplyDelete
  19. သားလေးအတွက်birthday wish
    HAPPY BIRTHDAY

    ReplyDelete
  20. သားသားအတွက် မွေးနေ့ဆုတောင်းက နောက်ကျနေလို့ အပြေးလာဆုတောင်းပါတယ်။
    ဒီအဖေ ဒီအမေကို ရထားတဲ့သားသားက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူနော်။ မိဘကျေးဇူးကို နားလည် သိတတ်တဲ့ သားကောင်းရတနာ အကျော်အမော်လေး ဖြစ်ပါစေ။
    ဒီချစ်စရာကောင်းတဲ့ မိသားစုလေး ရာသက်ပန် ပျော်ရွှင် ချမ်းမြေ့ပါစေ လို့ အံတီ ဆုတောင်းလိုက်ပါတယ် သားရေ။

    ReplyDelete
  21. ကျေးဇူးအညားကြီးတင်ပါတယ် တီတီတာတာ…

    ကျေးဇူးပါတီတီပေါက်ရေ… နောင်နှစ်ဆို မမချန်းကို သူ့ ဘာသာရွေးခိုင်းကြည့်ပါလားခင်ညား… သားလို ပျော်သွားလိမ့်မယ်…

    ဦးဦးရေ… သားသားအိမ်မှာ နေရို့ ရပါတယ်… ဒါပေမယ့် တီတီနဲ့ လက်ထပ်ပြီးမှ သားသားအတွက် ညီညီရေး ညီမရေး တွေရှိမှ လာနေနော်… ဒါမှ သားသားဆော့ရို့ ရမှာ…

    တီတီကေရေ… မေမေက ၁၈နှစ်ပြည့်ရင် လူကိတ်မုန့် ပူဆာနဲ့ တဲ့…

    ကျေးဇူးပါတီတီကျော့…

    ကျေးဇူးအညားကြီးတင်ပါတယ် တီတီစူး…

    တီတီနုရေ… ဟတ်ပီးဘတ်ဒေးနော်… သားသားနဲ့  မွေးလတူတော့ တီတီနုက အရမ်းချောမှာ သေချာတယ်…

    တီတီပန်ရေ… သားသားအတွက် ညီညီလေး ဘယ်တော့မွေးပေးမှာလဲဂျာ…

    ပေးတဲ့ဆုနဲ့ ပြည့်ပါစေ တီတီမေ…

    ပေးတဲ့ဆုနဲ့ ပြည့်ပါစေ တီတီသက်ဝေ…

    ကျေးဇူးအညားကြီးတင်ပါတယ် အန်တီနှင်း ခင်ညာ…

    တီတီကူးမေမေကလဲ တီတီကူးကို အရမ်းချစ်တယ်နော်… ပေးတဲ့ဆုနဲ့ ပြည့်ပါစေ တီတီကူးရေ…

    ကျေးဇူးပါဦးဦးပေါ…

    သားသားကို မေမေနဲ့ တူတယ်ဆိုလို့  မေမေက ပျော်နေတယ် တီတီသီတာရေ…

    တီတီသိဂီင်္တို့ အိမ်မှာ ပျော်စရာကြီးနော်… ကိုကိုမမတွေ အညားကြီးဆိုတော့ သားသား မြန်မာပြည်ပြန်လာရင် လာလည်ဦးမယ်…

    ပေးတဲ့ဆုနဲ့ ပြည့်ပါစေ တီတီသန့် ရေ…

    ပေးတဲ့ဆုနဲ့ ပြည့်ပါစေ တီတီငြိမ်းရေ…

    ကျေးဇူးအညားကြီးတင်ပါတယ် တီတီမိုးမိုးရေ…

    နောက်ကျပါဘူး တီတီခင်ရဲ့… ကျေးဇူးအညားကြီးတင်ပါတယ်…

    တီတီနှင်းဆီရေ…ကျေးဇူးတွေ အကြီးကြီးတင်ပါတယ်ခင်ညား…

    တီတီချိုသင်းရေ… ဆုတောင်းအရှည်ကြီးအတွက် ကျေးဇူးပါခင်ညာ…ပေးတဲ့ဆုနဲ့ ပြည့်ပါစေ…

    ReplyDelete