Tuesday, June 9, 2009
ဘယ်ကလာသလဲ၊ ဘယ်နယ်ကလဲ
တက်စီပေါ်တက်လိုက်တာနဲ့  ပြောလိုက်တဲ့ အင်္ဂလိပ်စကားလေသံ ကြည့်ပြီး ဘာလူမျိုးလဲဆိုတာ တက်စီမောင်းသူ တော်တော်များများက စိတ်ဝင်စားတတ်ပါတယ်။ နောက်ကြည့်မှန်ထဲကနေ ရုပ်ကို လှမ်းကြည့်ပြီး တချို့ က မလွဲပဲ ကောက်ချက်ချနိုင်သလို တချို့ က သူ့ ဘာသာ ကောက်ချက်အမှား ချပစ်တာမျိုးလဲ ခဏခဏပါ။ ဗီယက်နမ်လား… ဖိလစ်ပိုင်လား… ထိုင်းလား… အင်ဒိုနီးရှားလား… မလေးရှားလား… စုံနေတာပဲ။ တခါတခါ ဘယ်ကနေဘယ်လို မျက်စိလည် လမ်းမှားပြီး မြန်မာရုပ်စစ်စစ်ကြီးကို ဂျပန်လား… ကိုရီးယားလား မေးသေးတာ။ အမျိုးသားပါလာပြီဆို ပိုလို့ တောင် မျက်စိလည်သွားသေးတယ်။ သူက တရုတ်ရုပ် ကိုယ်ကမြန်မာရုပ်ပြောတာက မြန်မာစကား… တချို့ ဓာတ်လှေကားထဲမှာ နှစ်ယောက်စလုံးကို တလှည့်စီကြည့် Question Markတွေ ဖြစ်လို့ ။
စိတ်ကြည်နေရင်တော့ နင်ထင်သလို ငါက အဲဒီလူမျိုး မဟုတ်ဘူး… ငါက ဘယ်နိုင်ငံက… ဘာညာ စကားဖောင်ဖွဲ့ ဖို့  မခဲယဉ်းပေမယ့် စိတ်မကြည်တဲ့အခါတော့ နိုင်ငံအမှားပြောလိုက်ရင်ကို လူက မခံနိုင်တော့ပါဘူး။ ဥပမာ... သားနေမကောင်းလို့  ဆေးခန်းသွားနေတဲ့ အခါမျိုးပေါ့။ ကိုယ်ကလဲ ကိုယ့်နိုင်ငံသူလို့ သာ အထင်ခံချင်သူဆိုတော့ ကိုယ်ကိုယ်တိုင်ကိုက တဆိတ်လွန်ရာတော့ ကျနေတာ ၀န်ခံပါတယ်။ နောက်ပိုင်း အထာနပ်သွားတော့ မေးမယ်ကြံရင် ကိုယ်ကဦးအောင် မြန်မာလို့  ပြောတတ်လာပါပြီ။ ဒါပေမယ့် မလုံလောက်ဘူးလေ။ ပြန်စဉ်းစားကြည့်တော့ ဘယ်သူ့ အမှားမှ မဟုတ်ဘူး။ ကိုယ့်အမှားပဲပေါ့။ လုပ်ဖော်ကိုင်ဖက် အိန္ဒိယသူလေးကျတော့ ဘယ်တော့မှ အမေးမခံရပဲ ကိုယ့်သာတွေ့ လိုက်ရင် အာရှနိုင်ငံတွေ ကုန်အောင် အမေးခံရတာ။ မေးလဲမေးခံရမှာပေါ့ … နေရာတကာ ဘောင်းဘီ တကားကား… စကပ်တကားကားနဲ့ ကိုး။ သူငယ်ချင်း အိန္ဒိယသူလေးက ဘယ်လောက် ၀တ်ရခက်ခက် သူ့ ရိုးရာဝတ်စုံလေးနဲ့  အမြဲချစ်စရာကောင်းနေတာကိုး။ တကယ်ဆို ကိုယ်တို့ ရိုးရာဝတ်စုံက သူတို့ ထက်စာရင် ၀တ်လို့ တောင် ပိုလွယ်သေးတယ်။ ထမီလေးကို ဂျိတ်ကလေးတပ် ချုပ်လိုက်ရင် ကျွတ်ကျမှာလဲ မပူရတော့ဘူးလေ။
မြန်မာရိုးရာ ၀တ်စုံ ၀တ်တာနဲ့  မြန်မာမှန်း သိရောလားလို့  မေးလာရင် ဟုတ်ကဲ့လို့  ဖြေမှာပါ။
ကိုယ်တို့ နိုင်ငံရဲ့ မြင့်မြတ်ဂုဏ်ယူရတဲ့ နိုဘယ်ဆုရှင် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကို ကမ္ဘာက သိကြတာမို့  ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် ရိုးရာဝတ်စုံလေးသာ တမြတ်တနိုးဝတ်တတ်တဲ့ သူ့ ကြောင့်ပဲ မြန်မာရိုးရာဝတ်စုံလေးကိုလဲ ကမ္ဘာက ပိုသိခဲ့တာပါ။ ကိုယ်ဘွဲ့ ယူတော့ မြန်မာဝတ်စုံဝတ်… ဆံထုံးထုံး… ပန်းတွေဝေနေအောင် ပန်တာကို ကြည့်ပြီး အောင်ဆန်းစုကြည်တို့ နိုင်ငံကလို့  တန်းကနဲ ပြောနိုင်ကြတာ တွေ့ ခဲ့ဘူးပါတယ်။
အရင်အလုပ်မှာတုန်းက သူငယ်ချင်းတွေက နင်တို့ နိုင်ငံက ရုပ်ရှင်မင်းသမီးတွေ ကြည့်ချင်လို့  ပြစမ်းပါလို့  ဆိုတော့ အင်တာနက်ပေါ်မှာ တွေ့ တဲ့ မင်းသမီးတွေရဲ့ website တွေကို ၀မ်းသာအားရ ပြခဲ့ဖူးပါတယ်။ မလှဘူးလား… မချောဘူးလားဆိုတော့ လှပါတယ်… ချောပါတယ်… ဒါပေမယ့် နင်တို့ ရိုးရာဝတ်စုံနဲ့ လဲ မဟုတ်ဘူးနော်…အားလုံးက အနောက်တိုင်း ၀တ်စုံတွေနဲ့ လို့  မှတ်ချက်ချမှ ကိုယ့်မှာ မြန်မာဝတ်စုံနဲ့  မင်းသမီးပုံကို အသဲအသန် လိုက်ရှာပြရပါတယ်။ ဒီတော့မှ သူတို့ က ကျေနပ်သွားတဲ့ပုံနဲ့  ဒီပုံလေးတွေမှ လှတာတဲ့။ သူတို့  အဲဒီလို ပြောတော့ ဘောင်းဘီ စကတ်သာ ၀တ်တဲ့ ကိုယ့်ကိုယ်ကိုပါ မလုံမလဲ ဖြစ်ခဲ့မိပါတယ်။
တကယ်တော့ ဒီမှာဆိုပြီး ကိုယ်ကိုယ်တိုင်က လမ်းလွယ်လိုက်မိနေတာပါ။ မြန်မာပြည် ပြန်ရောက်ရင်တော့ ကိုယ်သံယောဇဉ်ကြီးတဲ့ မြန်မာဝတ်စုံလေးတွေ တမြတ်တနိုး ပြန်ဝတ်တတ်ပါတယ်။ ခုနောက်ပိုင်း မြန်မာပြည်ထဲမှာကို မြန်မာဝတ်စုံ ၀တ်တဲ့ လူငယ်တွေ ရှားပါးလာတာ တွေ့ ရတော့ အတော်စိတ်မကောင်းဖြစ်မိပါတယ်။ ခေတ်ရေစီးကြောင်းနဲ့ အညီ လိုက်ပါတာ အပြစ်မဆိုသာပေမယ့် ရိုးရာဝတ်စုံလေးကိုတော့ မပျောက်ပျက်စေချင်တာပါ။ အနည်းဆုံး ဘုန်းကြီးကျောင်းလေးတော့ ၀တ်သင့်တယ်မိုလား။
ဟိုတလောက ဒီက မြန်မာဆိုင်တဆိုင်မှာ ဒီမှာ ထုတ်တဲ့ ပြက္ခဒိန်တခု တွေ့ ခဲ့ပါတယ်။ ပထမတော့ အနောက်တိုင်း မင်းသမီးတွေ အထင်နဲ့  ကြည့်နေမိရာက မြန်မာမင်းသမီးတွေ လျှပ်ပေါ်လောလီ မပေါ့တပေါ်နဲ့  ၀တ်ထားတာတွေတွေ့ တော့ သက်ပြင်းချမိပါတယ်။ ဒီက ထုတ်တဲ့ မြန်မာမဂ္ဂဇင်း မျက်နှာဖုံးက ချစ်စရာကောင်မလေးတွေ မြန်မာဝတ်စုံလေးနဲ့ ဆို ပိုလို့ ကျက်သရေရှိမလားလို့  ထင်မိပါတယ်။ ခုနောက်ပိုင်း ဘုန်းကြီးကျောင်း… ဘုန်းကြီးဆွမ်းကျွေး အလှူတွေကို မြန်မာဝတ်စုံကိုသာ ၀တ်ဖြစ်အောင် ကြိုးစားပါတယ်။ နေ့ တိုင်း ၀တ်ဖြစ်တဲ့အထိ ကြိုးစားမယ်လို့  မှန်းထားပါတယ် (နောက်ဆို လမ်းမှာတွေ့ တာနဲ့  တန်ခူး ဘယ်သူလဲ ဆိုတာ သိတော့မယ် ထင်ပါ့)။ ဘာအ၀တ်အစား ၀တ်ဝတ် စိတ်က အရေးကြီးဆုံးဆိုတာ မှန်ပေမယ့် မြန်မာကမွေး မြန်မာသွေး မြန်မာစစ်စစ်ကလေးတွေ မြန်မာရိုးရာဝတ်စုံကို သိဖို့ … မြတ်နိုးဖို့ နဲ့ … ဆက်လက်ထိန်းသိမ်းသွားဖို့ ကလဲ အရေးကြီးတယ်လို့  ထင်မိလို့  ဒီပို့ စ်လေးကို ဖန်တီးမိခြင်းပါ။ အမှားပါရင် ခွင့်လွှတ်ပါ။
တန်ခူး
3:25pm 9-Jun-2009
30 comments:
  1. အခါကြီး ရက်ကြီးတွေရယ် ဘုန်းကြီးကျောင်းသွားရင် ပုဆိုးဝတ်ပါတယ်။ အဲ့ဒီရက် အလုပ်ဆင်းရလည်း ပုဆိုးနဲ့ပဲနေဖြစ်တယ်။ အလုပ်က ရုံးတွင်းဖြစ်တာမို့လည်းပါ ပါတယ်။ ပုဆိုးဝတ်ရင် နိုင်ငံခြားသား ကြည့်တာထက် ကိုယ့်နိုင်ငံသားတွေက တအံ့တသြကြည့်တာ မြင်ရတယ်။ ထူးဆန်းလွန်းလို့ထင်ပါရဲ့နော်။ တစ်ခေါက်ပြန်သွားတုန်းက ဘုန်းကြီးကျောင်း ဆုံဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက်က ကျနော့ အလုပ်ထဲက တပည့်လေးတွေကို ပြန်ပြောထားတယ် မင်းဆရာတော့ ဟိုမှာ ဂွတိုက်နေပြီတဲ့။ နောက်ထပ်တစ်ယောက်ကလည်းပြောပါတယ် ကျနော်ပုဆိုးဝတ်ရင် သူရှက်တယ်တဲ့။ လူတွေဝိုင်းကြည့်လို့ဆိုပဲ။ ကျနော်မဟုတ်တာလုပ်တာမှ မဟုတ်ပဲ ဘာရှက်စရာရှိလည်းဆိုတော့ ကာလံဒေသံ ဆိုပြီး ဆုံးမသံထွက်လာပါရောလား။ ကျနော်လည်း လူထူးလူဆန်း ဂွကျကျ ဖြစ်နေပြီလားမသိဘူးခင်ဗျ။ ကိုယ်ခံစားရတာလေးပဲပြောပြီး ပြန်သွားပါပြီ
    ReplyDelete
  2. မေ့သွားလို့ အခုတစ်ခေါက်ပြန်လာတော့ ပုဆိုးတွေသယ်လာပါတယ် :P
    ReplyDelete
  3. ဘုန်းကြီးကျောင်းသွားရင် ထမိန်ဝတ်ပါတယ်။ ရန်ကုန်ပြန်ရင်လည်း အလွမ်းပြေ ထမိန်ပဲဝတ်ဖို့ စဉ်းစားထားပါတယ်။ ဒီမှာနေ့တိုင်း ၀တ်ဖြစ်ဖို့တော့ မစဉ်းစားဖူပါဘူး မမတန်ခူးရှင့်
    ReplyDelete
  4. မ-ရေ ..
    မေလည်း ဒီကိုလာတော့ သနပ်ခါးတုံးနဲ့ ကျောက်ပျဉ်၊ ပင်နီအင်္ကျီနဲ့ မြန်မာဝတ်စုံတွေ၊ ကတ္တီပါခြေညှပ်ဖိနပ် အဲဒါတွေ ယူလာခဲ့တယ်။ ဘုန်းကြီးကျောင်းသွားရင် များသောအားဖြင့် မြန်မာအ၀တ်အစား ၀တ်ဖြစ်တယ်။ တလောက ကဆုန်လပြည့် ဘုန်းကြီးကျောင်းမှာ ပွဲလုပ်တော့ သနပ်ခါးလိမ်းသွားတာ တွေ့တဲ့ နိုင်ငံခြားသား တယောက်က နင့်မျက်နှာမှာ တခုခုပေနေတာလား တဲ့။ :D မေးခံရတယ်။
    မေနဲ့ သိတဲ့ ဆရာဝန်အန်တီတယောက်ကတော့ လေးစားဖို့ ကောင်းတယ်။ သူ့အလုပ်ထဲမှာလဲ မြန်မာလိုပဲ ၀တ်တယ်။ ဘယ်သွားသွား မြန်မာလိုပဲ ၀တ်တယ်။ ထမင်းစားရင်တောင် လက်နဲ့စားတာ။
    အမေရိကားက ဦးလေးတယောက်ကတော့ ပုဆိုးကြီးဝတ်ပြီး လမ်းထွက်တာ သူ့ကို စကပ်ကြီးနဲ့ လူကြီးလို့ ကလေးတွေက ၀ိုင်းနောက်တယ်တဲ့။ ဒါပေမဲ့ သူက ခပ်တည်တည်နဲ့ ၀တ်နေတုန်းပါပဲ။
    မြန်မာက မြန်မာလို ၀တ်တာ ရှက်စရာမဟုတ်ပါဘူး နော် ... ။
    ReplyDelete
  5. မတန်ခူးရေ...
    အမလည်း အဲဒါကို ခဏခဏ စဉ်းစားတယ်..။ နိုင်ငံခြားရောက်ရင် ဘာကြောင့် ဗမာလို မ၀တ်ရတော့သလဲပေါ့..။ ရာသီဥတုကြောင့်လားး အထူးအဆန်းလို အကြည့်ခံရမှာစိုးလို့လား.. ဒါမှမဟုတ် ကိုယ်နေတဲ့တိုင်းပြည်နဲ့ သဟဇာတဖြစ်အောင်လား.. တခုခုပေါ့။ အမ ထိုင်းမှာတုန်းကတော့ ဗမာလိုဝတ်ရင် ရဲအဖမ်းခံရမှာစိုးလို့ ထမီမ၀တ်ရဘူး။ နောက် ရာသီဥတုအေးလွန်းလို့။ ခုတော့ နေပူချိန်ဆို ထမီဝတ်လို့ ရပြီ။ တော်တော် စိတ်ချမ်းသာတယ်။ မတန်ခူးပြောသလို သွားရလာရကောင်းအောင် စကတ်ထမီလေး လုပ်ထားလိုက်တာပေါ့။ ဒါမဲ့ လှည့်လို့ ပြုလို့ရတဲ့ ကွင်းထမီတော့ ပိုကြိုက် သတော့..။ :)
    ReplyDelete
  6. ကျနော့်သူငယ်ချင်းတယောက် (တန်ခူးနဲ့လည်း သိတယ်)တော့ ဘုန်းကြီးကျောင်းပွဲကို အသွားမှာ တိုက်ပုံနဲ့ ပုဆိုး ၀တ်သွားလိုက်တာ ကားမှတ်တိုင်မှာ ကားစောင့်တော့ ဘတ်စ်ကားဆရာက ရပ်ပေးမလို့ လုပ်ပြီးမှ သူ့ကို ကြည့်ပြီး ကြောက်တဲ့ပုံနဲ့ ရပ်မပေးဘဲ မောင်းပြေးသွားတယ်ဆိုပဲ။
    ကျနော်ကတော့ မြန်မာ့ယဉ်ကျေးမှုကို ထိန်းချင်ရင် မင်္ဂလာပွဲ၊ အလှူပွဲလောက်ပဲ ပုဆိုးထမီ ၀တ်သင့်တယ်ထင်တာပဲ။ ကျန်တဲ့နေရာမှာတော့ ဘောင်းဘီရှည်က ပိုအဆင်ပြေသလို လုံလုံလဲလဲ ရှိတယ်။
    မလေးရှားမှာတုန်းက ကျနော့်ဘော့စ်က ပြောတယ်။ တိုးရစ်တွေ ခရီးသွားတဲ့ ဘတ်စ်ကားပေါ်ကနေ အောက်ကို လှမ်းကြည့်လိုက်ရင် ဗမာတွေ ပုဆိုးပြင်ဝတ်နေတာကို အတိုင်းသားမြင်ရတယ်တဲ့။ သူက ပုဆိုးကို မ၀တ်ခင် ဖြန့်ပြီး ခါလိုက်ပုံကိုပါ ဟန်ပန်အမူအယာနဲ့ လုပ်ပြပြီး “ဘာလဲ…. အဲဒါက လေ၀င်လေထွက်ကောင်းအောင် ခါတာလား” လို့ ရယ်ကျဲကျဲနဲ့ မေးတယ်။ ပြီးတော့ ကားပေါ်ကနေ ငုံ့ကြည့်လိုက်ရင် တိုးလျိုပေါက် ခြေမအထိ မြင်ရသတဲ့။
    နောက်ပြီး….. အမြန်ကားတွေကို နောက်ကနေတွယ်စီးရင် ပုဆိုးက ကျွတ်ကျ။ လက်ကလည်း မအား။ အောက်မှာကလည်း အခုအခံမပါ။ မနေသာတဲ့ ထိုင်ခုံက အမျိုးသမီးက လက်နဲ့ မျက်နှာလွှဲထားရရင်း စုကိုင်ပေးထားရတဲ့ အဖြစ်အပျက်တွေကလည်း မနည်း။
    ကျနော့်သဘောကတော့ အခု တသက်လုံးဝတ်လာတဲ့ ပုဆိုးကို မနှစ်သက်ဘူး။ အိမ်မှာနေရင်းလောက်ပဲ ၀တ်တယ်။ နောက်ဒေါက်တာသန်းထွန်းပြောတာ မြန်မာတွေက အရင်က ဘောင်းဘီဝတ်တာတဲ့။ ပုဆိုးဆိုတာ ဘင်္ဂလားဒေ့ရှ်တို့ အိန္ဒိယတို့ဆီက နောက်မှ ရောက်လာတာတဲ့။ ဆိုလိုတာက ယဉ်ကျေးမှုဆိုတာ တရားသေကြီး ဆုပ်ကိုင်ထားလို့ မရတဲ့ အရာဆိုတာကို ပြောပြတာပါ။ တရားသေဆုပ်ထားရင်လည်း ကျနော်တို့ အခုဆိုရင် ပုဂံခေတ်က အ၀တ်အစားကိုသာ အယဉ်ကျေးဆုံး၊ မြန်မာ့ယဉ်ကျေးမှုနဲ့ အညီဆုံးလို့ ပြောရမလိုဖြစ်နေပြီ။ အမှန်က ယဉ်ကျေးမှုဆိုတဲ့ သဘောသဘာဝကိုယ်၌က ပြောင်းလဲတတ်တဲ့သဘောရှိတယ်။ ပြောင်းလဲမှလည်း တိုးတက်တယ်။ သည်လိုသာ မပြောင်းလဲခဲ့ရင် လူတိုင်းဟာ ကမ္ဘာဦးဝတ်စုံလေးတွေနဲ့ ပနာစားနေတော့မှာပေါ့။
    တန်ခူးပို့စ်ထဲမှာ မြန်မာဆိုပြီး ဂုဏ်ယူတဲ့တနေရာပါတယ်။ ကျနော့်သဘောပြောရရင်တော့ ကိုယ့်တိုင်းပြည်က အဲသည်လို ထူးချွန်နေတာ၊ သူများထက် ထက်မြက်နေတာလေးတွေကို ပိုပြီး ဂုဏ်ယူချင်ပါတယ်။
    ReplyDelete
  7. ဟိုနားဒီနားဈေးဝယ်သွား၊ ဘုန်းကြီးကျောင်း သွားတာလောက်တော့ ထမီနဲ့ ပဲသွားဖြစ်တယ်၊ သနပ်ခါးတွေလည်း မဖျက်ပဲနဲ့လေ...။
    ကလင်မန်တီမှာ ညဖက်လက်ဖက်ရည်ဆင်းသောက်ဖြစ်ရင် ဟော့ကာစင်တာက ဘွားတော်က ပါးကွက်ကိုကြည့်ပြီး
    နင့်ကိုလန့်လန့်သွားတယ်လို့ အမြဲပြောလေ့ရှိတယ်...။
    ReplyDelete
  8. အမရေ ဖတ်ရတာ ကြည်နူးလိုက်တာ
    ဒီမှာလဲ ဘယ်လောက်အေးအေး ထဘီအောက်က အသားကပ်ဘောင်းဘီခံပြီး ဝတ်တဲ့အမကြီးတစ်ယောက်တွေ့ဖူးတယ် သူများထဲမှာ သူကပေါ်ပြီး unique ကလေးတောင်ဖြစ်နေသေးတယ်
    မွန်လဲတခါတလေအိမ်မှာ ထမီနဲ့နေဖြစ်ပေမယ့် အပြင်သွားရင်ဝတ်ဖို့ဝန်လေးနေခဲ့တာ ဒီနွေရာသီ ထမီဝတ်မှပဲ
    ReplyDelete
  9. ထမိန်ဆိုလို့ ပြောရအုံးမယ်။ ရန်ကုန်ပြန်ရင် ကြုံရတာလေးတွေ။ ကျမက ကွင်းထမိန် တကားကားနဲ့ 
    လျှောက်သွားနေ၊ အမျိုးသားကဘေးနားမှာပါလာ၊
    အမေးခံရပုံများ... အစ်မက သူ့ အိမ်မှာ အလုပ်လုပ်တာလားတဲ့။
    ထမိန်ဝတ်၊ယင်းမာ ဘိနပ်စီးပြီး ဒဂုံစင်တာမှာ ဘိနပ်
    သွားဝယ်တော့ ခြေဆုံးခေါင်းဆုံးကြည့်ပြီး ဘိနပ်က ဘယ်လောက်တန်တယ် ဆိုပြီး ပေးတောင်ဝတ်မ ကြည့်ခိုင်းဘူး။
    ရန်ကုန်မှာ ကျမက ပတ်ထမိန်ဆိုမ၀တ်တတ်ဘူးဆိုတဲ့
    သူမျိုးလည်း တွေ့ ဘူးတယ်။
    ဘာပဲဖြစ်ဖြစ် မြန်မာ မိန်းကလေး မြန်မာလိုဝတ်ရင်
    သိပ်ကိုကျက်သရေရှိပါတယ်။
    ReplyDelete
  10. မမရေ..ကျတော်တို့ ကို မြန်မာလား. ဖိလစ်ပိုင်လား..မကွဲပေမဲ့ သူတို့ကို မြန်မာလို့ ပြောလိုက်ရင် မပီကလာ ပီကလာ သူတို့ စလုံးတရုတ်လေသံနဲ့ အောင်ဆန်းစုကြည် အောင်ဆန်းစုကြည် ဆိုပီးပြောတက်ကြတယ်နော်..။
    ReplyDelete
  11. မြန်မာပြန်တိုင်း ချည်ထည်ထမီတွေ သယ်ဖြစ်တယ်..
    ပြန်တိုင်းဝတ်တတ်တဲ့ ထမီလေးတစ်ထည်ရှိတယ်..
    ငှက်ခါးရောင် ချည်ထည်ချိတ်ထမီလေး
    ပေါက်..နင်တခါလာလဲဒီထမီ..
    နှစ်ခါလာလဲဒီထမီတဲ့...ဟီးး
    ဒီမှာတော့ မ၀တ်ဖူးသေးဘူး..
    ဒီနွေမှာ ၀တ်မယ်လို့တော့ ကြိမ်းဝါးထားတယ်..
    ချိတ်ထမီအပြင်..တရုတ်အပွင့်သေးသေးလေးတွေလဲ
    ကြိုက်တယ်..
    ReplyDelete
  12. အပြင်သွားရင်တော့ မဝတ်ဖြစ်ပါဘူး။ အိမ်မှာနေရင် ဝတ်တယ်။ အိမ်နားက ဆိုင်တွေမှာ ဝယ်စရာရှိတာမျိုး လက်ဖက်ရည်ဆိုင် ထိုင်တာမျိုးဆိုလည်း ပုဆိုးဝတ်ထားလက်စဆိုရင် ဆက်ဝတ်သွားတာပဲ။ အိမ်က သူငယ်ချင်းတွေက လဲခဲ့ပါတဲ့။ မလဲနိုင်ပါဘူး။ ဗမာ..ပုဆိုးဝတ်တာ ဘာဖြစ်လဲ။ ဘောင်းဘီဝတ်ရတာ အလုပ်ရှုပ်သက်သာပေမယ့် ပုဆိုးတစ်ထည်ရဲ့ လွတ်လပ်ပေါ့ပါးမှုကို ဘောင်းဘီတစ်ထည်က ယှဉ်နိုင်မှာတဲ့လား။ သူ့နေရာနဲ့ သူ၊ သူ့အသုံးဝင်မှုနဲ့ သူပါပဲ။ အိမ်နားက ဝယ်နေကျ ဖောက်သည်ဆိုင်တွေ (သစ်သီး၊ ပန်း၊ စားသောက်ကုန်)ကတော့ ကျွတ်ကျွတ်အိတ်ယူလေ့မရှိတဲ့ ပုဆိုးနဲ့ မြန်မာကောင်လေးတစ်ယောက်ကို ကောင်းကောင်းမှတ်မိနေကြပါပြီ။
    ReplyDelete
  13. အားလုံးကိုဖတ်ပြီးမှတ်သွားတယ်။
    ReplyDelete
  14. မြန်မာမလေးတွေ ရင်ဖုံး၊ ထမိန် ၀တ်ထားရင် သိပ်ကျက်သရေရှိတာ အမှန်ပဲ။ ကိုယ်တိုင်တော့ ကိုယ်တန်ဖိုးထားတဲ့ ပွဲလမ်းတွေမှပဲ ၀တ်ဖြစ်ပါတယ်။ ကိုယ့်အကြောင်းနဲ့ ကိုယ်မို့ မမရေ။ လူက ၀ တော့ ၀တ်ရတာ သက်တောင့်သက်သာ မဖြစ်လို့ပါ။ စိတ်ထဲကတော့ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းလျက်ပါ။
    အမ အမြဲဝတ်ဖို့ ကြိုးစားနေတယ်ဆိုတော့ ချီးကျူးပါတယ်၊ ဒေါ်စုလဲ သူအောက်စဖို့ဒ်နေ့တွေမှာ ထမိန်လေး ၀တ်ပြီး ကျောင်းတက်တယ် ဆိုတာ ကြားဖူးတယ်။ သိပ်ချစ်စရာကောင်းမှာပဲ။
    ReplyDelete
  15. မြန်မာဝတ်စုံက အရမ်းလှပါတယ်။ ချုပ်ခကလည်း အရမ်းဈေးကြီးနေပြီ မတန်ခူးရေ။ ပွဲတက်ရင်တော့ မြန်မာလို ၀တ်ဖြစ်တာ များတယ်။
    ReplyDelete
  16. I agree ko paw. If u work in cleaning room how to wear salon. I also dont like. but i didnt wear sleeve less, short skirt. I also hate alot of people wear longi and pasoe. Very urgly to see that. I love my country.I support daw aung san su kyi. I dont change citizen. But i dont like myanmar uniform. Not confortable to wear. if u wear yin phone and longi how to work construction site. how to climb high place. how to go for onbord. not necessary to wear. I agree to wear buddist temple.
    ReplyDelete
  17. I think, everyone can choose their life style.
    I think Myanmar traditional dress is confortable in some places.
    We can choose which dress is better to place. This is fair.
    when I was in Myanmar, I worked with Japan and they wore Myanmar traditional dress everyday. So, all of us,Myanmar who worked in that office、 love to see them.
    Wow! it's our dress.
    It means, we can wear if place is needed to wear Myanmar dress.
    For me, my face is not look like Myanmar, so I am afraid to wear Myanmar dress even I was in Myanmar.But, I love to see some Myanmar wore that dress. So, sometime, I try to wear...
    in here, I try to wear in some place.
    ReplyDelete
  18. ဘာအ၀တ်အစား ၀တ်ဝတ် စိတ်က အရေးကြီးဆုံးဆိုတာ မှန်ပေမယ့် မြန်မာကမွေး မြန်မာသွေး မြန်မာစစ်စစ်ကလေးတွေ မြန်မာရိုးရာဝတ်စုံကို သိဖို့ … မြတ်နိုးဖို့ နဲ့ … ဆက်လက်ထိန်းသိမ်းသွားဖို့ ကလဲ အရေးကြီးတယ်
    အပြည့်အ၀ ထောက်ခံပါတယ်ဗျာ။
    ကျနော်လည်း လည်ကတုံးအင်္ကျီ၊ ပုဆိုး နဲ့ ကတ္တီပါဖိနပ် စီးရတာ ဂုဏ်ယူတယ်။
    ReplyDelete
  19. i agree with nga paw in this post..
    if we really love our real traditional dress, we should love the pagan era royal dress.. or we should live half naked same as ordinary ppl in those times .. its how burmese dressed 1000 years ago.
    don't forget that people in poor counties also wear similar dress as what we wear..
    yes.. u can argue that ours is unique.. but its only for the argument sake. basically its the same..
    ReplyDelete
  20. တန်ခူးရေ ဒီမှာ Racial Harmony Day ဆိုရင် သူ့နိုင်ငံနေ လူမျိုးတွေ တဦးကို တဦး ပိုမိုနားလည် ရင်းနှီးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတာကို သိသိကြီးနဲ့ပဲ ခပ်တည်တည်နဲ့ အမကတော့ သားတို့ကို မြန်မာဝတ်စုံဝတ်ပေးပြီး ကျောင်းလွှတ်လိုက်တာပဲ...
    ReplyDelete
  21. ဒီပိုစ့်ကို လာဖတ်တာ အခေါက်ခေါက်ရှိပါပြီ... မှတ်ချက်ကို ဘယ်လို ရေးရရင်ကောင်းမလဲ စဉ်းစားနေတာနဲ့ အချိန်တွေကြာသွားတယ်...။
    မြန်မာဝတ်စုံကို သူများတွေ ဝတ်ထားရင် အလွန်နှစ်သက်ပါတယ်။ ကိုယ်တိုင်ကတော့ ငယ်ငယ်ထဲက ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်ရှိတဲ့ ရှပ်အင်္ကျီတွေ တီရှပ်တွေ ဝတ်နေကျမို့ မြန်မာဝတ်စုံကို သေသေချာချာ မဝတ်ဖြစ်ခဲ့ဘူး။ ဒီတော့ ဝတ်လိုက်ရင် ကိုယ်နဲ့ မလိုက်ဖက်သလိုကြီး ခံစားရပြီး တဖြည်းဖြည်းနဲ့ ပိုဝေးသွားခဲ့တယ်ပေါ့။ တန်ခူးက အခုလိုလေးပြောတော့ တကယ်ကိုပဲ ဝတ်ချင်စိတ် ဖြစ်သွားပါတယ်။ လိုအပ်တဲ့အခါမှာ ဝတ်လို့ရအောင် အိမ်ကို လှမ်းမှာမလို့ စဉ်းစားနေတယ်...။
    ကျေးဇူးနော် တန်ခူး...။
    ကိုယ့်ကိုတော့ အနီးပါတ်ဝန်းကျင်က တွေ့တဲ့သူတွေက တရုပ်လိုတွေချည်း လာလာပြောနေကြတာမို့ ငါ တရုပ် မဟုတ်ပါဘူး၊ မြန်မာပါ လို့ ရှင်းပြတာတောင် ဒင်းတို့က သိပ်မယုံချင်ကြဘူး... ဒွတ်ခ.. ဒွတ်ခ..။
    စကားမစပ် ပိုစ့်နဲ့မဆိုင်တာ တခုလောက် ပြောပါရစေ။
    စင်စင်က Clementi မှာနေတာလား...
    လဖက်ရည်က ဘယ်နေ့တွေမှာ ဘယ်ဆိုင်မှာ သောက်တာလဲ သိပါရစေ။ လာသောက်ချင်လို့... အဲလေ.. လာတိုက်ချင်လို့ပါ...။
    ReplyDelete
  22. " မန်မာကမွေး မြန်မာသွေး မြန်မာစစ်စစ်ကလေးတွေ
    မြန်မာရိုးရာဝတ်စုံကို သိဖို့ …
    မြတ်နိုးဖို့ နဲ့ …
    ဆက်လက်ထိန်းသိမ်းသွားဖို့ ကလဲ အရေးကြီးတယ်.."
    If U don't care your culture and custom, Who care for your generation..?
    Your generation will be Rubbish...in Other country and their future...
    Careful...!
    ReplyDelete
  23. ရွာသားလေးရေ… ကိုယ့်ရိုးရာဝတ်စုံ ကိုယ်မြတ်နိုးလို့ ဝတ်တာ ရှက်စရာမှ မဟုတ်ပဲ… ဆက်သာဝတ်… အားပေးတယ်…
    ညီမနွေးရေ… ဘုန်းကြီးကျောင်းသွားရင် ထမီလေးဝတ်သွားတာ အရမ်းကောင်းပါတယ်ညီမရေ… မြန်မာပြည်ထဲမှာ ထမီတကွင်းတောင် မရှိတဲ့ လူငယ်လေးတွေ အတော်များနေပြီညီမရဲ့…
    မေရေ… ဟုတ်ပါတယ်… မြန်မာက မြန်မာလို ၀တ်တာ ရှက်စရာမှ မဟုတ်တာပဲလေ… သနပ်ခါးလေးနဲ့ မြန်မာဝတ်စုံလေးနဲ့ မြန်မာမလေးမေက ချစ်စရာလေးပါ… အမလဲ သနပ်ခါးနေ့ တိုင်းလိမ်းဖြစ်တယ်… ခပ်ပါးပါးပေါ့… ပင်နီလေးက သေးသွားလို့  အသစ်ထပ်ချူပ်ရဦးမယ်လေ…
    မြန်မာဝတ်စုံလေးနဲ့ အရမ်းလှတယ်လို့  နာမည်ကြီးတဲ့ ဆရာမ မမကို မြန်မာဝတ်စုံလေးနဲ့  မြင်ဖူးချင်သား… မ ရေ… ချိတ်တပ်ထမီက ပြေးရလွှားရစိတ်ချရပေမယ့် ကျွန်မလဲ ကွင်းထမီလေးကို ပိုအားရတယ် မ ရဲ့…
    ကိုပေါရေ… ယဉ်ကျေးမှုဆိုတာ တရားသေဆုပ်ကိုင်ထားလို့ မရလို့ သာ ကျွန်မတို့ လဲ ပုဂံဝတ်စုံကတဆင့် ခုရိုးရာဝတ်စုံကို အဆင့်ဆင့်ပြောင်းလာတာပဲမိုလား… နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ နိုင်ငံအလိုက် ရိုးရာဝတ်စုံတွေ ယနေ့ ထက်ထိ တည်မြဲနေသေးတာပဲ… တိုးတက်ပြောင်းလဲနေတဲ့ခေတ်ကြီးဖြစ်ပေမယ့် ကိုယ့်တိုင်းပြည် ကိုယ့်ယဉ်ကျေးမှုတော့ ထိန်းသိမ်းထားကြတာပဲလေ… ကိုပေါရဲ့ ပုဆိုးဥပမာတွေလို ချို့ ယွင်းချက်ဘက်က လှည့်ပြောရရင် ဘောင်းဘီဝတ်ခြင်းမှာလဲ အဲဒီလို မတော်တဆဥပမာတွေရှိတာပဲလေ… မျိုးဆက်သစ်လေးတွေကြားမှာ ကိုယ့်ရိုးရာယဉ်ကျေးမှုဝတ်စုံလေး ပျောက်ပျက်သွားမှာစိုးလို့  ဒီပို့ စ်လေးကို ဖန်တီးတာပါ… ကျွန်မအရင်က ဘာသာစကားနဲ့ ပို့ စ်နဲ့  ရည်ရွယ်ချက်ခြင်းတူတူပါပဲ…
    ဒီကရှေ့ လျှောက် clementi ရောက်ရင် သနပ်ခါးပါးကွက်လေးနဲ့  ထမီလေးနဲ့ ကောင်မလေး တယောက်ကို လိုက်ရှာဦးမှပဲ… တွေ့ ရင်ထွက်မပြေးကြေး စင်စင်ရေ…
    ဒီနွေမှာ ထမီလေးနဲ့  လှနေမယ့် တို့ ညီမမွန့် ကို မြင်ယောင်ကြည်နူးလိုက်တယ်…
    ReplyDelete
  24. ညီမရှင်လေးရေ… အမလဲ ညီမလို အဖြစ်အပျက်မျိုးခင်ဆင်ဆင် ကြုံဖူးတယ်… ၀တ်လာတာက ထမီကြီးနဲ့ ညှပ်ဖိနပ်နဲ့  ခပ်အောက်အောက်ဆိုပြီး တချို့ က ဈေးမေးတာတောင် အင်တင်တင်… ညီမပြောသလို ထမီဘယ်လို ၀တ်ရမှန်းမသိသူတွေ အတော်များနေပြီ…
    ဟုတ်ပါ့ကိုပုလုကွေးရေ… မြန်မာပြည်နဲ့ အမေစုကို သူတို့ က အမြဲတွဲမြင်တာ… ကြည်နူးစရာပါ.. ပျောက်နေတယ်နော်…မတွေ့ တာကြာပြီ…
    ပေါက်ရေ… အမတို့  ပထမနှစ်၊ ဒုတိယနှစ်က တရုတ်ပိတ်အပွင့်နုတ်လေးတွေ ခေတ်စားတယ်… ခုနောက်တကျော့ခေတ်စားနေပြန်ပြီ… ပြန်တုန်းက ချစ်လို့ တကွင်းဝယ်လာသေးတယ်…
    ကျွတ်ကျွတ်အိတ်ယူလေ့မရှိတဲ့ ပုဆိုးနဲ့ မြန်မာကောင်လေးတစ်ယောက်က bukit batok မှာမိုလား… ဒီတခါဆို ကိုတောင်ငူရေလို့  ရမ်းခေါ်ကြည့်ဦးမှ…
    မမရေ…. ခြေရာလေးအတွက် ကျေးဇူးပါ…
    ချိုသင်းရေ… ဘ၀တူတွေမို့  ကိုယ်ချင်းစာပါတယ် ညီမရယ်… အမလဲ ခုဆို ထမီချူပ်ဖို့ ဆို ပေါ့ပေါ့ပါးပါး အသားလေးတွေ ရွေးချူပ်ရတယ်… အမေစုကတော့ ဒီနေ့ ထက်ထိ သွယ်လျလျနဲ့  မြန်မာဝတ်စုံလေးနဲ့  ကျက်သရေရှိလှပနေဆဲပါ…
    ညီမမီယာရေ… ချူပ်ခတွေ အတော်ဈေးကြီးနေပြီလား… အမက အိမ်နားက သိပ်နာမည်မကြီးတဲ့ ဆိုင်မှာအပ်တော့ သတိမထားမိဘူး…
    Anonymousရေ… ဘုန်းကြီးကျောင်းကို မြန်မာဝတ်စုံလေးနဲ့ သွားသင့်တယ်ဆိုတဲ့ အယူအဆလေးကို လက်ခံတယ်ဆိုရင်ပဲ ၀မ်းသာလှပါပြီ… ကျွန်မပို့ စ်ထဲမှာ မြန်မာလို ၀တ်ပြမှ မြန်မာပြည်ကို ချစ်တယ်လို့  သဘောပေါက်လွဲအောင် ရေးမထားတာ သတိထားမိမယ်လို့  မျှော်လင့်ပါတယ်…
    Anonymousရေ… မြန်မာဝတ်စုံလေး ကြိုးစားဝတ်မယ်ဆိုတဲ့ မြတ်နိုးမှုလေးကို ကော်မန့် ထဲမှာ တွေ့ လိုက်ရလို့  ၀မ်းသာမိတယ်…
    မြန်မာဝတ်စုံဝတ်ရတာ ဂုဏ်ယူတတ်တဲ့ ကိုမိုးကုတ်သားကို လေးစားပါတယ်…
    Anonymousရေ… ကိုပေါအယူအဆကို လက်ခံတယ်ဆိုရင် ကျွန်မတို့  ရိုးရာဝတ်စုံက ပုဂံဝတ်စုံကနေ အဆင့်ဆင့်ပြောင်းလဲလာတာကို သဘောပေါက်ပြီးသားဖြစ်မှာပါနော်… ပုဆိုး၊ထမီ ၀တ်ခြင်းဟာ နိုင်ငံတခုချင်းဆီရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ သာဆိုင်ပြီး ဆင်းရဲချမ်းသာတာနဲ့  မဆိုင်ဘူးလို့  ကျွန်မထင်ပါတယ်…
    မ ရေ… ကောင်းလိုက်တာ… သားကလဲ သူ့ ကို ဘာလူမျိုးလဲ မေးရင် မြန်မာတဲ့… မြန်မာ တိုက်ပုံသေးသေးလေးနဲ့  ပုဆိုးသေးသေးလေး ၀တ်ချင်လို့ တဲ့ မ ရေ… ၀ယ်ပေးရဦးမယ်…
    သက်ဝေကို မြန်မာဝတ်စုံနဲ့  မလိုက်ဘူးလို့  ဘယ်သူပြောသလဲ… မင်္ဂလာဆောင်ပုံလေးတွေ့ ဖူးပါတယ်… အရမ်းကို လှတာ… သက်ဝေက အရပ်မြင့်မြင့်လေးဆိုတော့ ပိုလို့ တောင်ကြည့်ကောင်းမှာ… အိမ်ကိုမှာလိုက်နော်… လှနေမှာ မြင်ယောင်သေး….
    Anonymousရေ… အခြေအနေ အကြောင်းကြောင်းကြောင့် ကိုယ့်တိုင်းပြည်နဲ့ ဝေးနေရတဲ့ မျိုးဆက်သစ်တွေ မြန်မာပြည်တွင်းမှာနေပြီ ကိုယ့်ရိုးရာ ကိုယ့်ယဉ်ကျေးမှုနဲ့ အလှမ်းဝေးနေတဲ့ မျိုးဆက်သစ်တွေအတွက် ရည်ရွယ်ပြီး ဒီပို့ စ်ကို ဖန်တီးပါတယ်…
    ReplyDelete
  25. ဟိုးတစ်နေ့က... အိမ်နီးချင်းတစ်ယောက် အိမ်လာလည်တာ..
    အမျိုးသားကကချင်လုံခြည်ဝတ်ထားတာ တွေ့သွားတော့
    မင်းစကဒ်လေး လှလိုက်တာတဲ့။
    ReplyDelete
  26. When I was in S'pore, I didn't wear pasoe (longyi,sarong). Because Bangaladeshis and some Indians wear longyis. I am afraid,somebody think I was an Indian kooli (kalar kooli). I am an Anyarthar and I have dark color skin:). Pasoe and tikepon are not real Burmese traditional dresses. My grandpa wore taungshe and my grandma wore byant htamain.Longyi came from India and Tikepone came from China in British colony era. No need to be conservative person right now.
    ReplyDelete
  27. why we wear longyi in ancient times, because we don't know how to make trousers. thats that simple.
    why bangalas and africans wear longyi? its the same.. coz they don't know how to make trousers.. why on the earth will anybody want to wear longyi if they know how to make trousers?
    MM longyi wearing culture is a product of ancient pagan culture? so wat? any other longyi wearing culture is also a product of ancient culture..
    its also the same for other poor and undeveloped countries...
    ppl in those countries don't anything abt the world at present or the past..
    just take a look at MM history. do we have anything to say that we invented something? how did we contribute to development of human civilization? no.. nothing.. we didn't create anything.. and we didn't contribute anything to the world.. how shameful.. being a MM.
    so why r u so proud of being MM?
    because MM r buddhists? com'on.. Buddhism is not created by MM.. it came from India..
    And I believe any other ppl in any creed will also proud to be for being in their own creed..
    So why?
    Pls.. ppl of MM.. pls learn to be proud of being yourselves.. not because of being MM or buddhist.
    btw Im a MM and Im proud to be 'me'.
    ReplyDelete
  28. ဆောင်းပါးလဲ ဖတ်သွားပါတယ်။
    ကော်မန့်တွေ လဲ ဖတ်သွားပါတယ်။
    မြန်မာလူမျိုး မြန်မာ ၀တ်စုံ ကို ၀တ်တာ ပို
    ကောင်းပါတယ်။
    အင်္ဂလိပ်ကြီး မြန်မာလိုဝတ်ထားယင် ကြည့်မကောင်း တာ အမှန်ပါ။
    မြန်မာနိုင်ငံ ဟာ ခုထိ ကိုယ့်ရိုးရာ အ၀တ်အစား ကို မစွန့် ပယ်ပဲ စွဲမြဲစွာ ၀တ်ဆင်နေ တဲ့  ရှားပါး ကမ္ဘာ့ နိုင်ငံ တစ်ခုပါ။
    ကမ္ဘာ့ နိုင်ငံ အတော်များများမှာ တော့
    ယောက်ျား ရော မိန်းမ ပါ ဘောင်းဘီဝတ်နေကြပါပြီ။
    အိမ်နီးချင်း ထိုင်းနိုင်ငံ ကို ကြည့်လိုက်ပါ။ တရားဝင် ရုံးတက် ၀တ်စုံ ဆိုတာ အနောက်တိုင်း ၀တ်စုံ ပါ။
    မြန်မာပြည်မှာ တော့ ပုဆိုးနဲ့ တိုက်ပုံ ကို ခုထိ တရားဝင်သုံးစွဲ နေတုန်း မို့ 
    ရိုးရာဝတ်စုံ ကို ထိန်းသိမ်းထားတာ ပေါ်လွင်ပါတယ်။
    မြန်မာ က မြန်မာဝတ်စုံဝတ်တာ ဂုဏ်ယူလျှက်ပါဗျာ။
    ReplyDelete
  29. ကျေးဇူးပါအမ.. ဒီပို့လေးကြောင့် wedding dinner မှာ မြန်မာလို ဝတ်ဖို့ စဉ်းစားထားတာ အခုတော့ ပိုသေချာသွားပါတယ်.. သူ့ကိုတော့ ပုဆိုးဝတ်ဖို့ ဘယ်လိုမှ စည်းရုံးလို့ မရသေးဘူး.. စကပ်ကြီးဝတ်ထားတယ်လို့ အပြောခံရမှာ စိုးသတဲ့.. ဒီပို့စ်ကို ပေးဖတ်ပြီး ထပ်ကြိုးစားကြည့်ရမှာပဲ.. :)
    ReplyDelete
  30. This comment has been removed by the author.
    ReplyDelete