Monday, May 11, 2009

ကျွန်မမုန်းတဲ့ထိုဧည့်သည်

ကျွန်မ ပို့ စ်အသစ်မတင်ဖြစ်တာ တပတ်ကျော်သွားခဲ့ပါပြီ။ စိတ်ပူနေကြမှာ စိုးလို့  သတင်းစကားလေး ကဗျာကရာချန်ပေးခဲ့ပါတယ်။ ကျွန်မ ဆီိကို အီးမေးလ်လေးတွေပို့  သတင်းမေးကြသူတွေရော ကော်မန့် လေးချန် သတင်းမေးကြသူတွေရော ပို့ စ်အသစ်မတင်ဖြစ်ပေမယ့် လာလည်ကြသူများအားလုံးကို အရမ်းကို ကျေးဇူးတင်ပါတယ်။ အားလုံးရဲ့ နွေးထွေးတဲ့ မေတ္တာနဲ့  ကြီးမားတဲ့ သံယောဇဉ်တွေအတွက်လဲ ကြည်နူးမိပါတယ်။

ကျွန်မ ပို့ စ်အသစ်မတင်ဖြစ်တဲ့ အကြောင်းကတော့ ကျွန်မတို့ အိမ်ကို ကျွန်မမုန်းတဲ့ ဧည့်သည် လာရောက်မွှေနှောက်သွားလို့ ပါ။ ခုအဲဒီ ဧည့်သည်က ပြန်တော့မယ့် အရိပ်အယောင်ပြနေလို့  ဟင်းချနိုင်ပါတယ်။ သူကတော့ တခြားမဟုတ်ပါဘူး ကျွန်မတို့  မိသားစု ၃ ယောက်လုံးဆီကို မဖိတ်ခေါ်ပဲ ၀င်လာတဲ့ virus တမျိုးပေါ့။ ပထမဆုံး သားလေးဆီကို လာပြီး သားလေးဆီကတဆင့် ကျွန်မ၊ ကျွန်မဆီက တဆင့် သူ့ အဖေဆီ ပြန့် နှံ့ သွားခဲ့တာပါ။ အချိန်ကလဲ တကမ္ဘာလုံးမှာ H1N1 virus ကြောင့် တုန်လှုပ်နေချိန်ဆိုတော့ ကျွန်မလဲ သားအတွက် အတော် စိုးရိမ်မိတာပါ။

ကျွန်းသေးသေးလေးမှာ နေရတာ ပျင်းလှချည်ရဲ့ဆို မလေးရှားသွားဖို့  လက်မှတ်ဝယ်ပြီးမှ H1N1 သတင်းက စကြားတော့ ချီတုန်ချတုန်နဲ့  နောက်ဆုံး ပိုက်ဆံလေးနှမျောပြီး risk ယူသွားလိုက်မိတာပါ။ ပြန်ရောက်ပြီး နောက်တရက်ည သားကိုယ်တွေပူတော့ ကိုယ့်အပူတွေကလဲ ငယ်ထိပ်ရောက်သွားပါတယ်။ မလေးရှား ဘက်က ကုန်းလမ်းအ၀င်ကို ကိုယ်အပူချိန်တိုင်း စစ်ဆေးတာ ဘာမှလဲ မလုပ်တော့ ပိုကြောက်တာပေါ့။ နောက်တနေ့  ဆရာဝန်ဆီသွားတော့ virus ကြောင့် လည်ပင်းနာ အဖျားကြီးတယ်တဲ့။ သားခမျာ တနေ့ ကုန် ဆေးတွေ လှည့်သောက်နေရရှာပါတယ်။ အဖျားကလဲ ပုံမှန် ပြန်ပြန်လာပြီး ၂ရက်မြောက်တော့ အဲဒီဧည့်သည်က ကျွန်မဆီ နယ်ချဲ့ လာပါတယ်။ သားအဖျားမကျတော့ စိတ်ပူပြီး ဆရာဝန်ဆီ ထပ်သွား သွေးစစ်၊ ဓာတ်မှန်ရိုက်လုပ်ရပါသေးတယ်။ ဓာတ်မှန်ရိုက်ပြီးမှ သိရတဲ့ အသစ်တခုက အဆုတ်လေပြွန်ရောင်တာပါ ဖြစ်သေးတယ်တဲ့။ ဆေးခန်းက စက်ငှားပြီး အဆုတ်ထဲကို ဆေးတွေ စက်နဲ့ ရှူသွင်းရပါတယ်။ နောက်ထပ် ၂ ရက်ကြာတော့ သားအဖေဆီ ထပ်နယ်ချဲ့ ပြန်ပါရော။ ကျွန်မတို့ က လူကြီးတွေမို့  အဖျားမရှိပေမယ့် ချောင်းဆိုး၊ လည်ချောင်းနာ၊ တကိုယ်လုံး ကိုက်ခဲနဲ့  အတော် နေရခက်ပါတယ်။ သားအဖျားက ညဖက်တွေ တက်တတ်တာမို့  ညကို ဂျူတီခွဲပြီး သားကို စောင့်ရပါတယ်။

Antibiotic သောက်နေတဲ့ ကြားထဲက အဖျားက ပြန်ပြန်ကြီးတော့ အနာတခြား ဆေးတခြားဖြစ်နေမလားလို့  စိတ်ပူမိသေးတယ်။ ဆရာဝန်ကို H1N1 ဖြစ်မှာ ကြောက်တယ်ပြောတော့ သွေးနောက်တခါ စစ်ခိုင်းပြန်တယ်။ ဒီတခါသွေးရလာဒ်က အကုန်ကောင်းသွားတယ်။ H1N1မဟုတ်ပါတဲ့။ တော်သေးရဲ့။ အဲဒီvirus ရဲ့ သဘာဝကိုက အနေကြာတတ်တယ်ဆိုပဲ။ ဒုက္ခ။ အိမ်ရှင်တွေ မလိုချင်ပဲ အလိုက်မသိ အတင်းကုတ်ကပ်နေတဲ့ သူ့ ကို ကျွန်မမုန်းလိုက်တာ။ သားလေးမျက်နှာ ချောင်ကျသွားတာတွေ့ တော့ ငိုတောင်ငိုချင်တယ်။ ကျွန်မရော သူ့ အဖေပါ တပတ်လောက် အိပ်ရေးတွေ ဆက်တိုက်ပျက် စိတ်ပန်း၊ လူပန်းဆိုတော့ လမ်းတောင် မတ်မတ် မလျှောက်နိုင်။ ဂေါက်တောက်တောက်ဖြစ်။ သားအဖေဆို ကားမောင်းနေရင်း သီချင်းတွေ အော်အော်ဆိုနေရပါတယ်။ အိပ်ငိုက်ငိုက်သွားလို့ တဲ့။ ကျွန်မတို့  လူကြီးတွေတောင် ပါးစပ်ပျက်ပြီး ဘာမှ မစားချင်တာ သားဆို ပိုဆိုးပါတယ်။ သူ့ ခမျာ ဆေးတွေ တမျိုးပြီးတမျိုး မငြီးမညူ သောက်ရှာပါတယ်။ သူမစားချင်ရင် သားလေးသေးသေးလေးဖြစ်သွားမယ်၊ ပါဝါတွေမရှိတော့ဘူးဖြစ်သွားမယ် ဆိုပြီး ချော့ကျွေးရပါတယ်။

ခုတော့ ထိုဧည့်သည် ပြန်တော့မယ်ထင်ပါတယ်။ မနေ့ ကညနေကတည်းက သားအဖျား ပြန်မလာတော့ပါဘူး။ သူ့ ခြေရာလေးတွေတော့ ချန်ခဲ့ပါသေးတယ်။ ကျွန်မတို့ ၃ယောက်လုံး ချောင်းတဟွတ်ဟွတ်နဲ့ ပေါ့။ အဲဒီဧည့်သည် သူများတွေဆီ အလည်သွားနေမှာ စိုးလို့  ကျွန်မတို့  သားမိသားဖ ၃ယောက် ဘယ်မှမသွား အိမ်ထဲမှာ နေကြပါတယ်။ ဈေးတောင် မသွားပါဘူး။ အိမ်နားက ညီအမအရင်းလို အားကိုးရတဲ့ တကျောင်းထဲထွက် ညီမလေးတို့  မိသားစု ကျေးဇူးကြောင့် သားကို ကြက်စွပ်ပြုတ်လေးတိုက်နိုင်ပါတယ်။ ဘုရားပန်းလေးတွေလဲ မညှိးတော့ပါဘူး။ ခင်ရာဆွေမျိုးပါပဲ။ ဆွေမျိုးမရှိတဲ့ ဒီနိုင်ငံမှာ အဲဒီလို အားကိုးစရာ သူငယ်ချင်းတွေရှိနေလို့  နေပျော်တာပါ။ သားကို စိတ်ပူလို့  တပူပူဖြစ်သမျှကို တိုင်ပင်ဖော်ရတဲ့ ဆရာဝန်သူငယ်ချင်းညီမလေး၊ အလုပ်တွေ ရှုပ်နေတဲ့ကြားထဲက လာကြည့်ပေးတဲ့ သူငယ်ချင်းအမျိုးသားဆရာဝန်တို့ ကိုလဲ အရမ်းကို ကျေးဇူးတင်မိပါတယ်။ ကျန်းမာရေးနဲ့  ပတ်သက်ရင် ကိုယ်က ဘာမှ နားမလည်တော့ သူတို့  အားကိုးစရာရှိလို့  တော်ပါသေးတယ်။ နောက် လူချင်းမတွေ့ ရပေမယ့် အဝေးကနေ စိုးရိမ်ပူပန်ပေး အကြံပေး ဆုတောင်းပေးကြတဲ့ ကျွန်မရဲ့ ဘလော့ရောင်းရင်းတွေကိုလဲ အရမ်းကို ကျေးဇူးတင်မိပါတယ်။ ခု အားလုံးပို့ သတဲ့ မေတ္တာကြောင့် ကျွန်မတို့  မိသားစုပြန်နေကောင်းစပြုလာပါပြီ။ ပို့ စ်အသစ်လေးတွေ ပြန်ရေးပါတော့မယ်။ ပြီးတော့ အိမ်တံခါးလေးတွေလဲ ဖွင့်ထားကြနော်။ အလွမ်းတွေ အတိုးချ လာလည်မလို့ ပါ။

တန်ခူး
10:20am 11-May-2009

21 comments:

  1. ဒီလိုလား... အီးမေးလ်လည်း မသိတော့ မေးလ်ပို့ သတင်းမမေးဖြစ်ဘူး မတန်ခူးရေ.. ခဏခဏတော့ လာချောင်းပါတယ်။ အားလုံးကျန်းမာကြပါစေ။

    ReplyDelete
  2. အမတန်ခူးရေ မုန်းစရာဧည့်သည်ကြီးနော်။ အလိုက်မသိလာလည်ပြီး ဒုက္ခတွေပေးသွားတယ်။ ခုပြန်တော့မယ်ဆိုတော့ ဝမ်းသာစရာကောင်းတာ။ သားလေးရော အတော်ပြန်သက်သာလာပြီဆိုလို့ ဝမ်းသာပါတယ်အမရေ။ တအိမ်သားလုံး ပြန်လည်ကျန်းမာပျော်ရွှင်လာပါစေ။

    ReplyDelete
  3. နေမကောင်းဖြစ်နေလို့ အမ အသစ်တွေ မရေးနိုင်တာကိုး...

    အခုအချိန်က နေမကောင်းဖြစ်နေကြတယ်... ကျွန်တော်လည်း တခါတလေ အအေးမိချင်ချင်ဖြစ်နေလို့ သတိထားနေရတယ်။

    အခု အားလုံး ပြန်နေကောင်းလာပြီဆိုတော့ တော်သေးတာပေါ့။ ၀မ်းသာပါတယ်။

    ရွှင်လန်းချမ်းမြေ့ပါစေ။

    ReplyDelete
  4. အစ်မရေ ပြန်ကျန်းမာလာပြီ ဆိုလို့ ၀မ်းသာပါတယ်။ ကလေးတွေ နေမကောင်းဖြစ်တာ သိပ်သနားဖို့ ကောင်းတယ်။

    ReplyDelete
  5. အစ်မရေ.. မကြာခဏလာချောင်းဖြစ်တယ် ။ နေကောင်းစပြုလာပြီဆိုပေမယ့် အားပြည့်အောင် နားနားနေနေ နေပါဦး ။ မိသားစုအားလုံး မြန်မြန်နေကောင်းပါစေလို့ဆုတောင်းပေးတယ်နော် ။

    ReplyDelete
  6. wow!!!!

    Finally, ama family are fine.
    It's good news.


    Myatnoe

    ReplyDelete
  7. အမတန်ခူးရဲ့ ဧည့်သည် ဒီကိုရောက်နေပြီလားမသိဘူး။သားလေးလဲ ညကတည်းကကိုယ်ပူနေတယ်။

    ReplyDelete
  8. အမရေ အဲ့ဧည့်သည်က ကျနော့ဆီ နှစ်ရက်တည်းသွားသေးတယ်ဗျ။

    ReplyDelete
  9. ဧည့်သည်ပြန်သွားလို့တော်သေးတာပေါ့ ...။

    ReplyDelete
  10. Ama yay,
    I am so glad to hear about that. Wish be happy and helathy!

    ReplyDelete
  11. ဟယ်..အခုချိန်မှာ ဖြစ်တော့ စိတ်ပူနေမှာပေါ့..။ ကလေးတွေက သနားဖို့သိပ်ကောင်းတာပဲ..အဲဒီလို နေမကောင်းတဲ့အချိန်ဆိုရင်.. အခု သားအမိ သုံးယောက်စလုံးဖြစ်တော့ ပင်ပန်းမှာပဲ..အနားကောင်းကောင်းယူလိုက်ဦးနော်.. ကလေးတွေကတော့ ကျလွယ် တက်လွယ်ပါတယ်..။

    အဲဒီဧည့်သည် မြန်မြန်ပြန်ပါစေ..။

    ReplyDelete
  12. တော်ပါသေးရဲ့.. ဒီလောက်နဲ့ ဒင့်က ပြန်သွားပေလို့..။ သနားပါတယ်.. သားလေး...

    ReplyDelete
  13. တန်ခူးရေ...
    သတိရနေတာ...
    သားလေးနေကောင်းသွားပြီဆိုလို့ ဝမ်းသာသွားတယ်..
    အခုတလော ရာသီဥတုကလဲ မကောင်းဘူး ပူလိုက်အေးလိုက်နဲ့...
    တန်ခူးတို့နှစ်ယောက်လဲ နေကောင်းအောင်နေ.. အားရှိအောင် စားနော်...

    ReplyDelete
  14. သားသားရော မမတို့ရော မြန်မြန် ကျန်းမာပါစေ

    ReplyDelete
  15. မိသားစု အားလုံး ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete
  16. မုန်းစရာကြီးနော်..
    သားလေးက ခရီးထွက်တိုင်းဖျားတတ်တယ်နော်.
    ဘာလို့လဲမသိ..
    သတိထားပါအုန်း..မတန်ခူးရေ..

    ReplyDelete
  17. နေမကောင်းရင် သိပ်စိတ်ဆင်းရဲတာ။ အမတို့ မိသားစု မြန်မြန် နေကောင်းပါစေ..။

    ReplyDelete
  18. မောင်မျိုးMay 13, 2009 at 10:24 PM

    ကျနော့်ဆီလည်း အဲ့ဧည့်သည်က ပြီးခဲ့တဲ့ ၂ ရက်လောက်က ရောက်လာပါကောလား ခုတောင် ဆေးသောက်နေရတုန်း အစ်မတို့မိသားစုတွေ နေပြန်ကောင်းပြီဆိုတော့ တော်ပါသေးရဲ့ ။

    ReplyDelete
  19. ကလေးလေး သနားပါတယ်။ ကျန်းမာကြပါစေနော်။

    ReplyDelete
  20. တော်သေးတာပေါ့နော် ..
    ခုတော့ ဧည့်သည်လည်းပြန်တော့မှာပါ ..
    ကျန်းမာပျော်ရွှင်ပါစေ ..း)

    ReplyDelete
  21. ဟုတ်တယ်ဗျ... အအေးပတ်တဲ့ ဗိုင်းရပ်စ်နဲ့ ဖလူးဖြစ်တဲ့ ဗိုင်းရပ်စ်တွေက ကူးတာပဲ... တအိမ်ထဲနေလို့ကတော့ တယောက်ပြီး တယောက် လှည့်ကို ဖြစ်တာ... ကျနော်တို့ မိသားစုလည်း တခါ ဖြစ်လိုက်သေးတယ်... အငယ်ဆုံးကလေးကနေ စဖြစ်လိုက်တာ လူစေ့ပဲ... ဘာပဲပြောပြော သာမန်ဖြစ်တာပဲ ကံကောင်းတာပေါ့... မိသားစုဝင်အားလုံး ကျန်းမာကြပါစေဗျား...

    ReplyDelete