Wednesday, April 29, 2009

မင်္ဂလာသတင်း


သစ္စာအမိုး
မေတ္တာအကာ
စေတနာအခင်း
နားလည်မှုပြူတင်း
အကြင်နာထုံသင်း
ရာသက်ပန်ချစ်ခြင်းတွေနဲ့ 
တို့ မိသားစုအိမ်ကလေး
ရှစ်နှစ်မြောက်ကြောင်း
မင်္ဂလာသတင်း…။

တန်ခူး
11:27am 29-Apr-2009
(မင်္ဂလာသက်တမ်း ၈နှစ်မြောက် အမှတ်တရ)

43 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. မင်္ဂလာသတင်း
    လေညှင်းဆောင်ယူ
    မွှေးကြူကြူမို့
    ကြည်ဖြူမြတ်လေး
    ဆုတောင်းပေးမည်
    ပန်းလေးတပွင့်
    ထူးတင့်လျက်သာ
    အိမ်ဂေဟာမှာ….

    ကြင်နာရနံ့
    ထုံသင်းပျံ့မြဲ သင်းပျံ့စေ။

    မေတ္တာရေကြည်
    ကြည်လင်အေးမြဲ အေးမြစေ။

    သစ္စာနှောင်ချည်
    တည်တံ့ခိုင်မြဲ မြဲကြစေ။

    ReplyDelete
  3. ရှစ်နှစ်မြောက် မင်္ဂလာအတွက် ကွန်ဂရက် ကျူလေးရှင်းပါ မတန်ခူး။ ရာသက်ပန် ရိုးမြေကျသည် အထိ တွဲလက်မဖြုတ်တမ်း လျှောက်လှမ်းနိုင်ပါစေ။

    ReplyDelete
  4. မင်္ဂလာနှစ်ပတ်လည် ၈ နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်သည်အထိ ချစ်သောမိသားစုနဲ့ ရာသက်ပန် ရွှေလက်တွဲလို့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့်ပြည့်စုံပါစေ လို့


    ညီမ

    ReplyDelete
  5. မင်္ဂလာ သက်တမ်း နှစ် ရာကျော် ရှည်ပါစေ။ တက်ဂ်ထားတာ ရေးပါ့မယ် အမရေ။

    ReplyDelete
  6. ရှစ်နှစ်မြောက်မှသည် နှစ်ပေါင်းရှစ်ဆယ်မက ဘ၀ခရီးကို ဒီမိသားစုနဲ့ အတူတကွ ပျော်ရွှင်ချမ်းမြေ့စွာ လျှောက်လှမ်းနိုင်ပါစေ။

    ReplyDelete
  7. ယနေ့မှ စ နှစ်တရာ တိုင်စေ....
    ပျော်စရာကြီးနော်.. ဗမာပြည်မှာ ပြန်ဆုံရင် အလည်ရက်မှာ ယူပြီး နှစ်ပတ်လည် ပေါင်းလုပ်ရင်တောင်ရတယ်။
    အမ ခင်မင်းဇော်

    ReplyDelete
  8. ရာသက်ပန်တည်တန့်နိုင်ပါစေ။

    ဒီထက်မက ပိုချစ်နိုင်ပါစေ။ :P :P

    ReplyDelete
  9. ပုံလေးရယ် ကဗျာလေးရယ် ကြည်နူးချစ်ဖွယ်....

    ပြီးပြည့်စုံတဲ့ သာယာချမ်းမြေ့ အိမ်ကလေး မင်္ဂလာသက်တမ်း ၈-နှစ်မြောက်မှသည် အနှစ်တစ်ရာမက သံသရာဆုံးတိုင်....။

    ReplyDelete
  10. ပျော်ရွှင်သော မင်္ဂလာနှစ်ပတ်လည် ဖြစ်ပါစေ ... တန်ခူးရေ။ ကိုယ်တို့တော့ ၁၀နှစ်ကျော်သွားပါပကော။

    ကဗျာလေး သိပ်လှတာပဲ။

    ReplyDelete
  11. ရာသက်ပန်ချစ်ခြင်းတွေနဲ့ အစ်မတို့ 
    မိသားစုအိမ်ကလေး နှစ်တစ်ရာတိုင်ပါစေ........

    ReplyDelete
  12. Hi...

    Wow....

    but ...

    U know...It's life...

    Nice day...

    ReplyDelete
  13. “နှစ်လွှာတရွက်”

    စွယ်တော်တွေရဲ့ အချစ်မှတ်တမ်း
    ပြက္ခဒိန်ရှစ်ခုစာ ဖြတ်သန်းခဲ့
    ဒီနေ့ ဟာ… ကြည်နူးစရာ နေ့ တရက်…။

    ဖေးမကာ တူပြိုင်လှမ်း
    နှလုံးသားတစုံရဲ့ ဒီခရီးလမ်း
    ကြမ်းတဲ့အခါ မငြူစူ
    နွမ်းတဲ့အခါ ဖေးကူလို့ 
    အိမ်ဆည်းလည်းလေးတွေနဲ့ အတူ
    အပြုံးတွေ ဖြန့် ကျက်
    မေတ္တာ လက်ချင်းယှက်
    နောင်လာမယ့် နှစ်တွေအဆက်ဆက်…။

    လွန်ခဲ့တဲ့ရှစ်နှစ်က "မဗိုက်" :D

    ReplyDelete
  14. ရှစ်နှစ်မြောက်မင်္ဂလာမှ နောင်နှစ်များစွာတိုင် စိတ်တူကိုယ်တူ ချစ်ခြင်းတွေအပြည့်နဲ့ လျှောက်လှမ်းနိုင်ပါစေ အမတန်ခူးရေ။ ပျော်ရွှင်ဖွယ်မိသားစုဘဝလေးကို ရာသက်ပန်ပိုင်ဆိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

    ReplyDelete
  15. နားဝင်ချိုလိုက်တဲ့ မင်္ဂလာသတင်း
    အော် ချိုသော ချစ်ခြင်းတွေဆီကကိုးးး

    ReplyDelete
  16. ဧပရယ် မင်းသမီးလေးက
    ဧပရယ်မှာပဲ မင်းသားလေးနဲ့ဆုံစည်းခဲ့တာကိုး

    အင်း ဒီဧပရယ်ရက်တွေ သက်ထက်မြဲပါစေလို့

    မောင်ငယ်

    ReplyDelete
  17. မ-ရေ ...
    မ-တို့ရဲ့ မင်္ဂလာ အဓွန့်ရှည်ကြာ မြဲခိုင်မာပြီး သက်ဆုံးတိုင် တည်တံ့ပါစေကြောင်း ... ဆုတောင်းပေးလိုက်ပါတယ်။

    ချစ်တဲ့
    မေ

    ReplyDelete
  18. ၈ နှစ်မြောက်မှသည် နှစ်တရာ တိုင်ပါစေဗျား...

    ReplyDelete
  19. ၈နှစ်ပြည့်အထိမ်းအမှတ်..
    တစ်ခုခုလုပ်ကျွေးဦးလေ..

    ReplyDelete
  20. ၈နှစ်မြောက် မင်္ဂလာရက်မြတ်မှသည် ရာသက်ပန်တိုင် အေးချမ်းပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေ

    ReplyDelete
  21. ၈နှစ်မြောက် မင်္ဂလာရက်မြတ်မှသည် ရာသက်ပန်တိုင် အေးချမ်းပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေ

    ReplyDelete
  22. ပျော်ရွှင်ချမ်းမြေ့မှုများနှင့် အတူ ဘ၀ ဆက်တိုင်း ပေါင်းဆုံနိုင်ပါစေ။

    ReplyDelete
  23. ခိုင်မြဲသော ချစ်ခြင်းများစွာဖြင့်
    နောင်နှစ်ပေါင်းများစွာတိုင်
    အရိပ်ပမာ မခွဲမခွာ
    ချမ်းမြေ့သာယာသော မိသားစု အိမ်ကလေးမှာ
    အတူတူ ကြည်နူး ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပါတယ်..

    ReplyDelete
  24. ၈ နှစ်မြောက်မှသည် သက်ဆုံးတိုင် အေးအတူ ပူအမျှ ရွှေလက်မြဲခိုင်ပါစေ။

    ReplyDelete
  25. အချစ်နဲ့ အိမ်ကိုမိုး
    အချစ်နဲ့ ထရံကာ
    အချစ်ကြမ်းခင်းထားတဲ့
    အိမ်ကလေးမှာ
    အချစ်များ ထာဝရ တည်တံ့ပါစေ..

    မတန်ခူးရေ..

    ခင်မင်စွာဖြင့်..

    ReplyDelete
  26. ၈နှစ်..မှ.အနှစ်..၈၀တိုင်အောင်ပျော်ရွှင်စွာလက်တွဲနိုင်ပါစေ။
    mm

    ReplyDelete
  27. ၈နှစ်မြောက်မှသည်.. နောင်နှစ်ပေါင်းများစွာ.. များစွာထိတိုင်.. ချစ်ခင်ပွန်းနဲ့ ချစ်တဲ့သားလေး အပါအ၀င် ချစ်သောသူများနဲ့ မခွဲမခွာ ပျော်ရွှင်စွာ နေရပါစေရှင်...။

    ReplyDelete
  28. မတန်ခူးရေ ရှစ်နှစ်မြောက်မှ နှစ်တစ်ရာ တိုင်ပါစေ။

    ReplyDelete
  29. မနက်က လာဖတ်ပြီးပြီ။ ကဗျာလေးပါ ရေးပေးချင်လို့ နောက်တခေါက် ပြန်လာတာ။ ချိုသင်းကတော့ မစပ်တတ်ပါဘူး။ အဖေ့ ကဗျာလေး တပိုင်းတစပါ။ ကိုယ့်အမ ကြည်နူးချိန်မို့ ညီမလဲ ထပ်တူပါပဲဆိုတာ ပြောချင်လို့ပါ။

    “အပြစ်ရှိရင်လဲ
    အချစ်နဲ့ ကြည့်ရမယ်။

    အခက်အခဲဆိုတဲ့ ချောက်ကို
    လက်တွဲလို့ လျှောက်တော့
    သစ်ခြောက်ပင်က ရွက်နုဝေ
    ဖုန်းဆိုးမြေက အိုအေစစ်
    အချစ်ဆိုတဲ့ တေးဂီတ
    လှပတဲ့ ရသတပါး
    ခံစားကြည့်ကွယ် ... ” တဲ့။

    အခု အချစ်အပြင် သံယောဇဉ်လေးပါ တိုးလာတော့ မမတို့ အိမ်ကလေး အိုအေစစ်လို အေးချမ်းမှာအမှန်ပဲ။ သက်ထက်ဆုံး ပျော်ရွှင် ငြိမ်းချမ်းတဲ့ မိသားစုလေး ဖြစ်မြဲ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    ReplyDelete
  30. ချစ်ခြင်းမေတ္တာတွေ ထုံမွှမ်းထားတဲ့ မိသားစုလေး ၈ နှစ်ပြည့်မှသည် ဘ၀တလျှောက်လုံးကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေ။

    ဧပြီလမှာ မင်္ဂလာ တယ်ဆောင်ကြတာကိုး.. :)

    ReplyDelete
  31. ကျက်သရေ ရှိပါဘိ။
    အားကျပါဘိ။
    ဆုမွန်ကောင်းများ တောင်းပါ၏
    မင်္ဂလာသတင်း ရာသက်ပန် တည်စေသော်

    ReplyDelete
  32. ရှစ်နှစ်မြောက်မင်္ဂလာမှ စပြီး နောင်နှစ်ပေါင်းများစွာအထိ အမတို့ မိသားစုလေး ပျော်ရွှင်ကြည်နူးမှုတွေကို ပိုင်ဆိုင်ကြပါစေ။း-)

    ReplyDelete
  33. ၈ နှစ်မှစ နှစ်ပေါင်းများစွာ ရတုအဆက်ဆက် သာယာ ပျော်ရွှင်တဲ့ မိသားစုကမ္ဘာလေးဖြစ်ပါစေ အစ်မရေ့ ။

    ReplyDelete
  34. ဝမ်းသာလိုက်တာ။ ဆက်လက်ပျော်ရွင်ချမ်းမြေ့နိုင်ပါစေ။

    ReplyDelete
  35. အယ် အမရေ.. မတွေပတာကြာလို့ လာကြည့်တာ သားလေးနေမကောင်းလို့ ကိုးးး

    အမြန်နေကောင်းပါစေ..
    အမလဲကိုယ့်ကိုကိုယ်ဂရုစိုက်နော်


    မြတ်နိုး

    ReplyDelete
  36. တန်ခူးရေ ... မတွေ့တာကြာလို့ လာကြည့်တာ ... သားလေးနေမကောင်းဘူးဆိုလို့ ... သားလေး အမြန်ကျန်းမာပါစေ .. ဆုတောင်းပေးပါတယ်။

    ReplyDelete
  37. ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေး မင်ဂလာ အပေါင်းနဲ့ ပြည့်စုံပါစေ

    ReplyDelete
  38. ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေး မင်ဂလာ အပေါင်းနဲ့ ပြည့်စုံပါစေ

    ReplyDelete
  39. မမ အသစ်မတင်တာကြာလို့ လာကြည့်တာ။ သားသားလေး မြန်မြန်နေကောင်းပါစေ။

    ReplyDelete
  40. အမရေ နေကောင်းနေပြီလား.. စိတ်ပူလို့ပါ.. အမတို့ မိသားစု နေကောင်းပါစေ
    ကိုနိ မနိ

    ReplyDelete
  41. ကြည်နူးစရာလေးနော် အမ
    ရာသက်ပန် ခိုင်မြဲပါစေ ..း)

    ReplyDelete
  42. မတန်ခူးရေ- ခုမှ မင်္ဂလာ နှစ်လည် လာ နှုတ်ခွှန်းဆက်ဖြစ်တယ်။ မခင်မင်းဇော် တို့ ပန်ပန် တို့ပြောသလို..ဧပြီ မှာ..တယ် ....မင်္ဂလာတွေ ယူကြပါလား။ ကျမ လည်း ပါတယ်လေ။ မတန်းခူးနဲ့ နှစ်ခြင်းလဲ တူတူပဲ။ ခရီးထွက်နေတုန်းမို့.. မကြွားလိုက်ရဘူး။ နောက်တခေါက် စလုံးလာရင်..အီးမေးလ် ပို့လိုက်မယ်..စိတ်ချ။ ထမင်းခေါ်ကျွေးရမယ်။

    ReplyDelete