Monday, April 27, 2009

မြင်တွေ့ ချင်သူများ

(မောင်လေးမောင်မျိုးက မြင်ဖူးချင်သူ ၁၀ယောက်လို့  တက်ဂ်ထားပါတယ်။ ၁၀ယောက်မကလို့  ဒီလိုလေးပဲ ရေးလိုက်ရပါတယ်။ ပါတဲ့ ဇာတ်ကောင်များအားလုံး ကျွန်မ တကြိမ်တခါမှ အပြင်မှာ မတွေ့ ဖူးသူတွေပါ။ မောင်မျိုးရေ အမှတ်တရ တက်ဂ်ပေးတာ ကျေးဇူးပါ)

စိတ်သွားတိုင်း ကိုယ်ပါ အချိန်တွေကို လိုသလို နောက်ပြန်ဆွဲလို့  ရရင် ကျွန်မလေ လေဘာတီမမြရင်အငြိမ့်လေး ကြည့်ချင်သေးတယ်။ လက်ဖျားခါလောက်အောင် သီချင်းတွေ အရေးကောင်းတဲ့ နန်းတော်ရှေ့ ဆရာတင်ကို သွားမိတ်ဆက်ချင်မိတယ်။ ပြီးတော့ ကျွန်မ အကြိုက်ဆုံး မင်းသားနဲ့ မင်းသမီးဖြစ်တဲ့ ကောလိပ်ဂျင်နေ၀င်းနဲ့  မြတ်မွန် ရုပ်ရှင် ရိုက်ကွင်းကို သွားကြည့်ချင်မိတယ်။

ရေဒီယိုထဲကတောင် ကြက်သီးမွေးညှင်းထအောင် သွေးတွေ ပွက်ပွက်ဆူစေတဲ့ ဗိုလ်ချုပ်မိန့် ခွန်းကို အပြင်မှာ သွားနားထောင်ချင်တယ်။ အဖေနဲ့ အတူလက်ဖ၀ါးတွေနာအောင် လက်ခုပ်တဖြောင်းဖြောင်းတီးလို့ ပေါ့။ လူထုတိုက်ကို သွားပြီး အဖေလှ နဲ့ အမေမာ ကို ခြေဆုတ်လက်နယ်ပြုပြီး အဖေနဲ့ အမေရဲ့ ရှေးစကားတွေ နာကြားချင်သေးတယ်။ ဘဘဦးသုခဆီက တန်ဖိုးရှိတဲ့ အဆုံးအမတွေ ရယူချင်မိတယ်။ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ စာရေးဆရာပီသလွန်းတဲ့ မျက်ဝန်းနူးညံ့ညံ့တွေကို မြင်ဖူးတယ်ရှိအောင် ဆရာကြီးစာသင်ခန်းထဲ သွားထိုင်ကြည့်ချင်တယ်။

အဘွားတို့  အမေတို့  တဖွဖွ ပြောဆိုအားကျနေတတ်တဲ့ စွန်းလွန်းဆရာတော် ဘုရားကြီးရဲ့ တပည့်အရင်း အမေ့အဘွားပုံပြောပြတာ နားထောင်ချင်တယ်။ မိန်းမပီသ ကျက်သရေရှိတဲ့ အမေ့အဘွား ရုပ်ရည်ကို တစိမ့်စိမ့်ကြည့်ပြီး သူရဲ့ နားရွက်ပြားပြားကြီးကို ပွတ်လို့ ပေါ့။ပြီးတော့ အမေ့အဘွားနဲ့ အတူ စွန်းလွန်းကျောင်းက တရားထိုင်တဲ့ ဂူလေးတွေထဲမှာ တရားထိုင်ကြည့်ချင်တယ်။

တွေ့ ချင်သူတွေကို လွတ်လွတ်လပ်လပ် တွေ့ ခွင့်လဲရမယ်၊ ပြီးတော့ ပိုက်ဆံလဲ အလုံအလောက် ရှိမယ်ဆိုရင်တော့ အကျီင်္လေးတွေ လက်ခေါက်ဝတ်တတ်တဲ့ လွတ်လပ်ပေါ့ပါးတဲ့ စတိုင်နဲ့  သမ္မတတွေထဲမှာ သမ္မတနဲ့ မတူဆုံး အိုဘားမားနဲ့  စကားပြောကြည့်ချင်တယ်။ (ဘာအကြောင်းဖြစ်မလဲ တွေးကြည့်နော်)။ ကျွန်မနဲ့ ကျွန်မသားလဲ ရှင့်လို ဘယ်သန်ပဲဆိုတဲ့စကားတော့ ပြောဖြစ်အောင် ပြောခဲ့မှာ။ မက်ဒေါနားနဲ့  အင်ဂျလီနားဂျိုလီတို့ ကို မြန်မာကလေးလေးတွေ ဘာကြောင့်မွေးစားဖို့  စိတ်မ၀င်စားတာလဲလို့  မေးကြည့်ချင်တယ်။ တပါတည်း အရက်မူးသမား တယောက်လို အမြဲရီဝေတဲ့ မျက်လုံးတွေနဲ့  ဆံပင် ရှုပ်ပွပွနဲ့ မသပ်မရပ် ကိုယ့်အကြိုက်ဆုံးမင်းသား ဟုဂရန့် နဲ့  ဓာတ်ပုံလေးတွဲရိုက်ခဲ့ချင်သေးတယ်။ နေကာမျက်မှန်လှလှလေးတတ်ပြီး ဖက်ဒရာရဲ့ တန်းနစ်ပွဲကို သွားအားပေးချင်တယ်။ ဆုဖလားကိုင်ပြီး နူးနူးညံ့ညံ့အပြုံးလေးနဲ့  ယဉ်ယဉ်ကျေးကျေး ကျေးဇူးတင်စကားပြောတာ နားထောင်လို့။ စိတ်ထဲက ယောင်းမကြိတ်တော်ထားတဲ့ ၀ီလျံတို့ ညီမ ၂ယောက်နဲ့ လဲ တွေ့ ရင်းလေ။

ကိုယ့်တိုင်းကိုယ့်ပြည်မှာ တွေ့ ချင်သူတွေကလဲ အများသား။ ကိုယ်ကိုယ်တိုင် မြန်မာဟင်းလေး ဖွယ်ဖွယ်ရာရာ ချက်ပြီး မမြင်ဖူးသေးတဲ့ စိတ်ထဲက အရမ်းကို ရင်းနှီးလေးစားတဲ့ အဘိုးတွေ၊ ဦးလေးတွေ၊အကိုတွေ၊မောင်တွေ ၊ အဘွားတွေ၊အဒေါ်တွေ၊အမတွေ၊ညီမတွေ ကိုယ့်လက်ရာကို မြိန်မြိန်လျှက်လျှက် စားနေတာကို ကြည်ကြည်နူးနူး တွေ့ ချင်တယ်။

ဆရာနေ၀င်းမြင့်နဲ့  ဆရာမခင်ခင်ထူးတို့ အိမ်မှာ ရေနွေးကြမ်းလေး သောက်ရင်း ဆရာနဲ့ ဆရာမ စကားပြောတာ နားထောင်ကြည့်ချင်တယ်။ ဆရာမဂျူးနဲ့ တော့ နှစ်ယောက်ထဲ တိတ်တိတ်ဆိတ်ဆိတ်တွေ့ ပြီး စကားတွေ ပြောချင်မိတယ်။ လေးဖြူတကိုယ်တော် စတိတ်ရှိုးလေးလဲ ကြည့်ချင်သေးတယ်။ ပြီးတော့ တင်ဇာမော် တကိုယ်တော်လဲ အားပေးချင်တယ်။ ဒါရိုက်တာ မောင်တင်ဦးနဲ့ တွေ့ ပြီး သင်္ကြန်မိုးလို ဂန္တ၀င်ကားလေးတွေ ဖန်တီးပါဦးလို့  တိုက်တွန်းချင်တယ်။

ကိုယ်ပိုင် လေယဉ်လေးတစင်းရှိရင်တော့ သံယောဇဉ်ရပ်ဝန်းက သူတွေဆီ နေ့ တိုင်း အလည်သွားချင်တယ်။ မမြင်ဖူးသေးတဲ့သူတွေက အများကြီးမိုလား။ နီးနီးနားနားက မောင်တွေညီမတွေဖြစ်တဲ့ ရွာသားလေးတို့ ၊ ကိုပီတိတို့ ၊ ကိုတောင်ငူတို့ ၊ ညီမလေးရီတာတို့ နဲ့  ရွာသားလေး လဘက်ရည်ဆိုင်မှာ အတူဆုံလို့  လွယ်တယ်လေ။ မမခင်ဦးမေကတော့ ပါမှကို ဖြစ်မှာ။ နို့ မို့ ဘယ်ပွဲစည်လိမ့်မလဲ။ သူတို့ ကို အဖော်စပ် ကမ္ဘာပတ်ကြတာပေါ့။ မောင်လေးမောင်မျိုးနဲ့  ကောင်းကင်ကိုဆီ ကြော်လှော်ချက်ပြုတ်ထားတာလေးတွေ လက်ဆောင်ဝင်ပေး။ ညီမလေးခွန်မြလှိုင်ရဲ့ ကလေးလေးကို အာဝါးလဲဝင်ပေး။ တဆက်တည်း မခင်မင်းဇော်တို့  မိသားစုဆီ ဒီက လက်ဆောင်တွေ ၀င်ပေးရင်းပေါ့။ ပေါက်ဆီရောက်တော့
ပေါက်က မမခင်ဦးမေနဲ့  စကားမပြတ်လို့  လိုက်ခဲ့မှာ။

ဂျပန်ရောက်ရင် နိနိဆီမှာ အသုတ်လေးစားရင်း ခဏနားမယ်။ နိနိအတွက် အညာက အမျိုးတွေဆီက မှာထားတဲ့ မန်ကျည်းချည်လက်ဆောင်လေး ၀င်ပေးရင်း။ ညီမလေးနုစံဆီ ဆူးပုတ်ရွက်လေး ၀င်ပေးပြီး သူတို့ အိမ်ရှေ့ က မြစ်ကလေးမှာ အပန်းလေးဖြေ စကားလေးပြော။ ညီမလေးမြတ်နိုးဆီကို သရက်သီးလက်ဆောင်ပေးလို့  တခေါက်နား။ နိနိကို ပြန်လိုက်ပို့ ပေးမယ် ကတိပေးပြီး ကိုဇနိကြီးဆီခေါ်သွားတော့ ချစ်သူနှစ်ယောက် အပျော်မျက်နှာကြောင့် ကျန်တဲ့သူတွေပါ တပြုံးပြုံး။ ခရီးဆက်စရာရှိသေးတာမို့  နိနိကို ခဏထားခဲ့ပြီး စာမေးပွဲတဖက်နဲ့  စိတ်ပင်ပန်းနေတဲ့ ညီမလေး မေဓာဝီကို ၀င်အားပေးရင်း ကြက်ပေါင်းရေလေး လက်ဆောင်ပေး။

ကိုစေးထူးဆီ ၀င်ပြီး တာလပေါဟင်းနဲ့ ထမင်းမြိန်မြိန်စား။ မမမေငြိမ်းအတွက် ယူလာတဲ့ ကံ့ကော်ပန်းတွေ လက်ဆောင်ပေး။ ပြီးတော့ ချိုသင်းဆီတို့ အိမ်မှာ တပျော်တပါး။ ချိုသင်းအတွက် ပါသွားတဲ့ မလိုင်လုံးတလုံးပေး။ (ဆီးချိုတက်မှာစိုးလို့ လေ) ညီမလေးအိမ့်ချမ်းမြေ့ဆီရောက်တော့ အတော်တောင် မိုးချုပ်နေပြီ။ ပန်းသီးငါးပိချက်လေးနဲ့  ထမင်းစားရင်း သူ့ အတွက် ယူသွားတဲ့ ပန်းမျိုးစေ့လေးတွေကို ပေး။ ညီမလေးပုံရိပ်၊ ညီမလေးမီယာ နဲ့ ညီမလေး သုနှင်းဆီတို့ ဆီ ပါသွားတဲ့ ဒညင်းသီး၊ ဗူးရွက်၊ ဒန့် သလွန်သီးလေးတွေဝေမျှ။ အပြန်ကျ ကိုအန်ဒီတို့  မိသားစုဆီ ၀င်လည်တော့ မုန်လာဥချဉ်လေးတွေ လက်ဆောင်ပေးလို့  အားနာနာနဲ့ ယူခဲ့။ ကေ့ဆီရောက်တော့ စာအုပ်လေးတွေ လက်ဆောင်ပေး။ ချစ်စရာကောင်းတဲ့ မြို့ ကလေး နော်ဝေက ကဗျာဆရာကိုဝေလင်းနဲ့  လဘက်ရည်ဆိုင်လေးထိုင်။ ပြီးတော့ အနုပညာမိသားစု ကိုသစ်နက်ဆူးဆီ ၀င်လည်။ ဒီပြန်ရောက်မှ နိနိကို ဂျပန်ပြန်ပို့ ဖို့  သတိရတော့… ကဲ.. ဘယ်လိုလုပ်ရပါ့။

ဒီတခါ ထူးထူးခြားခြား ဖြစ်အောင် ကျွန်မ တခါမှ မတက်ဂ်ဖူးသူများကို ဆက်တက်ဂ်ပါတယ်။

၁) အမခင်မင်းဇော်
၂) သူငယ်ချင်းဆွိ
၃) ညီမလေးပန်ဒိုရာ
၎) ညီမလေးကေ
၅) ညီမလေးမီယာ

ရေးပေးပါနော်။ ကျေးဇူးအများကြီးတင်ပါတယ်။

တန်ခူး
5:29pm 27-Apr-2009

28 comments:

  1. ပျော်စရာကောင်းလိုက်တာ အစ်မရေ.....။

    ReplyDelete
  2. အမ်.. ပို့စ်အသစ်ကို ဖတ်ကောင်းကောင်းနဲ့ ပြုံးပြုံးကြီး လာဖတ်နေရင်း နောက်ဆုံးတော့ တက်ဂ်ထားတဲ့ ထဲ ကိုယ်က ထိပ်ဆုံးက... ၀ိုးးးးး ရေးဦးမှာနော် ၀မ်းမြောက်စွာ...

    ReplyDelete
  3. ရောက်လာပါတယ်။ မရောက်ဖြစ်တာကြာလို့ ဟိုဟိုဒီဒီတော့ လျှောက်ကြည့်သွားတယ်။

    အတော်များများဖတ်ကောင်းပါတယ်။ ကိုပေါနဲ့ အမေးအဖြေကိုတော့ အတော်နှစ်သက်သွားတယ်။

    ပျော်ရွှင်ချမ်းမြေ့ပါစေ။

    သုခမိန်(E-Journal)

    ReplyDelete
  4. အဲဒီခရီးကို တို့က တန်ခူးရဲ့ ကိုယ်ပိုင်လေယာဉ်နဲ့ အတူတူ တပါတည်း လိုက်လည်နေတာနော်...။ (ဆီဖိုးမပေး ဘာမပေးနဲ့...)
    ဒါထက် စကားမစပ် နိကလေးကို တရက် နှစ်ရက်တော့ ပြန်မပို့ပဲ ဒီမှာပဲ ထားလိုက်ကြရအောင်လေ.. နော်။
    မေဒေး ပိတ်ရက် ၃ ရက် ဆက်ရတော့မှ ဂျပန်ကို တခေါက် သွားပြန်ပို့ ကြမယ်လေ... ကောင်းဘူးလား...။

    ReplyDelete
  5. မတန်ခူးရေးထားတာလေးက ပျော်စရာကောင်းလိုက်တာ..

    ပန်ဒိုရာကို တက်ဂ်ထားတယ် ဆိုတော့.. ခက်တော့နေပြီ.. ဒီတက်ဂ် ဂိမ်းကို တွေ့ကတည်းက ကိုယ့်ဆီရောက်လာမှာ စိုးနေတာ... အဟဲ..
    ဘယ်လိုဖြစ်ဖြစ် ရေးပေးပါမယ် လေ..။

    ReplyDelete
  6. ချစ်စရာကောင်းတာနဲ့အမျှ စိတ်ကူးယဉ်စရာကောင်းလိုက်တဲ့ post လေး...
    တန်ခူးရေ.. ကံ့ကော်ပန်းတွေက မွှေးလိုက်တာ.. အပင်စိုက်ထားလို့ ရတဲ့ နည်းပါ ယူခဲ့အေ.. :)

    ReplyDelete
  7. ဖတ်ကောင်းလိုက်တာ မမ
    :)

    ReplyDelete
  8. မ-ရေ ...
    ကြက်ပေါင်းရည်ကလေး လက်ဆောင်ပေးမယ်ဆိုလို့ အားတွေကိုရှိသွားတာပဲ။
    စာမေးပွဲနီးလို့ ဘလော့မရေးဘူး စိတ်ကူးထားပြီး စိတ်က မပြတ်နိုင်လို့ ဘလော့လည်ထွက်နေမိသေးတယ်။ ဒါနဲ့ပဲ မ-ရဲ့စာကို ဖတ်ဖြစ်သွားရော ... :)

    ReplyDelete
  9. လာဖတ်သွားပါတယ် မတန်ခူးရေ..။ စိတ်ဝင်စားစရာကောင်းအောင် ရေးနိုင်ပါပေတယ်ဗျာ။

    ReplyDelete
  10. အဲ့..
    ကျနော်လေပေါတာ လူသိကုန်ပြီ..

    ReplyDelete
  11. ပန်းမျိုးစေ့တွေ ပါမယ်ဆိုလို့ မလေး မျက်နှာ ပိုပြုံးသွားတယ်...

    ဘယ်တော့လာမှာလဲဟင်.. နွေမကုန်ခင်လာနော်

    ReplyDelete
  12. မလိုင်လုံးက တလုံးတည်းလား။ ဒါဆို ဘောလုံးလောက်ကြီးတာမျိုးပေး..
    အဲလိုသာ လာလည်ရင် သိပ်ပျော်မှာ။
    အမက ရေးတတ်လိုက်တာ။

    ReplyDelete
  13. တန်ခူးရေ..မျောသွားရင်း ပို့စ်တခုလုံးကို ပြုံးစေ့စေ့နဲ့ ဖတ်သွားလိုက်ရတာ..တို့လည်း သက်ဝေနဲ့အတူတူ လိုက်လာခဲ့မယ်လေကွယ်..ပေါက်စ် စကားစမပြတ်လို့ မမကွန်နဲ့အတူ ပါလာတယ်ဆိုလို့ ရီလိုက်ရတာ..ပျော်စရာကြီးနော်...။

    ReplyDelete
  14. အမတန်ခူးရေ ရေးလည်းရေးတတ်ပါ့ဗျာ။ ချစ်စရာကောင်းလိုက်တာ ရေးထားပုံက။ အင်း သဘောကောင်း အလိုက်သိတတ်တာ ပို့စ်ထဲမှာ တွေ့နေရတယ်နော်။ လက်ဆောင်တွေတပွေ့တပိုက်ကြီးနဲ့ မောင်နှမတွေဆီ လည်နေပုံက ပျော်စရာ ချစ်စရာပါ့လား။ ဒါနဲ့ အားလုံးကိုပေးမည့် လက်ဆောင်တွေ နိနိ အပိုင်သိမ်းလိုက်ရင် ကောင်းမလား။ အမသက်ဝေပေးတဲ့ အကြံကိုလည်း ထောက်ခံချင်လိုက်တာနော်။ လက်ခုပ်လေးတီးပြီးတော့လေ။ ဒီလိုပဲ ကိုဇနိဆီကို တကယ်လိုက်ပို့ပါလား အမရေ။ မေ့ထားခဲ့တာတဲ့ အမက ချစ်စရာကောင်းသား။ အမချိုသင်းသာဆို မေ့မထားလောက်ဘူး အတင်းထိုင်စောင့်ပြီး ပြန်ခေါ်လောက်တယ်။ သူ့အတွက် မလိုင်လုံးလေးတလုံးတဲ့။ ဟိဟိ နည်းလို့ ငိုနေလောက်တယ်နော်။ ချစ်စရာအလေ့လေးတွေ ပေါ်လွင်အောင်ရေးးတတ်တဲ့ အမပို့စ်ကြောင့် စိတ်ညစ်နေတာတွေ ပင်ပန်းနေတာတွေတောင် ပျောက်ကုန်ပြီ။
    ချစ်ခင်စွာ
    နိနိ

    ReplyDelete
  15. မက်ဒေါနားနဲ့  အင်ဂျလီနားဂျိုလီတို့ ကို မြန်မာကလေးလေးတွေ ဘာကြောင့်မွေးစားဖို့  စိတ်မ၀င်စားတာမဟုတ်ဘူး အစ်မရဲ့။
    မရလို့ပါ။

    http://adoption.state.gov/country/burma.html#who2

    http://www.uscis.gov

    Some countries do not permit adoption and will grant legal custody only so long as the applicant for custody resides in that country. This is often true in countries that apply Islamic law. Children from such countries do not qualify for immigrant status in the U.S.

    Convention on Protection of Children and Co-operation in Respect of Intercountry Adoption (Hague Adoption Convention). Therefore, when the Hague Adoption Convention entered into force for the United States on April 1, 2008, intercountry adoption processing for Burma did not change.

    The U.S. Embassy in Rangoon has been informed by Burmese authorities that Burmese law does not allow for the adoption of Burmese children by non-Burmese nationals. Only Burmese citizens are allowed to adopt Burmese children.

    ReplyDelete
  16. ဟူ့ဂရန့်တဲ့လား ... တန်ခူးရယ် ... တို့လဲကြိုက်တယ် ...
    တက်ခ်ထားတာ ခုမှတွေ့တယ် ... ရေးမယ် ... အေးဆေးနော် ...တန်ခူးရေးသလိုလေး ချစ်စရာကောင်းအောင် ရေးတတ်မည်မထင် ...း)

    ReplyDelete
  17. အစ်မရေ ဒညင်းသီးတွေ ၀က်သားနဲ့ ချက်စားလိုက်ပြီ ကောင်းလိုက်တာ...ဟဲဟဲ။ ပျော်စရာကြီး။ အစ်မရဲ့ ကိုယ်ပိုင် လေယာဉ်ကြီးပေါ် အလည် လိုက်ခဲ့ဦးမှ ထင်တယ်။

    ReplyDelete
  18. အမတန်ခူးရေ ကျနော့ဆိုင်လာမယ်ဆိုပြီး ကမ္ဘာပတ်နေတာကြာလို့ အစ်ကိုက သားသားနဲ့နောက်ကတုတ်တစ်ချောင်းနဲ့လိုက်လာတယ်ဗျ။ ကိုဂျူလိုင်ကို ရှင်းခိုင်းထားတယ်။ ကျနော်တော့ နောက်ဖေးမှာ ပုန်းပြီး ပန်းကန်ဆေးလိုက်ဦးမယ်

    ReplyDelete
  19. ပျော်စရာပို့စ်လေးပဲ အစ်မရေ့။
    ကျနော်လာဖတ်သွားတယ်။

    ReplyDelete
  20. ရေးပြီးပြီဆိုတာ လာအကြောင်းကြားတာပါ :)

    ReplyDelete
  21. အမရေ.. ဖတ်ပြီးတော့ အမတွေ့ချင်တဲ့သူထဲမှာပါတော့ ပျော်သွားတယ်။ လက်ဖက်ရည်ဆိုင်မှာတွေ့မယ်ဆို ဆိုင်က မောင်းထုတ်ခံရလောက်အောင် အချိန်အကြာကြီး စကားပြောဖြစ်နေမှာပေါ့။ ဒါမှမဟုတ် တဆိုင်ပြီးဆိုင်ပြောင်းထိုင်မယ်လေ...

    အမစိတ်ကူးနဲ့ရေးတာ ပျော်စရာကြီးနော်... လေယာဉ်မဆန့်လည်း တွယ်ပြီးလိုက်ရ လိုက်ရ လိုက်ခဲ့မယ်... :)

    ReplyDelete
  22. မတန်ခူးရေ... တက်ဂ်တာ ရေးပြီးပါပြီ

    ReplyDelete
  23. တန်ခူးက ချစ်စရာကောင်းတယ်။

    ReplyDelete
  24. အစ်မရေးထားတာ အကုန်ပါတယ် ပျော်စရာကြီး ဂယ်သွားဖြစ်ရင် ညလေးကို လက်တို့လိုက်နော
    ခင်လျက်

    ReplyDelete
  25. မတန်ခူးရေ-
    စာအုပ်လက်ဆောင်တွေ အတွက် ကျေးဇူးပါ..
    လက်ဆောင် ဆို စာအုပ်မှ-း)
    ရေးပေးမယ်နော်.. ဒါမဲ့ ဖြေးဖြေးမှ-

    ReplyDelete
  26. မတန်ခူးရေ- ရေးပေးထားပါပြီ။း)

    ReplyDelete
  27. [B]NZBsRus.com[/B]
    Lose Crawling Downloads Using NZB Files You Can Swiftly Search HD Movies, Console Games, MP3 Singles, Applications and Download Them at Fast Rates

    [URL=http://www.nzbsrus.com][B]Usenet[/B][/URL]

    ReplyDelete
  28. Making money on the internet is easy in the underground world of [URL=http://www.www.blackhatmoneymaker.com]blackhat tools[/URL], Don’t feel silly if you have no clue about blackhat marketing. Blackhat marketing uses little-known or little-understood ways to build an income online.

    ReplyDelete