Saturday, October 25, 2008

သို့ …မောင်…

ချစ်ခြင်းသက်သက်ဖြင့်သာ လက်တွဲခဲ့သော မောင့်ဆီမှ မျှော်လင့်မထားပဲ ရခဲ့သည့် ရနေသည့် ရနေဦးမည့် နွေးထွေးသည့်စာနာနားလည်မှု… ငြိမ်းချမ်းအေးမြသည့်မျှဝေခံစားမှု… မြဲမြံခိုင်ကြည်သည့်သစ္စာတရား ကိုယ်ချင်းစာတရား……တို့ အတွက် မောင့်အား ကျေးဇူးတင်ပါသည်ဆိုလျှင် သူစိမ်းများ သိပ်ဆန်သွားမလား…။ ကျွန်မအား အချစ်ကို ခံစားနားလည်တတ်လာအောင် ဘ၀ကိုကျေနပ်ဝမ်းမြောက်တတ်လာအောင် ဖန်ဆင်းပေးခဲ့သည့် မောင့်ရဲ့ ဒီနေ့ ဒီရက်မှာ ကျရောက်တဲ့ မွေးနေ့ မှသည် နောင်နှစ်ပေါင်း မြောက်မြားစွာအထိ့  လုံခြုံနွေးထွေးသည့်မိသားစုဘ၀လေးနဲ့ အတူ ပျော်ရွှင်သော မွေးနေ့ ပေါင်းများစွာ ရရှိနိုင်ပါစေလို့ …။ ရေးခဲ့ဘူးသည့် ကဗျာလေးအား မောင့်ကို လက်ဆောင်အဖြစ်ပေးပါရစေ….

မြတ်နိုးရတဲ့မောင်...

ကဗျာမဆန်
ကာရန်မလှပေမယ့်
အနွံတာခံနားလည်ပေးတတ်သူမို့
မပေးဖူးတဲ့ပန်းတပွင့်အတွက်
အပြစ်မတင်ရက်ပါမောင်...။


ဝါသနာ
အရာရာကွဲပြားပေမယ့်
စာနာစွာညှိယူပေးတတ်သူမို့
မဖတ်ဖူးတဲ့ကဗျာတပုဒ်အတွက်
ရန်မလုပ်ရက်ပါမောင်...။

အကြင်နာ
လူတကာမြင်အောင်မပြတတ်ပေမယ့်
စေတနာရင်မှာအပြည့်နဲ့သူမို့
မာယာကင်းတဲ့ရိုးသားခြင်းတွေအတွက်
လေးစားလျှက်ပါမောင်...။

တွယ်တာ တာတွေ
သာယာစွာတေးမဆိုတတ်ပေမယ့်
ဝေဒနာဘယ်အခါမှမပေးတတ်သူမို့
မဖွဲ့နွဲ့တဲ့သစ္စာတရားတွေအတွက်
အချစ်တွေတိုး
မြတ်နိုးလျှက်ပါမောင်...။

တန်ခူး
11:55pm 25-Oct-2005)
(မောင့်မွေးနေ့ အမှတ်တရ)

25 comments:

  1. အမတန်ခူးချစ်သော “မောင်” ပျော်ရွှင်ချမ်းမြေ့ပါစေ။ အမတန်ခူးရယ် ချစ်သောသားလေးရယ်နဲ့ အသက်ထက်ဆုံး ပျော်ရွှင်အေးချမ်းတဲ့ မိသားစုလေးပိုင်ဆိုင်နိုင်ပါစေ။

    ReplyDelete
  2. မမ ချစ်တဲ့ မောင်နဲ့ အတူ မမတို့ ချစ်သော သားသားလေးနဲ့ အတူတကွ အိုအောင် မင်းအောင် အတူ တကွနေရပါစေ၊ မမရဲ့ အမျိုးသား လဲ မွေးနေ့မှာ ပျော်ရွှင်ပါစေ၊ ယနေ့မှ စ နှစ်တရာတိုင်ထိ ချစ်သော မမနဲ့ သေတပန် သက်တဆုံး အတူတကွ မခွဲမခွာ နေရပါစေလို့ ဆုတောင်ပေးပါတယ်၊

    အမြဲ အားပေးနေတဲ့
    ချစ်လေပြေ

    ReplyDelete
  3. တိုက်တိုက်ဆိုင်ဆိုင်ပါလား မတန်ခူးရေ။
    စိတ်အေး ငြိမ်းချမ်းတဲ့ မတန်ခူးတို့ ချစ်သူနှစ်ဦး သားသားလေးနဲ့အတူ ဘ၀ဆက်တိုင်း ကြည်နူး ချမ်းမြေ့တဲ့ မိသားစု ဘ၀လေး ပိုင်ဆိုင်နိုင်ပါစေလို့..။
    ကဗျာလေးကိုလဲ သူ့အတွက် ခဏငှားသွားပြီ။ တူပါပေ့။

    ReplyDelete
  4. တန်ခူးရဲ့  ချစ်သောမောင်...
    မွေးနေ့ မှသည် နောင်နှစ်ပေါင်း တစ်ရာကျော် တိုင်အောင် ပြည့်စုံ ပျော်ရွှင် ချမ်းမြေ့ သာယာသော မွေးနေ့ ပေါင်းများစွာ များစွာကို ချစ်သော မိသားစုလေးနဲ့ အတူတူ ဖြတ်သန်းနိုင်စေကြောင်း ဆုတောင်းပါတယ်...။

    ReplyDelete
  5. မတန်ခူးရဲ့ ချစ်သောမောင် နဲ့အတူ ပျော်ရွှင်စရာ မိသားစုဘ၀လေးကို အေးအေးချမ်းချမ်း ဆက်လက် လျှောက်လှမ်းနိုင်ကြပါစေ။

    ReplyDelete
  6. အစ်မချစ်တဲ့ မောင်
    သားသားချစ်တဲ့ ဖေဖေ
    သဘောကောင်းမယ့် အစ်ကိုကြီး မွေးနေ့ မှာချစ်သောမိသားစုနဲ့  ပျော်ရွှင်ပါစေဗျာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ အစ်ကိုကြီးရေ့ Happy Birthday

    ReplyDelete
  7. ဗျိုး...လူကြီးရေ....

    ဟက်ပီးဘတ်သ်ဒေး ပါဗျိုး......။

    ယနေ့မှတိုင် အနှစ်တရာတိုင် ပျော်ရွှင်ချမ်းမြေ့ပါစေသတည်း။

    ခင်တဲ့
    ကိုပေါ

    ReplyDelete
  8. သူ့ကို သတိရသွားပီ...း(

    အမရဲ့ မောင် ဒီကဗျာကိုဖတ်ပီး ကျေနပ်မှာပါ။

    ပျော်ရွှင်ချမ်းမြေ့ပါစေ။

    ReplyDelete
  9. အမရေ အားကျလာဘီဗျ။ :D
    အကိုလည်း ပျော်ရွှင်ဖွယ်မွေးနေ့မှာ ချစ်သော ဇနီး ၊ သားတို့နှင့် ထာဝရပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်း တောင်းပါတယ် ခင်ဗျာ။

    ReplyDelete
  10. မတန်ခူးရေ..
    မချိုသင်းတို့နဲ့တူနေတာပေါ့နော့....
    မတန်ခူးရဲ့မောင်နဲ့အတူ သားလေးနဲ့ ပျော်ရွှင်ပါစေ

    ReplyDelete
  11. ဖတ်ရတာ ကြည်နူးလိုက်တာ တန်ခူးရယ်..
    တန်ခူး ချစ်သော “မောင်”မွေးနေ့မှသည် မွေးနေ့ရှင်ရယ်..ချစ်စရာသိပ်ကောင်းတဲ့ သားလေးရယ်.. ချစ်ခြင်းတွေနဲ့ ပြည့်စုံနေတဲ့ တန်ခူးရယ်..သာယာချမ်းမြေ့တဲ့ မိသားစုဘ၀လေး အသက်ထက်ဆုံး ပျော်ရွှင်နိုင်ပါစေ..

    ReplyDelete
  12. အထက်ကဆုတောင်းများအားလုံးနဲ့ ပြည့်ပါစေ။
    မတန်ခူးရဲ့ မောင်တစ်ယောက် တုပ်ကွေးအမြန်ပျောက်ပါစေ။

    ReplyDelete
  13. အမနဲ့ မချိုသင်းတို့ဆုတောင်းတွေက သိပ်မကွာကြပါလား။

    ReplyDelete
  14. ကျနော်က ပန်းချီမှာညံ့ပါတယ်။ အပြင်က ရှာထားတာပါအမ။ ဘယ်သူဆွဲမှန်းမသိလို့ Credit မပေးလိုက်နိုင်ဘူး။ ကျေးဇူးပါအမ

    ReplyDelete
  15. အမ နဲ့ မချိုသင်း တို့ တွေက တိုက်ဆိုင်လိုက်တာ..

    ReplyDelete
  16. မတန်ခူးရဲ့ ကဗျာလေးက ကောင်းလိုက်တာ။ အစ်မ ချစ်သောမောင်နဲ့ သားလေးနဲ့ အမြဲအေးချမ်း ပျော်ရွှင်ပါစေ။

    ReplyDelete
  17. မမတန်ခူးရေ.. အပေါ်မှာ ဆုတောင်ပေးထားတာတွေ အတော်လေး များနေပြီမို့ အပေါ်က ဆုတောင်းတွေ အတိုင်းပါပဲလို့.. အဟိ.. :D

    မမတန်ခူးရဲ့ ချစ်သော မောင် မွေးနေ့မှာ မိသားစုတွေ ပျော်ရွှင်ပါစေလို့... ကဗျာလေးကိုတော့ ကြိုက်သွားပြီ အမရေ... :)

    ReplyDelete
  18. ငြိမ်သက်ခြင်း ရွှင်လန်းခြင်း များ မိုးလို ဖြိုးပါစေ။
    မချိုသင်းနဲ့တွဲကျင်ပ လို့ရပီ။း)

    ReplyDelete
  19. တန်ခူးရဲ့ ချစ်သောမောင် နဲ့အတူ ကြည်နူး ချမ်းမြေ့တဲ့ ပျော်ရွှင်စရာ မိသားစုဘ၀လေးကို အေးအေးချမ်းချမ်း ယနေ့မှ စ နှစ်တရာတိုင်ထိ သေတပန် သက်တဆုံး အတူတကွ မခွဲမခွာ အသက်ထက်ဆုံး ဆက်လက် လျှောက်လှမ်းနိုင်ပါစေ။

    ReplyDelete
  20. အိမ်က ဘိုးတော်နဲ့ တူလိုက်တာ.. အကျင့် လေးတွေ.. အောက်တိုဘာဖွား တွေက အေးစက်စက် နေတတ် ပေမယ့် တုန်နေအောင် ချစ်တတ် ပါတယ် အမရ. အမက နားလည် ပေးတတ် တာလဲ သူ ကံကောင်း တာပဲပေါ့။ ညီမ ကတော့ သူ့မွေးနေ့မှာ ကိုယ်ပွားလေးပဲ မွေးနေ့ လက်ဆောင် ပေးတော့မယ် .. မတိုက်ဆိုင် ဘူးလားဟင် :P

    ReplyDelete
  21. တန်ခူးရေ .. ရင်ခုန်သံတွေ မရပ်သေးသရွေ့ပေါ့ ဟုတ်လား။ ပျော်ရွှင်ပါစေ။ ချမ်းမြေ့ပါစေ။
    မွေးနေ့ဆုတောင်းလေး ပေးလိုက်တယ်နော်။
    ဧရာသီတာ

    ReplyDelete
  22. မတန်ခူးရေ....
    အကောင်းဆုံးပါရမီဖြည့်ဖက်ကို...
    ဘ၀ဆက်တိုင်း တွေ့ ဆုံနိုင်ပါစေဗျာ...။
    မိသားစုအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ..။

    ReplyDelete
  23. အစ်မတို့ မိသားစု ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

    ReplyDelete
  24. နိနိရေ… ပေးတဲ့ဆုနဲ့ ပြည့်ပါစေညီမရယ်…. ကျေးဇူးပါနော်…

    ညီမလေး ချစ်လေပြေရေ… ဆုတောင်းလေးအတွက်ရယ် အမြဲအားပေးနေတာရယ်အတွက် ကျေးဇူးအထူးပါညီမရေ…

    ချိုသင်းပို့ စ်လေးဖတ်ပြီး တိုက်ဆိုင်မှုအတွက် တို့ လဲ အံ့သြနေတာ… ချိုသင်းပေးတဲ့ ဆုနဲ့ ပြည့်ပါစေ… တို့ ကလဲ တပြန်ဆုတောင်းပေးလိုက်တယ်နော်…

    သက်ဝေရေ… ဆုတောင်းလေးအတွက် ကျေးဇူးပါ…. ပေးတဲ့ဆုနဲ့ ပြည့်ပါစေ…

    ပန်ရေ… ဆုတောင်းပေးတာ ကျေးဇူးပါ… ပန်ပေးတဲ့ဆုနဲ့ ပြည့်ပါစေ…

    မောင်မျိုးရေ… မောင်မျိုးအကိုကြီးက ကျေးဇူးပါတဲ့…

    ဗျို့ ကိုပေါ… ကိုပေါလူကြီးကလဲ ကျေးဇူးပါတဲ့…

    မြတ်နိုးရေ… ဘယ်သူ့ ကို သတိရသွားတာလဲ… ပြောပြ… ကျေးဇူးပါ…

    ကိုတာတူးရေ… ကျေးဇူးပါ… အားကျရင် အမှီလိုက်တော့လေ….

    ပေါက်ရေ… ကျေးဇူးပါညီမရယ်… ပေးတဲ့ဆုနဲ့ ပြည့်ပါစေ…

    မ ရေ… ဆုတောင်းပေးတာ ကျေးဇူးပါ… ပေးတဲ့ဆုနဲ့ ပြည့်ပါစေ…

    ဟိဟိ… အားလုံးဆုတောင်းလို့ တုတ်ကွေးပျောက်သွားပြီ သုရေ…

    လူချင်းသိပ်မကွာဘူးထင်တယ်နော် ရွာသားလေးရေ… ရွာသားလေးရေ… အမက ရှာတာကို မရတာ… ပန်းချီလေးက ပို့ စ်နဲ့ အတောက်လိုက်ဘက်လို့ ပါ..

    ဟုတ်ပါ့မြတ်နိုးရေ… အဲဒီတိုက်ဆိုင်မှုက အံ့သြစရာနော်…

    ကျေးဇူးပါပုံရိပ်ရေ… ပေးတဲ့ဆုနဲ့ ပြည့်ပါစေနော်…

    နုရေ… ကျေးဇူးပါညီမရေ…

    လှတဲ့ ဆုတောင်းလေးအတွက် ကျေးဇူးပါ ကေရေ… ဟုတ်တယ်… နောင်နှစ်ချိုသင်းနဲ့ တွဲကျင်းပမှထင်တယ်…

    ဆုတောင်းလေးအတွက် ကျေးဇူးပါနှင်းပန်းရေ…

    လှိုင်ရေ… လှိုင့်မွေးနေ့ လက်ဆောင်လေးက အဖိုးတန်လိုက်တာ…

    ကျေးဇူးပါမမရေ…

    ဆရာနဲ့ မမတို့ ဆုတောင်းလေးအတွက် ဆရာ့တပည့်နှစ်ယောက်လုံးက ကျေးဇူးပါ…

    ကိုသစ်နက်ဆူးရေ… ပေးတဲ့ဆုနဲ့ ပြည့်ပါစေ… ကျေးဇူးပါ…

    ဆုတောင်းလေး အတွက် ကျေးဇူးပါ ကောင်းကင်ကိုရေ…

    ReplyDelete