Saturday, June 21, 2008
ဖူးစာ
“ဖူးစာ” က တချို့ တွေအတွက် ပျော်ရွှင်ကျေနပ်စရာကောင်းသလို၊ တချို့ တွေအတွက်တော့ ၀မ်းနည်းကြေကွဲစရာ။ တချို့ တွေအတွက် နှစ်သက်ရယ်မောစရာကောင်းပြီး၊
တချို့ တွေအတွက်က အံ့သြရင်ဖိုစရာ။ “ဖူးစာ”မပါလို့ သိပ်ချစ်ပြီးကွဲခဲ့ကြသလို၊ “ဖူးစာ”ပါလို့  ရှောင်လွှဲမရတာလဲရှိ။ တခါမှ မမြင်မတွေ့ ဖူးပဲ ဒီဖူးစာကြောင့် အရင်းနှီးဆုံးတွေဖြစ်သွားတဲ့ အဖြစ်တွေ…ရင်ခုန်သံတွေနီးစပ် သံယောဇဉ်တွေ အထပ်ထပ် ရစ်ပတ်ပြီးမှ အဝေးဆုံးဝေးသွားရတဲ့ အဖြစ်တွေ…အားလုံးဟာ ဒီမာယာများတဲ့ ဖူးစာကြောင့်ပေါ့။
ဖူးစာဆိုတဲ့ စကားလုံးနဲ့  စတင်ရင်းနှီးခဲ့တာ အထက်တန်းကျောင်းသူဘ၀က။ ဖူးစာရှင်သိနည်းတဲ့။ ညသန်းခေါင် ၁၂နာရီတိတိမှာ ကြက်ဥတလုံးကို ဖောက်ပြီး ကြည့်မှန်မှာ သုတ်လိုက်ရင် ကိုယ့်ဖူးစာရှင်ပေါ်ရောတဲ့။ စိတ်ဝင်စားစရာ အထူးအဆန်းပေမယ့် သရဲကြောက်တတ်တာကြောင့် မစမ်းကြည့်ရဲ။ မတော် ကြောက်စရာပုံကြီးပေါ်လာ အခက်။ စိတ်ကစားတတ်သည့် သူငယ်ချင်းတချို့ က ဘယ်သူပုံပေါ်သည်ဆို လာပြောတော့ ယုံရခက်ခက်။ သူတို့ မြင်ရသည်က သူတို့ သိတဲ့သူတွေချည်း။ တကယ်တော့ စိတ်စွဲလန်းရာတွေ မြင်နေပြီး ဖူးစာအစစ်က ကြိတ်ရယ်နေလိမ့်မည်။
တဣသိုလ်ရောက်တော့ နောက်တနည်းကြားရပြန်တယ်။ ဘယ်သူမှ မသိအောင် ညမအိပ်ခင် ပဲကြီးလှော်ကို အခွံချွတ်ပြီး တိတ်တိတ်လေးစား။ အခွံလေးတွေကို စဣူထဲထည့်ပြီး ခေါင်းအုံးအောက် ထားအိပ်တဲ့။ ဖူးစာရှင်က အိပ်မက်ထဲ ရေလာတိုက်မယ်တဲ့။ စမ်းကြည့်တဲ့ သူငယ်ချင်းက သူကြိတ်ကြွေနေတဲ့ အကိုကြီးကို အိပ်မက်တော့ ၀မ်းသာအားရနဲ့ ။ ရေတိုက်သလားမေးတော့ ရေတွင်းမှာ ရေငင်နေတယ်တဲ့။ သိပ်မကြာဘူး..အဲဒီ အကိုကြီး နောက်တယောက်နဲ့  လက်ထပ်သွားရော။ ဖူးစာ အရူးလုပ်တာလေ။
အီးတီ နာမည်ကြီးလာတော့ အချစ်ဆုံးသူငယ်ချင်းက မေးဖို့ အဖေါ်စပ်တယ်။ အဲဒီတုန်းက ကိုယ့်မှာ ရည်ရွယ်ထားတဲ့သူ မရှိပေမယ့် မစမ်းရဲ။ သူငယ်ချင်းအဒေါ်တုန်းက
သူ့ ချစ်သူနာမည်ကို မလွဲပဲ အီးတီက ချရေးခဲ့တယ်တဲ့။ တော်ကြာ ကိုယ်အရမ်းမုန်းတဲ့ တယောက်ယောက်နာမည်များ ချရေးခဲ့ရင် ဟုတ်တာမဟုတ်တာ အပထား အတော်စိတ်ဆင်းရဲနေရမှာ။ အဲဒီတုန်းက သူငယ်ချင်းထင်သလို သူ့ ကို အသဲအသန် ကြိုက်နေတဲ့ ကောင်လေးနာမည်မရေးပဲ သူနဲ့ အကြာကြီး အဆက်အသွယ် ပြတ်နေတဲ့ ကောင်လေးတယောက် နာမည်ချရေးတော့ အီးတီတော့ လွဲပြီပေါ့။ ခုတော့ အီးတီရေးတဲ့ကောင်လေးနဲ့ တကယ်ကို အိမ်ထောင်ကျနေရော။ ဖူးစာရှင်ကို အီးတီဟောတာလား၊ အီးတီဟောတဲ့သူကိုပဲ ဖူးစာရှင် အဖြစ်ရွေးခဲ့တာလား ။ ကိုယ်တော့ ခုထိေ၀၀ါးတုန်း။
အဲဒီလို ဘယ်နည်းနဲ့ မှ ဖူးစာရှင် သိအောင် မလုပ်ဖြစ်ခဲ့ပေမယ့်  ကိုယ်နဲ့ ဘ၀ တသက်တာလုံး လက်တွဲရမယ့်သူ ဘယ်သူများ ဖြစ်လာမလဲ ဆိုတာတော့ သိချင်ခဲ့သား။ ဘယ်ချောင်က ဘယ်လိုများ ပေါ်လာမလဲ။ ဘယ်အချိန်မှာ ဘယ်လိုပုံနဲ့  ထွက်လာမလဲ။ ကိုယ့်အဖြစ်မှာတော့ ဖူးစာက ရယ်စရာကောင်းစွာ လှည့်စားခဲ့တယ်။ ၁၀ နှစ်လုံးလုံး အနားမှာ ရှိနေခဲ့တဲ့ ဆွေလိုမျိုးလို ရင်းနှီးခဲ့တဲ့ စိတ်မကစားဘူးတဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးက ဗြုန်းဆို ဖူးစာရှင် အသွင်ပြောင်းခဲ့တော့ ဘာစကားမှ မဆိုနိုင်အောင် အံ့သြမိခဲ့တယ်။
တကယ်လို့ များ အထက်တန်းကျောင်းသူဘ၀မှာ ကြက်ဥသုတ်ထားတဲ့ မှန်ပေါ်
မျက်မှန်ကြီးနဲ့ သူ့ ပုံများပုံလာရင် ဘယ်ကလူကြီးလဲလို့  အတော်ဦးနှောက် စားခဲ့ရမှာ။ တကယ်လို့ များ တဣသိုလ်တုန်းက ပဲကြီးလှော်စားပြီး အိပ်မက်ထဲမှာ သူရေလာတိုက်ရင်
တရေးနိုးပြီး အူတက်အောင်ရယ်နေ မိခဲ့မှာ။ တကယ်လို့ များ အီးတီက သူ့ နာမည်သာ ချရေးခဲ့ရင် ဦးလေးတယောက်လို စိတ်ထဲမှာ အမြဲထားခဲ့သူမို့ (တကယ်တော့ သူက ကျွန်မထက်ပင် ငယ်သေးသည်) ငရဲတွေတော့ ကြီးကုန်တော့မှာပဲလို့  အီးတီကို သံသယ ဖြစ်နေဦးမှာ။ ဖူးစာက ကိုယ့်အတွက်တော့ ရိုးသားသည့် မျက်လှည့်ပြကွက် တခုပင်…။
တန်ခူး
21-Jun-2008 12:30pm
14 comments:
  1. တန်ခူးရယ်...
    မောင့်ကိုများ ရက်ရက်စက်စက်...
    မျက်မှန်ကြီးနဲ့  ဘယ်ကလူကြီးလဲ တဲ့...
    အိပ်မက်ထဲ ပေါ်လာရင်တောင် တရေးနိုးပြီး အူတက်အောင်ရယ်နေမိမှာ တဲ့...
    ဦးလေးတယောက်လို စိတ်ထဲမှာ အမြဲထားခဲ့သူ တဲ့...
    ဟင့်.. ဟင့်.. ဟင့်...
    မှတ်ချက်။ ။ မောင့် ကိုယ်စား ခံစားရေးဖွဲ့ ပါသည်။
    ReplyDelete
  2. မိုက်တယ်...
    ဖူးစာ... ဆိုတာ ... ဦးရာလူ တဲ့ သူငယ်ချင်းတွေကပြောတယ်။
    ဖူးစာဆိုတာ ... ဘယ်သူဖြစ်မလဲ...
    တွေးရင်း အိပ်လိုက်ဦးမယ်..။
    ReplyDelete
  3. ဖူးစာရေ မရက်စက်ပါနဲ့လိုပဲ ခြေသလုံးဖက်တောင်းပန်ရတော့မယ် တန်ခူးရေ။ ဘ၀မှာ အဲဒီတစ်ခုသာ လွဲရင် အရာအားလုံးက လေမတိုက်ပဲပြိုပြီ။
    ReplyDelete
  4. ဆွေလိုမျိုးလို ရင်းနှီးခဲ့တဲ့ စိတ်မကစားဘူးတဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးကို အချစ်ကြီးချစ်နေတာ အီးတီ မသိလဲ ဖူးစာကတော့ မျက်မှန်ကြီးနဲ့ ဦးလေးကြီးဘဲလို့ပြောမှာအသေအချာပါဘဲ....
    ReplyDelete
  5. ဖူးစာဆိုတာက ဗုဒ်ဓဘာသာ အယူနဲ့ ပဲရှိတာလား မသိဘူးနော့် လူကြီးတွေပြောပြောနေကြတာတော့ ဖူးစာပါရင် ညားကို ညားရမယ်ဆိုတာပဲ နိုင်ငံခြားအယူနဲ့ ဆိုရင်တော့ ဘယ်လိုနေမလဲမသိး) အစ်မ ဖူးစာရှင်ကို စမ်းသပ်ဖို့  စဉ်းစားမိတဲ့အကြောင်းတွေက ရယ်ချင်စရာတွေကြီးပဲ ဟီးးး ။
    ReplyDelete
  6. တန်ခူးရေ.. “ဖူးစာ” အကြောင်းရေးသွားလိုက်တာ အရမ်းဖတ်လို့ကောင်းတာပဲ။ အင်း.. ကိုယ့်ဖူးစာရှင်ဘယ်သူဖြစ်မလဲဆိုတာတော့ အရင်က သိချင်ခဲ့ဖူးတယ်။ ဒါပေမယ့် တန်ခူးပြောသလိုပဲ မစမ်းကြည့်ရဲဘူး။ တကယ်တမ်းတော့ဖူးစာဖက် ဆိုတာ ဘယ်သူကမှ လုပ်ယူလို့မရဘူးနော်။ အားလုံးဟာ အတိတ်ဘ၀ရဲ့ “ကံ” အတိုင်းပါပဲလို့ပြောရမှာပဲ.. :)
    ReplyDelete
  7. “ခုတော့ မောင်နဲ့ ခိုင်ရဲ့ ဘ၀တွေဟာလည်း နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရတဲ့...စွယ်တော်ရွက်ကလေးလို.......................”
    ဟိ၊ တက္ကသိုလ်ဘုန်းနိုင်ရဲ့ စာသားတွေကို ခပ်တည်တည်နဲ့ ခိုးချကာ ကွန်မင့်ရေးလိုက်ပါတယ်။ ဒီပို့စ်ကလေးကိုလည်း ကြိုက်တယ်ဗျို့။ တန်ခူးရေးတဲ့အထဲမှာ ပထမဦးဆုံးအနေနဲ့ ဟာသစွက်လာတဲ့ ပို့စ်ကလေးပါဘဲ။ ဖြစ်တတ်တဲ့ သဘာဝ၊ အချစ် နဲ့ ဟာသကို ရောမွှေပြီး ခပ်မြူးမြူးလေး ရေးလိုက်တဲ့အခါ.....ဒန်တန့်ဒန်........။
    ReplyDelete
  8. Phusa!
    a very detailed post u have wrote sis..i like..
    i believe in fate too..destiny ..
    that has been fixed way long before we are even born..hmm..
    i m waiting patiently for HIM!..someday somehow somewhere i believe that lovers will unite..!
    ReplyDelete
  9. ဖူးစာကိုတော့ ယုံကြည်ပါတယ် .. ။ ဒါပေမယ့် ဘယ်နည်းလမ်းနဲ့မှတော့ စမ်းသပ်ဖို့ စိတ်မကူးထားဘူး။ တော်ကြာ မမပြောသလို ကိုယ်ပဲစိတ်ဆင်းရဲနေရရင် ဒုက္ခ။ ငယ်ငယ်တုန်းက ဖူးစာနဲ့ပတ်သတ် ကြားဖူးတာ တစ်ခုက ည၁၂နာရီတိတိမှာ မှန်ကိုနောက်ပြန်ကျောခိုင်းပြီး ရုတ်တရက် လှည့်ကြည့်လိုက်ရင် စက္ကန့်ပိုင်းကြာတဲ့အခါမှာ ကိုယ့်ဖူးစာရှင်ပုံ မြင်ရတယ်ဆိုတာတွေကအစ ကြားခဲ့ဖူးတယ်။ တစ်ခါမှာတော့ မစမ်းသပ်ခဲ့ဖူးဘူး (ကြောက်လို့)။ အဓိက အရေးကြီးဆုံးက မိမိချစ်ခင်မြတ်နိုးတဲ့ ချစ်သူနဲ့ တစ်ဘ၀လုံး သာယာလှပဖို့ အချစ်ကို မွေးဖွားပြုစုပျိုးထောင်ဖို့ပဲ လိုအပ်တယ်လို့ ထင်မိပါတယ်။ ချစ်တတ်သူတိုင်း မိမိချစ်တဲ့သူသာလျင် ဖူးစာရှင်ဖြစ်ပါစေ :)
    ReplyDelete
  10. ကျမတို့ မိသားစု TV ကလာတဲ့ ဇတ်လမ်းတွဲကို ကြည့်နေကြတာ။
    ဇတ်လမ်းမှာကမိတဆိုးသမီး(၃)ယောက်နှင့် ဖအေကြီး။
    သမီးကြီးကလည်း သူ့ပညာနဲ့၊ သူ့ဂုဏ်ဒြပ်နဲ့။
    သမီးငယ်လေးကလည်း သူ့ငယ်ဂုဏ်လေးနဲ့ လှလှပပ၊ကြွကြွရွရွ။
    ခက်နေတာက သမီးလတ်။ နေပုံထိုင်ပုံကြီးက ရိုးရိုးအအ၊ ပြောပုံဆိုပုံကလည်း တုံးတိတိကြီး။
    သူလေးရှေ့ရေး စိတ်မအေးနိုင်တဲ့ ဖခင်ကြီးမှာ စပ်ရဟတ်ရတာ၊ လာလာတော့ကြည့်ကြပါရဲ့၊ ဟန်ကတော့ မကျသေး။
    တနေ့ ကျမရုံးပြန်နောက်ကျတော့ ဇတ်လမ်းတွဲပြချိန်ကပြီးသွားပြီ။
    အိမ်က ဖအေကြီးက “ဒီမှာ မင်း သားက ဇတ်လမ်းတွဲကြည့်ပြီးပြောနေတယ်။” ကျမကလည်း ဒီနေ့ လွတ်သွားတာဆိုတော့ စိတ်ဝင်တစားနဲ့ “ဆိုပါဦး”
    ဇတ်လမ်းထဲမယ် ဟိုအလတ်မလေးက သူ့ကိုလာကြည့်ကြ၊ ပြန်သာသွားကြ၊ ဘာမှလည်း အကြောင်းမထူးတော့။ ရှက်ရှက်နဲ့ ၀မ်းနည်းပြီး ငိုရှာတာပေါ့။ သူငိုတာကြည့်ပြီး သားကမေးတယ်။
    “ဖေဖေ သူဘာလို့ ငိုတာလဲဟင်။”
    “သူ့ကို မကြိုက်ကြလို့ ငိုတာပေါ့ကွာ။”
    သားပြန်ပြောလိုက်ပုံက “ဒါများဘာငိုစရာရှိလဲနော်ဖေဖေ။ ဖေဖေတောင် မေမေ့ကို ယူသေးတာပဲနော်” တဲ့
    သြော်ဖူးစာများပြောပါတယ်။
    Gang ဖွဲ့ပြီးလည်းသမကြတယ်။
    ReplyDelete
  11. သက်ဝေရေ…မောင့်ကိုယ်စားပြောပေးတာ မောင်ကကျေးဇူးတင်ပါတယ်တဲ့…
    မြတ်နိုးရေ…တွေ့ လား…အိပ်မက်ထဲမှာ….
    ချစ်တဲ့သူသည်သာ ဖူးစာရှင်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ် ကိုတာတူးရေ…
    ဖူးစာပါလို့ ပါ နှင်းပန်းရယ်….
    မောင်မျိုးရေ…နိုင်ငံခြားမှာလဲ ရှိပုံပေါ်တယ်…တို့ ရုပ်ရှင်တကားကြည့်ဖူးတယ်….
    ဟုတ်ပါတယ်နုရေ…တကယ်တော့ ဖူးစာဆိုတာ ရှေးရေစက်ပေါ့….
    ကိုပေါရေ…ဟာသရေးတော်တဲ့ ကိုပေါကိုနဲနဲ အတုခိုးကြည့်တာပါ…
    ညီမလေးဆုဝေရေ…အချစ်စစ်မှန်ရင် ဖူးစာဆုံတတ်ကြပါတယ်…ခုလိုလာလည်တာကျေးဇူးပါ…နောင်လဲလာလည်ဖို့ ဖိတ်ခေါ်ပါတယ်…
    ညီမလေးလင်းလက်ဆုတောင်းလေးက ချစ်သူတိုင်းအတွက်ပြည့်ပါစေလို့ ထပ်ဆုတောင်းပေးလိုက်မယ်နော်…
    ‘မ’ သားလေးက အဖေဘက်တော်သားလေးပဲ…ဒီလောက်ချစ်စရာကောင်းတဲ့ မေမေအကြောင်း သူမသိသေးလို့ ဖြစ်မှာ…
    ReplyDelete
  12. တန်ခူးရေ-
    နဖူးစာ ရွာ လည် တာ က ကော..
    တကယ်တော့.ဖူးစာ ဆို တာ..ကိုယ့်ရဲ့ လိုနေ တဲ့ အခြမ်းလေး ပေါ့။ အခြမ်းပဲ့ တွေ..အခြမ်း ပို တွေ..အခြမ်း တူ တွေ ကျ တော့..ဘယ် နှယ့် လုပ်ပ
း)
    ReplyDelete
  13. ဟုတ်တယ်နော် မကေ…လိုနေတဲ့ အခြမ်းလေးက အံမ၀င်ရင်…
    ReplyDelete
  14. ရေးထားတာ အရမ်းကြိုက်ပါတယ်*_*
    ဇိုလည်း ဇို့ ဖူးစာရှင်ကို သိချင်လိုက်တာ..
    ဒါပေမဲ့ မမပြောသလိုပဲ ဖူးစာရှင်က အရမ်းမုန်းရတဲ့ သူ ဖြစ်ရင် တကယ် စိတ်ညစ်ရမှာနော်…
    ReplyDelete